ျမန္မာအိမ္အကူ မိန္းကေလး စင္ကာပူနိုင္ငံတြင္ တိုက္ေပၚမွ ခုန္ခ်ၿပီး အဆုံးစီရင္

0
223

၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္ေန႔က စင္ကာပူနိုင္ငံတြင္ အိမ္အကူအျဖစ္ အလုပ္လုပ္ကိုင္ေနေသာ ျမန္မာအမ်ိဳးသမီးတစ္ဦး ေန႔စဥ္စိတ္ဆင္းရဲမွုဒဏ္ မခံနိုင္သည့္အဆုံး ေနအိမ္တိုက္ခန္းအျမင့္ေပၚကေန ခုန္ခ်သတ္ေသမွု ျဖစ္ပြားခဲ့သည္။

ကံေကာင္းေထာက္မစြာျဖင့္ အသက္မေသခဲ့ေသာ္လည္း ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့သျဖင့္ စင္ကာပူနိုင္ငံ အေျခစိုက္ HOME အဖြဲ႕အစည္း၊ စင္ကာပူနိုင္ငံျမန္မာသံ႐ုံးႏွင့္ စင္ကာပူဘက္အျခမ္းမွ အလုပ္ေအဂ်င္စီတို႔၏ အကူအညီျဖင့္ ျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာကာ အာရွေတာ္ဝင္ေဆး႐ုံတြင္ ေဆးကုသမွုမ်ားခံယူေနၿပီး အေျခအေန ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း သိရွိရသည္။

ျမန္မာနိုင္ငံဘက္အျခမ္းမွ တာဝန္ရွိ အလုပ္ေအဂ်င္စီမွာ ခရီးလြန္ေနသျဖင့္ လာေရာက္ၾကည့္ရွုေဆာင္ရြက္နိုင္ျခင္း မရွိေၾကာင္း စင္ကာပူနိုင္ငံ ျမန္မာအသိုင္းအဝိုင္းမွ သတင္းရရွိသည္။
မွတ္ခ်က္။ ။ ကာယကံရွင္ ထိခိုက္နစ္နာမွုမ်ား မရွိေစရန္ အမည္နာမမ်ား ေဖာ္ျပျခင္းမရွိပဲ ခ်န္လွပ္ခဲ့ရသည္ကို နားလည္မွုေပးၾကပါရန္။
Credit – popolay
Unicode
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးတစ်ဦး နေ့စဉ်စိတ်ဆင်းရဲမှုဒဏ် မခံနိုင်သည့်အဆုံး နေအိမ်တိုက်ခန်းအမြင့်ပေါ်ကနေ ခုန်ချသတ်သေမှု ဖြစ်ပွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အသက်မသေခဲ့သော်လည်း ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် စင်ကာပူနိုင်ငံ အခြေစိုက် HOME အဖွဲ့အစည်း၊ စင်ကာပူနိုင်ငံမြန်မာသံရုံးနှင့် စင်ကာပူဘက်အခြမ်းမှ အလုပ်အေဂျင်စီတို့၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသမှုများခံယူနေပြီး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံဘက်အခြမ်းမှ တာဝန်ရှိ အလုပ်အေဂျင်စီမှာ ခရီးလွန်နေသဖြင့် လာရောက်ကြည့်ရှုဆောင်ရွက်နိုင်ခြင်း မရှိကြောင်း စင်ကာပူနိုင်ငံ မြန်မာအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
မှတ်ချက်။ ။ ကာယကံရှင် ထိခိုက်နစ်နာမှုများ မရှိစေရန် အမည်နာမများ ဖော်ပြခြင်းမရှိပဲ ချန်လှပ်ခဲ့ရသည်ကို နားလည်မှုပေးကြပါရန်။
Credit – popolay