အားလုံးအံ့သြသွားလောက်တဲ့ ထိပ်ထိပ်ရဲ့အလှပုံရိပ်လေးတွေကို ချပြလိုက်တဲ့ မေမေခိုင်သင်းကြည်




credit – myanmarload

Unicode

မခိုင်လေးတစ်ယောက် သမီးဖြစ်သူထိပ်ထိပ်လေးရဲ့ အရမ်းကိုမိုက်လွန်းတဲ့ ပုံရိပလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ လှလွန်းတဲ့ ပုံရိပ်လေးတွေက အားလုံးကိုအံ့အားသင့်သွားရလောက်အောင်ကို ကြွေချင်စရာကောင်းလွန်းနေပါတယ်။ သားမိနှစ်ယောက်က မကြာခဏ ဆိုသလို ဆင်တူအင်္ကျီလေးတွေဝတ်တတ်ပြီး ချစ်စရာအသွင်အပြင်လေးတွေလည်း လုပ်တတ်ပါသေးတယ်။ သားမိနှစ်ယောက်နဲ့မတူပဲ ညီမနှစ်ယော်ကအလား ပရိသတ်တွေကတောင် စနောက်ခဲ့ကြပါသေးတယ်။

ကိုယ်ပိုင်စီးပွားရေးလေးအဖြစ်နဲ့ သူမတို့က အထည်ချုပ်စက်ရုပ်လေးတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး ” ခသုံးလုံး ” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပါသေးတယ်။ သမီးဖြစ်သူဟာလည်း အနုပညာအလုပ်တွေကို အမေ့ခြေရာနင်းဖို့အတွက် ကြော်ငြာလေးတွေရိုက်ကူးနေပြီး 2017 အကယ်ဒမီဗန်းကိုင်အဖြစ်နဲ့လည်း ပါဝင်ကူညီခဲ့ပါသေးတယ်။ အနုပညာအလုပ်တွေကို မိခင်ခြေရာအပြည့်အဝနင်းပြီးလုပ်ကိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။
ထိပ်ထိပ်လေးရဲ့ရင်ခုန်ဖွယ်အမိုက်စားပုံရိပ်လေးတွေကို မေမေခိုင်သင်းကြည်တစ်ယောက် ” မသိဘူးချစ်တယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ရွှေနန်းတော်ဆိုင်လေးမှာရိုက်ကူးထားတဲ့ ဒီအမိုက်စားပုံရိပ်လေးတွေဟာ မြင်သူတိုင်းကို အံ့သြမှင်သက်သွားလောက်အောင်ကိုလှသွေးကြွယ်နေတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။