တရုတ္နယ္ျခားေစာင့္တပ္ကဖ်က္ဆီးသြားေသာအလံတုိင္ေနရာတြင္ျမန္မာကသံတုိင္ျပန္လည္စုိက္ထူ

တရုတ္နယ္ျခားေစာင့္တပ္ကဖ်က္ဆီးသြားေသာအလံတုိင္ေနရာတြင္ျမန္မာကသံတုိင္ျပန္လည္စုိက္ထူ
ျမန္မာဘက္က ကန္႔ကြက္မႈကုိ တရုတ္ အေၾကာင္းမျပန္ေသး
တရုတ္နယ္ျခားေစာင့္တပ္က ၿဖဳိဖ်က္သြားေသာ ျမန္မာႏုိင္ငံအလံပါ ျမန္မာ-တရုတ္နယ္စပ္ အမွတ္အသားေနရာတြင္ ျမန္မာဘက္က သံတုိင္တစ္တုိင္ ျပန္လည္ စုိက္ထားၿပီး အလံတုိင္ကုိ ဖ်က္ဆီး၍ ကန္႔ကြက္ထားသည့္ အေပၚ တရုတ္ဘက္ က တံု႔ျပန္မႈ တစ္စံုတစ္ရာ မရွိေသးေၾကာင္း ခ်င္းေရႊေဟာ္ၿမဳိ႕မွ ဌာနဆုိင္ရာ အရာရွိတစ္ဦးကေျပာသည္။
“သူတုိ႔ျဖဳတ္သြားတဲ့ေနရာမွာပဲ သံတုိင္တစ္တုိင္ ျပန္စုိက္လုိက္တယ္” ဟု ဌာနႏွင့္ အမည္ကုိ ထုတ္ေဖာ္ေရးသား ခြင့္မျပဳ ေသာ အထက္ပါ အရာရွိက ေျပာသည္။
ကုိးကန္႔ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေရႊေဟာ္ၿမဳိ႕ အမွတ္ (၂) ရပ္ကြက္၊ နယ္နိမိတ္ေက်ာက္တုိင္ အမွတ္ (BP144/3) ႏွင့္ (BP144/4) ၾကား ႏွစ္ႏုိင္ငံ နယ္စပ္စည္းမ်ဥ္းအနီးတြင္ စုိက္ထူထားသည့္ ျမန္မာႏုိင္ငံအလံတုိင္ကုိ တရုတ္ နယ္ျခားေစာင့္တပ္မွ တပ္ဖြဲ႕ဝင္ ၁၀ ဦးက ဇန္နဝါရီလ ၂၉ ရက္တြင္ လာေရာက္ ၿဖဳိဖ်က္ခဲ့သည္။
ၿဖဳိဖ်က္ခံရၿပီးနာက္ ျမန္မာဘက္က ေျမေပၚတြင္ သံုးေပခန္႔ျမင့္ေသာ သံပုိက္လံုးကို အုတ္ဖိနပ္ခံ၍ ျပန္စုိက္ခဲ့သည္။
လက္နက္၊ ယူနီေဖာင္း အျပည့္အစံုျဖင့္ တရုတ္နယ္ျခားေစင့္ တပ္ဖြဲ႕ဝင္မ်ားက တရုတ္ႏုိင္ငံအလံကုိ ကုိင္ထားကာ ေဝွ႕ယမ္းခဲ့ၿပီး ျမန္မာဘက္မွ ဌာနဆုိင္ရာ ဝန္ထမ္းအခ်ဳိ႕ကလည္း ျမန္မာႏုိင္ငံအလံကုိ ကုိင္ထားကာ ေဝွ႕ယမ္းျပခဲ့သည္ကုိ ဇန္နဝါရီ ၂၉ ရက္ အေျခအေနအား ျမန္မာဌာနဆုိင္ရာ ဝန္ထမ္းအခ်ဳိ႕က ဖုန္းျဖင့္ ရုိက္ကူးထားသည့္တစ္မိနစ္ ၁၆ စကၠန္႔ၾကာေသာ ဗီဒီယုိဖုိင္တြင္ေတြ႕ရသည္။
“ဒီဘက္ကေတာ့ လံုၿခံဳေရးေတြ ခ်ထားတယ္။ ေလာေလာဆယ္ကေတာ့ တရုတ္ႏွစ္သစ္ကူးရက္ဆုိေတာ့ နားထားၾကတယ္ ထင္တယ္” ဟု ခ်င္းေရႊေဟာ္ၿမဳိ႕ ေဒသခံတစ္ဦးက ေဖေဖာ္ဝါရီ ၃ ရက္ အေျခအေနကုိ ေျပာသည္။
ျမန္မာဘက္က လံုၿခံဳေရးခ်ထားျခင္းမွာ အျငင္းပြားေနသည့္ ေနရာသည္ တရားမဝင္ကုန္စည္ သယ္ယူသည့္ ေနရာ ျဖစ္ေနကာ ယင္းအေျခအေနကုိ ထိန္းခ်ဳပ္လုိ၍ ျဖစ္ႏုိင္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ဖ်က္ဆီးခံရေသာ အလံတုိင္သည္ ၂၀၁၅ က ျဖစ္ပြားခဲ့သည့္ တပ္မေတာ္ႏွင့္ ကုိးကန္႔လက္နက္ကုိင္အဖြဲ႕ တုိက္ပြဲကာလ ေနာက္ပိုင္း စုိက္ထူထားျခင္း ျဖစ္သည္။ မူလက ေျမႀကီးေပၚတြင္ စုိက္ထူခဲ့ၿပီး လြန္ခဲ့သည့္ ေျခာက္လခန္႔တြင္ အုတ္ခံုျဖင့္ တည္ေဆာက္ခဲ့သည္။
ယခုအခါ တရုတ္နယ္ျခားေစာင့္တပ္က လာေရာက္ဖ်က္ဆီးခဲ့၍ ကုိးကန္႔ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႕က တရုတ္၏ ယင္းလုပ္ရပ္ကုိ ကန္႔ကြက္ထားၿပီး ႏုိင္ငံေတာ္ သမၼတႏွင့္ ျပည္ေထာင္စုအဆင့္သုိ႔တင္ျပထားသည္။
ျမန္မာႏွင့္ တရုတ္သည္ ရွမ္းျပည္နယ္ေျမာက္ပုိင္း မူဆယ္ႏွင့္ နမ့္ခမ္းၿမဳိ႕နယ္မွ ႏွစ္ႏုိင္ငံ နယ္စပ္ခ်င္း ထိစပ္ေနေသာ ေနရာအခ်ဳိ႕တြင္လည္း နယ္စပ္အျငင္းပြားေနေသာ ျပႆနာရွိေနသည္။
ခ်င္းေရႊေဟာ္ နယ္စပ္အေျခအေနကုိ ရွမ္းျပည္နယ္ အစုိးရအဖြဲ႕ဝန္ႀကီးတစ္ဦးထံ ဆက္သြယ္ေမးျမန္းရာအေသးစိတ္အေျခအေနကုိ မသိ၍ ရွင္းမျပႏုိင္ေၾကာင္း တံုု႔ျပန္ ေျပာၾကားသည္။ ။
Credit–7Day Daily
Unicode
တရုတ်နယ်ခြားစောင့်တပ်ကဖျက်ဆီးသွားသောအလံတိုင်နေရာတွင်မြန်မာကသံတိုင်ပြန်လည်စိုက်ထူ

မြန်မာဘက်က ကန့်ကွက်မှုကို တရုတ် အကြောင်းမပြန်သေး
တရုတ်နယ်ခြားစောင့်တပ်က ဖြိုဖျက်သွားသော မြန်မာနိုင်ငံအလံပါ မြန်မာ-တရုတ်နယ်စပ် အမှတ်အသားနေရာတွင် မြန်မာဘက်က သံတိုင်တစ်တိုင် ပြန်လည် စိုက်ထားပြီး အလံတိုင်ကို ဖျက်ဆီး၍ ကန့်ကွက်ထားသည့် အပေါ် တရုတ်ဘက် က တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း ချင်းရွှေဟော်မြို့မှ ဌာနဆိုင်ရာ အရာရှိတစ်ဦးကပြောသည်။
“သူတို့ဖြုတ်သွားတဲ့နေရာမှာပဲ သံတိုင်တစ်တိုင် ပြန်စိုက်လိုက်တယ်” ဟု ဌာနနှင့် အမည်ကို ထုတ်ဖော်ရေးသား ခွင့်မပြု သော အထက်ပါ အရာရှိက ပြောသည်။
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် (၂) ရပ်ကွက်၊ နယ်နိမိတ်ကျောက်တိုင် အမှတ် (BP144/3) နှင့် (BP144/4) ကြား နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအနီးတွင် စိုက်ထူထားသည့် မြန်မာနိုင်ငံအလံတိုင်ကို တရုတ် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၀ ဦးက ဇန်နဝါရီလ ၂၉ ရက်တွင် လာရောက် ဖြိုဖျက်ခဲ့သည်။
ဖြိုဖျက်ခံရပြီးနာက် မြန်မာဘက်က မြေပေါ်တွင် သုံးပေခန့်မြင့်သော သံပိုက်လုံးကို အုတ်ဖိနပ်ခံ၍ ပြန်စိုက်ခဲ့သည်။
လက်နက်၊ ယူနီဖောင်း အပြည့်အစုံဖြင့် တရုတ်နယ်ခြားစေင့် တပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံအလံကို ကိုင်ထားကာ ဝှေ့ယမ်းခဲ့ပြီး မြန်မာဘက်မှ ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကလည်း မြန်မာနိုင်ငံအလံကို ကိုင်ထားကာ ဝှေ့ယမ်းပြခဲ့သည်ကို ဇန်နဝါရီ ၂၉ ရက် အခြေအနေအား မြန်မာဌာနဆိုင်ရာ ဝန်ထမ်းအချို့က ဖုန်းဖြင့် ရိုက်ကူးထားသည့်တစ်မိနစ် ၁၆ စက္ကန့်ကြာသော ဗီဒီယိုဖိုင်တွင်တွေ့ရသည်။
“ဒီဘက်ကတော့ လုံခြုံရေးတွေ ချထားတယ်။ လောလောဆယ်ကတော့ တရုတ်နှစ်သစ်ကူးရက်ဆိုတော့ နားထားကြတယ် ထင်တယ်” ဟု ချင်းရွှေဟော်မြို့ ဒေသခံတစ်ဦးက ဖေဖော်ဝါရီ ၃ ရက် အခြေအနေကို ပြောသည်။
မြန်မာဘက်က လုံခြုံရေးချထားခြင်းမှာ အငြင်းပွားနေသည့် နေရာသည် တရားမဝင်ကုန်စည် သယ်ယူသည့် နေရာ ဖြစ်နေကာ ယင်းအခြေအနေကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
ဖျက်ဆီးခံရသော အလံတိုင်သည် ၂၀၁၅ က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲကာလ နောက်ပိုင်း စိုက်ထူထားခြင်း ဖြစ်သည်။ မူလက မြေကြီးပေါ်တွင် စိုက်ထူခဲ့ပြီး လွန်ခဲ့သည့် ခြောက်လခန့်တွင် အုတ်ခုံဖြင့် တည်ဆောက်ခဲ့သည်။
ယခုအခါ တရုတ်နယ်ခြားစောင့်တပ်က လာရောက်ဖျက်ဆီးခဲ့၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က တရုတ်၏ ယင်းလုပ်ရပ်ကို ကန့်ကွက်ထားပြီး နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအဆင့်သို့တင်ပြထားသည်။
မြန်မာနှင့် တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းမြို့နယ်မှ နှစ်နိုင်ငံ နယ်စပ်ချင်း ထိစပ်နေသော နေရာအချို့တွင်လည်း နယ်စပ်အငြင်းပွားနေသော ပြဿနာရှိနေသည်။
ချင်းရွှေဟော် နယ်စပ်အခြေအနေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးထံ ဆက်သွယ်မေးမြန်းရာအသေးစိတ်အခြေအနေကို မသိ၍ ရှင်းမပြနိုင်ကြောင်း တုုံ့ပြန် ပြောကြားသည်။ ။
Credit–7Day Daily