”ေဆး” သီခ်င္းကုိ ပုံစံအမ်ဳိးမ်ဳိးနဲ႔သီဆုိလာၾကတဲ့အေပၚ ေကာ္နီရဲ႕ တုံ႔ျပန္မႈ

0
349

ေကာ္နီက ‘’ေဆး’’ သီခ်င္းကုိ အေျပာင္အပ်က္သေဘာမ်ဳိးနဲ႔ သီဆုိေနမႈေတြအေပၚ အခုလုိတု႔႔ံျပန္စကားေျပာလာပါတယ္။ဒီသီခ်င္းကုိေတာ့ ေတးေရး၊ ေတးဆုိ၊ ဒါရုိက္တာကအစ ခံစားခ်က္အျပည့္နဲ႔ ဖန္တီးခဲ့တာေၾကာင့္ တန္ဖုိးထားတယ္လုိ႔ဆုိပါတယ္။

Photo: ေကာ္နီ

အဆုိေတာ္ေကာ္နီရဲ႕‘’ေဆး’’သီခ်င္းကလက္ရွိဂီတေလာကမွာေအာင္ျမင္ေနတဲ့သီခ်င္းတစ္ပုဒ္ပါ။ဒီသီခ်င္းကုိပရိသတ္တခ်ဳိ႕ကပုံစံအမ်ဳိးမ်ဳိးနဲ႔ ေနာက္ေျပာင္သီဆုိလာၾကတဲ့အေပၚ ေကာ္နီက မီဒီယာေတြကေနတဆင့္ အခုလုိ တုံ႔ျပန္စကားေျပာျပလာပါတယ္။

‘’ လက္မခံဘူးလုိ႔ေတာ့ မဟုတ္ပါဘူး။ ခ်စ္လုိ႔ဆုိတာကုိမေကာ္ကလက္ခံတယ္။ဒါေပမယ့္ေတးေရးသမားတစ္ေယာက္၊လူေတြကဒါႀကီးကုိ ခံစားခ်က္ေတြနဲ႔ ေရးထားရတာဆုိေတာ့ ဒီသီခ်င္းကုိ ဖ်က္တာမ်ဳိး အစ္မ မႀကိဳက္ဘူး၊ ဒါေပမယ့္ သူတုိ႔ခ်စ္လုိ႔ Cover ျပန္လုပ္တာ၊ Troll တာျဖစ္တဲ့အတြက္ မေကာ္က ေက်နပ္ရမွာေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

Photo: ေကာ္နီ

‘’ေဆး’’သီခ်င္းကုိေတးေရးဆရာကအစအဆုိေတာ္၊ဒါရုိက္တာကအဆုံးခံစားခ်က္အျပည့္နဲ႔ဖန္တီးထားတာျဖစ္တဲ့အတြက္ေနာက္ေျပာင္သီဆုိမႈေတြအေပၚ သေဘာမက်ဘူးလုိ႔ ေကာ္နီက ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။

‘’ဒီသီခ်င္းကုိေဝႀကီးကလည္းသူကုိယ္တုိင္ခံစားၿပီးေတာ့သီဆုိထားသလုိ၊ေမဘရဏီကလည္းသူကုိယ္တုိင္ခံစားၿပီးေတာ့ရုိက္ထားရတာေလ။အဲ့ဒီအေပၚမွာအေျပာင္အပ်က္ေတြလုပ္တာမ်ဳိးက်ေတာ့သီခ်င္းကုိေပါ့ေစသြားတာမ်ဳိးက်ေတာ့ေတးေရးဆရာအတြက္ေရာ၊ကုိယ္ေတြဖန္တီးထားရတဲ့အတြက္ေရာ သိပ္ေတာ့မႀကိဳက္ခ်င္ဘူး’’ လုိ႔ ဆုိပါတယ္။

Photo: ေကာ္နီ

ေကာ္နီဟာဂီတသက္တမ္းေတာ္ေတာ္ၾကာၿပီျဖစ္တဲ့အဆိုေတာ္တစ္ဦးပါ။ဂီတကုိခ်စ္ျမတ္ႏိုးတဲ့အျပင္သူကုိယ္တုိင္သီဆုိထားတဲ့သီခ်င္းေတြအေပၚမွာလည္း သစၥာရွိခဲ့တယ္လုိ႔ ဇန္နဝါရီလ ၂၇ ရက္ေန႔က Joox Music Final ပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့တာ ျဖစ္ပါတယ္။

‘’ကုိကုိခ်စ္အရမ္းေအာင္ျမင္ခဲ့တဲ့အခ်ိန္ကေၾကာ္ျငာေတြလည္းေခတ္စားေနေတာ့မေကာ္ရဲ႕ကုိကုိခ်စ္သီခ်င္းကုိဇီးထုတ္ေၾကာ္ျငာမွာလည္းဆုိခုိင္းတယ္။မေကာ္ကုိလည္းရုိက္မယ္ေျပာတယ္။ကုိကုိခ်စ္သီခ်င္းကစင္ေပၚမွာေအာင္ျမင္ေနတာျဖစ္တဲ့အတြက္မေကာ္ဇီးထုတ္သီခ်င္းမဆုိႏိုင္ဘူး။အႏုပညာေၾကးဘယ္ေလာက္ေပးပါမယ္ဆုိလည္းမေကာ္မဆုိဘူးဒါကကုိယ္ထားခဲ့တဲ့စည္း၊ကုိယ့္သီခ်င္းအေပၚမွာသစၥာရွိတာေပါ့ေနာ္’’ လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

Photo: ေကာ္နီ

ေကာ္နီဟာ မိခင္ရဲ႕ က်န္းမာေရးေၾကာင့္ ဂီတအလုပ္ေတြ မလုပ္ျဖစ္တာ ေတာ္ေတာ္ၾကာေနပါၿပီ။ အဲ့ဒီေနာက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ၂၈ ရက္ေန႔ကစတင္မိတ္ဆက္လုိက္တဲ့‘’ေဆး’’ဆုိတဲ့သီခ်င္းအသစ္ေလးနဲ႔ပရိသတ္ရင္ထဲကုိျပန္လည္ေရာက္ရွိလာသူျဖစ္ပါတယ္။ဒီသီခ်င္းကုိ ေဝႀကီးက ေရးစပ္ေပးထားတာျဖစ္ပါတယ္။

Credit: Cele Yatkwat

UNICODE:

ကော်နီက ‘’ဆေး’’ သီချင်းကိုအပြောင်အပျက်သဘောမျိုးနဲ့သီဆိုနေမှုတွေအပေါ်အခုလိုတု့ံ့ပြန်စကားပြောလာပါတယ်။ဒီသီချင်းကိုတော့ တေးရေး၊ တေးဆို၊ ဒါရိုက်တာကအစ ခံစားချက်အပြည့်နဲ့ ဖန်တီးခဲ့တာကြောင့် တန်ဖိုးထားတယ်လို့ဆိုပါတယ်။

Photo: ကော်နီ

အဆိုတော်ကော်နီရဲ့‘’ဆေး’’သီချင်းကလက်ရှိဂီတလောကမှာအောင်မြင်နေတဲ့သီချင်းတစ်ပုဒ်ပါ။ဒီသီချင်းကိုပရိသတ်တချို့ကပုံစံအမျိုးမျိုးနဲ့ နောက်ပြောင်သီဆိုလာကြတဲ့အပေါ် ကော်နီက မီဒီယာတွေကနေတဆင့် အခုလို တုံ့ပြန်စကားပြောပြလာပါတယ်။

‘’ လက်မခံဘူးလို့တော့ မဟုတ်ပါဘူး။ ချစ်လို့ဆိုတာကိုမကော်ကလက်ခံတယ်။ဒါပေမယ့်တေးရေးသမားတစ်ယောက်၊လူတွေကဒါကြီးကို ခံစားချက်တွေနဲ့ ရေးထားရတာဆိုတော့ ဒီသီချင်းကို ဖျက်တာမျိုး အစ်မ မကြိုက်ဘူး၊ ဒါပေမယ့် သူတို့ချစ်လို့ Cover ပြန်လုပ်တာ၊ Troll တာဖြစ်တဲ့အတွက် မကော်က ကျေနပ်ရမှာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: ကော်နီ

‘’ဆေး’’သီချင်းကိုတေးရေးဆရာကအစအဆိုတော်၊ဒါရိုက်တာကအဆုံးခံစားချက်အပြည့်နဲ့ဖန်တီးထားတာဖြစ်တဲ့အတွက်နောက်ပြောင်သီဆိုမှုတွေအပေါ် သဘောမကျဘူးလို့ ကော်နီက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’ဒီသီချင်းကိုဝေကြီးကလည်းသူကိုယ်တိုင်ခံစားပြီးတော့သီဆိုထားသလို၊မေဘရဏီကလည်းသူကိုယ်တိုင်ခံစားပြီးတော့ရိုက်ထားရတာလေ။အဲ့ဒီအပေါ်မှာအပြောင်အပျက်တွေလုပ်တာမျိုးကျတော့သီချင်းကိုပေါ့စေသွားတာမျိုးကျတော့တေးရေးဆရာအတွက်ရော၊ကိုယ်တွေဖန်တီးထားရတဲ့အတွက်ရော သိပ်တော့မကြိုက်ချင်ဘူး’’ လို့ ဆိုပါတယ်။

Photo: ကော်နီ

ကော်နီဟာဂီတသက်တမ်းတော်တော်ကြာပြီဖြစ်တဲ့အဆိုတော်တစ်ဦးပါ။ဂီတကိုချစ်မြတ်နိုးတဲ့အပြင်သူကိုယ်တိုင်သီဆိုထားတဲ့သီချင်းတွေအပေါ်မှာလည်း သစ္စာရှိခဲ့တယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့က Joox Music Final ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

‘’ကိုကိုချစ်အရမ်းအောင်မြင်ခဲ့တဲ့အချိန်ကကြော်ငြာတွေလည်းခေတ်စားနေတော့မကော်ရဲ့ကိုကိုချစ်သီချင်းကိုဇီးထုတ်ကြော်ငြာမှာလည်းဆိုခိုင်းတယ်။မကော်ကိုလည်းရိုက်မယ်ပြောတယ်။ကိုကိုချစ်သီချင်းကစင်ပေါ်မှာအောင်မြင်နေတာဖြစ်တဲ့အတွက်မကော်ဇီးထုတ်သီချင်းမဆိုနိုင်ဘူး။အနုပညာကြေးဘယ်လောက်ပေးပါမယ်ဆိုလည်းမကော်မဆိုဘူးဒါကကိုယ်ထားခဲ့တဲ့စည်း၊ကိုယ့်သီချင်းအပေါ်မှာသစ္စာရှိတာပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ကော်နီ

ကော်နီဟာ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့ကစတင်မိတ်ဆက်လိုက်တဲ့‘’ဆေး’’ဆိုတဲ့သီချင်းအသစ်လေးနဲ့ပရိသတ်ရင်ထဲကိုပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ဒီသီချင်းကို ဝေကြီးက ရေးစပ်ပေးထားတာဖြစ်ပါတယ်။