စမူဆာၾကိဳက္လို႔ စမူမွည့္အေခၚခံရတယ္လို႕ေျပာလာတဲ့ ဟဲေလး

0
375

ဟဲေလးဟာ လြန္ခဲ့တဲ့နွစ္ေတြေတာ္ေတာ္မ်ားမ်ားကတည္းက ပရိသတ္ေတြရင္ထဲမွာအျမစ္တြယ္ျပီးသားအနုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ ဟဲေလးဟာ ဂီတေလာကမွာရပ္တည္လာတာၾကာျပီျဖစ္တဲ့အေလ်ာက္ လူၾကိဳက္မ်ားတဲ့သီခ်င္းေတြလည္းေတာ္ေတာ္မ်ားမ်ားထြက္ထားသူပါ။ အခုေနာက္ပိုင္းေတာ့ ဟဲေလးကုိ Show ပြဲေတြမွာေတြ႕ရမွာျဖစ္သလို သီခ်င္းေခြအသစ္ထြက္ဖို႔ကုိလည္း ပရိသတ္ေတြကေမွ်ာ္လင့္လ်က္ရွိေနၾကပါတယ္။ ဟဲေလးတို႔ဇနီးေမာင္နွံက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့အက်င့္ေၾကာင့္သူငယ္ခ်င္းစံုတြဲေတြအဆင္ေျပသြားတာမ်ိဳးလည္းရွိတဲ့အေၾကာင္းနဲ႔ ထူးဆန္းတဲ့အက်င့္တစ္ခုေၾကာင့္နာမည္ေျပာင္အေပးခံရတယ္ဆိုတဲ့အေၾကာင္းေတြကုိ ေဖာက္သည္ခ်လာခဲ့ပါတယ္။

ဟဲေလးက စတတ္ေနာက္တတ္ျပီးကုိ္ယ့္ေၾကာင့္ သူငယ္ခ်င္းေတြအဆင္ေျပသြားရင္ေပ်ာ္တယ္လို႔လည္း “ကုိယ္ေတြေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရင္းနဲ႔ တစ္ခ်ဳိ႔အဆင္မေျပတဲ့သူငယ္ခ်င္းစံုတြဲေလးတြလည္း အုိေကသြားၾကတယ္။ အဲဒါဆိုရင္တကယ္ပီတိျဖစ္ရပါတယ္။ ကူးစက္တာေပ့ါေနာ္။ ကုိယ္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရင္းနဲ႔သူမ်ားကုိပါကူးစက္သြားတာဆိုေတာ့ အၾကည္ဓာတ္ေလးေတြရတာေပါ့ေနာ္။ အိမ္ေထာင္ေရးေတြအဆင္ေျပေနမယ္။ခ်စ္သူစံုတြဲေတြေပ်္ာရႊင္ေနမယ္ဆိုရင္တကယ္ဝမ္းသာပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

ဟဲေလးရဲ႕ ခ်စ္ဇနီးကလည္း ေတာ္တန္ရံုစိတ္ဆိုးတတ္ေလ့မရွိေၾကာင္း “အစ္မက သိပ္ျပီးေတာ့ စိတ္မဆိုးတတ္ဘူး။ စိတ္ဆိုးသင့္ရင္ေတာ့ စိတ္ဆိုးရမွာေပါ့့ေနာ္။ ဒီလူတစ္ေယာက္ကုိစိတ္ဆုိးတယ္ဆိုျပီးေတာ့ မေခၚမေျပာဘူးဆိုတဲ့ပံုစံထက္ အဲ့လိုမ်ိဳးေသးေသးဖြဲဖြဲေလးေတြကုိစိတ္မဆိုးခ်င္ဘူး။ အဲ့လုိမ်ိဳး ခ်ိန္ေတြကုန္သြားမွာနွေမ်ာတယ္”လို႔ ေျပာျပထားပါတယ္။ဟဲေလးက သူ႔ရဲ႕ထူးထူးဆန္းဆန္းစမူဆာအရမ္းၾကိဳက္တတ္တဲ့အက်င့္အေၾကာင္းကို “အစ္ကုိက ငယ္ငယ္ကတည္းက စမူဆာအရမ္းၾကိဳက္တာ။ မနက္အိပ္ရာနုိးရင္ ေကာ္ဖီေတြဘာေတြမေသာက္ဘူး။ စမူဆာနဲ႔ထမင္းနဲ႔အျမဲစားတယ္။ အျမဲတမ္းေပါ့ေနာ္။ စားရင္ဓာတ္ပံုေလးေတြတင္ရင္းနဲ႔ စမူဆာေတြ သူငယ္္ခ်င္းေတြဖန္ေတြကပါလိုက္တင္ရင္းနဲ႔ စမူဆာေတြေတာ္ေတာ္ေရာင္းေကာင္းသြားတယ္။ စမူဆာေတြက်ယ္ျပန္႔လာတယ္။ဘယ္နုိင္ငံေရာက္ေရာက္ စမူဆာရေအာင္ရွာတယ္။ဥပမာ Miami Beach ကုိေရာက္ေနရင္ေတာင္စမူဆာရေအာင္ရွာျပီးစားတယ္”လို႔ ေျပာျပထားပါတယ္။

အဲဒီအက်င့္ေၾကာင့္ သူငယ္ခ်င္းေတြကနာမည္ေျပာင္ေပးတာခံရေၾကာင္းလည္း “ဟဲေလးကေနျပီး “အျမဲတမ္းမွည့္”နဲ႔ သတိထားမိလာၾကတယ္။ အစ္ကုိ႔ကုိစမူဆာနဲ႔ စမူမွည့္လို႔နာမည္ေျပာင္ေတြေပးၾကတယ္။ လမ္းမွာေတြ႕ရင္ေတာင္မွ ဟာ.. စမူမွည့္ဆိုျပီးလွမ္းေနာက္ၾကတယ္။ အဓိကကေတာ့ သူမ်ားေတြေပ်ာ္ရတယ္ေလ။ ဘယ္ေနရာေရာက္ေရာက္ကုိယ့္ကုိအျမဲသတိရေနတယ္။ မနက္လက္ဖက္ရည္ဆိုင္ထိုင္ရင္ေတာင္မွ စမူဆာေလးေတြ႕တာနဲ႔ဟဲေလးကုိသတိရေနတယ္”လို႔ ရယ္ေမာရင္းေျပာျပသြားပါေသးတယ္။ပရိသတ္ၾကီးေရာ စမူဆာၾကိဳက္လား.. အဲေလ.. ဟဲေလးကုိၾကိဳက္ၾကလား။ ဟဲေလးရဲ႕သီခ်င္းအသစ္ေတြအေခြအသစ္ေတြထြက္လာရင္ေရာအားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။


Unicode Font

စမူဆာကြိုက်လို့ စမူမှည့်အခေါ်ခံရတယ်လို့ပြောလာတဲ့ ဟဲလေး
ဟဲလေးဟာ လွန်ခဲ့တဲ့နှစ်တွေတော်တော်များများကတည်းက ပရိသတ်တွေရင်ထဲမှာအမြစ်တွယ်ပြီးသားအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဟဲလေးဟာ ဂီတလောကမှာရပ်တည်လာတာကြာပြီဖြစ်တဲ့အလျောက် လူကြိုက်များတဲ့သီချင်းတွေလည်းတော်တော်များများထွက်ထားသူပါ။ အခုနောက်ပိုင်းတော့ ဟဲလေးကို Show ပွဲတွေမှာတွေ့ရမှာဖြစ်သလို သီချင်းခွေအသစ်ထွက်ဖို့ကိုလည်း ပရိသတ်တွေကမျှော်လင့်လျက်ရှိနေကြပါတယ်။ ဟဲလေးတို့ဇနီးမောင်နှံက မီဒီယာတွေနဲ့အင်တာဗျူးမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အကျင့်ကြောင့်သူငယ်ချင်းစုံတွဲတွေအဆင်ပြေသွားတာမျိုးလည်းရှိတဲ့အကြောင်းနဲ့ ထူးဆန်းတဲ့အကျင့်တစ်ခုကြောင့်နာမည်ပြောင်အပေးခံရတယ်ဆိုတဲ့အကြောင်းတွေကို ဖောက်သည်ချလာခဲ့ပါတယ်။

ဟဲလေးက စတတ်နောက်တတ်ပြီးကိုယ့်ကြောင့် သူငယ်ချင်းတွေအဆင်ပြေသွားရင်ပျော်တယ်လို့လည်း “ကိုယ်တွေပျော်ပျော်ရွှင်ရွှင်နေရင်းနဲ့ တစ်ချို့အဆင်မပြေတဲ့သူငယ်ချင်းစုံတွဲလေးတွလည်း အိုကေသွားကြတယ်။ အဲဒါဆိုရင်တကယ်ပီတိဖြစ်ရပါတယ်။ ကူးစက်တာပေ့ါနော်။ ကိုယ်ပျော်ပျော်ရွှင်ရွှင်နေရင်းနဲ့သူများကိုပါကူးစက်သွားတာဆိုတော့ အကြည်ဓာတ်လေးတွေရတာပေါ့နော်။ အိမ်ထောင်ရေးတွေအဆင်ပြေနေမယ်။ချစ်သူစုံတွဲတွေပျေ်ာရွှင်နေမယ်ဆိုရင်တကယ်ဝမ်းသာပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

ဟဲလေးရဲ့ ချစ်ဇနီးကလည်း တော်တန်ရုံစိတ်ဆိုးတတ်လေ့မရှိကြောင်း “အစ်မက သိပ်ပြီးတော့ စိတ်မဆိုးတတ်ဘူး။ စိတ်ဆိုးသင့်ရင်တော့ စိတ်ဆိုးရမှာပေါ့နော်။ ဒီလူတစ်ယောက်ကိုစိတ်ဆိုးတယ်ဆိုပြီးတော့ မခေါ်မပြောဘူးဆိုတဲ့ပုံစံထက် အဲ့လိုမျိုးသေးသေးဖွဲဖွဲလေးတွေကိုစိတ်မဆိုးချင်ဘူး။ အဲ့လိုမျိုး ချိန်တွေကုန်သွားမှာနှမျောတယ်”လို့ ပြောပြထားပါတယ်။ဟဲလေးက သူ့ရဲ့ထူးထူးဆန်းဆန်းစမူဆာအရမ်းကြိုက်တတ်တဲ့အကျင့်အကြောင်းကို “အစ်ကိုက ငယ်ငယ်ကတည်းက စမူဆာအရမ်းကြိုက်တာ။ မနက်အိပ်ရာနိုးရင် ကော်ဖီတွေဘာတွေမသောက်ဘူး။ စမူဆာနဲ့ထမင်းနဲ့အမြဲစားတယ်။ အမြဲတမ်းပေါ့နော်။ စားရင်ဓာတ်ပုံလေးတွေတင်ရင်းနဲ့ စမူဆာတွေ သူငယ်ချင်းတွေဖန်တွေကပါလိုက်တင်ရင်းနဲ့ စမူဆာတွေတော်တော်ရောင်းကောင်းသွားတယ်။ စမူဆာတွေကျယ်ပြန့်လာတယ်။ဘယ်နိုင်ငံရောက်ရောက် စမူဆာရအောင်ရှာတယ်။ဥပမာ Miami Beach ကိုရောက်နေရင်တောင်စမူဆာရအောင်ရှာပြီးစားတယ်”လို့ ပြောပြထားပါတယ်။

အဲဒီအကျင့်ကြောင့် သူငယ်ချင်းတွေကနာမည်ပြောင်ပေးတာခံရကြောင်းလည်း “ဟဲလေးကနေပြီး “အမြဲတမ်းမှည့်”နဲ့ သတိထားမိလာကြတယ်။ အစ်ကို့ကိုစမူဆာနဲ့ စမူမှည့်လို့နာမည်ပြောင်တွေပေးကြတယ်။ လမ်းမှာတွေ့ရင်တောင်မှ ဟာ.. စမူမှည့်ဆိုပြီးလှမ်းနောက်ကြတယ်။ အဓိကကတော့ သူများတွေပျော်ရတယ်လေ။ ဘယ်နေရာရောက်ရောက်ကိုယ့်ကိုအမြဲသတိရနေတယ်။ မနက်လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင်မှ စမူဆာလေးတွေ့တာနဲ့ဟဲလေးကိုသတိရနေတယ်”လို့ ရယ်မောရင်းပြောပြသွားပါသေးတယ်။ပရိသတ်ကြီးရော စမူဆာကြိုက်လား.. အဲလေ.. ဟဲလေးကိုကြိုက်ကြလား။ ဟဲလေးရဲ့သီချင်းအသစ်တွေအခွေအသစ်တွေထွက်လာရင်ရောအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။