အဖြူရောင် နတ်သမီးလေးတစ်ပါး မိုးပေါ်ကနေနတ်သက်ကြွေကျလာပြီး မှုံနေအောင်လှတဲ့ ဝတ်မှုံရွှေရည်




credit – myanmarload

Unicode
ပရိတ်သတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာဆိုရင် အနုပညာလောကမှာ ကျင်လည်ခဲ့တဲ့သက်တမ်းက ကြာမြင့်နေပြီဖြစ်လို့ အခုဆိုရင်တော့ အိုင်တင်အရမ်းကောင်းတဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်နေပါပြီနော်။ဝတ်မှုံရွှေရည်ကို ချစ်စနိုးနဲ့ ကစ် လို့ခေါ်ကြလို့ ပရိတ်သတ်တွေကပါ ရွှေကစ်လေးလို့လိုက်ခေါ်ကြတာဖြစ်ပါတယ်။ဖြူဖွေးနုဖတ်တဲ့အသားအရည်နဲ့ အရမ်းလှတဲ့မျက်နှာလေးတွေရှိလို့ မိန်းကလေးတိုင်းအားကျရတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ အများအပြားကို ရိုကကူးလာပြီး သူမပါဝင်တဲ့ဇာတ်ကားတွေဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှု့ကို ရရှိပါတယ်။ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်လို့ သူမရဲ့အိုင်တင်တွေကတော့ အံ့သြမှင်သက်စရာပါပဲနော်။ဝတ်မှုံရွှေရည်က အခုဆိုရင် အသက်၃၀အရွယ်ကို ရောက်ရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဆယ်ကျော်သက်လေးအတိုင်းအရမ်းကိုလှပနေဆဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်ဇာတ်ရုပ်တွေဆိုရင်လည်း ပီပြင်အောင်ရိုက်နိုင်သူမို့ သူမရဲ့အလှကတော့ နုဖတ်ပျိုမျစ်နေဆဲပါနော်။စကားပြောဟန်လေးတွေ အမူအရာလေးတွေက အရမ်းကို ဆွဲဆောင်မှုရှိတာမို့ ပုရိသတွေကြားမှာလည်း အရမ်းကိုရေပန်းစားပါတယ်။ဝတ်မှုံရွှေရည်က ပွဲအခမ်းအနားတွေတက်ရောက်ရင်လည်း အလှဆုံးလေးပြင်ဆင်ပြီးတက်ရောက်နေကျပါ။အခုဆိုရင်လည်း အဖြူရောင်နတ်သမီးလေးတစ်ယောက်အသွင်နဲ့ အရမ်းကိုလှပနေခဲ့ပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကြောင့် လူအများကြားထဲမှာထင်းနေတဲ့သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြလိုက်ပါတယ်။