သားဂန်းနဲ့က စူပါဂလူးထက်တောင် ကပ်သေးတယ်ဆိုတဲ့ ဘေဘီမောင်

0
203

ယခုတလော အနုပညာရှင်တွေထဲမှာ အားကျရတဲ့ စုံတွဲလေးတတွဲဖြစ်တဲ့ သရုပ်ဆောင် ဘေဘီမောင်နဲ့ သားဂန်းတို့ရဲ့ အချစ်ရေးကိုတော့ လူတိုင်းသိပြီးကြမယ် ထင်ပါတယ်။ မ နဲ့ မောင် အချစ်ဇာတ်လမ်းလေးကတော့ အားကျဖို့ကောင်းနေပြီး နှစ်ယောက်လုံးကလည်း ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေကလည်း သဘောတူပြီး အားပေးနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတို့နှစ်ယောက် ဘယ်လောက်အထိ ချစ်ပြီး ဘယ်လောက်အထိကို ရည်ရွယ်ထားလဲဆိုတာကို ပြောကြားသွားခဲ့ပါတယ်။

ဘေဘီမောင်ကတော့ The Radar နဲ့ အင်တာဗျူးမှာတော့ သားဂန်းနဲ့တွဲပြီးတော့မှ ပရိသတ်တွေရဲ့ ချစ်ခင်မှုပိုရလာတဲ့ အပေါ်မှာတော့ “ချစ်သူလေးရဲ့ ကောင်းမှုကြောင့်လို့ပဲ ပြောရမှာပေါ့။ သူ့ရဲ့မေတ္တာမှန်မှုကြောင့် ဘေဘီရဲ့ မေတ္တာမှန်မှုကြောင့် ပရိသတ်တွေက ကြည့်ပြီး ကြည်နူးစရာကောင်းနေတာပါ။ ရိုတယ်ဆိုတာရယ်တော့ မဟုတ်ပါဘူး။ ဘေဘီက အသက်ရွယ်လည်း ကြီးလာပြီလေ။ ငယ်ငယ်တုန်းက မရိုခဲ့ရတော့ အသက်ကြီးမှာ ရိုတဲ့သဘောပေါ့။ ဘေဘီပျော်ရွှင်တယ်။ လှနေတယ် စိတ်ချမ်းသာတွေကတော့ သူ့ကြောင့်ပေါ့”

“အချစ်ကတော့ ထပ်တူကြပါတယ်။ ဒါပေမယ့်လည်း သူယောကျာ်းလေးလေ သူအရင်ဆုံးကိုယ့်ကို ဖွင့်ပြောလို့ ကိုယ့်နားကိုရောက်လာတယ်ဆိုတော့ သူကတော့ ပိုပြီး ဂရုစိုက်ပြတာပေါ့။ ဘေဘီကလည်း အချစ်တွေပိုတာကြောင့် သူ့ကိုပဲ ဆက်ပြီးတော့ ချစ်နေမှာပါ။ ဘေဘီက သူ့ကို အစတုန်းကတော့ ရိုးရိုးသားသားလေးနဲ့ ကိုယ့်မောင်လေး တယောက်လို ဆက်ဆံတာကို။ သူ့ဖက်က မရိုးမသားဖြစ်သွားတာကတော့ ကိုယ်လည်း မတတ်နိုင်ဘူး”

“ဘေဘီမိသားစုကလည်း သူ့ကိုချစ်တဲ့အကြောင်း အဓိက ကတော့ သူရိုးသားတယ်။ သူဘေဘီအပေါ် မေတ္တာတရားမှန်တာကြောင့် ဘုရားကပေးတဲ့ ဆုလာဘ်ပဲ။ မိသားစုပေါ်မှာလည်း ရိုးရိုးသားသား ရှိတယ်။ သားတယောက်လို အားကိုးရတာကြောင့် အမေကလည်း ချစ်တယ်။ အဖေကလည်း ချစ်တယ်။ သူ့ကိုဘေဘီတို့ မိသားစုက အရမ်းအောင်မြင်စေချင်တယ်။ ဒါကြောင့်လည်း ဘေဘီတို့ မိသားစုက သူ့ကိုဝိုင်းပြီးတော့ Support လုပ်ပေးနေတာပေါ့”

“ဘေဘီတို့နှစ်ယောက်က စူပါဂလူးကပ်ထားတာထက်တောင် ကပ်သေးတယ်။ ဘယ်လိုမှကို ခွာလို့ရမှာ မဟုတ်ဘူး။ စုပါဂလူးတောင်မှ ခွာလိုက်ရင် အသားတွေမှာ ကပ်နေတတ်တယ်လေ။ အဲ့လိုမျိုးပဲပေါ့။ နှစ်ယောက်လုံးက ထပ်တူကြတယ်။ သူကလည်း သူ့ဘဝကို ဘေဘီကို အပ်ထားတယ်ဆိုတော့ ဘေဘီအပေါ် မူတည်တယ် အရာအားလုံးကတော့” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit..Nanmalgyi