ခ်စ္သူမ်ားေန႕မွာ ေကာင္းျပည့္ဆီက ဘာတစ္ခုမွ မရဘူး လို႕ေျပာလာတဲ့ သႏၱာဗိုလ္

ခ်စ္သူမ်ားေန႕မွာ ေကာင္းျပည့္ဆီက ဘာတစ္ခုမွ မရဘူး လို႕ေျပာလာတဲ့ သႏၱာဗိုလ္

ေကာင္းျပည့္နဲ႕ သႏၱာဗိုလ္တို႕ စံုတြဲေလးကေတာ့ ပရိသတ္ေတြ အားက်ရေလာက္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားပါတယ္။ ႏွစ္ဦးသား စံုတြဲပံုေတြ သိပ္တင္ေလ့မရွိေပမဲ့ အင္တာဗ်ဴးေတြမွာေတာ့ အခ်စ္ေရးအေၾကာင္း စံုစံုလင္လင္ ေျဖၾကားေပးပါတယ္။

သႏၱာဗိုလ္ကေတာ့ tik tok ဗီဒီယိုေလးေတြ တင္ေလ့ရွိျပီး ေဖ့စ္ဘြတ္ သိပ္မသံုးတဲ့ ခ်စ္သူ ေကာင္းျပည့္ကိုပါ တြဲေခၚေလ့ ရွိပါတယ္။သရုပ္ေဆာင္ ေကာင္းျပည့္ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကိုေတာ့ ေဖ့စ္ဘြတ္ေပၚက ပရိသတ္ေတြ အခ်ိန္နဲ႕ တေျပးညီ သိရွိရတာ နည္းပါတယ္။ Valentine’s Day နီးလာခ်ိန္မွာေတာ့ သႏၱာဗိုလ္က Ro မဆန္တဲ့ ခ်စ္သူအေၾကာင္း အင္တာဗ်ဴးက တဆင့္ ခုလိုမ်ိဳး ေျဖၾကားခဲ့ပါတယ္။

“Surprise အၾကီးၾကီး လုပ္ထားတယ္တဲ့။ ေနာက္ေနတာ။ ႏွစ္တိုင္းဘာမွ မရဘူး။ ေခ်ာကလက္လည္း မရဘူး။ ပန္းစည္းလည္း မရဘူး။ အခု ၇ ႏွစ္ ျပည့္ေတာ့မယ္။ တစ္ခါမွ မရဘူးတာ။ အရင္တုန္းကေတာ့ ေမွ်ာ္လင့္တာေပါ့။ Valentine’s Day ဆိုရင္ အက်ၤ ီဆင္တူေတြ ဝတ္ျပီး ငါ့ခ်စ္သူကေတာ့ ပန္းစည္းေတြ ေပးေတာ့မလား။ ေခ်ာကလက္ေတြ ေပးေတာ့မလား ရင္ခုန္တာေပါ့။ သူကေတာ့ ဘာမွကို စိတ္မဝင္စားတာ။ ေခ်ာကလက္ေတြ ပန္းစည္းေတြ သူမ်ားေတြ ေပးေနၾကတယ္ ဆိုေတာ့ အဲ့ေန႕မွ စားရတာလားတဲ့။ က်န္တဲ့ေန႕ေတြလည္း တစ္ခ်ိန္လံုး ေပးေနလို႕ ရတယ္ ေျပာတယ္။ သူက မ Ro တတ္တာေပါ့။ ဒီႏွစ္ကေတာ့ အရင္ႏွစ္ေတြလိုပဲ မုန္႕သြားစားမယ္။ အက်ၤ ီဆင္တူဝတ္ျပီး ေလွ်ာက္သြားတာလည္း မရွိခဲ့ဘူး။ အရင္တုန္းက ကသိကေအာက္ေတာ့ ျဖစ္တယ္။ ကေလးစိတ္နဲ႕ မို႕လို႕လား မသိဘူး။ အခုေတာ့ မေမွ်ာ္လင့္ေတာ့ဘူး အဲ့ဒါေတြ ။ ကိုယ့္ရည္းစားက ကိုယ့္ကို ခ်စ္ေနရင္ ရျပီ။” လို႕ ဆိုပါတယ္။လက္ေဆာင္သာ ရခဲ့မယ္ဆုိရင္ အလိုခ်င္ဆံုး အရာကိုလည္း သႏၱာဗိုလ္က ခုလို ေျပာၾကားသြားပါတယ္။

“မုန္႕ပန္းစည္း လိုခ်င္ပါတယ္။ အခုေနာက္ပိုင္း အစားအေသာက္ ေသာင္းက်န္းေနတာ ဆိုေတာ့ ေဒၚလာေတြနဲ႕ ပန္းစည္းက သူေမြးေန႕တုန္းက လုပ္ေပးျပီးသြားျပီ။ အခုဟာက မုန္႕ပန္းစည္းေပါ့။ ပန္းစည္း မဟုတ္ရင္ေတာင္ မုန္႕ေတြ အမ်ားၾကီး အိမ္ကို လာပို႕ေပးတာ ၾကိဳက္တယ္။” ဆိုျပီး ေျပာသြားပါတယ္။ဝလာတဲ့ ခ်စ္သူကို အစားေလွ်ာ့ဖို႕ အေၾကာင္းလည္း သႏၱာဗိုလ္က ခုလို ေျပာသြားပါတယ္။“ညီမလည္း ေတာက္ေလွ်ာက္ ေျပာေနတာ။ အစားေလွ်ာ့ပါဆိုျပီး။ သူက အစားေသာင္းက်န္းတယ္။ သူ႕ေၾကာင့္ပဲ ညီမလည္း လိုက္စားရင္း ဝလာတာ။ သူက ေဖ့စ္ဘြတ္ သိပ္မသံုးေတာ့ သူ႕ရဲ႕ အႏုပညာ လႈပ္ရွားမႈေတြလည္း မသိရဘူး။ ပရိသတ္နဲ႕လည္း နည္းနည္း အဆက္ျပတ္ေနသလို ျဖစ္သြားတာကို နားလည္ေပးပါ။” လို႕ ဆုိပါတယ္။ပရိသတ္ၾကီးကေရာ ခ်စ္သူမ်ားေန႕မွာ ေကာင္မေလးအတြက္ ဘာေတြ စီစဥ္ေပးမွာလဲ။
Unicode Font

ချစ်သူများနေ့မှာ ကောင်းပြည့်ဆီက ဘာတစ်ခုမှ မရဘူး လို့ပြောလာတဲ့ သန္တာဗိုလ်
ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ စုံတွဲလေးကတော့ ပရိသတ်တွေ အားကျရလောက်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။ နှစ်ဦးသား စုံတွဲပုံတွေ သိပ်တင်လေ့မရှိပေမဲ့ အင်တာဗျူးတွေမှာတော့ အချစ်ရေးအကြောင်း စုံစုံလင်လင် ဖြေကြားပေးပါတယ်။

သန္တာဗိုလ်ကတော့ tik tok ဗီဒီယိုလေးတွေ တင်လေ့ရှိပြီး ဖေ့စ်ဘွတ် သိပ်မသုံးတဲ့ ချစ်သူ ကောင်းပြည့်ကိုပါ တွဲခေါ်လေ့ ရှိပါတယ်။သရုပ်ဆောင် ကောင်းပြည့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ ဖေ့စ်ဘွတ်ပေါ်က ပရိသတ်တွေ အချိန်နဲ့ တပြေးညီ သိရှိရတာ နည်းပါတယ်။ Valentine’s Day နီးလာချိန်မှာတော့ သန္တာဗိုလ်က Ro မဆန်တဲ့ ချစ်သူအကြောင်း အင်တာဗျူးက တဆင့် ခုလိုမျိုး ဖြေကြားခဲ့ပါတယ်။

“Surprise အကြီးကြီး လုပ်ထားတယ်တဲ့။ နောက်နေတာ။ နှစ်တိုင်းဘာမှ မရဘူး။ ချောကလက်လည်း မရဘူး။ ပန်းစည်းလည်း မရဘူး။ အခု ၇ နှစ် ပြည့်တော့မယ်။ တစ်ခါမှ မရဘူးတာ။ အရင်တုန်းကတော့ မျှော်လင့်တာပေါ့။ Valentine’s Day ဆိုရင် အင်္ကျ ီဆင်တူတွေ ဝတ်ပြီး ငါ့ချစ်သူကတော့ ပန်းစည်းတွေ ပေးတော့မလား။ ချောကလက်တွေ ပေးတော့မလား ရင်ခုန်တာပေါ့။ သူကတော့ ဘာမှကို စိတ်မဝင်စားတာ။ ချောကလက်တွေ ပန်းစည်းတွေ သူများတွေ ပေးနေကြတယ် ဆိုတော့ အဲ့နေ့မှ စားရတာလားတဲ့။ ကျန်တဲ့နေ့တွေလည်း တစ်ချိန်လုံး ပေးနေလို့ ရတယ် ပြောတယ်။ သူက မ Ro တတ်တာပေါ့။ ဒီနှစ်ကတော့ အရင်နှစ်တွေလိုပဲ မုန့်သွားစားမယ်။ အင်္ကျ ီဆင်တူဝတ်ပြီး လျှောက်သွားတာလည်း မရှိခဲ့ဘူး။ အရင်တုန်းက ကသိကအောက်တော့ ဖြစ်တယ်။ ကလေးစိတ်နဲ့ မို့လို့လား မသိဘူး။ အခုတော့ မမျှော်လင့်တော့ဘူး အဲ့ဒါတွေ ။ ကိုယ့်ရည်းစားက ကိုယ့်ကို ချစ်နေရင် ရပြီ။” လို့ ဆိုပါတယ်။လက်ဆောင်သာ ရခဲ့မယ်ဆိုရင် အလိုချင်ဆုံး အရာကိုလည်း သန္တာဗိုလ်က ခုလို ပြောကြားသွားပါတယ်။

“မုန့်ပန်းစည်း လိုချင်ပါတယ်။ အခုနောက်ပိုင်း အစားအသောက် သောင်းကျန်းနေတာ ဆိုတော့ ဒေါ်လာတွေနဲ့ ပန်းစည်းက သူမွေးနေ့တုန်းက လုပ်ပေးပြီးသွားပြီ။ အခုဟာက မုန့်ပန်းစည်းပေါ့။ ပန်းစည်း မဟုတ်ရင်တောင် မုန့်တွေ အများကြီး အိမ်ကို လာပို့ပေးတာ ကြိုက်တယ်။” ဆိုပြီး ပြောသွားပါတယ်။ဝလာတဲ့ ချစ်သူကို အစားလျှော့ဖို့ အကြောင်းလည်း သန္တာဗိုလ်က ခုလို ပြောသွားပါတယ်။“ညီမလည်း တောက်လျှောက် ပြောနေတာ။ အစားလျှော့ပါဆိုပြီး။ သူက အစားသောင်းကျန်းတယ်။ သူ့ကြောင့်ပဲ ညီမလည်း လိုက်စားရင်း ဝလာတာ။ သူက ဖေ့စ်ဘွတ် သိပ်မသုံးတော့ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေလည်း မသိရဘူး။ ပရိသတ်နဲ့လည်း နည်းနည်း အဆက်ပြတ်နေသလို ဖြစ်သွားတာကို နားလည်ပေးပါ။” လို့ ဆိုပါတယ်။ပရိသတ်ကြီးကရော ချစ်သူများနေ့မှာ ကောင်မလေးအတွက် ဘာတွေ စီစဉ်ပေးမှာလဲ။