လရဲ့အောက်ဘက်မိုင်အဝေးမှာ ဒေါ်ခင်သန့်စင် ဇာတ်ကောင်အတွက် ထင်ကြေးပေးခံနေရတဲ့မင်းသမီးများ

လူမူကွန်ရက်မှာ ပရိသတ်တွေ စိတ်ဝင်စားမူများနေကြတဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာ ဝတ္ထုအတွက် ဇာတ်ဆောင်တွေဟာ ဘယ်သူတွေဖြစ်မလဲဆိုတာ စာရေးဆရာဂျူးရဲ့ ပရိသတ်တွေ အကုန်စောင့်မျှော်နေကြပါတယ်။
လရဲ့အောက်ဘက်မိုင်အဝေးမှာ ဝတ္ထုဟာ စာဖတ်သူတွေရင်ထဲကို ထိရောက်စေတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ပုံဖော်ဖန်တီးနိုင်ဖိုအကောင်းဆုံး ဝတ္ထု ဘဲဖြစ်ပါတယ်.။

သိဒ္ဓိနဲ့ ဒီပါ ဆိုတဲ့ ညီအစ်ကို နှစ်ယောက်…
သားနှစ်ယောက်ကို ကောင်းစွာ ကြပ်မတ်အုပ်ချုပ်နိုင်တဲ့
မိခင် ဒေါ်ခင်သန့်စင်…
လမ်းထိပ် ခဏသွားမို့ ဆိုပြီး ထွက်သွားတဲ့ ဆယ်တန်းကျောင်းသား ဒီပါတစ်ယောက် အိမ်ပြန်ရောက်မလာတဲ့အခါ…
ဒီပါ အိမ်ကဘာကြောင့် ထွက်သွားတာလဲ?
ဒီပါ့ကို ဘယ်လိုပြန်ရှာမှာလဲ?
ရှေ့နေ နဲ့ ဘယ်လိုတွေဆုံမလဲ..?
ဒီပါအိမ်ပြန်ရောက်လာအာင် ကြိုးပမ်းနိုင်ပါ့မလား?
ညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို
ပုံဖော်ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။
ဒီဝတ္ထုအတွက် ပထမဆုံးဇာတ်ကောင်ဖြစ်တဲ့ နေရောင်ခန့်နေရာမှာတော့ မင်းသားဒေါင်းက သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံလိုက်ရပြီဘဲဖြစ်ပါတယ်။ မင်းသားဒေါင်းက ရှေ့နေ နေရောင်ခန့်ဇာတ်ကောင်နဲ့ လုံးဝလိုက်ဖက်တယ်လို့ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကို ရရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့ ရင်ခုန်ကမှာကတော့ ဒီပါနဲ့သိဒ္ဒိ တို့နှစ်ယောက်ရဲ့ မေမေဖြစ်တဲ့ ဒေါ်ခင်သန့်စင် ဆိုတဲ့ အဓိက ဇာတ်ကောင်ဟာ ဘယ်သူနဲ့များလိုက်ဖက်မလဲဆိုတာ အပြိုင်ဆိုင် ထင်ကြေးပေးနေရပါတယ်။ နေရောင်ခန့်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်အဖြစ် ထင်ကြေးပေးခံရတဲ့သူတွေကတော့

အိန္ဒြာကျော်ဇင်

ဟုတ်ပါတယ် အူဝဲဟာ ဒီနှစ်မှာ ရုပ်ရှင်ကားကြီးသုံးကားကို လက်ခံထားတယ်ဆိုတာသိရပြီး ပရိသတ်တွေကို အကောင်းဆုံး Character နဲ့ ချပြတော့မှာဆိုတော့ ဒီရုပ်ရှင်အတွက် အူဝဲဟာ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ပြောကြပါတယ်။
မိုးဟေကို

အနုပညာလောကကို တဖန်ခြေလှမ်းပြီး အကောင်းဆုံး ဇာတ်ကောင်တွေကိုသာတွေမြင်နိုင်မယ့် မမမိုးကလဲ ဒီ ဒေါ်ခင်သန့်စင်နေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။ မိုးဟေကို က ပပဝတီစီရင်ခန်းရုပ်ရှင်မှာလဲပါဝင်ခဲ့ပြီး 2019 မှာ ရုံတင်သွားမှာပါ။
စိုးမြတ်နန္ဒာ

အမခြေရာအတိုင်း သရုပ်ဆောင်မှာလဲ မခေသူ ဖြစ်ပြီး ဒီ ဒေါ်ခင်သန့်စင် ဇာတ်ကောင်နေရာမှာဆိုရင် စိုးမြတ်နန္ဒာက သေချာပေါက် သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ခိုင်သင်းကြည်

ခုချိန်ထိ လှပနုပျိုဆဲဖြစ်ပြီး မင်းသမီးငယ်လေးတွေနဲ့အပြိုင်သရုပ်ဆောင်နိုင်သလို ဒေါ်ခင်သန့်စင် အမေဇာတ်ကောင်နေရာမှာဆိုရင်လည်း လုံးဝလိုက်ဖက်လိမ့်မယ်ထင်ပါတယ်။
စာဖတ်ပရိသတ်တွေ သိကြမှာပါ ဒီ ဝတ္ထုမှာ ဘယ်သူက ဒေါ်ခင်သန့်စင်နေရာနဲ့ လိုက်ဖက်နေမယ်ဆိုတာကိုပေါ့