မေအးေသာင္းေျပာလာတဲ့ မိတ္ေဆြအစစ္၊ မိတ္ေဆြအတု ခြဲျခားနည္း

0
124

စိတ္ကူးထဲက အေၾကာင္းအရာေလးေတြကို အၿမဲတမ္းေရးသားေလ့ရွိတဲ့ မေအးေသာင္းက မိတ္ေဆြအစစ္နဲ႔ မိတ္ေဆြ အတုကို ခြဲျခားေျပာျပလာပါတယ္။

Photo: မေအးေသာင္း
မေအးေသာင္းက သူမခံယူထားတဲ့ မိတ္ေဆြအစစ္၊ မိတ္ေဆြ အတု ကို ခြဲျခားေျပာျပလာပါတယ္။ မေအးေသာင္းက အခုလက္တေလာမွာ သူ႔စိတ္ခံစားခ်က္နဲ႔ ကိုက္ညီတဲ့ စာသားေလးေတြကို ေရးသားေလ့ရွိတဲ့သူ တစ္ေယာက္ပါ။
‘’သူတို႔အက်ိဳးရွိလို႔ ကိုယ့္အေပၚခ်ိဳသာစြာဆက္ဆံတိုင္း မိတ္ေဆြစစ္လို႔သတ္မွတ္လို႔မရပါဘူး။ ကိုယ္အဆင္မေျပ တဲ့ အခ်ိန္ ကိုယ္ဒုကၡေရာက္ခ်ိန္မွာမွ ဘယ္သူကဘယ္လိုဆက္ဆံတယ္ဆိုတဲ့အခ်ိန္မွာ မိတ္ေဆြစစ္ မိတ္ေဆြတု ကို သိရွိႏိုင္ပါတယ္တဲ့’’ ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ မနက္ ၁၀ နာရီ ၄၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ပါတယ္။

Photo: မေအးေသာင္း
ေအးဝတ္ရည္ေသာင္းက သူ႔ရဲ႕ စိတ္ကူးထဲက အေၾကာင္းအရာေလးေတြကို မၾကာခဏ စာသားအျဖစ္ ခ်ေရးတတ္ပါတယ္။ တိုက္ဆိုင္မႈရွိတဲ့ စာသားေတြဆိုရင္လည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ျပန္ၿပီး မွ်ေဝျဖစ္တယ္လို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။
‘’အဲလို႔ အတုအစစ္ခြဲျခားသိၿပီးရင္လည္း စိတ္ဓာတ္က်စရာမလိုပါဘူး။ သူတို႔ဆီကရတဲ့ အေကာင္းဆုံး သင္ခန္းစာကို ဘဝအတြက္ အက်ိဳးရွိရွိအသုံးခ် မွတ္သားႏိုင္ဖို႔သာအဓိကပါ။ ကိုယ့္ေျခေထာက္ေပၚသာ ကိုယ္ရပ္ရတာမို႔ သူမ်ားအေပၚမွီခိုလြန္းတာ မေသခ်ာပါဘူး။ ကိုယ့္အခက္အခဲေတြကို ကိုယ့္ဘာသာေျဖရွင္း တာအေကာင္းဆုံးပဲမဟုတ္လား။ စူပါ စေနပါ’’ဆိုၿပီးေတာ့ ဆက္လက္ေရးသားထားပါတယ္။

Photo: မေအးေသာင္း
အခ်စ္ေရးအေၾကာင္းေတြအၿမဲတမ္း တင္ျဖစ္ေနတဲ့ ေအးဝတ္ရည္ေသာင္းက ခ်စ္သူရွိတယ္လို႔ဝန္ခံထားေပမယ့္ အခုခ်ိန္ထိ သူ႔ရဲ႕ခ်စ္သူက ဘယ္သူဆိုတာကိုထုတ္ျပတာမ်ိဳးမရွိေသးပါဘူး။ မေအးေသာင္းရဲ႕ ခ်စ္သူက သူ႔ထက္လည္း ငယ္သလို မင္းသားတစ္ေယာက္လည္းမဟုတ္ဘူးဆိုၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေနလည္း ေျပာျပခဲ့ဖူးပါတယ္။

Photo: မေအးေသာင္း
၁၀ စုႏွစ္တစ္စုေက်ာ္ ေပ်ာက္ကြယ္သြားခဲ့တဲ့ ေအးဝတ္ရည္ေသာင္းဟာ ၂၀၁၇ ခုႏွစ္မွာ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ပရိသတ္အားေပးမႈကို ယခင္ကထက္ေတာင္ ပိုမိုရရွိလာပါတယ္။ မေအးေသာင္းဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။ ကိုယ္ပိုင္စီးပြားေရးတစ္ခုျဖစ္တဲ့ ပိုးထည္ဆိုင္ေတြကိုလည္း ဦးေဆာင္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။
Credit: Cele Yatkwat

UNICODE:
စိတ်ကူးထဲက အကြောင်းအရာလေးတွေကို အမြဲတမ်းရေးသားလေ့ရှိတဲ့ မအေးသောင်းက မိတ်ဆွေအစစ်နဲ့ မိတ်ဆွေ အတုကို ခွဲခြားပြောပြလာပါတယ်။
Photo: မအေးသောင်း
မအေးသောင်းက သူမခံယူထားတဲ့ မိတ်ဆွေအစစ်၊ မိတ်ဆွေ အတု ကို ခွဲခြားပြောပြလာပါတယ်။ မအေးသောင်းက အခုလက်တလောမှာ သူ့စိတ်ခံစားချက်နဲ့ ကိုက်ညီတဲ့ စာသားလေးတွေကို ရေးသားလေ့ရှိတဲ့သူ တစ်ယောက်ပါ။
‘’သူတို့အကျိုးရှိလို့ ကိုယ့်အပေါ်ချိုသာစွာဆက်ဆံတိုင်း မိတ်ဆွေစစ်လို့သတ်မှတ်လို့မရပါဘူး။ ကိုယ်အဆင်မပြေ တဲ့ အချိန် ကိုယ်ဒုက္ခရောက်ချိန်မှာမှ ဘယ်သူကဘယ်လိုဆက်ဆံတယ်ဆိုတဲ့အချိန်မှာ မိတ်ဆွေစစ် မိတ်ဆွေတု ကို သိရှိနိုင်ပါတယ်တဲ့’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၁၀ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။
Photo: မအေးသောင်း
အေးဝတ်ရည်သောင်းက သူ့ရဲ့ စိတ်ကူးထဲက အကြောင်းအရာလေးတွေကို မကြာခဏ စာသားအဖြစ် ချရေးတတ်ပါတယ်။ တိုက်ဆိုင်မှုရှိတဲ့ စာသားတွေဆိုရင်လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ပြီး မျှဝေဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
‘’အဲလို့ အတုအစစ်ခွဲခြားသိပြီးရင်လည်း စိတ်ဓာတ်ကျစရာမလိုပါဘူး။ သူတို့ဆီကရတဲ့ အကောင်းဆုံး သင်ခန်းစာကို ဘဝအတွက် အကျိုးရှိရှိအသုံးချ မှတ်သားနိုင်ဖို့သာအဓိကပါ။ ကိုယ့်ခြေထောက်ပေါ်သာ ကိုယ်ရပ်ရတာမို့ သူများအပေါ်မှီခိုလွန်းတာ မသေချာပါဘူး။ ကိုယ့်အခက်အခဲတွေကို ကိုယ့်ဘာသာဖြေရှင်း တာအကောင်းဆုံးပဲမဟုတ်လား။ စူပါ စနေပါ’’ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်။
Photo: မအေးသောင်း
အချစ်ရေးအကြောင်းတွေအမြဲတမ်း တင်ဖြစ်နေတဲ့ အေးဝတ်ရည်သောင်းက ချစ်သူရှိတယ်လို့ဝန်ခံထားပေမယ့် အခုချိန်ထိ သူ့ရဲ့ချစ်သူက ဘယ်သူဆိုတာကိုထုတ်ပြတာမျိုးမရှိသေးပါဘူး။ မအေးသောင်းရဲ့ ချစ်သူက သူ့ထက်လည်း ငယ်သလို မင်းသားတစ်ယောက်လည်းမဟုတ်ဘူးဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြောပြခဲ့ဖူးပါတယ်။
Photo: မအေးသောင်း
၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
Credit: Cele Yatkwat