ခါးခွဲစိတ်ထား ရ တဲ့ ဦးဧရာအား KTR Co. Ltd မိသားစုမှလှူဒါန်းတဲ့ ငွေ ၁၀ သိန်းကို သွားရောက်အပ်နှံခဲ့တဲ့ မောင်သီ

0
188

ဟာသ သ ရုပ်ဆောင်ကြီး လူရွှင်တော် ဦးဧရာလို့ ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ ယခုဆိုရင် ဦးဧရာဟာ ကျန်းမာရေးမကောင်းတာကြောင့် အလုပ်ကနေ နားထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့ ဦးဧရာကတော့ စားဝတ်နေရေးသိပ်အဆင်မပြေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

စားဝတ်ေ နရေး သိပ်အဆင်မပြေတဲ့ ဦးဧရာဟာ ခါးခွဲစိတ်ထားရတာပဲ ဖြစ်ပါတယ်။ ထိုသို့ ခွဲစိတ်ခံထားရတဲ့ ဦးဧရာကို ကူညီထောက်ပံတဲ့ အနေနဲ့ KTR Co. Ltd မိသားစုမှ ငွေကျပ် ၁၀ သိန်းတိတိ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ KTR Co. Ltd မိသားစုမှ လှူဒါန်းခဲ့တဲ့ အလှူငွေတွေကို ဒါရိုက်တာ မောင်သီမှ လက်ခံခဲ့တာဖြစ်ပြီး ဦးဧရာရဲ့ လက်ထဲသို့ ပြန်လည် အပ်နှံခဲ့တာပဲ ဖြစ်ပါတယ်။

ဦးဧရာထံ အလှူငွေတွေ ပြန်လည်အပ်နှံပေးခဲ့တဲ့ ဒါရိုက်တာ မောင်သီကတော့ ” KTR Co. Ltd:, မိသားစုမှ ခါးခွဲစိတ်ထားသော လူရွှင်တော်ဧရာအား အလှူငွေဆယ်သိန်းကျပ် လှူဒါန်းပါသည်။ သာဓု သာဓု သာဓု ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ခါးခွဲစိတ်ထားပြီး စားဝတ်နေရေး သိပ်အဆင်မပြေရှာတဲ့ လူရွှင်တော် ဦးဧရာကို အလှူငွေများဖြင့် လှူဒါန်းပေးခဲ့တဲ့ KTR Co. Ltd:, မိသားစု နဲ့ ပြန်လည် သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဒါရိုက်တာ မောင်သီတို့အတွက် ပရိသတ်ကြီးလည်း ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြမယ်လို့ ထင်ပါတယ်။ ခါးခွဲစိတ်ထားရတဲ့ ဦးဧရာအတွက် အမြန်နေကောင်း သက်သာ ပျောက်ကင်းသွားအောင် ဆုမွန်ကောင်းလေးတွေနဲ့ ဆုတောင်းပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။credit-momolay