
0
281

(For Zawgyi)



moekalay
source – chue lay
(For Unicode)
အန္တရာယ်များတဲ့ နေရာမှာ ရိုက်ကူးရေး လုပ်ခဲ့တဲ့ ခြူးလေး

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ် အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင် ခြူးလေး ရဲ့ ရိုက်ကွင်းမှ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခြူးလေးက သရုပ်ဆောင် ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့သူလေးပါ။
သူမက ခုနောက်ပိုင်းမှာ Online ပေါ်နာမည်ကြီးနေတဲ့ Tik Tok လေးတွေ ရိုက်ဖြစ်နေတာပါ။ သူမရဲ့ “မင်းဘာလုပ်နေလဲ မင်းချီးပါနေလား ဖုန်းကိုင်ဦး ” Tik Tok ကလည်း ပရိသတ်တွေကြား နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ခြူးလေးက ” MRTV 4 ဇာတ်လမ်းတွဲ က မင်းသားလေး စိုးမင်းနိုင် (နက္ခတ်) နဲ့ အတူ ရိုက်ကူးရေး လုပ်နေတာပဲ ဖြစ်ပါတယ်။ ခြူးလေးတို့ ရိုက်ကူးရေး လုပ်နေတဲ့နေရာက အရမ်းကို အန္တရာယ်များတဲ့ နေရာပဲ ဖြစ်ပါတယ်၊၊

မြစ်ကို ဖြတ်ဆောက်ပြီး ရထားသံလမ်း လုပ်ထားတဲ့ ရထားလမ်းဘေး အစွန်းလေးမှာ ရိုက်ကူးရေး လုပ်နေတာပါ။ ခြူးလေးက ” ကြောက်နေလို့ ပိုပြီး ရယ်ပစ်လိုက်တယ်” ဆိုပြီး ကြောက်ကြောက်နဲ့ ရိုက်ကူးရေးလုပ်နေတဲ့ အကြောင်းကို ပြောထားပါတယ်။

MRTV 4 မင်းသမီးလေး ခြူးလေး ရဲ့ ရိုက်ကူးရေး လုပ်နေတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။
moekalay
source – chue lay