Hailey Bieber တွဲခဲ့ဖူးသမျှ ရည်းစားဟောင်းတွေ

0
115

Taylor Swift ရဲ့ သီချင်းလေးအတိုင်းပဲ She’s not a saint, and she’s not what you think ဆိုသလိုပေါ့ Justin ကို နားလည်ပေးနိုင်လွန်းလှပါတယ်ချစ်လွန်းလှပါတယ်ဆိုတဲ့ မင်းကကိုယ့်အတွက်အကောင်းဆုံးချစ်သူပါပဲဘာညာဆိုတဲ့ Hailey Baldwin ဟာ တကယ်တမ်းမှာ အားလုံးထင်နေကြသလို Justin ကို ငယ်ငယ်လေးကတည်းက ချစ်လာခဲ့ပြီး သူ့မျက်နှာတစ်ကမ္ဘာထင်ကာ တစ်သက်လုံး Justin Bieber ကိုပဲမျှော်ငေးနေသူတော့မဟုတ်ပါဘူး။ Hailey မှာ Justin နဲ့ မတွဲခင်ကရော တွဲပြီးမှရော တွဲနေတုန်းရော မြောက်များလှတဲ့ ရည်းစားတွေရှိခဲ့ပါတယ်။ဒါပေမယ့် Hailey က Selena လိုမဟုတ်ပဲဘဝကို သိုသိပ်လျို့ဝှက်စွာနေထိုင်တတ်သူမို့ သူ့ရည်းစားတော်တော်များများကို ပရိသတ်က သိလိုက်ရလေ့မရှိပါဘူး။ ဒါပေမယ့် ပြောချင်လွန်းလို့ page ကနေ ပရိသတ်ကြီးအတွက် Justin Bieber နဲ့ အချစ်ပင်လယ်ကြီးထဲအတူခုန်မချခင်က Hailey တွဲခဲ့ဖူးသမျှရည်းစားတွေကို ဖော်ပြပေးလိုက်ပါတယ်။
Drake

Drake ကတော့ တစ်ကမ္ဘာလုံးမှာကလေးကအစ လူကြီးအဆုံးအလွတ်ရနေတဲ့ Kiki Do you love me ဆိုတဲ့ သီချင်းပိုင်ရှင်အဆိုတော်ပါ။ ကမ္ဘာ့ထိပ်တန်းအဆိုတော် Drake နဲ့ စူပါမော်ဒယ် Hailey ဟာ 2016 မှာ အတည်တကျတွဲနေကြပြီး Drake က Hailey ရဲ့ နာမည်အစစာလုံး H ဆိုတဲ့ လော့ကတ်လေးပါတဲ့ ဆွဲကြိုးကိုဆွဲထားလေ့ရှိတာကို ပါပါရာဇီတွေက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် ထုံးစံအတိုင်းပဲ Hailey က တစ်ယောက်ယောက်နဲ့အတည်တကျတွဲတော့မယ်ဆိုတိုင်း Justin က Selena နဲ့ ရန်ဖြစ်ပြီး Hailey အနားကို ဒဏ်ရာတွေဆေးကြောဖို့ရောက်လာလေ့ရှိသလို Hailey ကလည်း Drake မကလို့ဘယ်သူပဲဖြစ်ဖြစ် လှည့်မကြည့်ပဲ Justin အတွက်တံခါးဖွင့်ထားခဲ့ပေးမြဲလေ။
Jordan Clarkson

ကမ္ဘာ့ထိပ်တန်း ဘတ်စကတ်ဘောသမား Jordan Clarkson နဲ့လည်း Hailey ကခဏတာတွဲခဲ့ပါသေးတယ်။ 2017 အစပိုင်းမှာ Hailey ဟာ ချစ်ဖို့ကောင်းတဲ့ ဘတ်စကတ်ဘောသမားလေးနဲ့ ငြိတွယ်မိပြီး သံယောဇဉ်လေးတွေတန်းလိုက်ပါသေးတယ်။ Hailey က Jordan ရဲ့ ကစားပွဲတွေကိုသွားပြီးအားပေးလေ့ရှိခဲ့သလို သူတို့နှစ်ဦးလက်တွဲပြီးသွားလာနေတဲ့ ပုံတွေကိုလည်း ပရိသတ်တွေမြင်တွေ့ခဲ့ကြရပါတယ်။ အနုပညာလောကထဲကမဟုတ်တဲ့ကောင်လေးနဲ့ Hailey တစ်ယောက် အဆင်ပြေပျော်ရွှင်နေပြီလို့ပရိသတ်တွေထင်စပြုချိန်မှာပဲ Selena က The Weeknd နဲ့ တွဲသွားလို့ အသည်းကွဲနေတဲ့ Justin ဟာ ယောင်ချာချာနဲ့ ဒဏ်ရာအနာတရတွေဗရပွနဲ့ Haliey အနားကိုရောက်လာပြီး Hailey ကလည်း ထုံးစံအတိုင်း အရာအားလုံးကိုပစ်ချလို့ Justin ကို ဆီးကြိုဖေးမပြီး ဒဏ်ရာတွေကိုကုစားပေးခဲ့ပြန်ပါတယ်။
Cameron Dallas

တစ်ကမ္ဘာလုံးကကောင်မလေးတွေရဲ့အိပ်မက်မင်းသားလေးဖြစ်ပြီး ပြစ်မျိုးမှဲ့မထင်ချောမောလွန်းတဲ့ သရုပ်ဆောင်မော်ဒယ် Cameron Dallas နဲ့လည်း Hailey က ချစ်သူတွေဖြစ်လိုက်သေးတယ်လို့သိရပါတယ်။ Cameron က Hailey ကို တကယ်ကိုချစ်မြတ်နိုးခဲ့ပုံရပြီး Hailey ရဲ့ မိဘတွေကိုတောင်လိုက်တွေ့ခဲ့ပါသေးတယ်တဲ့။ ဒါပေမယ့် Hailey ကတော့ Justin ကလွဲပြီးမျက်လုံးထဲမြင်ခဲ့ပုံမပေါ်ပါဘူး။ Cameron ကိုအတည်ကြံခဲ့ပုံမရပဲ Justin သူ့ဆီပြန်မလာခင်လအနည်းငယ်သာ စိတ်ပြေလက်ပျောက်တွဲခဲ့ပြီး Cameron ဘက်က အတည်တကျလက်ထပ်ဖို့ပြင်ဆင်လာချိန်မှာတော့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီးလမ်းခွဲခဲ့တယ်လို့သိရပါတယ်။ Cameron ကတော့ Hailey က သူ့ကိုအသည်းခွဲခဲ့တဲ့အကြောင်း Talk Show တစ်ခုမှာ နာကျင်စွာပြောပြခဲ့ဖူးပါတယ်တဲ့။
Shawn Mendes

Shawn Mendes နဲ့ Hailey နဲ့ ကိစ္စကိုတော့ ပရိသတ်တော်တော်များများကြားလိုက်ကြမှာပါ။ Shawn နဲ့ Hailey နဲ့ ဟာအရမ်းကို ချစ်နေကြပြီး Met Gala ပွဲကိုလည်း အတူတက်ရောက်ခဲ့ကြသလို တည်မြဲတဲ့အချစ်ရေးကိုတည်ဆောက်ကြတော့မယ့် အလားအလာရှိနေခဲ့ပါတယ်။ Hailey က Shawn နဲ့ ချစ်သူဖြစ်ချင်တဲ့အကြောင်း Twitter မှာနောက်ပြောင်ခဲ့ဖူးပြီး Shawn နဲ့ Hailey နဲ့ ဖက်ထားတဲ့ဓာတ်ပုံတွေကိုလည်းပါပါရာဇီတွေက ရိုက်ယူနိုင်ခဲ့ကြပါတယ်။ Shawn က Hailey ကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပြီး Hailey ကလည်း ပျော်နေခဲ့ပါတယ်။ အရာအားလုံးဟာနေသားတကျအဆင်ပြေစွာ ဖြစ်တည်နေဦးမှာပါပဲ။ Justin Bieber သာ Selena နဲ့ နောက်ဆုံးအကြိမ်ထပ်လမ်းခွဲခဲ့ပြီးနောက် ပေတေလေလွင့်နေပြီး Hailey ရဲ့ ရင်ခွင်ထဲကိုပြန်ရောက်လာခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်မှာ Hailey ကို လက်ထပ်ခွင့်မတောင်းလိုက်ဘူးဆိုရင်ပေါ့။ ဘဝတစ်လျှောက်လုံးဘယ်သူနဲ့ပဲယှဉ်ယှဉ် Justin ကိုသာ ရွေးခဲ့တဲ့ Hailey ကတော့ နှစ်ခွန်းပြောစရာမလိုပဲ Shawn ကို ထားခဲ့တော့တာပါပဲ။ Shawn ကတော့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကို “အရာအားလုံးအဆင်ပြေနေခဲ့တယ်။ ကျွန်တော်သူ့ကိုအိမ်ပြန်ပို့ခဲ့တယ် နောက်တစ်နေ့တွေ့ကြမယ်နော်လို့ပြောတယ်။ နှုတ်ဆက်အနမ်းပေးတယ်။ နောက်ပြီးတော့ သူကျွန်တော့်ဆီက ပျောက်သွားခဲ့ပြီး ကျွန်တော်ကြားရတဲ့သတင်းက Justin Bieber နဲ့ သူစေ့စပ်လိုက်ပြီတဲ့”လို့ ရင်ဖွင့်ခဲ့ပါတယ်တဲ့။
အခုပြောပြသွားတာကတော့ Justin နဲ့လက်မထပ်ခင် Hailey တွဲခဲ့တဲ့ရည်းစားတွေအကြောင်းပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Hailey ကို Justin နဲ့ သဘောတူကြလား။ ဒါမှမဟုတ် ရည်းစားဟောင်းတွေထဲက တစ်ယောက်ယောက်နဲ့သဘောတူကြလား။ ပြောခဲ့ကြပါဦး။credit-ပြောချင်လွန်းလို့