ပိုလီယိုေ ရာဂါသည် မိန်းကလေး အား (၂၀)နှစ်အ ရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွား

0
377

မေ ကွးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ဘုရားပွဲမှပြန်လာသော ပိုလီယိုရောဂါသည်မိန်းကလေး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၅ ရက်၊ ၃ နာရီ ၄၅ မိနစ်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ညောင်လှနယ်မြေရဲစခန်းတွင် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သူကို အရေးယူပေးရန် မိခင်ဖြစ်သူမှ လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်စစ်မေးရာ နဂါးကျေးရွာအုပ်စု၊ ကံရွာလေးကျေးရွာနေထိုင်သူ ဒေါ်—– သည် ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီက နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မ—– ၊ ပိုလီယိုရောဂါသည်(အရိုအကြောမသန်၊ နားလေးနေသူ)၏ အသံမကြားရ၊ မတွေ့ရသဖြင့် အနီးဘေးပတ်ဝန်းကျင်ကို လိုက်လံရှာဖွေခဲ့ကြောင်းသိရသည်။

ထိုသို့လိုက်ရှာရာမှ သမီးဖြစ်သူသည် နေထိုင်ရာအရပ်နှင့်(၂)မိုင်ခန့်ကွာဝေးသော သပြေစမ်းကျေးရွာနေထိုင်သူတစ်ဦး၏နေအိမ်တွင်ရောက်ရှိနေသည်ဟုသိရသဖြင့် သမီးဖြစ်သူကိုသွားရောက်ခေါ်ယူပြီး မေးမြန်းရာ သမီးဖြစ်သူသည် ဇန်နဝါရီလ ၂၂ ရက်၊ ည ၉နာရီက ညီမဖြစ်သူနှင့်အတူ ကံရွာလေးကျေးရွာရှိ ဗုဒ္ဓပူဇနိယဘုရားပွဲ၊ ဌေးမဟာဇာတ်ပွဲသို့သွားရောက်ခဲ့ကာ ဇန်နဝါရီလ ၂၃ရက်၊ နံနက် ၁ နာရီတွင် အိပ်ချင်သဖြင့် တစ်ယောက်တည်းပြန်လာခဲ့ကြောင်း သိရသည်။

ယင်းသို့ပြန်လာရာလမ်းတွင် ချိုင်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာနေထိုင်သူ ဝေလု(ခ)ဝေလုကျော်က မ—–အား ကံရွာလေးကျေးရွာနှင့်သပြေစမ်းကျေးရွာကြားရှိ လူမနေသည့်တဲအတွင်းသို့ အတင်းဆွဲခေါ်ကာ အဓမ္မ (၂) ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထိုသို့အဓမ္မပြုကျင့်ပြီးနောက် ဝေလု(ခ)ဝေလုကျော်က သပြေစမ်းကျေးရွာဘက်သို့ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေခဲ့ရာမှ သပြေစမ်းကျေးရွာနေထိုင်သူတစ်ဦး၏နေအိမ်သို့ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဝေလု(ခ)ဝေလုကျော်၊ (၂၀)နှစ်ကို ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေ ရဲစခန်း၌ ပအမှတ်(ပ)၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့်အမှုရေးဖွင့်စစ်ဆေးနေကြောင်း သိရသည်။—AKonThi—