ထိုင္းနာမည္ေက်ာ္ ႐ိုးရာအၿငိမ့္မင္းသမီး ကားတိုက္မႈတြင္ ေသဆုံး

0
125

ထိုင္းနာမည္ေက်ာ္ ႐ိုးရာအၿငိမ့္မင္းသမီး ကားတိုက္မႈတြင္ ေသဆုံး
February 8, 2019
နယ္ကို ဇာတ္ကဖို႔သြားရင္း ဒီကေန႔ နံနက္ပိုင္းက ကားတိုက္မႈမွာ ေသဆုံးသြားခဲ့တဲ့ ထိုင္း႐ိုးရာ ကဇာတ္ပြဲ အၿငိမ့္မင္းသမီး “ပို” ပရထုန္ ျဖစ္ပါတယ္။
အၿငိမ့္ကဖို႔ ခြန္ကင္ခ႐ိုင္ကိုအသြား အေဝးေျပးလမ္းမမွာ သူမလိုက္ပါလာတဲ့ Toyota Yaris တို႐ိုတာ အျဖဴေရာင္ကားနဲ႔ အနက္ေရာင္ ကားတစ္စီးတို႔ တိုက္မိခဲ့ၾကတာပါ။
ဇာတ္မင္းသမီး လိုက္ပါလာတဲ့ အျဖဴေရာင္ကားေရွ႕ပိုင္း ေၾကမႊ သြားခဲ့ပါတယ္။ အရွိန္နဲ႔ ဝင္တိုက္မိခဲ့တာေၾကာင့္ ကားတြင္း လိုက္ပါလာသူ သုံးဦးဟာ ဒဏ္ရာျပင္းထန္စြာ ရသြားခဲ့ရာမွာ ဇာတ္မင္းသမီးဟာ အတြင္းဒဏ္ရာနဲ႔ ေဆး႐ုံမွာေသဆုံး သြားခဲ့ပါတယ္။

ယ ေန႔ တိုင္ ဆက္ လက္ ေခတ္ စား ရွင္ သန္ ေန ဆဲ ထိုင္း ႐ိုး ရာ အ ၿငိမ့္ က ဇာတ္ ပြဲ က တဲ့ မင္း သ မီး မင္း သား ေတြ ဟာ ႐ုပ္ ရွင္ သ ႐ုပ္ ေဆာင္ ေတြ ထက္ ပို ၿပီး ေဈး ရ ၾက ပါ တယ္။
အႏုပညာရွင္ေတြ ဝင္ေငြေကာင္းရေနတဲ့ ထိုင္းႏိုင္ငံမွာ ေအာက္ေျခ ဇာတ္သမား တစ္ဦးရဲ႕ ညေၾကးဟာ ဘတ္ေငြ ၁၀၀၀ ေက်ာ္ (က်ပ္ ၅၀၀၀၀) ရပါတယ္။
ေအာင္ ျမင္ တဲ့ ဇာတ္ သ ဘင္ ပ ညာ ရွင္ ေတြ ဟာ ႐ုပ္ ရွင္ ေလာ က ကို တ ဆင့္ ဝင္ ေရာက္ သြား ခဲ့ ၾက တာ မ်ား ပါ တယ္။

ထိုင္းႏိုင္ငံမွာ အခ်မ္းသားဆုံး အႏုပညာရွင္စာရင္းဝင္ ဟာသ သ႐ုပ္ေဆာင္ မန္ ေဂ်ာ့မြတ္ Mum Jokmok ဟာ ႐ိုးရာဇာတ္ပြဲ လူ႐ႊင္ေတာ္ဘ၀ ကေန ကူးခဲ့သူပါ ။
သူ ရဲ႕ ခ်မ္း သာ မႈ ဟာ ဘတ္ သန္း ေပါင္း ၂၀၀ ေက်ာ္ ပါ တယ္။
ျမန္မာႏိုင္ငံမွာေတာ့ ဇာတ္ပြဲ အၿငိမ့္သဘင္ ေခတ္ပ်က္သြားၿပီး ႐ုပ္ရွင္ ဇာတ္ကားေတြေတာင္ မ႐ိုက္ႏိုင္ေတာ့လို႔ မင္းသားမင္းသမီးေတြဟာ ထမင္းဆိုင္ အထည္ဆိုင္ေတြ ဖြင့္ၿပီး စီးပြားေရး ဝင္ေငြရွာေနရေၾကာင္း သိရပါတယ္။
SAW
#Zin Moe
Unicode
ထိုင်းနာမည်ကျော် ရိုးရာအငြိမ့်မင်းသမီး ကားတိုက်မှုတွင် သေဆုံး
February 8, 2019
နယ်ကို ဇာတ်ကဖို့သွားရင်း ဒီကနေ့ နံနက်ပိုင်းက ကားတိုက်မှုမှာ သေဆုံးသွားခဲ့တဲ့ ထိုင်းရိုးရာ ကဇာတ်ပွဲ အငြိမ့်မင်းသမီး “ပို” ပရထုန် ဖြစ်ပါတယ်။
အငြိမ့်ကဖို့ ခွန်ကင်ခရိုင်ကိုအသွား အဝေးပြေးလမ်းမမှာ သူမလိုက်ပါလာတဲ့ Toyota Yaris တိုရိုတာ အဖြူရောင်ကားနဲ့ အနက်ရောင် ကားတစ်စီးတို့ တိုက်မိခဲ့ကြတာပါ။
ဇာတ်မင်းသမီး လိုက်ပါလာတဲ့ အဖြူရောင်ကားရှေ့ပိုင်း ကြေမွှ သွားခဲ့ပါတယ်။ အရှိန်နဲ့ ဝင်တိုက်မိခဲ့တာကြောင့် ကားတွင်း လိုက်ပါလာသူ သုံးဦးဟာ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ရာမှာ ဇာတ်မင်းသမီးဟာ အတွင်းဒဏ်ရာနဲ့ ဆေးရုံမှာသေဆုံး သွားခဲ့ပါတယ်။

ယ နေ့ တိုင် ဆက် လက် ခေတ် စား ရှင် သန် နေ ဆဲ ထိုင်း ရိုး ရာ အ ငြိမ့် က ဇာတ် ပွဲ က တဲ့ မင်း သ မီး မင်း သား တွေ ဟာ ရုပ် ရှင် သ ရုပ် ဆောင် တွေ ထက် ပို ပြီး ဈေး ရ ကြ ပါ တယ်။
အနုပညာရှင်တွေ ဝင်ငွေကောင်းရနေတဲ့ ထိုင်းနိုင်ငံမှာ အောက်ခြေ ဇာတ်သမား တစ်ဦးရဲ့ ညကြေးဟာ ဘတ်ငွေ ၁၀၀၀ ကျော် (ကျပ် ၅၀၀၀၀) ရပါတယ်။
အောင် မြင် တဲ့ ဇာတ် သ ဘင် ပ ညာ ရှင် တွေ ဟာ ရုပ် ရှင် လော က ကို တ ဆင့် ဝင် ရောက် သွား ခဲ့ ကြ တာ များ ပါ တယ်။

ထိုင်းနိုင်ငံမှာ အချမ်းသားဆုံး အနုပညာရှင်စာရင်းဝင် ဟာသ သရုပ်ဆောင် မန် ဂျော့မွတ် Mum Jokmok ဟာ ရိုးရာဇာတ်ပွဲ လူရွှင်တော်ဘ၀ ကနေ ကူးခဲ့သူပါ ။
သူ ရဲ့ ချမ်း သာ မှု ဟာ ဘတ် သန်း ပေါင်း ၂၀၀ ကျော် ပါ တယ်။

မြန်မာနိုင်ငံမှာတော့ ဇာတ်ပွဲ အငြိမ့်သဘင် ခေတ်ပျက်သွားပြီး ရုပ်ရှင် ဇာတ်ကားတွေတောင် မရိုက်နိုင်တော့လို့ မင်းသားမင်းသမီးတွေဟာ ထမင်းဆိုင် အထည်ဆိုင်တွေ ဖွင့်ပြီး စီးပွားရေး ဝင်ငွေရှာနေရကြောင်း သိရပါတယ်။
SAW
#Zin Moe