Like Stars On Earth ရုပ္ရွင္ရဲ႕ လူသိနည္းတဲ့အခ်က္မ်ား

0
146

Like Stars On Earth ရုပ္ရွင္ရဲ႕ လူသိနည္းတဲ့အခ်က္မ်ား
၂၀၀၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ အိႏၵိယဒရာမာဇာတ္ကား Taare Zameen Par သို႔ Like Stars On Earth ဟာ နာမည္ေက်ာ္မင္းသား Aamir Khan ကုိယ္တုိင္ပါဝင္သရုပ္ေဆာင္ရုိက္ကူးထုတ္လုပ္ခဲ့တဲ့ ပညာေပး ဇာတ္ကားတစ္ကားပါ။
ဒီဇာတ္ကားမွာ Aamir Khan ဟာ စာေရးစာဖတ္ရခက္ခဲတဲ့ Dyslexia ေဝဒနာသည္ အႏုပညာပါရမီရွင္ ကေလးငယ္ေလး Ishaan ကို ပ်ိဳးေထာင္ေပးရတဲ့ ဆရာအျဖစ္ ပါဝင္ခဲ့တယ္။ ေျပာခ်င္လြန္းလို႔ တုိ႔အတြက္ ဒီရုပ္ရွင္ရဲ႕ လူသိနည္းတဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(1)- ဒီရုပ္ရွင္ကားရဲ႕ လွပတဲ့နာမည္ကို Aamir Khan ဟာ ၿပိဳင္ဘက္မင္းသား Salman Khan ဆီက ရတာပါ။ သူတုိ႔ ပါတီတစ္ခုမွာ ေတြ႕ဆုံခဲ့ခ်ိန္ Salman Khan ေျပာခဲ့တဲ့ အိုင္ဒီယာကို အသုံးျပဳခဲ့တာ ျဖစ္တဲ့အတြက္ သူ႕ကို ခရက္ဒစ္ေပးခဲ့ပါတယ္။
(2)-. နာမည္ေက်ာ္မင္းသားႀကီး Amitabh Bachchan (အမီတာဘဂ်မ္း) ရဲ႕သားတစ္ဦးျဖစ္တဲ့ Abhishek Bachchan ဟာလည္း Dyslexia ေဝဒနာသည္တစ္ဦးပါပဲ။ ဒါေပမယ့္ သူ႕ရဲ႕အားနည္းခ်က္ကို မွန္ကန္တဲ့ ပညာေရးနဲ႔ ေက်ာ္လႊားႏုိင္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္က ေဘာလိဝုဒ္ Blockbuster ရုပ္ရွင္ Dhoom မွာ ပါဝင္သရုပ္ေဆာင္ခဲ့သလို ေအာင္ျမင္မႈ ရရွိခဲ့ပါတယ္။ ဒီအေၾကာင္းကို ရုပ္ရွင္ထဲမွာ ထည့္ေျပာဖို႔အတြက္ Aamir Khan ဟာ Amitabh Bachchan ဆီကေန ေလးစားသမႈနဲ႔ အရင္ဆုံး ခြင့္ျပဳခ်က္ယူခဲ့ပါတယ္။

(3)- အိႏၵိယႏုိင္ငံဟာ ဒီဇာတ္ကားကို ၂၀၀၉ ခုႏွစ္ ေအာ္စကာဆုေပးပြဲမွာ အေကာင္းဆုံး ႏုိင္ငံျခားဘာသာစကားေျပာ ရုပ္ရွင္ဆုအတြက္ အိႏၵိယႏုိင္ငံ ကုိယ္စားျပဳအျဖစ္ တင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဇကာတင္အဆင့္ေတာင္ မပါခဲ့ဘဲ ဂ်ပန္ရုပ္ရွင္ “Departures” က ရရွိခဲ့ပါတယ္။
(4)- Ishaan အျဖစ္ သရုပ္ေဆာင္တဲ့ Darsheel Safary ဟာ အလြန္ငယ္ရြယ္ေသးတဲ့အျပင္ ပုိက္ဆံလည္း အရမ္းမရွိတဲ့အတြက္ သူ သရုပ္ေဆာင္ေနခ်ိန္မွာ ပညာေရးေနာက္မက်ရေအာင္ Aamir Khan က ပုိက္ဆံစုိက္ထုတ္ တာဝန္ခံေပးခဲ့ပါတယ္။
(5)- Ishaan ရဲ႕ စည္းကမ္းတင္းက်ပ္တဲ့ ဖခင္အျဖစ္ သရုပ္ေဆာင္တဲ့ Vipin Sharma ဟာ ကေလးကို ျဖတ္ရုိက္ရမယ့္ အခန္းမွာ ရုိက္ဖို႔ တြန္႔ဆုတ္ေနခဲ့တဲ့အတြက္ Darsheel က ရယ္ခဲ့ပါတယ္။ ဒါေပမယ့္ Aamir Khan ဟာ Vipin ရဲ႕ ေခၽြးတလုံးလုံးနဲ႔ အက်ၤီကို ယူဝတ္ကာ ကင္မရာကို သူ႕ေနာက္ေက်ာမွာ ေနရာခ်ၿပီး Ishaan ကို လူစားထုိးရုိက္ခဲ့ရပါတယ္။ ဒါေၾကာင့္ အဲ့ဒီအခန္းမွာ ကေလးကိုရုိက္တာ Vipin မဟုတ္ပါဘူး၊ Aamir Khan ပါ။

(6)- ႏုိင္ငံတကာ Dyslexia ေဝဒနာသည္အဖြဲ႕အစည္းဟာ ဒီဇာတ္ကားကို ၂၀၀၈ ခုႏွစ္ ေအာက္တုိဘာ ၂၉ ရက္ေန႔က အေမရိကန္ႏုိင္ငံ၊ ဆီယက္တဲလ္ၿမိဳ႕မွာ စုေဝးၾကည့္ရႈခဲ့ၾကပါတယ္။ ။
Credit-Nanmalgyi
Unicode
Like Stars On Earth ရုပ်ရှင်ရဲ့ လူသိနည်းတဲ့အချက်များ
၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အိန္ဒိယဒရာမာဇာတ်ကား Taare Zameen Par သို့ Like Stars On Earth ဟာ နာမည်ကျော်မင်းသား Aamir Khan ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ပညာပေး ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားမှာ Aamir Khan ဟာ စာရေးစာဖတ်ရခက်ခဲတဲ့ Dyslexia ဝေဒနာသည် အနုပညာပါရမီရှင် ကလေးငယ်လေး Ishaan ကို ပျိုးထောင်ပေးရတဲ့ ဆရာအဖြစ် ပါဝင်ခဲ့တယ်။ ပြောချင်လွန်းလို့ တို့အတွက် ဒီရုပ်ရှင်ရဲ့ လူသိနည်းတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(1)- ဒီရုပ်ရှင်ကားရဲ့ လှပတဲ့နာမည်ကို Aamir Khan ဟာ ပြိုင်ဘက်မင်းသား Salman Khan ဆီက ရတာပါ။ သူတို့ ပါတီတစ်ခုမှာ တွေ့ဆုံခဲ့ချိန် Salman Khan ပြောခဲ့တဲ့ အိုင်ဒီယာကို အသုံးပြုခဲ့တာ ဖြစ်တဲ့အတွက် သူ့ကို ခရက်ဒစ်ပေးခဲ့ပါတယ်။

(2)-. နာမည်ကျော်မင်းသားကြီး Amitabh Bachchan (အမီတာဘဂျမ်း) ရဲ့သားတစ်ဦးဖြစ်တဲ့ Abhishek Bachchan ဟာလည်း Dyslexia ဝေဒနာသည်တစ်ဦးပါပဲ။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကို မှန်ကန်တဲ့ ပညာရေးနဲ့ ကျော်လွှားနိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ဘောလိဝုဒ် Blockbuster ရုပ်ရှင် Dhoom မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီအကြောင်းကို ရုပ်ရှင်ထဲမှာ ထည့်ပြောဖို့အတွက် Aamir Khan ဟာ Amitabh Bachchan ဆီကနေ လေးစားသမှုနဲ့ အရင်ဆုံး ခွင့်ပြုချက်ယူခဲ့ပါတယ်။
(3)- အိန္ဒိယနိုင်ငံဟာ ဒီဇာတ်ကားကို ၂၀၀၉ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆုအတွက် အိန္ဒိယနိုင်ငံ ကိုယ်စားပြုအဖြစ် တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဇကာတင်အဆင့်တောင် မပါခဲ့ဘဲ ဂျပန်ရုပ်ရှင် “Departures” က ရရှိခဲ့ပါတယ်။

(4)- Ishaan အဖြစ် သရုပ်ဆောင်တဲ့ Darsheel Safary ဟာ အလွန်ငယ်ရွယ်သေးတဲ့အပြင် ပိုက်ဆံလည်း အရမ်းမရှိတဲ့အတွက် သူ သရုပ်ဆောင်နေချိန်မှာ ပညာရေးနောက်မကျရအောင် Aamir Khan က ပိုက်ဆံစိုက်ထုတ် တာဝန်ခံပေးခဲ့ပါတယ်။
(5)- Ishaan ရဲ့ စည်းကမ်းတင်းကျပ်တဲ့ ဖခင်အဖြစ် သရုပ်ဆောင်တဲ့ Vipin Sharma ဟာ ကလေးကို ဖြတ်ရိုက်ရမယ့် အခန်းမှာ ရိုက်ဖို့ တွန့်ဆုတ်နေခဲ့တဲ့အတွက် Darsheel က ရယ်ခဲ့ပါတယ်။ ဒါပေမယ့် Aamir Khan ဟာ Vipin ရဲ့ ချွေးတလုံးလုံးနဲ့ အကျင်္ီကို ယူဝတ်ကာ ကင်မရာကို သူ့နောက်ကျောမှာ နေရာချပြီး Ishaan ကို လူစားထိုးရိုက်ခဲ့ရပါတယ်။ ဒါကြောင့် အဲ့ဒီအခန်းမှာ ကလေးကိုရိုက်တာ Vipin မဟုတ်ပါဘူး၊ Aamir Khan ပါ။
(6)- နိုင်ငံတကာ Dyslexia ဝေဒနာသည်အဖွဲ့အစည်းဟာ ဒီဇာတ်ကားကို ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဆီယက်တဲလ်မြို့မှာ စုဝေးကြည့်ရှုခဲ့ကြပါတယ်။ ။
Credit-Nanmalgyi