တရုတ်နှစ်သစ်ကူးညလေးမှာ စုံတွဲတွေ ကိုယ်စီနဲ့ ပါတီပွဲလေး ပြုလုပ်ခဲ့ကြတဲ့ G Fatt နဲ့ နန်းဆုတို့စုံတွဲ

( For Zawgyi )




credit-myanmarload
( For Unicode )
တရုတ်နှစ်သစ်ကူးညလေးမှာ စုံတွဲတွေကိုယ်စီနဲ့ ပါတီပွဲလေး ကျင်းပပြုလုပ်ခဲ့ကြတဲ့ G Fatt နဲ့ နန်းဆုတို့စုံတွဲ

အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့ စုံတွဲကတော့ ပရိသတ်တွေကတောင် အားကျရတဲ့ အနုပညာရှင် စုံတွဲလေး ဖြစ်ပါတယ်…

တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ ဖေးမမှုတွေနဲ့ လက်တွဲတွေ ခိုင်မြဲနေကြတဲ့ သူတို့စုံတွဲလေးက ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရပါတယ်… ဒါ့အပြင် သူတို့ စုံတွဲလေးက သီချင်းလေးတွေကိုလည်း ဖန်တီးရင်း ပရိသတ်တွေကိုပါ အတူတူ ဖျော်ဖြေလေ့ရှိတာ ဖြစ်ပါတယ်…

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ တရုတ်နှစ်သစ်ကူး နေ့လေးမှာတော့ G Fatt နဲ့ နန်းဆုတို့ စုံတွဲလေးက ချစ်ရသူတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပါတီပွဲလေးတစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်…

တရုတ်မလေးဖြစ်တဲ့ နန်းဆုက တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် သူမရဲ့အိမ်မှာ အစားအသောက်တွေ စုံစုံလင်လင်နဲ့ Dinner ပွဲလေးတစ်ခုကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်… ဒီပွဲလေးကိုတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလည်း အတူတူ လာရောက် အားပေးခဲ့ကြပါတယ်…

စုံတွဲလေးတွေ ကိုယ်စီနဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ပြုလုပ်ကြတဲ့ Home Party ပွဲလေးကတော့ အရမ်းကို ပျော်ရွှင်စရာ ကောင်းခဲ့တာ ဖြစ်ပါတယ်… နန်းဆုက သူမတို့ အဖွဲ့ရဲ့ ပါတီပွဲက ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးခဲ့တာ တွေ့ရပါတယ်… ကဲ ချစ်ပရိသတ်တွေအတွက် စုံတွဲလေးတွေ ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြတဲ့ နန်းဆုတို့ရဲ့ တရုတ်နှစ်သစ်ကူး ပါတီပွဲလေးက ပုံလေးတွေကို တင်ဆက် ပေးလိုက်ပါတယ်နော်…

credit-myanmarload