ဇာတ်ကွက်မကျန်တော့ပေမယ့် ၃ လလောက်ပြသချိန်ကျန်နေသေးတဲ့ ဂင်္ဂါ

0
275

ပရိသတ်ကြီးရေ ဇာတ်လမ်းပြသနေတာ အချိန်အတော်ကြာမြင့်နေပြီဖြစ်တဲ့ “မုဆိုးမလေး မဂင်္ဂါ” ဇာတ်လမ်းတွဲကလည်း TV ကြည့်ပရိသတ်တွေကို ဆွဲဆောင်မှုကောင်းကောင်းပြုလုပ်ထားနိုင်ပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၈ နာရီခွဲအချိန်မှာ ကြည့်ရှုသူပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီဇာတ်လမ်းရဲ့ ပြသမှုဟာ အပိုင်း ၅၃၀ ကျော်အထိသာ ရှိနေသေးတာပါ။
ဒီဇာတ်လမ်းရဲ့ စုစုပေါင်းဇာတ်လမ်းအပိုင်းဆက်ကတော့ ၅၉၀ ကျော်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိပြသနေတဲ့အချိန်ဇယားအရဆိုရင် “မုဆိုးမလေး မဂင်္ဂါ” ဇာတ်လမ်းတွဲပြီးဆုံးဖို့အတွက် နောက်ထပ် ၃ လလောက်စောင့်ဆိုင်းရဦးမှာပါ။

မိုမိုလေးပရိသတ်ကြီးရေ တကယ်တော့ ဒီဇာတ်လမ်းတွဲက ဇာတ်သိမ်းခန်းကိုရောက်ရှိနေပါပြီ။ ဂင်္ဂါနဲ့ ရှိဗ်နဲ့ လက်ထပ်ပြီးကြပြီဆိုရင် ဒီဇာတ်လမ်းတွဲက ဇာတ်သိမ်းနေပါပြီ။ ဒါပေမယ့်လည်း အိန္ဒိယဇာတ်လမ်းတွဲတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းရိုက်ကူးမှုမှာ ရိုက်ကွက်တွေမျိုးမျိုးနဲ့ ဇာတ်လမ်းပြသချိန်တွေကြာမြင်နေဦးမှာပါ။
မိုမိုလေးပရိသတ်ကြီးရေ လက်ရှိဇာတ်မသိမ်းမီမှာတော့ ဂင်္ဂါတစ်ယောက် ရှိဗ်အပေါ်အထင်လွဲမှုတွေနဲ့အတူ နှစ်ဦးသားဘယ်လိုမျိုးအဆင်မပြေတဲ့ ဆက်ဆံရေးတွေဆက်ရှိနေဦးမယ်ဆိုတာကို ကြည့်ရှုရမှာပါ။ ဒါပေမယ့်လည်း ဇာတ်လမ်းရဲ့အရှိန်ကတော့ အရင်ကလောက်အကောင်းဆုံးအခြေအနေမှာရှိမနေတော့တာတော့ အမှန်ပါပဲနော်။

မိုမိုလေးပရိသတ်ကြီးရေ လက်ရှိအချိန်မှာ ဂင်္ဂါဇာတ်လမ်းတွဲ ဘယ်လိုတွေဆက်ဖြစ်ဦးမယ်ဆိုတာကိုရော အရင်ကတော့ စိတ်ဝင်စားသူတွေရှိသေးရဲ့လား။ ကျန်ရှိနေတဲ့ဇာတ်လမ်းပိုင်းမှာတော့ ရှိဗ်ရဲ့မိသားစုဝင်တွေအကောက်ကြံမှုတွေကို ဂင်္ဂါတစ်ယောက်ဘယ်လိုမျိုးဖြေရှင်းပေးဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားဆက်ကြည့်ရဦးမှာပါနော်။ မိုမိုလေးပရိသတ်ကြီးကရော ဂင်္ဂါဇာတ်လမ်းတွဲကို ဆက်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
HM (မိုမိုလေး)