ချစ်သူ ကောင်မလေးကို အလင်းပြလိုက်ပြီ ဖြစ်တဲ့ နေဒွေး





Credit: Cele Channel

UNICODE:
နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ နေဒွေးတစ်ယောက် သူ့ရဲ့ချစ်သူလေးကို အလင်းပြ လိုက်ပါပြီ။ ျအာင်မြင်တဲ့မင်းသားတစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ် အားပေးမှုအခိုင် အမာနဲ့လျှောက်လှမ်းနေတဲ့ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်း ကျော်မင်းသားတစ်ဦး ဆိုလည်း မမှားပါဘူး။ မနေ့ညမှာတော့ နေဒွေးတစ်ယောက် သူ့ရဲ့ Facebook မှာ ” ချစ်တယ် My ပါကျဲ ” ဆိုတဲ့စာကို ချစ်သူလေးကို Tag တွဲကာတင်ထား တာပဲဖြစ်ပါတယ်။
နေဒွေးရဲ့ချစ်သူ မိန်းကလေးဟာလည်း အနုပညာအသိုင်းအဝိုင်းထဲက မင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမဟာ တက်သစ်စ အနုပညာရှင် ဟေမာန်ဇော်ဇော်ဖြစ်ပြီး နေဒွေးနဲ့လည်း ဇာတ်ကားတွေ တွဲဖက် ရိုက်ကူးသူတစ်ယောက်လည်းဖြစ်ပါတယ်။
နေဒွေးက စာတင်ပြီး မိနစ်အနည်းငယ် မှာတင် ပြန်ဖျက်ခဲ့ ပေမယ့် အရမ်းလျင်လွန်းတဲ့ ပရိသတ်တွေကတော့ သိကုန်ကြပါပြီ။
လိုက်ဖက်တဲ့စုံတွဲလေးဖြစ်တာမို့ ပရိသတ်တွေကလည်း သဘောတူမှာအသေအချာပါပဲ။ နေဒွေးရဲ့ချစ်သူလေးကို ပရိသတ်ကြီးလည်း သိရအောင်ဖော်ပြပေးလိုက်ပြီနော်။
Credit: Cele Channel