၂ လသမီးအရြယ္မွာ ဖခင္က အက္ဆစ္နဲ႔ပက္ၿပီး သတ္ခဲ့ေပမယ့္ ဘဝကိုအရွုံးမေပးခဲ့ သူ

Zawgyiျဖင့္ဖတ္ရန္

သင့္မွာ မေျပလည္တာေတြ အခက္အခဲေတြခ်ည္းပဲၾကဳံေနရလို႔ စိတ္ဓါတ္က်ၿပီး ကိုယ့္ဘဝကို စိတ္ပ်က္ေနတယ္ဆိုရင္ ဒီျဖစ္ရပ္မွန္ အေၾကာင္းေလး ဖတ္ၾကည့္လိုက္ပါ။

စိတ္ဓါတ္ခြန္အားေတြ ျပန္ရၿပီး ဒုကၡကိုအလဲထိုးနိုင္တဲ့ ခြန္အားေတြ ရလာနိုင္ပါလိမ့္မယ္ အိႏၵိယနိုင္ငံက “Anmol Coleous” ဆိုသူ မိန္းကေလးဟာ အသက္ ၂ လအရြယ္မွာ ဖခင္ရဲ့ အက္ဆစ္နဲ႔ ေလာင္းၿပီး သတ္တာကို ခံခဲ့ရပါတယ္။

ဖခင္ျဖစ္သူဟာ ေမြးလာတဲ့ကေလးက ေယာက်္ားေလးမဟုတ္ပဲ မိန္းကေလးျဖစ္ေနတာေၾကာင့္ ေဒါသထြက္ၿပီး မိန္းမနဲ႔ သမီးကို အက္ဆစ္နဲ႔ ေလာင္းၿပီး သတ္ပါတယ္။ ဆူညံသံေတြေၾကာင့္ အိမ္နီးနားခ်င္းေတြသိသြားၿပီး သားအမိႏွစ္ဦးစလုံးကို ေဆး႐ုံပို႔ခဲ့ေပမယ့္ မိခင္ျဖစ္သူ ေသဆုံးသြားခဲ့ပါတယ္။

ဖခင္ျဖစ္သူလည္း ဖမ္းဆီးခံရၿပီး လူမမယ္အရြယ္ ၂ လသမီးေလး “Anmol” ကေတာ့ ႐ုပ္ပ်က္ဆင္းပ်က္ ဒဏ္ရာမ်ားစြာနဲ႔ ေဆး႐ုံေပၚမွာ မိဘမဲ့ကေလးတစ္ေယာက္ ျဖစ္ခဲ့ရပါတယ္။ သူမကို ေဆး႐ုံက ဆရာဝန္ေတြ ဆရာမေတြကပဲ ေဆးကုသစရိတ္မၽွခံၾကၿပီး သူမအသက္ ၅ ႏွစ္အရြယ္ထိ ေဆး႐ုံေပၚမွာပဲ ေစာင့္ေရွာက္ကုသ ေမြးျမဴခဲ့ပါတယ္။

သူမက်န္းမာေရး ပုံမွန္ျပန္ေကာင္းလာတဲ့အခ်ိန္မွာေတာ့ မြန္ဘိုင္းမွာရွိတဲ့ “Shree Manav Seva Sangh” မိဘမဲ့ေဂဟာကို ပို႔ခံခဲ့ရပါတယ္။ သူမဘဝတစ္ေလၽွာက္လုံး တကၠသိုလ္ကဘြဲ႕ရတဲ့အခ်ိန္ထိ မိဘမဲ့ေဂဟာမွာပဲ ႀကီးျပင္းခဲ့ရပါတယ္။

သူမအသက္ ၂၃ ႏွစ္အရြယ္ေရာက္တဲ့အခ်ိန္မွာေတာ့ သူမရဲ့ဘဝ အေျပာင္းလဲႀကီးေျပာင္းလဲသြားခဲ့ပါတယ္။ အက္ဆစ္ဒဏ္ေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ မ်က္ႏွာသြင္ျပင္ေၾကာင့္ စိုးရြံအားငယ္ေနျခင္းမရွိပဲ ေလာကႀကီးကို အေကာင္းျမင္စိတ္နဲ႔ အေပ်ာ္ရႊင္ဆုံး လူသားျဖစ္ေအာင္ ေနထိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဘြဲ႕ရၿပီးတဲ့အခ်ိန္မွာ မိဘမဲ့ေဂဟာကေန ထြက္လာၿပီး တစ္ေယာက္ထဲေနထိုင္ ရပ္တည္ေနပါတယ္။ လက္ရွိမွာေတာ့ ရွိုးပြဲေတြအတြက္ ဘယ္လိုအဝတ္အစား ဝတ္ဆင္ရမလဲဆိုတဲ့ အႀကံေပးအလုပ္လုပ္ေနၿပီး တစ္လလၽွင္ ႐ူပီးတစ္ေသာင္းေက်ာ္ (က်ပ္ ၂ သိန္းခြဲဝန္းက်င္) ဝင္ေငြရွိပါတယ္။

သူမဟာ အက္ဆစ္နဲ႔ တိုက္ခိုက္ခံရသူေတြရဲ့ စိတ္ပိုင္းဆိုင္ရာ ျပန္လည္အားတက္လာဖို႔ ဦးေဆာင္လမ္းျပသူအျဖစ္လည္း ထင္ရွားလာခဲ့ပါတယ္။ သူမရဲ့ ဝင္ေငြထဲကေန အခ်ိဳ႕ကိုစုေဆာင္းၿပီး ဘဝတူမိန္းကေလးေတြကို ကူညီနိုင္ဖို႔ “Sahas Survivor Shas” ဆိုတဲ့ NGO ေဖာင္ေဒးရွင္းတစ္ခုကိုလည္း တည္ေထာင္ထားပါတယ္။ ေဖာင္ေဒးရွင္းကေန အက္ဆစ္နဲ႔ တိုက္ခိုက္ခံရသူ အေယာက္ ၂၀ ေလာက္ကို အလုပ္အကိုင္ရေအာင္ ကူညီေပးခဲ့ၿပီးျဖစ္သလို သူတို႔ေတြရဲ့ မဂၤလာေဆာင္ေတြကိုလည္း အခမ္းနားဆုံးျဖစ္ေအာင္ ကူညီေထာက္ပံ့ေပးနိုင္ခဲ့ပါတယ္။

ကၽြန္မ ကိုယ့္ဘဝကို ကိုယ္ခ်စ္တယ္၊ အခုလို ျဖစ္ရတဲ့ ဘဝကံၾကမၼာအေပၚ ကိုယ့္ကိုယ္ကို တစ္ခါမွ အျပစ္မတင္မိဘူး။ ဒီလိုမ်ိဳးခံစားမိတာလည္း ကၽြန္မက သူမ်ားေတြနဲ႔မတူပဲ မ်က္လုံးတစ္ဖက္ပဲျမင္ရတာ၊ အက္ဆစ္ေလာင္ ဒဏ္ရာေတြနဲ႔ အသားအေရေတြ တြန႔္ေနတာေတြေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။

အခုလိုဘဝမ်ိဳးျဖစ္တာကိုပဲ ေက်းဇူးတင္မိပါတယ္ ဒါေၾကာင့္မို႔လည္း ကၽြန္မအေနနဲ႔ အျခားဘဝေတြကို ရိုးရိုးေလးပဲ ၾကည့္ျမင္တတ္ခဲ့တာပါ၊ ဒါတင္မကေသးပါဘူး ကိုယ့္ဘဝအတြက္လည္း ကိုယ္အရမ္းေပ်ာ္မိပါတယ္။ အရင္ကၾကဳံေတြ႕ခဲ့တဲ့ ဒုကၡသုကၡေတြက ကၽြန္မကို ေရွ႕ဆက္ေလၽွာက္ဖို႔ ေမၽွာ္လင့္ခ်က္ေတြ ယုံၾကည္ခ်က္ေတြ ေပးနိုင္ခဲ့လို႔ပါပဲ” လို႔ Anmol က သူမရဲ့ လူမွုကြန္ယက္မွာ ေရးသားခဲ့ပါတယ္။

သူမဟာ ဘဝအေပၚ အလြန္အေကာင္းျမင္တတ္တဲ့ မိန္းမပ်ိဳေလးအျဖစ္ လူမွုကြန္ယက္မွာ အသိမွတ္ျပဳထားၾကပါတယ္။ သူမကို ဆက္သြယ္လာသူေတြကို ျပန္လည္ဆက္သြယ္ၿပီး ကူညီစရာရွိရင္ ခ်က္ျခင္းကူညီတတ္သူျဖစ္တာေၾကာင့္ အင္စတာဂရမ္ ေဖာ္လိုဝါ ၂၅,၀၀၀ ေက်ာ္ရွိေနပါတယ္။

Anmol က နိုင္ငံေရးနယ္ပယ္က အမ်ိဳးသမီးေခါင္းေဆာင္ေတြနဲ႔လည္း ခ်ိပ္ဆက္ၿပီး အေျခအေနဆိုးနဲ႔ ၾကဳံေနရတဲ့ မိန္းကေလးေတြကို ကူညီဖို႔ ႀကိဳးစားေနသူလည္းျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိၿပီး လူမမယ္ကေလးဘဝထဲက အျဖစ္ဆိုးႀကီးနဲ႔ ရင္ဆိုင္ခဲ့ရသူ၊ ႐ုပ္ရည္အဆင္းလည္း ခ်ိဳ႕ယြင္းသူ မိန္းကေလးတစ္ေယာက္ရဲ့ အျဖစ္ေတြထက္စာရင္ ကၽြန္ေတာ္တို႔ေန႔စဥ္ၾကဳံေတြရတဲ့ အဆင္မေျပမွုေတြက စာဖြဲ႕ေလာက္မယ္ မထင္ပါဘူး။ ဒါေၾကာင့္မို႔ အခက္အခဲေတြ ၾကဳံေတြတိုင္း ဒီမိန္းကေလးရဲ့ အျဖစ္ပ်က္ေတြကို သတိရၿပီး အခက္ခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္နိုင္တဲ့ စြမ္းအင္ေတြ ရရွိနိုင္ၾကပါေစ..။

Credit: (ပိုပိုေလး)

Unicodeဖြင့်ဖတ်ရန်

၂ လသမီးအရွယ်မှာ ဖခင်က အက်ဆစ်နဲ့ပက်ပြီး သတ်ခဲ့ပေမယ့် ဘဝကိုအရှုံးမပေးခဲ့ သူ

သင့်မှာ မပြေလည်တာတွေ အခက်အခဲတွေချည်းပဲကြုံနေရလို့ စိတ်ဓါတ်ကျပြီး ကိုယ့်ဘဝကို စိတ်ပျက်နေတယ်ဆိုရင် ဒီဖြစ်ရပ်မှန် အကြောင်းလေး ဖတ်ကြည့်လိုက်ပါ။

စိတ်ဓါတ်ခွန်အားတွေ ပြန်ရပြီး ဒုက္ခကိုအလဲထိုးနိုင်တဲ့ ခွန်အားတွေ ရလာနိုင်ပါလိမ့်မယ် အိန္ဒိယနိုင်ငံက “Anmol Coleous” ဆိုသူ မိန်းကလေးဟာ အသက် ၂ လအရွယ်မှာ ဖခင်ရဲ့ အက်ဆစ်နဲ့ လောင်းပြီး သတ်တာကို ခံခဲ့ရပါတယ်။

ဖခင်ဖြစ်သူဟာ မွေးလာတဲ့ကလေးက ယောကျ်ားလေးမဟုတ်ပဲ မိန်းကလေးဖြစ်နေတာကြောင့် ဒေါသထွက်ပြီး မိန်းမနဲ့ သမီးကို အက်ဆစ်နဲ့ လောင်းပြီး သတ်ပါတယ်။ ဆူညံသံတွေကြောင့် အိမ်နီးနားချင်းတွေသိသွားပြီး သားအမိနှစ်ဦးစလုံးကို ဆေးရုံပို့ခဲ့ပေမယ့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။

ဖခင်ဖြစ်သူလည်း ဖမ်းဆီးခံရပြီး လူမမယ်အရွယ် ၂ လသမီးလေး “Anmol” ကတော့ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများစွာနဲ့ ဆေးရုံပေါ်မှာ မိဘမဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ သူမကို ဆေးရုံက ဆရာဝန်တွေ ဆရာမတွေကပဲ ဆေးကုသစရိတ်မျှခံကြပြီး သူမအသက် ၅ နှစ်အရွယ်ထိ ဆေးရုံပေါ်မှာပဲ စောင့်ရှောက်ကုသ မွေးမြူခဲ့ပါတယ်။

သူမကျန်းမာရေး ပုံမှန်ပြန်ကောင်းလာတဲ့အချိန်မှာတော့ မွန်ဘိုင်းမှာရှိတဲ့ “Shree Manav Seva Sangh” မိဘမဲ့ဂေဟာကို ပို့ခံခဲ့ရပါတယ်။ သူမဘဝတစ်လျှောက်လုံး တက္ကသိုလ်ကဘွဲ့ရတဲ့အချိန်ထိ မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းခဲ့ရပါတယ်။

သူမအသက် ၂၃ နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ သူမရဲ့ဘဝ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။ အက်ဆစ်ဒဏ်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မျက်နှာသွင်ပြင်ကြောင့် စိုးရွံအားငယ်နေခြင်းမရှိပဲ လောကကြီးကို အကောင်းမြင်စိတ်နဲ့ အပျော်ရွှင်ဆုံး လူသားဖြစ်အောင် နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘွဲ့ရပြီးတဲ့အချိန်မှာ မိဘမဲ့ဂေဟာကနေ ထွက်လာပြီး တစ်ယောက်ထဲနေထိုင် ရပ်တည်နေပါတယ်။ လက်ရှိမှာတော့ ရှိုးပွဲတွေအတွက် ဘယ်လိုအဝတ်အစား ဝတ်ဆင်ရမလဲဆိုတဲ့ အကြံပေးအလုပ်လုပ်နေပြီး တစ်လလျှင် ရူပီးတစ်သောင်းကျော် (ကျပ် ၂ သိန်းခွဲဝန်းကျင်) ဝင်ငွေရှိပါတယ်။

သူမဟာ အက်ဆစ်နဲ့ တိုက်ခိုက်ခံရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားတက်လာဖို့ ဦးဆောင်လမ်းပြသူအဖြစ်လည်း ထင်ရှားလာခဲ့ပါတယ်။ သူမရဲ့ ဝင်ငွေထဲကနေ အချို့ကိုစုဆောင်းပြီး ဘဝတူမိန်းကလေးတွေကို ကူညီနိုင်ဖို့ “Sahas Survivor Shas” ဆိုတဲ့ NGO ဖောင်ဒေးရှင်းတစ်ခုကိုလည်း တည်ထောင်ထားပါတယ်။ ဖောင်ဒေးရှင်းကနေ အက်ဆစ်နဲ့ တိုက်ခိုက်ခံရသူ အယောက် ၂၀ လောက်ကို အလုပ်အကိုင်ရအောင် ကူညီပေးခဲ့ပြီးဖြစ်သလို သူတို့တွေရဲ့ မင်္ဂလာဆောင်တွေကိုလည်း အခမ်းနားဆုံးဖြစ်အောင် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ကျွန်မ ကိုယ့်ဘဝကို ကိုယ်ချစ်တယ်၊ အခုလို ဖြစ်ရတဲ့ ဘဝကံကြမ္မာအပေါ် ကိုယ့်ကိုယ်ကို တစ်ခါမှ အပြစ်မတင်မိဘူး။ ဒီလိုမျိုးခံစားမိတာလည်း ကျွန်မက သူများတွေနဲ့မတူပဲ မျက်လုံးတစ်ဖက်ပဲမြင်ရတာ၊ အက်ဆစ်လောင် ဒဏ်ရာတွေနဲ့ အသားအရေတွေ တွန့်နေတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အခုလိုဘဝမျိုးဖြစ်တာကိုပဲ ကျေးဇူးတင်မိပါတယ် ဒါကြောင့်မို့လည်း ကျွန်မအနေနဲ့ အခြားဘဝတွေကို ရိုးရိုးလေးပဲ ကြည့်မြင်တတ်ခဲ့တာပါ၊ ဒါတင်မကသေးပါဘူး ကိုယ့်ဘဝအတွက်လည်း ကိုယ်အရမ်းပျော်မိပါတယ်။ အရင်ကကြုံတွေ့ခဲ့တဲ့ ဒုက္ခသုက္ခတွေက ကျွန်မကို ရှေ့ဆက်လျှောက်ဖို့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေ ပေးနိုင်ခဲ့လို့ပါပဲ” လို့ Anmol က သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

သူမဟာ ဘဝအပေါ် အလွန်အကောင်းမြင်တတ်တဲ့ မိန်းမပျိုလေးအဖြစ် လူမှုကွန်ယက်မှာ အသိမှတ်ပြုထားကြပါတယ်။ သူမကို ဆက်သွယ်လာသူတွေကို ပြန်လည်ဆက်သွယ်ပြီး ကူညီစရာရှိရင် ချက်ခြင်းကူညီတတ်သူဖြစ်တာကြောင့် အင်စတာဂရမ် ဖော်လိုဝါ ၂၅,၀၀၀ ကျော်ရှိနေပါတယ်။

Anmol က နိုင်ငံရေးနယ်ပယ်က အမျိုးသမီးခေါင်းဆောင်တွေနဲ့လည်း ချိပ်ဆက်ပြီး အခြေအနေဆိုးနဲ့ ကြုံနေရတဲ့ မိန်းကလေးတွေကို ကူညီဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီး လူမမယ်ကလေးဘဝထဲက အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရသူ၊ ရုပ်ရည်အဆင်းလည်း ချို့ယွင်းသူ မိန်းကလေးတစ်ယောက်ရဲ့ အဖြစ်တွေထက်စာရင် ကျွန်တော်တို့နေ့စဉ်ကြုံတွေရတဲ့ အဆင်မပြေမှုတွေက စာဖွဲ့လောက်မယ် မထင်ပါဘူး။ ဒါကြောင့်မို့ အခက်အခဲတွေ ကြုံတွေတိုင်း ဒီမိန်းကလေးရဲ့ အဖြစ်ပျက်တွေကို သတိရပြီး အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စွမ်းအင်တွေ ရရှိနိုင်ကြပါစေ..။

Credit: (ပိုပိုလေး)