အေမရိကန္မွာ ျဖစ္တဲ့ ေၾကာက္စရာ အေအးလိုင္း ေရခဲမွတ္ေအာက္ ၃၆ ဒီဂရီ (ရုပ္သံ)

0
146

အေမရိကန္မွာ ျဖစ္တဲ့ ေၾကာက္စရာ အေအးလိုင္း ေရခဲမွတ္ေအာက္ ၃၆ ဒီဂရီ (ရုပ္သံ)
US မွာ ေအးခ်က္က လန္ထြက္ေနတာဘဲ
ကန္ အေအးလြန္ကဲမႈ ၁၀ ေက်ာ္ေသဆံု
အေမရိကန္ျပည္ေထာင္စုမွာ ေဆာင္းရာသီ စံခ်ိန္တင္ အေအးဒဏ္လြန္ကဲမႈေၾကာင့္ ဒီသီတင္းပတ္ထဲ ေသဆံုးသူအနည္းဆံုး ၁၁ ဦးရွိသြားျပီျဖစ္ပါတယ္။
ဒီအေအးဒဏ္ဟာ မိနစ္ပိုင္းအတြင္း frostbite အသားပုတ္ေၾကြက်တဲ့အထိ ျဖစ္နိုင္တယ္လို႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။
ဒီလို အလြန္ေအးတဲ့ ရာသီဥတု အေျခအေနမွာ အုိင္အုိဝါၿမဳိ႕မွာရွိတဲ့ အိုင္အိုဝါတကၠသိုလ္မွာ ေက်ာင္းသားတေယာက္ ေက်ာင္းရဲ႕ အေဆာက္အဦး အေနာက္မွာ အေအးဒဏ္လြန္ကဲမႈ ခံေနရတာကို ေတြ႔ရွိခဲ့ရၿပီးေနာက္ပိုင္း တကၠသိုလ္အတန္းေတြကို ပိတ္လိုက္ပါတယ္။

ဒီေက်ာင္းသားကို ေရခဲမွတ္ေအာက္ ၄၆ ဒီဂရီ Celsius ျပင္းထန္တဲ့ေလေအးတိုက္ခတ္ခ်ိန္မွာ ေတြ႔ရွိခဲ့ရၿပီး သူဟာ ေနာက္ပိုင္း ေဆးရံုမွာ ေသဆံုးသြားပါတယ္။
အီလီႏြိဳင္းျပည္နယ္ရဲ႕ Moline ၿမဳိ႕မွာ ၾကာသပေတးေန႔က ေရခဲမွတ္ေအာက္ ၃၆ ဒီဂရီ Celsius ထိ က်ဆင္းသြားပါတယ္။ Minnesota ျပည္နယ္ Norris Camp ၿမိဳ႕မွာေတာ့ ဗုဒၶဟူးေန႔က ေရခဲမွတ္ေအာက္ ၄၄ ဒီဂရီ Celsius အထိ က်ဆင္းသြားပါတယ္။
စာပုိ႔လုပ္ငန္းေတြအျပင္ ေလယာဥ္ခရီးစဥ္၊ ရထားခရီးစဥ္ေတြနဲ႔ ဘတ္စ္ကား ေျပးဆြဲမႈေတြကေတာ့ ျပီးခဲ႔တဲ႔ ၂ ရက္အၾကာ ကတည္းက ဆိုင္းငံ့ထားပါတယ္။ Detroit ၿမဳိ႕မွာေတာ့ အလုပ္သမားေတြကို အေအးဒဏ္က ကာကြယ္ေပးဖုိ႔နဲ႔ ေလာင္စာစြမ္းအင္ ၿခဳိးၿခံႏို္င္ဖို႔ အတြက္ေမာ္ေတာ္ကား စက္႐ုံေတြကို ပိတ္ထားလိုက္ပါတယ္။

အေမရိကန္ ျပည္ေထာင္စု အေနာက္အလယ္ပိုင္း ေဒသေတြမွာ အေအး ပိုေနတဲ့ ဒဏ္ကို လူ သန္းေပါင္းမ်ားစြာ ရင္ဆိုင္ေနၾကရပါတယ္။ အႏၲာတိကတိုက္ ထက္ေတာင္ ပိုၿပီး ေအးေနသလို အေအးဒဏ္ေၾကာင့္ လူ ၁၂ ဦးထက္မနည္း ေသဆုံးခဲ့ရၿပီး ျဖစ္ပါတယ္။
အာတိတ္ ေဒသက ေလေအးေတြဟာ ေတာင္ဘက္ကို ဆင္းလာတာေၾကာင့္ အခုလို ေအးေနတာ ျဖစ္ၿပီး အေမရိကန္ ျပည္သူ သန္း ၂၀၀ ဟာ ေရခဲမွတ္ေအာက္ အႏႈတ္ ၃၀ ဒီဂရီ ဆဲလ္ဆီးယပ္စ္ အထိ က်ဆင္းသြားႏိုင္တဲ့ အေအးဒဏ္ကို ရင္ဆိုင္ရဖြယ္ ရွိပါတယ္။
အဲဒါေၾကာင့္ ရွီကာဂိုလိုၿမိဳ႕ႀကီးေတြမွာ သယ္ပို႔စနစ္ေတြကို ရပ္ဆိုင္းထားရသလို စီးပြားေရးလုပ္ငန္းေတြနဲ႔ ေက်ာင္းေတြလည္းပိတ္ထားပါတယ္။ ကိုမင္းထက္က ေျပာျပမွာပါ။ ။
BBC Burmese
Unicode
အမေရိကန်မှာ ဖြစ်တဲ့ ကြောက်စရာ အအေးလိုင်း ရေခဲမှတ်အောက် ၃၆ ဒီဂရီ (ရုပ်သံ)

US မှာ အေးချက်က လန်ထွက်နေတာဘဲ
ကန် အအေးလွန်ကဲမှု ၁၀ ကျော်သေဆုံ
အမေရိကန်ပြည်ထောင်စုမှာ ဆောင်းရာသီ စံချိန်တင် အအေးဒဏ်လွန်ကဲမှုကြောင့် ဒီသီတင်းပတ်ထဲ သေဆုံးသူအနည်းဆုံး ၁၁ ဦးရှိသွားပြီဖြစ်ပါတယ်။
ဒီအအေးဒဏ်ဟာ မိနစ်ပိုင်းအတွင်း frostbite အသားပုတ်ကြွေကျတဲ့အထိ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလို အလွန်အေးတဲ့ ရာသီဥတု အခြေအနေမှာ အိုင်အိုဝါမြို့မှာရှိတဲ့ အိုင်အိုဝါတက္ကသိုလ်မှာ ကျောင်းသားတယောက် ကျောင်းရဲ့ အဆောက်အဦး အနောက်မှာ အအေးဒဏ်လွန်ကဲမှု ခံနေရတာကို တွေ့ရှိခဲ့ရပြီးနောက်ပိုင်း တက္ကသိုလ်အတန်းတွေကို ပိတ်လိုက်ပါတယ်။
ဒီကျောင်းသားကို ရေခဲမှတ်အောက် ၄၆ ဒီဂရီ Celsius ပြင်းထန်တဲ့လေအေးတိုက်ခတ်ချိန်မှာ တွေ့ရှိခဲ့ရပြီး သူဟာ နောက်ပိုင်း ဆေးရုံမှာ သေဆုံးသွားပါတယ်။

အီလီနွိုင်းပြည်နယ်ရဲ့ Moline မြို့မှာ ကြာသပတေးနေ့က ရေခဲမှတ်အောက် ၃၆ ဒီဂရီ Celsius ထိ ကျဆင်းသွားပါတယ်။ Minnesota ပြည်နယ် Norris Camp မြို့မှာတော့ ဗုဒ္ဓဟူးနေ့က ရေခဲမှတ်အောက် ၄၄ ဒီဂရီ Celsius အထိ ကျဆင်းသွားပါတယ်။
စာပို့လုပ်ငန်းတွေအပြင် လေယာဉ်ခရီးစဉ်၊ ရထားခရီးစဉ်တွေနဲ့ ဘတ်စ်ကား ပြေးဆွဲမှုတွေကတော့ ပြီးခဲ့တဲ့ ၂ ရက်အကြာ ကတည်းက ဆိုင်းငံ့ထားပါတယ်။ Detroit မြို့မှာတော့ အလုပ်သမားတွေကို အအေးဒဏ်က ကာကွယ်ပေးဖို့နဲ့ လောင်စာစွမ်းအင် ခြိုးခြံနို်င်ဖို့ အတွက်မော်တော်ကား စက်ရုံတွေကို ပိတ်ထားလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်း ဒေသတွေမှာ အအေး ပိုနေတဲ့ ဒဏ်ကို လူ သန်းပေါင်းများစွာ ရင်ဆိုင်နေကြရပါတယ်။ အန္တာတိကတိုက် ထက်တောင် ပိုပြီး အေးနေသလို အအေးဒဏ်ကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
အာတိတ် ဒေသက လေအေးတွေဟာ တောင်ဘက်ကို ဆင်းလာတာကြောင့် အခုလို အေးနေတာ ဖြစ်ပြီး အမေရိကန် ပြည်သူ သန်း ၂၀၀ ဟာ ရေခဲမှတ်အောက် အနှုတ် ၃၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိ ကျဆင်းသွားနိုင်တဲ့ အအေးဒဏ်ကို ရင်ဆိုင်ရဖွယ် ရှိပါတယ်။
အဲဒါကြောင့် ရှီကာဂိုလိုမြို့ကြီးတွေမှာ သယ်ပို့စနစ်တွေကို ရပ်ဆိုင်းထားရသလို စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေလည်းပိတ်ထားပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။ ။

 

BBC Burmese