0
71
Unicode Font
ဉာဏ်ကောင်းလို့ ဆေးကျောင်းတက်ခဲ့တာ လို့ပြောပြလိုက်တဲ့ နန်းမွေစံ
ဆေးကျောင်းတက်ပြီး ဆရာဝန်မလုပ်ဘဲနဲ့ အနုပညာလောကထဲ လိုင်းပြောင်းသွားသူတွေ တစ်ဆထက်တစ်ဆ ပိုများလာပါတယ်။ စာတော်လို့ အမှတ်မီလို့ ဆေးကျောင်းတက်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဝါသနာနဲ့ မကိုက်တာတွေ ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းပြောင်းခဲ့ကြတဲ့ သူတွေ များစွာ ရှိခဲ့ပါတယ်။ ဒီထဲမယ် အထူးခြားဆုံး အနေနဲ့ sexy model လုပ်ပြီး အသက်မွေးနေတဲ့သူက နန်းမွေစံ ဖြစ်ပါတယ်။ကိုယ်တိုင်ဝါသနာပါလို့ လုပ်နေတဲ့ အလုပ်မို့ ကျေနပ်တယ်ဆိုတဲ့ အကြောင်း နန်းမွေစံက ခုလို ပြောပြပါတယ်။
“ပရိသတ်တောင်းဆိုမှုက sexy model လို ဝတ်ဖို့များတယ်။ ဒါပေမဲ့ မြန်မာ ဝတ်စုံကို ပိုကြိုက်တယ်။ ခန္ဓာကိုယ် ကောက်ကြောင်းလည်း ပိုပေါ်စေတယ်။ ဘယ်လိုမှ မဝေခွဲပါဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်ကိုယ်တိုင် ဝါသနာပါလို့ လုပ်နေတာလေ ဓာတ်ပုံရိုက်တယ် ဆိုတာက ။ ဆရာဝန်အလုပ်ကလည်း ကိုယ်ဟာ အမှတ်မီလို့ ကိုယ့်ဟာကိုယ် ဉာဏ်ကောင်းလို့ ဆေးကျောင်းတက်ခဲ့တာပဲလေ။ သပ်သပ်စီပါပဲ။ ဆရာဝန်အသိုင်း အဝိုင်းက လူတွေက ဘာပြောလဲ မသိဘူး။ လိုက်ပြီးတော့ မမေးတော့ဘူး။” လို့ ဆိုပါတယ်။ယောကျ်ားလေး ပရိသတ်များတဲ့အပေါ် နန်းမွေစံက ခုလို ပြောပြသွားပါတယ်။
“ယောကျ်ားလေး ပရိသတ်များတဲ့အပေါ် ပျော်ပါတယ်။ ညီမက ပွဲတက်တာတော့ နည်းသေးတယ်။ နောက်ပိုင်းပွဲတက်ဖို့ ပြောထားတာ ရှိတယ်။ လူတိုင်းကလေ ကိုယ်ထင်တာ ကိုယ်လုပ်နေကြတာပေါ့နော်။ ကိုယ်လုပ်တဲ့အလုပ်က တစ်ပါးသူ မထိခိုက်ဘူးဆိုရင် အဆင်ပြေပါတယ်။ ဘာမှဝေဖန်စရာ မရှိပါဘူး။” ဆိုပြီး ပြောသွားပါတယ်။နန်းမွေစံရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုကတော့ “ဓာတ်ပုံရိုက်တယ်။ ဖေ့စ်ဘွတ်က commercial အသေးလေးတွေ ရိုက်ထားတာ ရှိတယ်။ နယ်က သီချင်းဆိုဖို့ ကမ်းလှမ်းထားတာလေးတွေလည်း ရှိတယ်။” ဆိုပြီး ပြောပြသွားပါတယ်။