ထင်ချင်ရာထင် သီချင်းစာသားလေးပဲတင်ထားတာဆိုတဲ့ ရွှေအိမ်စည်

အေးနေဝင်းကို အလှမယ်ဟန်တီက ပုံတူပန်းချီပေးတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး လူတွေက အေးနေဝင်းနဲ့ ရွှေအိမ်စည်တို့နှစ်ပါးကြည်နေချိန်တုန်းက အေးနေဝင်းက ရွှေအိမ်စည်ကို ကိတ်မုန့်နဲ့ surprise လုပ်တဲ့ ဓာတ်ပုံလေးမှာ ဟန်တီက အေးနေဝင်းနဲ့ရွှေအိမ်စည်နားမှာရပ်ပြီးကြည့်နေခဲ့တဲ့ ဓာတ်ပုံနဲ့ အခုတစ်ဖန်အေးနေဝင်းကို ပုံတူပန်းချီကားလက်ဆောင်ပေးတဲ့ ဓာတ်ပုံကိုတွဲပြီး “မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ။ မင်းမကြည့်လို့မရိပ်မိတာပါ အချစ်ကမင်းအနားမှာပါ”ဆိုတဲ့ သီချင်းစာသားတွေနဲ့ Facebook မှာ Troll နေကြတာကို တော်တော်များများလည်း တွေ့ပြီးသား ဖြစ်မှာပါ။ အဲ့လိုဓါတ်ပုံတွေ ပျံနှံ့သွားပြီး မကြာခင်မှာပဲ ရွှေအိမ်စည်က သူမရဲ့လူမှုကွန်ယက်ပေါ်မှာ “မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ စိတ်မရှိလို့မရိပ်မိတာပါ အချစ်ရမင်းအနားမှာပါ ဘာရယ်ဟုတ်ပါဘူး သီချင်းလေးကထိရှနေသလားလို့ ဒီမနက် ဒီသီချင်းလေးကခေါင်းထဲမှာစွဲနေလို့ #hahahhaa #morningvibes”လို့ ရေးတင်လာခဲ့ပါတယ်။ ဒီ Status တင်ထားတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်လာမှုကြောင့် ရွှေအိမ်စည်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားခဲ့ပါတယ်။

MC နဲ့ အင်တာဗျူးမှာတော့ ရွှေအိမ်စည်က Status တင်ထားတာနဲ့ ပတ်သက်ပြီး “သာယာကြပါ။ ကိုယ့်ဘဝနဲ့ ကိုယ်ပါလို့။ အိမ်စည်က သီချင်းစာသားလေးကို ကြိုက်လို့ တင်ထားတာပါ။ ဒါပေမယ့် Comment ရေးတဲ့ သူတွေကျတော့လည်း ဆွဲယူကြတာပေါ့။ ဒါပေမယ့်အိမ်စည်ကလည်း Comment အားလုံးကို မဖျက်နိုင်ဘူး။ ကြည့်ပြီးတော့ပဲ ရီရတာပေါ့။ အဲ့သီချင်းလေးက အိမ်စည်အမေ အမြဲနားထောင်တော့ ကြားနေရတယ်လေ။ ဒါပေမယ့်လည်း အိမ်စည် အမြဲ နားထောင်တဲ့ သီချင်းတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ အိမ်စည် မနက်ခင်းအစောကြီးမှာ သူငယ်ချင်းတယောက်က ဖုန်းဆက်တယ်။ ဘာရယ်တော့မဟုတ်ဘူးနော်။ သူကနားထဲမှာ စွဲအောင်လုပ်လိုက်တော့ အိမ်စည်လည်း အဲ့သီချင်းစာသားလေးကို တင်ချပလိုက်တာ။ ကိုယ်ရေးတဲ့ဟာကိုတော့ ပြန်မဖျက်ဘူးလေ။ ပြောချင်ရာပြော ဂရုမစိုက်ဘူး”

ဝေဖန်မှုတွေရှိနေတဲ့ ပရိသတ်တွေကို ပြောချင်တာက “သူတို့ဟာ သူတို့ထင်ချင်ရာထင်။ ပြီးတော့ အိမ်စည်တင်ထားတဲ့အထဲမှာက သီချင်းစာသားလေးပါပဲ။ ဒါကိုတော့ သူတို့က ထင်ချင်ရာထင်နေကြတယ်ဆိုတော့ မလုံလို့ပေါ့။ ဘာတွေ ဖြစ်နေကြလဲဆိုတောလည်း မသိဘူးလေ။ သူတို့ခေါင်းထဲမှာ ဒီ Status ကိုဖတ်လိုက်တဲ့အချိန်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မသိဘူးလေ။ ဒါကိုတော့ အိမ်စည်က မရှင်းပါဘူး။ တင်လိုက်တာ ထားထားမယ်။ ကြိုက်တယ်မလား မကြိုက်ရင်ကျော်သွား။ Takecare လုပ်ပြီးတင်ရအောင် အိမ်စည်လုပ်တာဘာမှားလို့လဲ။ အိမ်စည်ကတော့ ပေါ့ပေါ့ပါးပါးလေးပဲ။ သူများကိုလိုက်ပြီးတော့ ဒုက္ခပေးနေတဲ့ထဲမှာ မပါဘူး။ ပြီးတော့ အိမ်စည်က တယောက်ကို တခုခုပြောချင်ရင် တည့်ဖြဲတယ်။ ဒါကိုလည်း အိမ်စည်နဲ့ ပြသာနာဖြစ်ဖူးတဲ့သူတိုင်း သိတယ်။ ရွှေအိမ်စည်က တယောက်ယောက်ကို ဖြဲရင် တည့်ဖြဲတယ်ဆိုတာ သိစေရမယ်။ ကွယ်ဝှက်ပြီးတော့ မပြောတတ်ဘူး။ အဲ့လိုလုပ်ရမှာလည်း ပျင်းတယ်”

အိမ်စည်ကို Troll နေတဲ့သူတွေကို ဘာပြောချင်လဲဆိုတဲ့ အပေါ်မှာတော့ “အိမ်စည်အောင်မြင်တာပေါ့။ အောင်မြင်ဖို့အတွက်ဆိုတာ ပရိသတ်တွေတင်မဟုတ်ပဲ ကိုယ့်ကိုမုန်းတဲ့သူတွေ တိုက်ခိုက်တာတွေလည်း ရှိဖို့လိုတယ်။ ချစ်တာကတော့ ပိုကျေနပ်မှုရှိတာပေါ့။ လူတိုင်းကချစ်နေတယ်ဆိုရင်တော့ လမ်းကြောင်းနည်းနည်းမှားနေပြီ။ ကိုယ့်လမ်းကြောင်းကို လျှောက်နေတဲ့သူတွေကတော့ မုန်းတဲ့သူတွေလည်း ရှိမှာပဲ။ ကိုယ်ဘာပဲ လုပ်လုပ်ချစ်နေပေးကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ချစ်ပါတယ်။


Credit..Nanmalgyi