ဒီအရွယ်ထိ နုပျိုနေတဲ့ လျှို့ဝှက်ချက်ကိုပြောပြခဲ့တဲ့ အိန္ဒြာကျော်ဇင်

0
327





Credit: Cele Family

UNICODE:
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်းမင်းသမီးတွေထဲမှာ အူဝဲလို့ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ အိန္ဒြာကျော်ဇင်ကတော့ ထပ်ဆင့်အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်သလို သရုပ်ဆောင် ပြေတီဦးနဲ့ ရွှေလက်တွဲသာ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ပါ ။
အသက် ၄၀ နားနီးနေပေမယ့် ဆယ်ကျော်သက်လေးတစ်ယောက်လို လှပ နုပျိုနေတဲ့ လျှို့ဝှက်ချက်က ဘာများလဲလို့ ပရိသတ်တွေသိချင်နေကြတာပါ ။
အူဝဲအနေနဲ့ အသက် ၄၀နားဝန်းကျင်ဆိုတာ ငယ်တော့တဲ့အရွယ်မဟုတ်သလို ပရိသတ်တွေ ထင်သလို အရမ်းနုပျိုနေတာမျိုးလဲမဟုတ်ပါဘူးတဲ့ ။ သူမနဲ့ရွယ်တူ အပြင်ကသူငယ်ချင်းတွေဆို ဒီထက်တောင် ပိုနုပါသေးတယ်လို့ပြောပြခဲ့ပါတယ် ။
သူမ နုပျိုနေရတဲ့ အဓိကအကြောင်းရင်းကတော့ အပူမရှာတတ်သလို လူတိုင်းကို မေတ္တာထားပြီး ကိုယ့်ကို ဘယ်လောက်ကြီး မုန်းမုန်း ဝေဖန် တိုက်ခိုက်နေပါစေ .. သူတို့ကို ဘယ်တော့မှ မမုန်းပါဘူးလို့ ပြောပြခဲ့ပါတယ် ။ စိတ်ကို ထားတတ်အောင် ကြိုးစားတဲ့အတွက် အပူပင်ကင်းလို့ နုပျိုနေတာလည်း ဖြစ်နိုင်ပါတယ်လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။
ချစ်ပရိသတ်ကြီးလည်း အူဝဲလို နုပျိုချင်ရင် အူဝဲစိတ်ဓာတ်လေးကို အတုယူကြပါနော် ။ အူဝဲရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။Source : Skynet Uptodate
Credit: Cele Family