ရှက်တက် တဲ့ ကောင်းပြည့် ကို အမိ အရ ဖမ်းယူရိုက်ကူးနိုင်ခဲ့တဲ့ သန္တာဗိုလ်ရဲ့ ကြည်နူးဖွယ်ဗီဒီယိုဖိုင်လေး

ချစ် ပရိသတ်ကြီးရေ…. အနုပညာနယ်ပယ်မှာ အောင်မြင်မှုသရဖူဆွတ်ခူးရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တဗိုလ်တို့ စုံတွဲလေးကို ပရိသတ်တို့ရင်းနှီးပြီးသားဖြစ်မှာပါနော်။ တကယ့်ကို လိုက်ဖက်ညီလွန်းတာဖြစ်ပြီး အနုပညာလမ်းကြောင်းမှာ ပရိသတ်ကိုယ်စီရဲ့ အားပေးမှုတွေ တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။

အမြဲအတူသွားအတူလာ ချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေအားကျရတဲ့ ချစ်သူစုံတွဲတွေဖြစ်လို့နေပါတယ်။ သရုပ်ဆောင်မင်းသားကောင်းပြည့် ဟာဆိုရင်လည်း သူရဲ့ တစ်ဦးတည်းသော ချစ်သူလေးဖြစ်တဲ့ မင်းသမီး သန္တာဗိုလ်ကို အမြဲအလိုလိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ရှိနေတက်သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာမကြာခဏဆိုသလို tik tok video file တွေပြုလုပ်ပြီး ပရိသတ်ကြီး ကြည့်ရှုခံစားရအောင် တင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ချစ်သူကောင်းပြည့်နဲ့အတူ ရိုက်ကူးပုံဖော်ထားတဲ့ TIk tok video file လေးကို “ရိုက်နေတာကိုလိုက်ရှောင်နေတယ် ကွီးကရှက်တာတဲ့” ဆိုတဲ့ status လေးနဲ့အတူ သူမရဲ့ official facebook acc တွင် ဖော်ပြပေးထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းကြည်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

credit – myanmarload