ဒီနေ့ လူပြောအများဆုံးဖြစ်နေတဲ့ နာမည်ကြီးတို့ရဲ့ အကြောင်း တစေ့တစောင်း

ဒီနေ့ လူပြောအများဆုံးဖြစ်နေတဲ့ နာမည်ကြီးတို့ရဲ့ အကြောင်း တစေ့တစောင်း
ဝေဖန်ခံနေရတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ရှင်းပြလာတဲ့ အလှမယ် ဟန်တီ
ဟန်တီက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြင်တွေ့နေရတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ ဒီဓာတ်ပုံအတွက် ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။
အလှမယ် ဟန်တီက အေးနေဝင်းရဲ့ ပုံတူပန်းချီကို လက်ဆောင်အဖြစ် ပေးနေတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ထွက်ပေါ်လာတာကိုတွေ့ရပါတယ်။ ဒီဓာတ်ပုံရဲ့ အကြောင်းအရာကိုလည်း သူမကိုယ်တိုင်က ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘လူတိုင်းကို ရိုးသားပွင့်လင်းစွာ ခင်မင်တတ်သော ဟန်တီနှင့်မေမေတို့ကြောင့် ယခုအခါတွင် ပရိသတ်များ ကြားအထင်အမြင်လွဲမှားနေသော အကြောင်းတခုကို ဖြေရှင်းပါရစေ။ ဟန်တီ ပန်းချီဆွဲတတ်သည်ကို သိရှိသည့် ပို့စ်တင်သည့် ကာယကံပိုင်ရှင် ဟန်တီ့ပရိသတ်တဦးမှ မွေးနေ့လက်ဆောင်အဖြစ် ပုံတူပန်းချီဆွဲပေးရန် တောင်းဆိုခဲ့သဖြင့် လွန်ခဲ့သောနှစ်နှစ်က အချိန်အားလပ်သဖြင့် ဆွဲပေးထားသောပုံလေးကို အခါအခွင့်ကြုံ၍ ယခု ခရီးသွားခါနီးမှ ပေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၅၆ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
သူမတို့ရဲ့ ဆက်ဆံရေးကလည်း မိတ်ဆွေတစ်ဦးအခြေအနေသာ ဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဓာတ်ပုံတစ်ပုံကြောင့် ဝေဖန်မှုတွေ ကြုံနေရတာဖြစ်တဲ့အတွက် စိတ်ထိခိုက်မိတယ်လို့လည်း ပြောပြထားပါသေးတယ်။

‘’ဟန်တီနှင့်သာမန်ခင်မင်သည့် မိတ်ဆွေတစ်ဦးသာဖြစ်ပြီး မည်သို့မျှပတ်သက်ခြင်းမရှိပဲ ပရိသတ်များထင်ယောင်ထ င်မှားဖြစ်ခြင်းခံရသည့်အတွက် စိတ်ပင်ပန်းနွမ်းနယ်ရပါသောကြောင့် ဟန်တီနှင့် မည်သို့မျှဆက်နွယ်ခြင်းမရှိပဲ ဖေ့ဘုတ်ပေါ်တွင်ပင် ခင်မင်ရင်းနှီးခြင်းမရှိတော့ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်’’ လို့ ဆက်လက်ရေးသားထားပါတယ်။
အလှမယ် ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့ သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို MissSupranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
ဟန်တီက အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Originazation တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။
ဒါ့အပြင်ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။Credit-Cele Yatkwat
အားလုံးကို ထိရှသွားစေမယ့် သီချင်းလေးတစ်ပုဒ်ကိုဆိုလိုက်တဲ့ ​ရွှေအိမ်​စည်​…
ညှို့အားပြင်းလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဘိုဆန်ဆန် မျက်နှာကျလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေကြတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ အသက်အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရွှေအိမ်စည်က အားလုံးကို ထိရှသွားစေမယ့် သီချင်းလေးတစ်ပုဒ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ရွှေအိမ်စည်ရဲ့ဆိုလိုရင်းကို သိကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ပိုစ့်အောက်မှာ ထင်မြင်ချက်အမျိုးမျိုးနဲ့ ဝင်ရေးနေကြတာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် အားလုံးကို ထိရှသွားအောင် လတ်တလောခေါင်းထဲစွဲနေတဲ့ သီချင်းတစ်ပုဒ်ကို ဆိုပြလိုက်တဲ့ ရွှေအိမ်စည်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ရွှေအိမ်စည်ကတော့ ” မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ စိတ်မရှိလို့မရိပ်မိတာပါ အချစ်ကမင်းအနားမှာပါ ဘာရယ်ဟုတ်ပါဘူး သီချင်းလေးကထိရှနေသလားလို့ ဒီမနက် ဒီသီချင်းလေးကခေါင်းထဲမှာစွဲနေလို့ hahahhaa morningvibes” ဆိုပြီး သူမရဲ့လတ်တလောခံစားချက်တွေကို ရေးသားထားတာပါ။

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ရွှေအိမ်စည်ရဲ့အချစ်ရေးကတော့ လတ်တလောမှာ တစ်ကိုယ်တည်းပဲ ရှိနေတယ်လို့ သိရပါတယ်။
ရွှေအိမ်စည်ကတော့ ဒီနှစ် ၂၀၁၉ မှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားဖို့ရှိတယ်လို့သိရပြီး၊ ရုပ်ရှင်တွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေတာပါ။ ။ Credit-Momolay