ကမာၻကေလးစား ရ တဲ့ ျမန္မာျပည္ဖြား အျဖစ္သတ္မွတ္ ခံလိုက္ကတဲ့ေအာင္သူ

0
115

ထိုင္းပရီးမီးယားလိဒ္ကလပ္ေျမာင္ေတာင္အသင္းမွာကစားေနတဲ့ျမန္မာ့လက္ေ႐ြးစင္ကစားသမားေအာင္သူကေတာ့ႏွစ္သစ္မွာကံေကာင္းျခင္းေတြနဲ႔စတင္ခဲ့ပါၿပီ။
ေအာင္သူကေတာ့ကဏၭအသီးကထူး ခြၽန္ထက္ျမက္သူေတြကို ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္တဲ့ Pride of Myanmar Awards 2018 မွာ “ကမာၻကေလးစားရတဲ့ ျမန္မာျပည္ဖြား” မ်ားစာရင္းထဲမွာပါၿပီးဆုရခဲ့တာျဖစ္ပါတယ္။
အဆို ပါပြဲေလးကေတာ့နယ္ပယ္အရပ္ရပ္မွာေတာ္ေနတဲ့သူေတြကိုဆုခ်ီးျမႇင့္တဲ့အခမ္းအနားပဲျဖစ္ပါတယ္။

အဲ့လိုနယ္ပယ္ေတြထဲမွာမွျမန္မာအသင္းရဲ႕အဓိကကစားသမားပရိသတ္အခ်စ္ေတာ္ေအာင္သူပါပါဝင္ခဲ့တာပါ။ေအာင္သူကေတာ့ျမန္မာယူ၁၉အသင္းကိုယူ၂၀ကမာၻဖလားဝင္ခြင့္ရေအာင္ဂိုးပံ့ပိုးေပးႏိုင္တဲ့သူလည္းျဖစ္ပါတယ္။

အသက္ငယ္ငယ္ေလးနဲ႔ႏိုင္ငံအသင္းမွာပါဝင္ကစားရၿပီးထိုင္းလိဒ္ကိုလည္းလစာျမင့္မားစြာနဲ႔ေျပာင္းေ႐ြ႕ရတဲ့ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။သူကေတာ့ခုမွာလည္းေျမာင္ေတာင္အသင္းမွာေျခစြမ္းျပေနတာျဖစ္ၿပီးထိုင္းပရိသတ္ေတြရဲ႕အခ်စ္ကိုသိမ္းပိုက္ထားတာျဖစ္ပါတယ္။

ဒီထက္ပိုၿပီးေအာင္ျမင္မႈေတြကိုလည္းရယူႏိုင္ပါေစလို႔ဆုေတာင္းၿပီး သူ႔ကိုဂုဏ္ျပဳစကားေလးေတြနဲ႔အားေပးၾကဖို႔ဖိတ္ေခၚလိုက္ပါတယ္။
Myanmarload
(Unicode)
ထိုင်းပရီးမီးယားလိဒ်ကလပ်မြောင်တောင်အသင်းမှာကစားနေတဲ့မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူကတော့နှစ်သစ်မှာကံကောင်းခြင်းတွေနဲ့စတင်ခဲ့ပါပြီ။အောင်သူကတော့ကဏ္ဌအသီးက
ထူး ချွန်ထက်မြက်သူတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ Pride of Myanmar Awards 2018 မှာ “ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား” များစာရင်းထဲမှာပါပြီးဆုရခဲ့တာဖြစ်ပါတယ်။

အဆို ပါပွဲလေးကတော့နယ်ပယ်အရပ်ရပ်မှာတော်နေတဲ့သူတွေကိုဆုချီးမြှင့်တဲ့အခမ်းအနားပဲဖြစ်ပါတယ်။
အဲ့လိုနယ်ပယ်တွေထဲမှာမှမြန်မာအသင်းရဲ့အဓိကကစားသမားပရိသတ်အချစ်တော်အောင်သူပါပါဝင်ခဲ့တာပါ။အောင်သူကတော့မြန်မာယူ၁၉အသင်းကိုယူ၂ဝကမ္ဘာဖလားဝင်ခွင့်ရအောင်ဂိုးပံ့ပိုးပေးနိုင်တဲ့သူလည်းဖြစ်ပါတယ်။
အသက်ငယ်ငယ်လေးနဲ့နိုင်ငံအသင်းမှာပါဝင်ကစားရပြီးထိုင်းလိဒ်ကိုလည်းလစာမြင့်မားစွာနဲ့ပြောင်းရွေ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကတော့ခုမှာလည်းမြောင်တောင်အသင်းမှာခြေစွမ်းပြနေတာဖြစ်ပြီးထိုင်းပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒီထက်ပိုပြီးအောင်မြင်မှုတွေကိုလည်းရယူနိုင်ပါစေလို့ဆုတောင်းပြီး သူ့ကိုဂုဏ်ပြုစကားလေးတွေနဲ့အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။
Myanmarload