ချစ်သူ မြန်မာမလေး ကို အရမ်းေ ဟာ့ရှော့ေ တွ ဝတ်တာမကြိုက်ဘူးဆိုတဲ့ Mikis

ဥေ ရာပနိုင်ငံသားဆိုပေမယ့်လည်း မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး မြန်မာပရိသတ်အများအပြားရရှိထားတဲ့ နိုင်ငံခြားသားတယောက်ကို ပြပါဆိုလျှင် Mikis ကိုပဲ ပြရမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံသားဆိုပေမယ့်လည်း မြန်မာနိုင်ငံကို ချစ်မြတ်နိုးပြီး မြန်မာနိုင်ငံမှာပဲ အခြေချနေတဲ့ Mikis ကတော့ လက်ရှိမှာဆိုရင် ချစ်စရာကောင်းတဲ့ မြန်မာမလေး စုစုဝေနဲ့ ချစ်သူတွေဖြစ်နေပြီဖြစ်ပါတယ်။ အားကျစရာကောင်းတဲ့ သူတို့ရဲ့ အချစ်ရေးနဲ့ တယောက်ကိုတယောက်ဘယ်လိုနားလည်မှုရှိတယ်ဆိုတာကိုတော့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

SundayJournal နဲ့ အင်တာဗျူးမှာတော့ Mikis ကတော့ အဝတ်စားဝတ်တာနဲ့ ပတ်သက်ပြီး “ကျွန်တော်လုံးဝ လွတ်လွတ်လပ်လပ်ဝတ်ရတာကို ကြိုက်တယ်။ ကြပ်ထုတ်နေတာမျိုးကို မကြိုက်ဘူး။ လမ်းဘေးက စတိုင်လ်မျိုးပေါ့”

မြန်မာဝတ်စုံဝတ်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “ကျွန်တော် သဘောကျနေတယ်။ ဘုရားသွားရတာတွေ ကြိုက်တယ်။ မြန်မာဝတ်စုံကတော့ ပွဲတက်ဘာညာချိန်မှာ ဝတ်တယ်။ ပုံမှန်သွားတာလာတာကတော့ ပုံမှန် Mikis စတိုင်လ်ပါပဲ”

ချစ်သူကို ဘယ်လိုပုံစံဝတ်ရင် လှမယ်ထင်လဲဆိုတဲ့ မေးခွန်းကိုတော့ “အဝတ်ကတော့ ကျွန်တော့်အတွက်အရေးမကြီးတော့ဘူးလေ။ စိတ်နဲ့ပဲလှသွားတယ်။ ဒါပေမယ့်လည်း အရမ်းကြီး ဟော့ရှော့ဝတ်တာ မကြိုက်ဘူးလေ။ ကျွန်တော်ရိုးရိုး ဝတ်တာကို ကြိုက်တယ်။ ဟော့ရှော့တွေ အရမ်းတိုတဲ့ စကပ်တွေ ဝတ်တာမကြိုက်ဘူး။ ဒါပေမယ့်လည်း သူကအဲ့လိုမဝတ်တော့ စိတ်ပူစရာမလိုတော့ဘူး”

စုစုဝေကတော့ “သူအဲ့လိုလေးတွေ ဖြစ်တာသဘောကျပါတယ်။ ကိုယ်က အတိုလေးတွေ ဝတ်ရင်တောင် သူက မင်းနည်းနည်းမတိုနေဘူးလားလို့ ပြောလို့ နောက်ပိုင်းမှာတော့ အတိုတွေတောင် မဝတ်ဖြစ်တော့ပါဘူး။ ညီမနဲ့လည်း အတိုတွေက သိပ်ပြီးတော့ မလိုက်ဘူးလို့ထင်တယ်။ ညီမကတော့ ဒူးအောက်ဖုံးတဲ့ စကပ်တွေပဲ ဝတ်ဖြစ်တာ များပါတယ်”

Sexy ဝတ်တဲ့ကောင်မလေးတွေနဲ့ တွေ့ရင် သဝန်တိုလားဆိုတဲ့ အပေါ်မှာတော့ “အဲ့လိုမျိုးတော့ မရှိပါဘူး။ လူတိုင်းကတော့ သူ့အလှနဲ့သူပဲလေ။ ကိုယ်နဲ့အလိုက်ဖက်ဆုံးဝတ်ထားရင်တော့ အဆင်ပြေတယ်။ သူကလည်း အရမ်းကြီး Sexy ဝတ်ထားရင် မကြိုက်ဘူးလေ”

မြန်မာမိန်းကလေးတယောက်နဲ့ ချစ်သူဖြစ်ရတဲ့ အားသာချက်ကတော့ “ ကျွန်တော်စုစုနဲ့ ရှိကတည်းက ကျွန်တော့်ဘဝက ပိုပြီးတော့ အဆင်ပြေလာတယ်။ မျှော်လင့်ချက်တွေ ရှိလာတယ်။ ကျွန်တော်တယောက်ထဲဆိုရင် ရေဘဝဲ ပုံစံလိုမျိုး ဟိုဖက်သွားဒီဖက်သွားနဲ့ မျှော်လင့်ချက်မရှိတော့ဘူး။ စုစုရှိတော့ ကျွန်တော့်ပန်းတိုင်ရှိလာတယ်။ ပြီးတော့သူက ကျွန်တော့်ဘဝမှာ အများကြီး ဂရုစိုက်ပေးတယ်လေ။ ထမင်းချက်ဘာညာလုပ်ပေးတယ်။ တခုကတော့ သူနဲ့ရှိတဲ့အချိန်ကစပြီး ရစ်တာတွေရှိတယ်။ တိုင်ပတ်တာတွေ ရှိတယ်။ ဒါပေမယ့် အမြဲတမ်းရန်ဖြစ်ရင်တော့ ခဏပဲကြာတယ်”

စုစုဝေကတော့ Mikis နဲ့ ပတ်သက်ပြီး “ညီမကတော့ ရစ်တာပိုများတယ်။ သူကတော့ နည်းနည်းထူးဆန်းတယ် တခါတလေတော့လည်း ရစ်တတ်တယ်။ သူကသိပ်ပြီးတော့ သဝန်တိုတတ်တာတွေ မရှိဘူး။ ညီမတို့ကြားမှာ တယောက်နဲ့ တယောက် ယုံကြည်ချက်နဲ့ တည်ဆောက်ထားတာဆိုတော့ တခြားကောင်လေးတွေနဲ့ စွပ်စွဲတာတွေ မရှိဘူး။ ပြီးတော့ ညီမအလုပ်ကလည်း ဒါတွေနဲ့မကင်းဘူးလေ။ ညီမက အားကစားနည်းပြ ဆရာမလုပ်တဲ့အတွက် ညီမရဲ့ပတ်ဝန်းကျင်မှာ ယောကျာ်းလေးတွေနဲ့ ပတ်သက်ရတယ်။ ဒါပေမယ့်လည်း အဲ့ဒါနဲ့ ပတ်သက်ပြီး သူ့မှာ သဝန်တိုမှုတွေ ဘာမှ မရှိပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit: ပြောချင်လွန်းလို