ေခ်ာကလက္ထက္ သစၥာရွိတာကုိပုိလိုခ်င္တယ္လုိ႕ေျပာလာတဲ့ ေအးျမတ္သူ

ေခ်ာကလက္ထက္ သစၥာရွိတာကုိပုိလိုခ်င္တယ္လုိ႕ေျပာလာတဲ့ ေအးျမတ္သူ

ေအးျမတ္သူဟာဆိုရင္ အနုပညာေလာကမွာ ဝါရင့္မင္းသမီးတစ္လက္အျဖစ္အခ်ိန္ေတြအၾကာၾကီးရပ္တည္လာခဲ့ျပီးအခုအခ်ိန္အထိလည္း ေအာင္္ျမင္မႈကုိထိန္းထားနိုင္ဆဲ ရင့္က်က္တည္ျငိမ္ေအးေဆးတဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ လူခ်စ္လူခင္လည္းေပါသလို ခ်စ္ဖို႔ေကာင္းျပီး ဆြဲေဆာင္မႈရွိတဲ့ အျပံဳးေလးနဲ႔ပရိသတ္ေတြရဲ႕အသည္းနွလံုးကုိ ဆြဲကုိင္ထားတဲ့ ေအးျမတ္သူဟာ နွစ္တိုင္းနီးပါး ပရိသတ္ေတြေရြးတဲ့ အကယ္ဒမီတစ္ၾကိဳစာရင္းမွာေနရာယူထားေနဆဲျဖစ္ပါတယ္။ ေအးျမတ္သူက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ အကယ္ဒမီရင္ခုန္သံနဲ႔ Valentine’s Day အေပၚအျမင္ေတြကုိ ေျပာျပသြားခဲ့ပါတယ္။

ေအးျမတ္သူက အကယ္ဒမီရင္ခုန္သံကုိ “အဲဒါေတြသိပ္ျပီးေတာ့ မစဥ္းစားေတာ့ပါဘူးရွင္။ ေမွ်ာ္လင့္ေနျပီးမရရင္ကုိယ္ပဲငိုရမွာေလ”လို႔ေျဖထားျပီး Valentine’s Day အတြက္ခံစားခ်က္ကိုေတာ့ “အဲဒါကေတာ့ စိတ္ေပါ့ေနာ္။ အရမ္းကုိ sensitive ျဖစ္ျပီးေတာ့ အရမ္းကုိ Romantics ျဖစ္တာေတြကုိၾကိဳက္တဲ့ အမ်ိဳးသမီးေတြအမ်ိဳးသားေတြအတြက္ေတာ့ဟုတ္မွာေပါ့။ ေအးျမတ္သူတို႔ကေတာ့ ဘဝမွာလက္ေတြ႔က်တဲ့အခါက်ေတာ့ ေခ်ာကလက္စားရျခင္းမစားရျခင္းထက္ ကုိယ့္အေပၚကုိသစၥာရွိျခင္းမရွိျခင္းကိုပုိျပီးေတာ့ စိတ္ဝင္စားပါတယ္။ပုိျပီးေတာ့ လိုခ်င္ပါတယ္”လို႔ ေျဖထားပါတယ္။

ပရိသတ္ေတြအတြက္ အခ်စ္ေရးနဲ႔ပတ္သက္တဲ့အၾကံေပးစကားကုိလည္းေအးျမတ္သူက “အမွန္ေတာ့ေလ ဘာမွမေမွ်ာ္လင့္ပါနဲ႔။ ဘယ္သူ႔ဆီကမွ ဘာမွမေမွ်ာ္လင့္ပါနဲ႔။ ဘယ္အခ်ိန္ဘယ္အေနအထားပဲျဖစ္ျဖစ္ Valentine’s Day ဘယ္လို Anniversary မွဘာမွမေမွ်ာ္လင့္တာအေကာင္းဆံုးပဲဲ။ ကုိယ့္စိတ္ေအးခ်မ္းတယ္။ ကုိယ့္ဘာသာကုိယ္လုပ္နိုင္တယ္။ ကုိယ့္ဘာသာကုိယ္ဝယ္စားလို႔ရတာပဲ။ ကုိယ့္ဘာသာကုိယ္ရေအာင္ဝယ္လိုက္မယ္။သူမ်ားကုိဘာလို႔အားကုိးမွာလဲ။ အဲဒီစိတ္ကုိပဲလိုခ်င္တာ။ ခ်စ္ရတဲ့သူဆီကအဲ့လုိအရာေတြထက္စာရင္ သူကုိယ့္ကုိဘယ္ေလာက္သစၥာရွိနုိင္လဲ။ သူကုိယ့္ကုိဘယ္ေလာက္နားလည္ေပးနုိ္င္လဲ။ အဲ့ဒါေတြကုိ ပုိျပီးေတာ့ေမွ်ာ္လင့္ပါ။ ကေလးမဆန္ပါနဲ႔ေတာ့။ေခတ္ၾကီးက ကေလးဆန္လို႔မရေတာ့ဘူး”လို႔ ေစတနာပါပါနဲ႔ေျပာၾကားသြားတာေတြ႕ရပါတယ္။ဒါ့အျပင္ လူငယ္ေကာင္မေလးေတြကုိ ေခ်ာကလက္မေပးလို႔စိတ္မေကာက္ပါနဲ႔လို႔လည္း “Surprise ဆိုတဲ့အရာေတြက ကုိယ့္ဘာသာကုိယ္လုပ္ယူလို႔ရတယ္ရွင့္။ ဒါေပမယ့္ သစၥာတရားရွိမႈေတြဘာေတြက်မရဘူး။ အဲဒါေတြတည္ေဆာက္ပါ။ေခ်ာကလက္မေပးလို႔စိတ္မေကာက္ပါနဲ႔ ကုိယ့္ခ်စ္သူကုိယ့္အနားမွာ သစၥာရွိရွိေနဖို႔ပဲအေရးၾကီးပါတယ္”လို႔လည္း ဖြင့္ဟေျဖၾကားသြားပါတယ္။

ခရီးသြားရတာကုိၾကိဳက္တဲ့ေအးျမတ္သူက မြန္ဂိုလီးယားကုိလည္းသြားဦးမယ္လို႔သိရပါတယ္။ ေအးျမတ္သူက “ေအးျမတ္သူကအမွန္အတိုင္းေျပာရင္ အဲ့လိုမ်ိဳး ခရီးသြားတာ ေမာ္ဒယ္လုပ္မလားဆိုေတာ့ ခရီးစဥ္ကုိသြားခ်င္တာရွင့္။ မြန္ဂိုလီးယားကုိ ေအးျမတ္သူ သေဘာက်တယ္။ အကုန္လံုးက ဓာတ္ပံုဆရာေတြခ်ည္းသြားၾကမွာဆိုေတာ့ေအးျမတ္သူ လိုက္ဖုိ႔မလိုက္ဖို႔က ၾကိဳးစားေနဆဲပဲရွိေသးတယ္။ သြားျဖစ္ရင္ေအးျမတ္သူေျပာပါ့မယ္။ အဲဒါၾကီးကလည္း မေသခ်ာေသးပါဘူး”လို႔ ေျပာျပထားပါတယ္။ပရိသတ္ၾကီးေရာ ေအးျမတ္သူကုိခ်စ္ၾကလား။ ေအးျမတ္သူရဲ႕ရုပ္ရွင္ဇာတ္ကားအသစ္ေတြကုိေရာအားေပးၾကမွာလား။ေအးျမတ္သူကုိ သရုပ္ေဆာင္အျဖစ္နဲ႔ ခရီးေတြထြက္ျပီး သဘာဝတရားၾကီးရဲ႕ရႈ႕ခင္းေတြနဲ႔တသားတည္းက်ေနတဲ့ ေမာ္ဒယ္အျဖစ္ ဘယ္ပံုစံကုိပုိခ်စ္ၾကလဲ။ ေျပာခဲ့ၾကပါဦး။


Unicode Font

ချောကလက်ထက် သစ္စာရှိတာကိုပိုလိုချင်တယ်လို့ပြောလာတဲ့ အေးမြတ်သူ
အေးမြတ်သူဟာဆိုရင် အနုပညာလောကမှာ ဝါရင့်မင်းသမီးတစ်လက်အဖြစ်အချိန်တွေအကြာကြီးရပ်တည်လာခဲ့ပြီးအခုအချိန်အထိလည်း အောင်မြင်မှုကိုထိန်းထားနိုင်ဆဲ ရင့်ကျက်တည်ငြိမ်အေးဆေးတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ လူချစ်လူခင်လည်းပေါသလို ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးနဲ့ပရိသတ်တွေရဲ့အသည်းနှလုံးကို ဆွဲကိုင်ထားတဲ့ အေးမြတ်သူဟာ နှစ်တိုင်းနီးပါး ပရိသတ်တွေရွေးတဲ့ အကယ်ဒမီတစ်ကြိုစာရင်းမှာနေရာယူထားနေဆဲဖြစ်ပါတယ်။ အေးမြတ်သူက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အကယ်ဒမီရင်ခုန်သံနဲ့ Valentine’s Day အပေါ်အမြင်တွေကို ပြောပြသွားခဲ့ပါတယ်။

အေးမြတ်သူက အကယ်ဒမီရင်ခုန်သံကို “အဲဒါတွေသိပ်ပြီးတော့ မစဉ်းစားတော့ပါဘူးရှင်။ မျှော်လင့်နေပြီးမရရင်ကိုယ်ပဲငိုရမှာလေ”လို့ဖြေထားပြီး Valentine’s Day အတွက်ခံစားချက်ကိုတော့ “အဲဒါကတော့ စိတ်ပေါ့နော်။ အရမ်းကို sensitive ဖြစ်ပြီးတော့ အရမ်းကို Romantics ဖြစ်တာတွေကိုကြိုက်တဲ့ အမျိုးသမီးတွေအမျိုးသားတွေအတွက်တော့ဟုတ်မှာပေါ့။ အေးမြတ်သူတို့ကတော့ ဘဝမှာလက်တွေ့ကျတဲ့အခါကျတော့ ချောကလက်စားရခြင်းမစားရခြင်းထက် ကိုယ့်အပေါ်ကိုသစ္စာရှိခြင်းမရှိခြင်းကိုပိုပြီးတော့ စိတ်ဝင်စားပါတယ်။ပိုပြီးတော့ လိုချင်ပါတယ်”လို့ ဖြေထားပါတယ်။

ပရိသတ်တွေအတွက် အချစ်ရေးနဲ့ပတ်သက်တဲ့အကြံပေးစကားကိုလည်းအေးမြတ်သူက “အမှန်တော့လေ ဘာမှမမျှော်လင့်ပါနဲ့။ ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ပါနဲ့။ ဘယ်အချိန်ဘယ်အနေအထားပဲဖြစ်ဖြစ် Valentine’s Day ဘယ်လို Anniversary မှဘာမှမမျှော်လင့်တာအကောင်းဆုံးပဲ။ ကိုယ့်စိတ်အေးချမ်းတယ်။ ကိုယ့်ဘာသာကိုယ်လုပ်နိုင်တယ်။ ကိုယ့်ဘာသာကိုယ်ဝယ်စားလို့ရတာပဲ။

ကိုယ့်ဘာသာကိုယ်ရအောင်ဝယ်လိုက်မယ်။သူများကိုဘာလို့အားကိုးမှာလဲ။ အဲဒီစိတ်ကိုပဲလိုချင်တာ။ ချစ်ရတဲ့သူဆီကအဲ့လိုအရာတွေထက်စာရင် သူကိုယ့်ကိုဘယ်လောက်သစ္စာရှိနိုင်လဲ။ သူကိုယ့်ကိုဘယ်လောက်နားလည်ပေးနိုင်လဲ။ အဲ့ဒါတွေကို ပိုပြီးတော့မျှော်လင့်ပါ။ ကလေးမဆန်ပါနဲ့တော့။ခေတ်ကြီးက ကလေးဆန်လို့မရတော့ဘူး”လို့ စေတနာပါပါနဲ့ပြောကြားသွားတာတွေ့ရပါတယ်။ဒါ့အပြင် လူငယ်ကောင်မလေးတွေကို ချောကလက်မပေးလို့စိတ်မကောက်ပါနဲ့လို့လည်း “Surprise ဆိုတဲ့အရာတွေက ကိုယ့်ဘာသာကိုယ်လုပ်ယူလို့ရတယ်ရှင့်။ ဒါပေမယ့် သစ္စာတရားရှိမှုတွေဘာတွေကျမရဘူး။ အဲဒါတွေတည်ဆောက်ပါ။ချောကလက်မပေးလို့စိတ်မကောက်ပါနဲ့ ကိုယ့်ချစ်သူကိုယ့်အနားမှာ သစ္စာရှိရှိနေဖို့ပဲအရေးကြီးပါတယ်”လို့လည်း ဖွင့်ဟဖြေကြားသွားပါတယ်။

ခရီးသွားရတာကိုကြိုက်တဲ့အေးမြတ်သူက မွန်ဂိုလီးယားကိုလည်းသွားဦးမယ်လို့သိရပါတယ်။ အေးမြတ်သူက “အေးမြတ်သူကအမှန်အတိုင်းပြောရင် အဲ့လိုမျိုး ခရီးသွားတာ မော်ဒယ်လုပ်မလားဆိုတော့ ခရီးစဉ်ကိုသွားချင်တာရှင့်။ မွန်ဂိုလီးယားကို အေးမြတ်သူ သဘောကျတယ်။ အကုန်လုံးက ဓာတ်ပုံဆရာတွေချည်းသွားကြမှာဆိုတော့အေးမြတ်သူ လိုက်ဖို့မလိုက်ဖို့က ကြိုးစားနေဆဲပဲရှိသေးတယ်။ သွားဖြစ်ရင်အေးမြတ်သူပြောပါ့မယ်။ အဲဒါကြီးကလည်း မသေချာသေးပါဘူး”လို့ ပြောပြထားပါတယ်။ပရိသတ်ကြီးရော အေးမြတ်သူကိုချစ်ကြလား။ အေးမြတ်သူရဲ့ရုပ်ရှင်ဇာတ်ကားအသစ်တွေကိုရောအားပေးကြမှာလား။အေးမြတ်သူကို သရုပ်ဆောင်အဖြစ်နဲ့ ခရီးတွေထွက်ပြီး သဘာဝတရားကြီးရဲ့ရှု့ခင်းတွေနဲ့တသားတည်းကျနေတဲ့ မော်ဒယ်အဖြစ် ဘယ်ပုံစံကိုပိုချစ်ကြလဲ။ ပြောခဲ့ကြပါဦး။