သမီးေလး နဲ႔ပတ္သက္ျပီး မိဘ (၂) ပါးအ တူ ဆံုျဖစ္ တဲ့ေန႔ေတြကို ေျပာျပလာတဲ့ ခ်မ္းခ်မ္း

0
134

အဆိုေတာ္ ခ်မ္းခ်မ္း နဲ႔ သ႐ုပ္ေဆာင္ ဘုဏ္းသိုက္တို႔ ႏွစ္ဦးဟာ တရားဝင္ကြာရွင္း ျပတ္စဲထားၿပီး သူတို႔ရဲ႕ သမီးျဖစ္သူ ျမမိုးဂဂၤါနဲ႔ ပတ္သက္တဲ့ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ၊ အမွတ္တရေန႔မ်ားမွာ မိဘမ်ားအေနနဲ႔ အတူတကြဆုံၿပီး ပါဝင္ဖို႔ ဆုံးျဖတ္ထားၾကတယ္လို႔ အဆိုေတာ္ ခ်မ္းခ်မ္းက ေျပာပါတယ္။

“သမီးေလးေမြးေန႔ ၂၃ ရက္ေန႔ က ေပါက္ေခါင္းမွာ ပြဲသြားဆိုေနေတာ့ သမီးအတြက္ ေသခ်ာ မလုပ္ေပးလိုက္ရဘူး။ ျပန္လာေတာ့ သူ႔အေဖနဲ႔ အေမ ႏွစ္ေယာက္နဲ႔ေပါင္းၿပီး လုပ္ခ်င္တယ္ေပါ့။ သူ႔ရဲ႕ ၅ ႏွစ္ျပည့္မွာ အမွတ္တရေပါ့။ က်မတို႔ ဘယ္သူမွ မေခၚပါဘူး။ သူ႔အေဖကို ေခၚလိုက္တယ္။ ေက်ာင္းသြားႀကိဳၿပီးေတာ့ ဘတ္ေဒးကိတ္ဝယ္ၿပီး တေနရာရာမွာ လုပ္လိုက္တယ္။ ၿပီးေတာ့ သူ႔အေဖက ျပန္သြားတယ္။ သမီးအတြက္ အမွတ္တရေတာ့ ျဖစ္သြားတာေပါ့”
“က်မတို႔ ႏွစ္ေယာက္ ခံယူခ်က္ကေတာ့ ပြဲေတြ ကပြဲေတြ၊ သမီးအတြက္ ေပ်ာ္ပြဲ႐ႊင္ပြဲေတြဆိုရင္ေတာ့ ႏွစ္ေယာက္စလုံး တက္ၿပီးေတာ့ ပါဝင္ဖို႔ ဆုံးျဖတ္ၿပီးသားပဲ။ အဆင္ေျပပါတယ္”လို႔ ခ်မ္းခ်မ္းက ေျပာပါတယ္။သမီးျဖစ္သူကေတာ့ အသက္ ၅ ႏွစ္ျပည့္သြားၿပီျဖစ္ၿပီး အေနေအးကာ ဘာသာတရားလည္း ကိုင္းရႈိင္းၿပီး ႏွစ္ဖက္မိဘမ်ားက ဘာသာ မတူၾကေပမယ့္ အဘိုးအဘြားေတြကေတာ့ မွ်တေအာင္ ထားတယ္လို႔ ေျပာပါတယ္။

“သမီးေလးက ေအးတယ္။ ဘာသာတရားလည္း ကိုင္းရႈိင္းတယ္။ သူ႔အဘိုးေတြ အဘြားေတြကလည္း ဗုဒၶဘာသာနဲ႔ ပတ္သက္တာ သင္ေပးတယ္။ က်မအေဖဆိုလည္း သူ႔ကို ဘုရားေက်ာင္းေခၚသြားၿပီး ဘုရားသခင္အေၾကာင္းေတြ ရွင္းျပတယ္။ က်မတို႔က မွ်တေအာင္ထားပါတယ္။ အခုခ်ိန္မွာ အေကာင္းဆုံးပဲ။ သူလိုခ်င္တဲ့ ဘဝပုံစံ မဟုတ္ေပမယ့္လည္း သူ႔အေဖဘက္ကၾကည့္ရင္လည္း အေကာင္းဆုံးထားတယ္ေပါ့”
“က်မဘက္က ၾကည့္ရင္လည္း အေကာင္းဆုံး ဂ႐ုစိုက္တယ္ေပါ့။ အဲဒီလိုမ်ိဳးက ေကာင္းပါတယ္။ အတူတူေနလည္း တေယာက္နဲ႔ တေယာက္က အခ်ိန္မေပးႏိုင္ဘူးေလ။ ဒီလိုမ်ိဳးက ပိုအဆင္ေျပပါတယ္” လို႔ အဆိုေတာ္ ခ်မ္းခ်မ္းက ေျပာပါတယ္။အခုလက္ရွိ သမီးေလးနဲ႔ ႏွစ္ေယာက္တည္းဘဝကိုေတာ့ ေပ်ာ္႐ႊင္ေနၿပီး ျမမိုးဂဂၤါကို ဖခင္ျဖစ္သူ ဘုဏ္းသိုက္နဲ႔ ေတြ႕ေပးတဲ့ အခါမ်ိဳးမွာလည္း လိုက္သြားၿပီးေတြ႕ျဖစ္တယ္လို႔ သိရပါတယ္။

“က်မ အခုအဆင္ေျပတယ္။ က်မသမီးနဲ႔ က်မနဲ႔လည္းေပ်ာ္တယ္။ တခါတေလ သူ႔အေဖအိမ္ လိုက္သြားတယ္။ က်မက ျပႆနာ မရွိပါဘူး။ ေနသားလည္းက်ေနၿပီဆိုေတာ့ က်မဘဝ ေတာ္ေတာ္ေလးကို အဆင္ေျပပါတယ္” လို႔ အဆိုေတာ္ ခ်မ္းခ်မ္းကေျပာပါတယ္။လက္ရွိမွာလည္း ခ်မ္းခ်မ္းက သမီးေလးကိုထိန္းေက်ာင္းရင္း သူ႔ရဲ႕ ပရိသတ္အတြက္ သီခ်င္းမ်ားကိုလည္း အဆက္မျပတ္ သီဆိုေဖ်ာ္ေျဖေပးေနၿပီး မၾကာေသးမီရက္ပိုင္းကလည္း သီခ်င္းအသစ္ တပုဒ္ကို အြန္လိုင္းမွာ တင္ေပးထားေသးတယ္လို႔ သိရပါတယ္။

“ကိုယ္က အေခြထြက္ခ်င္ေပမယ့္ အေခြထြက္ဖို႔ပိုက္ဆံက ခိုးကူးေၾကာင့္ ပထမထုတ္ထားတဲ့ အေခြေတြက ပိုက္ဆံျပန္မရဘူး။ အဲဒါေၾကာင့္ ပြဲေတြဆိုၿပီး ျပန္ရင္းရတယ္ဆိုေတာ့ နည္းနည္းေတာ့ လည္ပတ္မႈကၾကာတာေပါ့။ ဘာပဲေျပာေျပာ အႏုပညာအလုပ္က ကိုယ့္ပရိသတ္က ကိုယ့္ကိုအားေပးၿပီး ပရိသတ္က ႀကိဳက္ရင္ေပ်ာ္ေနတယ္”
“အသက္ရွင္ရတာ တန္ပါတယ္။ က်မက ေလာေလာဆယ္မွာေတာ့ Tour ေတြပဲ မ်ားပါတယ္။ အေမရိကား Tour သြားဖို႔ ရွိတယ္။ ဇြန္ ၊ ဇူလိုင္မွာ သြားဖို႔ စီစဥ္ထားတယ္။ ေသခ်ာရင္ေတာ့ အနီးကပ္ရင္ ျပန္ေျပာပါမယ္”လို႔ ခ်မ္းခ်မ္းက ေျပာပါတယ္။
Credit-ဧရာဝတီလိုက္ဖ္စတိုင္
(Unicode Version)
အဆိုတော် ချမ်းချမ်း နဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ နှစ်ဦးဟာ တရားဝင်ကွာရှင်း ပြတ်စဲထားပြီး သူတို့ရဲ့ သမီးဖြစ်သူ မြမိုးဂင်္ဂါနဲ့ ပတ်သက်တဲ့ ပျော်ပွဲရွှင်ပွဲများ ၊ အမှတ်တရနေ့များမှာ မိဘများအနေနဲ့ အတူတကွဆုံပြီး ပါဝင်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။

“သမီးလေးမွေးနေ့ ၂၃ ရက်နေ့ က ပေါက်ခေါင်းမှာ ပွဲသွားဆိုနေတော့ သမီးအတွက် သေချာ မလုပ်ပေးလိုက်ရဘူး။ ပြန်လာတော့ သူ့အဖေနဲ့ အမေ နှစ်ယောက်နဲ့ပေါင်းပြီး လုပ်ချင်တယ်ပေါ့။ သူ့ရဲ့ ၅ နှစ်ပြည့်မှာ အမှတ်တရပေါ့။ ကျမတို့ ဘယ်သူမှ မခေါ်ပါဘူး။ သူ့အဖေကို ခေါ်လိုက်တယ်။ ကျောင်းသွားကြိုပြီးတော့ ဘတ်ဒေးကိတ်ဝယ်ပြီး တနေရာရာမှာ လုပ်လိုက်တယ်။ ပြီးတော့ သူ့အဖေက ပြန်သွားတယ်။ သမီးအတွက် အမှတ်တရတော့ ဖြစ်သွားတာပေါ့”
“ကျမတို့ နှစ်ယောက် ခံယူချက်ကတော့ ပွဲတွေ ကပွဲတွေ၊ သမီးအတွက် ပျော်ပွဲရွှင်ပွဲတွေဆိုရင်တော့ နှစ်ယောက်စလုံး တက်ပြီးတော့ ပါဝင်ဖို့ ဆုံးဖြတ်ပြီးသားပဲ။ အဆင်ပြေပါတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။သမီးဖြစ်သူကတော့ အသက် ၅ နှစ်ပြည့်သွားပြီဖြစ်ပြီး အနေအေးကာ ဘာသာတရားလည်း ကိုင်းရှိုင်းပြီး နှစ်ဖက်မိဘများက ဘာသာ မတူကြပေမယ့် အဘိုးအဘွားတွေကတော့ မျှတအောင် ထားတယ်လို့ ပြောပါတယ်။

“သမီးလေးက အေးတယ်။ ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ သူ့အဘိုးတွေ အဘွားတွေကလည်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာ သင်ပေးတယ်။ ကျမအဖေဆိုလည်း သူ့ကို ဘုရားကျောင်းခေါ်သွားပြီး ဘုရားသခင်အကြောင်းတွေ ရှင်းပြတယ်။ ကျမတို့က မျှတအောင်ထားပါတယ်။ အခုချိန်မှာ အကောင်းဆုံးပဲ။ သူလိုချင်တဲ့ ဘဝပုံစံ မဟုတ်ပေမယ့်လည်း သူ့အဖေဘက်ကကြည့်ရင်လည်း အကောင်းဆုံးထားတယ်ပေါ့”
“ကျမဘက်က ကြည့်ရင်လည်း အကောင်းဆုံး ဂရုစိုက်တယ်ပေါ့။ အဲဒီလိုမျိုးက ကောင်းပါတယ်။ အတူတူနေလည်း တယောက်နဲ့ တယောက်က အချိန်မပေးနိုင်ဘူးလေ။ ဒီလိုမျိုးက ပိုအဆင်ပြေပါတယ်” လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။အခုလက်ရှိ သမီးလေးနဲ့ နှစ်ယောက်တည်းဘဝကိုတော့ ပျော်ရွှင်နေပြီး မြမိုးဂင်္ဂါကို ဖခင်ဖြစ်သူ ဘုဏ်းသိုက်နဲ့ တွေ့ပေးတဲ့ အခါမျိုးမှာလည်း လိုက်သွားပြီးတွေ့ဖြစ်တယ်လို့ သိရပါတယ်။

“ကျမ အခုအဆင်ပြေတယ်။ ကျမသမီးနဲ့ ကျမနဲ့လည်းပျော်တယ်။ တခါတလေ သူ့အဖေအိမ် လိုက်သွားတယ်။ ကျမက ပြဿနာ မရှိပါဘူး။ နေသားလည်းကျနေပြီဆိုတော့ ကျမဘဝ တော်တော်လေးကို အဆင်ပြေပါတယ်” လို့ အဆိုတော် ချမ်းချမ်းကပြောပါတယ်။လက်ရှိမှာလည်း ချမ်းချမ်းက သမီးလေးကိုထိန်းကျောင်းရင်း သူ့ရဲ့ ပရိသတ်အတွက် သီချင်းများကိုလည်း အဆက်မပြတ် သီဆိုဖျော်ဖြေပေးနေပြီး မကြာသေးမီရက်ပိုင်းကလည်း သီချင်းအသစ် တပုဒ်ကို အွန်လိုင်းမှာ တင်ပေးထားသေးတယ်လို့ သိရပါတယ်။

“ကိုယ်က အခွေထွက်ချင်ပေမယ့် အခွေထွက်ဖို့ပိုက်ဆံက ခိုးကူးကြောင့် ပထမထုတ်ထားတဲ့ အခွေတွေက ပိုက်ဆံပြန်မရဘူး။ အဲဒါကြောင့် ပွဲတွေဆိုပြီး ပြန်ရင်းရတယ်ဆိုတော့ နည်းနည်းတော့ လည်ပတ်မှုကကြာတာပေါ့။ ဘာပဲပြောပြော အနုပညာအလုပ်က ကိုယ့်ပရိသတ်က ကိုယ့်ကိုအားပေးပြီး ပရိသတ်က ကြိုက်ရင်ပျော်နေတယ်”
“အသက်ရှင်ရတာ တန်ပါတယ်။ ကျမက လောလောဆယ်မှာတော့ Tour တွေပဲ များပါတယ်။ အမေရိကား Tour သွားဖို့ ရှိတယ်။ ဇွန် ၊ ဇူလိုင်မှာ သွားဖို့ စီစဉ်ထားတယ်။ သေချာရင်တော့ အနီးကပ်ရင် ပြန်ပြောပါမယ်”လို့ ချမ်းချမ်းက ပြောပါတယ်။
Credit-ဧရာဝတီလိုက်ဖ်စတိုင်