ေ႐ႊအိမ္စည္နဲ႔ ေဒၚစိုးယုေဝတို႔ရဲ႕ တတိယအႀကိမ္ အမႈ႐ုံးခ်ိန္း

ေ႐ႊအိမ္စည္နဲ႔ ေဒၚစိုးယုေဝတို႔ရဲ႕ တတိယအႀကိမ္ အမႈ႐ုံးခ်ိန္း

Miss Universe Myanmar Organization မွ National Director ေဒၚစိုးယုေဝက ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ ဃ ျဖင့္ အလွမယ္ ေ႐ႊအိမ္စည္ကို တရားစြဲဆိုထားၿပီး ဒီအမႈရဲ႕ တတိယအႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ဇန္နဝါရီလ ၂၂ ရက္ေန႔ မဂၤလာေတာင္ၫႊန႔္ တရား႐ုံးမွာ ထပ္မံစစ္ေဆးခဲ့ပါတယ္။ ဒီ႐ုံးခ်ိန္းမွာေတာ့ ေဒၚစိုးယုေဝနဲ႔ အလွမယ္ ေ႐ႊအိမ္စည္တို႔ လာေရာက္ စစ္ေဆးခံခဲ့ပါတယ္။

“Hello Madam Co.,Ltd. ရဲ႕ မန္ေနးဂ်င္း ဒါ႐ိုက္တာနဲ႔ Miss Universe Myanmar Organization ရဲ႕ National Director ေဒၚစိုးယုေဝက အလွမယ္ ေ႐ႊအိမ္စည္ကို လူမႈကြန္ရက္ စာမ်က္ႏွာ Facebook နဲ႔ မီဒီယာမ်ားမွ တဆင့္ ေလ်ာ္ေၾကးေငြ ေတာင္းခံမႈ၊ သူမအား ဂုဏ္သိကၡာ က်ဆင္းေအာင္ အသေရ ဖ်က္မႈတို႔နဲ႔ မဂၤလာေတာင္ၫႊန႔္ ၿမိဳ႕နယ္၊ တရား႐ုံးမွာ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ) နဲ႔ ဇန္နဝါရီလ ၉ ရက္ေန႔မွာ တရား စြဲဆိုခဲ့ပါတယ္”

“ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ ႐ုံးခ်ိန္း တရားလိုဘက္မွ ဥပေဒအရာရွိ ႀကီးၾကပ္မႈျဖင့္ အမႈလိုက္ပါ ေဆာင္႐ြက္ရန္ ေရွ႕ေနမ်ားျဖစ္ေသာ ဦးေမာင္ေမာင္ထြန္းႏွင့္ ေဒၚခင္ခင္သိန္းတို႔မွေရွ႕ေနကိုယ္စားလွယ္ စာတင္၍ ခြင့္ျပဳလက္ခံၿပီး ႏွစ္ဖက္ေရွ႕ေနမ်ားမွ အမႈတြဲ ေလ့လာရန္ အေၾကာင္းျပကာ တရားလိုအား ေနာက္႐ုံးခ်ိန္တြင္မွစစ္ေဆးခြင့္ျပဳရန္ ေတာင္းဆိုသျဖင့္ တရားသူႀကီးမွ ခြင့္ျပဳခဲ့ပါတယ္။ ေနာက္တပတ္႐ုံးခ်ိန္းက ေဖေဖာ္ဝါရီ ၁၈၊ ၂၀၁၉ သို႔ ေ႐ႊ႕ဆိုင္း ခ်ိန္းဆိုခဲ့ပါတယ္”လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တရားသူႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တရား႐ုံးသတင္းျပန္ၾကားေရးအရာရွိ ဦးခင္ေက်ာ္က ေျပာပါတယ္။ဒါနဲ႔ ပတ္သက္လို႔ အလွမယ္ ေ႐ႊအိမ္စည္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ သူမအေနနဲ႔ ေျဖဆို၍ မရေသးေၾကာင္း ေျပာပါတယ္။

ေ႐ႊအိမ္စည္ကိုေတာ့ Hello Madam Co.Ltd ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒၚစိုးယုေဝက ဂုဏ္သိကၡာ က်ဆင္းေအာင္ အသေရဖ်က္မႈျဖင့္ တရားစြဲဆိုထားတာျဖစ္ၿပီး ေ႐ႊအိမ္စည္ကို မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တရား႐ုံးရဲ႕ တြဲဖက္ၿမိဳ႕နယ္ တရားသူႀကီး ေဒၚမြန္သူဇာခင္က သိန္း ၁၀၀ နဲ႔ အာမခံေပးခဲ့တယ္လို႔ သိရပါတယ္။ ယခုအႀကိမ္ကေတာ့ တတိယအႀကိမ္ေျမာက္ ႐ုံးခ်ိန္း ျဖစ္ပါတယ္။
Unicode Font

ရွှေအိမ်စည်နဲ့ ဒေါ်စိုးယုဝေတို့ရဲ့ တတိယအကြိမ် အမှုရုံးချိန်း
Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အလှမယ် ရွှေအိမ်စည်ကို တရားစွဲဆိုထားပြီး ဒီအမှုရဲ့ တတိယအကြိမ်မြောက် ရုံးချိန်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ မင်္ဂလာတောင်ညွှန့် တရားရုံးမှာ ထပ်မံစစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ ဒေါ်စိုးယုဝေနဲ့ အလှမယ် ရွှေအိမ်စည်တို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။

“Hello Madam Co.,Ltd. ရဲ့ မန်နေးဂျင်း ဒါရိုက်တာနဲ့ Miss Universe Myanmar Organization ရဲ့ National Director ဒေါ်စိုးယုဝေက အလှမယ် ရွှေအိမ်စည်ကို လူမှုကွန်ရက် စာမျက်နှာ Facebook နဲ့ မီဒီယာများမှ တဆင့် လျော်ကြေးငွေ တောင်းခံမှု၊ သူမအား ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေ ဖျက်မှုတို့နဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ တရားရုံးမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ တရား စွဲဆိုခဲ့ပါတယ်”

“ဖေဖော်ဝါရီလ ၅ ရက်နေ့ ရုံးချိန်း တရားလိုဘက်မှ ဥပဒေအရာရှိ ကြီးကြပ်မှုဖြင့် အမှုလိုက်ပါ ဆောင်ရွက်ရန် ရှေ့နေများဖြစ်သော ဦးမောင်မောင်ထွန်းနှင့် ဒေါ်ခင်ခင်သိန်းတို့မှရှေ့နေကိုယ်စားလှယ် စာတင်၍ ခွင့်ပြုလက်ခံပြီး နှစ်ဖက်ရှေ့နေများမှ အမှုတွဲ လေ့လာရန် အကြောင်းပြကာ တရားလိုအား နောက်ရုံးချိန်တွင်မှစစ်ဆေးခွင့်ပြုရန် တောင်းဆိုသဖြင့် တရားသူကြီးမှ ခွင့်ပြုခဲ့ပါတယ်။ နောက်တပတ်ရုံးချိန်းက ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ သို့ ရွှေ့ဆိုင်း ချိန်းဆိုခဲ့ပါတယ်”လို့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးခင်ကျော်က ပြောပါတယ်။ဒါနဲ့ ပတ်သက်လို့ အလှမယ် ရွှေအိမ်စည်ကို ဆက်သွယ်မေးမြန်းရာမှာတော့ သူမအနေနဲ့ ဖြေဆို၍ မရသေးကြောင်း ပြောပါတယ်။

ရွှေအိမ်စည်ကိုတော့ Hello Madam Co.Ltd ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်စိုးယုဝေက ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေဖျက်မှုဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ရွှေအိမ်စည်ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးရဲ့ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်မွန်သူဇာခင်က သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့တယ်လို့ သိရပါတယ်။ ယခုအကြိမ်ကတော့ တတိယအကြိမ်မြောက် ရုံးချိန်း ဖြစ်ပါတယ်။