မဖြစ်မနေကြည့်ဖူးထားသင့်တဲ့ ၀တ်မှုံရွှေရည်ရဲ့ အကောင်းဆုံးဇာတ်ကား(၄)ကား

လက်ရှိ ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့ မြန်မာ့ရုပ်ရှင်မင်းသမီးတွေထဲမှာ ၀တ်မှုံရွှေရည်လည်းအပါအ၀င်ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ရွှေကစ်လို့ ခေါ်ကြတဲ့သူမဟာ (၂၀၀၅)ခုနှစ်မှာ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပြီး Kanebo, Hometex … စတဲ့ကြော်ငြာပေါင်းများစွာနဲ့ အတူ လူသိများကျော်ကြားလာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ (၂၀၀၈)ခုနှစ်ဝန်းကျင်မှာ ဇာတ်ကားတွေစတင်လက်ခံရိုက်ကူးခဲ့ပြီး အခုအချိန်မှာတော့ ဇာတ်ကားပေါင်းရာချီပြီး ရိုက်ကူးထားခဲ့ပြီဖြစ်ပါတယ်။ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(၂)ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိပြီးဖြစ်တဲ့ သူမဟာ ပရဟိတအကျိုးပြုလုပ်ငန်းတွေမှာလည်း ပရိသတ်တွေနဲ့ အတူ အားတက်သရောပါဝင်လုပ်ဆောင်လေ့ရှိတာကိုလည်း တွေ့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ ၀တ်မှုံရွှေရည်ရဲ့ ပရိသတ်တွေအတွက် အခုဖော်ပြပေးချင်တာကတော့ သူမသရုပ်ဆောင်ခဲ့သမျှ ဇာတ်ကားတွေအားလုံးထဲမှာ အကောင်းဆုံးလို့ ဆိုရမယ့် ဇာတ်ကား(၄)ကားဖြစ်ပါတယ်။ ပရိသတ်ကြီးရဲ့ အကြိုက်နဲ့ ထပ်တူကျရဲ့ လားဆိုတာ အခုပဲကြည့်လိုက်ရအောင် …
(၁) နင်စေရင် …

ဝတ်မှုံရွှေရည်ကို မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေ လက်ခံအားပေးလာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားကတော့ “နင်စေရင်”ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး ပြေတီဦး၊ ၀တ်မှုံရွှေရည်နဲ့ မင်းဦးတို့ က အဓိကပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် ပိုက်ဆံရှာဖို့ မိမိဘ၀ကို လူချမ်းသာတစ်ယောက်ဆီမှာ စတေးခဲ့ရတဲ့ ကောင်မလေးတစ်ယောက်အဖြစ် အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ၀တ်မှုံရွှေရည်ဟာ နင်စေရင်ဇာတ်ကားနဲ့ ပဲ (၂၀၁၃)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ်အနေနဲ့ ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကတော့ ကြည့်ဖူးထားသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (နင်စေရင်ဇာတ်ကားရိုက်ကူးပြီးစဉ်က အဆိုပါဇာတ်ကားဟာ သူမရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေထဲမှာ အပင်ပန်းဆုံးဇာတ်ကားကြီးဖြစ်တယ်လို့ လည်း ၀တ်မှုံရွှေရည်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါသေးတယ်)
(၂) မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်

ဝတ်မှုံရွှေရည်ကို Villain ဆန်ဆန်ဇာတ်ကောင်အနေနဲ့ ပထမဆုံးမြင်တွေ့ ရမယ့်ဇာတ်ကားကတော့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်” ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ် ဇာတ်ကားကိုတော့ ဒါရိုက်တာ မလိခစိုးထိုက်အောင်က ရိုက်ကူးပုံဖော်ထားပြီး လူမင်း၊ ၀တ်မှုံရွှေရည်နဲ့ သွန်းဆက်တို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ငယ်စဉ်တည်းက မိဘတွေဆုံးပါးသွားခဲ့တာကြောင့် ဦးလေးမိသားစုနဲ့ အတူ နေခဲ့ရပြီး ညီမ၀မ်းကွဲရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံလာရတဲ့နောက်ပိုင်းမှာ ညီမဖြစ်သူရဲ့ ချစ်သူကိုမှ စွဲလမ်းမိတဲ့ကောင်မလေးအဖြစ် ၀တ်မှုံရွှေရည်က အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ဗီလိန်ဆန်ဆန်သရုပ်ဆောင်ကွက်တွေနဲ့ ညီမဖြစ်သူကို လက်စားချေတဲ့ဇာတ်ဝင်ခန်းတွေဟာ အသက်ဝင်လွန်းခဲ့တာကြောင့် အဆိုပါဇာတ်ကားသာ ရုပ်ရှင်ကားကြီးဖြစ်ခဲ့မယ်ဆိုရင် ၀တ်မှုံရွှေရည်တစ်ယောက် အကယ်ဒမီဆု ပြေးမလွတ်ဘူးလို့ လည်း ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။
(၃) ချစ်လှစွာသော အမုန်း

“ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ (၂၀၁၆)ခုနှစ်အတွင်းမှာ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေရင်ထဲကို လှုပ်ခပ်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ထားပြီး ၀ါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ သက်မွန်မြင့်နဲ့ ဝတ်မှုံရွှေရည်တို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လူချမ်းသာတစ်ယောက်ရဲ့ မတရားစော်ကားမှုကိုခံခဲ့ရပြီးနောက် အဆိုပါလူချမ်းသာရဲ့ အိမ်ကို လိုက်နေရဖို့အကြောင်းဖန်လာခဲ့တဲ့ အမုန်းဆိုတဲ့ မိဘမဲ့ကောင်မလေးနေရာကို မျက်ရည်ကျလောက်ဖွယ် acting တွေနဲ့ အပီပြင်ဆုံး drama ချိုးနိုင်ခဲ့တဲ့ ၀တ်မှုံရွှေရည်ဟာ အကယ်ဒမီဆုကိုတော့ လွဲချော်သွားခဲ့ရတာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ၀မ်းနည်းကြေကွဲရတဲ့နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါတယ်။
(၄) ရန်သူ

မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် ဇာတ်ကားမှာလို ၀တ်မှုံရွှေရည်ကို ဗီလိန်ဆန်ဆန်ဇာတ်ကောင်မျိုးနဲ့ ပြန်လည်မြင်တွေ့ ရမှာကတော့ မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “ရန်သူ”ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ရန်သူဇာတ်ကားကို ဒါရိုက်တာမီးပွားက ရိုက်ကူးပုံဖော်ထားပြီး နေမင်း၊ ၀တ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရန်သူဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ ရန်သူဇာတ်ကားထဲမှာ ၀တ်မှုံရွှေရည်ဟာ tomboy ဇာတ်ကောင်ရော၊ မိန်းမလှလေးတစ်ယောက်အနေနဲ့ ပါ ရိုက်ကူးထားတာဖြစ်ပြီး ပီပြင်လွန်းတဲ့ သူမရဲ့ acting တွေကြောင့်ပဲ လာမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိမယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပြီဖြစ်ပါတယ်။

ကဲ၊ အခုဆိုရင် ၀တ်မှုံရွှေရည်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း အားရကျေနပ်လောက်ပြီလို့ ထင်ပါတယ်နော်။ အနုပညာဝမ်းစာပြည့်နေပြီဖြစ်တဲ့ မင်းသမီးလေး ၀တ်မှုံရွှေရည်ဟာ အခုလတ်တလောမှာလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေတာတွေ့ ရပြီး သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း အဆက်မပြတ်ဆိုသလို ရုံတင်ပြသနေတာကိုတွေ့ ရပါတယ်။ ရွှေကစ်လေးကို ချစ်ကြတဲ့ ပရိသတ်ကြီးကလည်း like & share လုပ်ဖို့ မမေ့နဲ့ ဦးနော်၊ အချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။
Credit..momolay
Douglas