ဘိန္းစိုက္ခင္းေတြထဲက ႐ုန္းမထြက္ႏိုင္ၾကတဲ့ ျမန္မာဘိန္းစိုက္ေတာင္သူမ်ား

ဘိန္းစိုက္ခင္းေတြထဲက ႐ုန္းမထြက္ႏိုင္ၾကတဲ့ ျမန္မာဘိန္းစိုက္ေတာင္သူမ်ား

ျမန္မာႏိုင္ငံ အေရွ႕ပိုင္း ေတာင္ထူထပ္ရာေဒသရဲ႕ စားက်က္ေျမေတြနဲ႔ ေတာင္ထိပ္ေတြမွာ ခရမ္းေရာင္ ဘိန္းစိုက္ခင္းေတြက တစ္ျပန႔္တစ္ေျပာရွိေနပါတယ္။
ဘိန္းစိုက္ေတာင္သူဘဝကေန လြတ္ေျမာက္ေရးအတြက္ မက္လုံးေပးဆြဲတင္ေပမယ့္ အက်ိဳးအျမတ္ေပၚတဲ့ ဘိန္းစိုက္ပ်ိဳးမႈဟာ အမ်ားစုေသာ ေတာင္သူေတြအတြက္ ႐ုန္းမထြက္ႏိုင္တဲ့ ဘဝေပးအေျခအေန ျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံဟာ အာဖဂန္နစၥတန္ၿပီးရင္ ကမာၻမွာ ဒုတိယဘိန္းအမ်ားဆုံး ထြက္ရာ ရင္းျမစ္ပါပဲ။ အဓိကထုတ္လုပ္ေရးအခ်က္အျခာဟာ ရွမ္းျပည္နယ္ပဲ ျဖစ္ပါတယ္။
ေအအက္ဖ္ပီသတင္းအဖြဲ႕ဟာ ဟိုပုံးၿမိဳ႕ငယ္က ေတာင္ေစာင္းေတြဆီ ေရာက္ရွိခဲ့ပါတယ္။ ဟိုပုံးၿမိဳ႕ဟာဆိုရင္ ခရီးသြားမ႑ိဳင္တစ္ရပ္အျဖစ္ ထင္ရွားတဲ့ အင္းေလးကန္ကေန ဒါဇင္ကီလိုမီတာ အနည္းငယ္သာ ကြာလွမ္းရာ အရပ္ပါပဲ။

ဒီဟိုပုံးၿမိဳ႕ငယ္ရဲ႕ ဝန္းက်င္က စိုက္ခင္းယာေျမေတြဟာ ေကာ္ဖီ၊ အာလူးနဲ႔ ေျပာင္းေတြ စိုက္ပ်ိဳးၾကရင္း ဟိုသည္ျပန႔္က်ဲတည္ရွိတဲ့ ေက်း႐ြာေတြအတြက္ အသက္ေသြးေၾကာပဲ ျဖစ္ေနပါတယ္။
ဒါေပမယ့္ အလွမ္းနည္းနည္းကြာတဲ့ ေတာင္႐ိုးတစ္ေၾကာဟာေတာ့ ခရမ္းေရာင္လႊမ္းၿခဳံထားပါတယ္။ ေပ ၈၀၀၀ နီးပါးအျမင့္က ဘိန္းစိုက္ခင္းေတြပါပဲ။

ပအို႔ဝ္နဲ႔ ရွမ္းတိုင္းရင္းသားလူနည္းစုေတြ ေနထိုင္ရာ ပတ္ပတ္လည္က ေက်း႐ြာေတြမွာ ေန႔စဥ္ေန႔တိုင္း အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြဟာ တရားမဝင္ပန္းပြင့္အတြက္ ေတာင္ယာဆင္းၾကစၿမဲပါ။
သူတို႔ဟာ ဘိန္းကို အေစးျခစ္ယူၿပီး ဘူးေတြထဲ ထည့္ၾကပါတယ္။ ဒီတစ္ဘူးဟာဆိုရင္ အေမရိကန္္ေဒၚလာ ၁၀၀ အထက္ ေစ်းရပါတယ္။ အျခားသီးႏွံေတြထက္ အက်ိဳးအျမတ္မ်ားစြာရရွိတဲ့ ဘိန္းပင္ပဲ ျဖစ္ပါေတာ့တယ္။

ဘိန္းထုတ္လုပ္မႈ အျမစ္ျပတ္ေရးအတြက္ တိုက္ထုတ္ေနတာဟာဆိုရင္ ဆယ္စုႏွစ္ေတြ မ်ားစြာ ရွိပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္က ဟိုပုံးမွာ ဘိန္းခင္းဧက ၁၅၀၀ ကို မူးယစ္တိုက္ဖ်က္ေရးရဲတပ္ဖြဲ႕က ဖ်က္ဆီးခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ အစိုးရနဲ႔ NGOs ေတြဟာ ဘိန္းစိုက္ေတာင္သူေတြကို အျခားသီးႏွံ ေျပာင္းလဲစိုက္ပ်ိဳးဖို႔ မက္လုံးေတြေပး ဆြယ္ယူစည္း႐ုံးရာ ေအာင္ျမင္မႈ တစ္ခ်ိဳ႕တစ္ေလေတာ့ ရွိပါတယ္။
၂၀၁၈ ခုႏွစမွာ ဘိန္းစိုက္ဧရိယာဟာ တမန္ႏွစ္ကထက္ ဆယ္ရာခိုင္ႏႈန္း က်ဆင္းၿပီး ၃၇၃၀၀ ဟတ္တာ ရွိခဲ့ေၾကာင္း ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈ႐ုံးအရ သိရပါတယ္။

ဒါေပမယ့္ မူးယစ္ဂိုဏ္းေတြရဲ႕ မက္သာဖီတာမင္းေဆးျပားေတြ ထုတ္လုပ္မႈဆီ အားေကာင္းေမာင္းသန္ အေ႐ႊ႕ရွိခဲ့တာကို ကုလသမဂၢေအဂ်င္စီက ဝန္ခံထားပါတယ္။
ျမန္မာႏိုင္ငံက ဆင္းရဲတဲ့ ျပည္သူေတြၾကားက အမ်ားစုေသာ ေတာင္သူေတြအတြက္ကေတာ့ ေငြအရေပၚဖို႔ ႐ိုး႐ိုးရွင္းရွင္းပဲ ေ႐ြးခ်ယ္မႈ ျပဳၾကပါတယ္။
ေကာ္ဖီေျပာင္းစိုက္ဖို႔ ႀကိဳးစားတဲ့ ေတာင္သူတစ္ဦးဟာ လြန္ခဲ့တဲ့ သုံးႏွစ္မွာေတာ့ ဘိန္းစိုက္ခင္းဆီပဲ ျပန္ေရာက္သြားေတာ့ပါတယ္။

“ဘိန္းဟာ ကြၽန္ေတာ္တို႔ တိုင္းျပည္အတြက္ မေကာင္းဘူးဆိုတာကို ကြၽန္ေတာ္တို႔ သိပါတယ္။”လို႔ ေတာင္ေစာင္းတစ္ခြင္က ခရမ္းေရာင္ဘိန္းခင္းႀကီးကို ေငးေမွ်ာ္ရင္း ၎က ဆိုပါတယ္။
“ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္စရာ မရွိဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ အျခားသီးႏွံေတြ စိုက္ပ်ိဳးရင္ ဝမ္းေရးအတြက္ ဒုကၡေရာက္ေနရလို႔ပဲ ျဖစ္တယ္။”လို႔ ၎က ေျပာခဲ့ပါေတာ့တယ္။
Unicode Font
ဘိန်းစိုက်ခင်းတွေထဲက ရုန်းမထွက်နိုင်ကြတဲ့ မြန်မာဘိန်းစိုက်တောင်သူများ

မြန်မာနိုင်ငံ အရှေ့ပိုင်း တောင်ထူထပ်ရာဒေသရဲ့ စားကျက်မြေတွေနဲ့ တောင်ထိပ်တွေမှာ ခရမ်းရောင် ဘိန်းစိုက်ခင်းတွေက တစ်ပြန့်တစ်ပြောရှိနေပါတယ်။
ဘိန်းစိုက်တောင်သူဘဝကနေ လွတ်မြောက်ရေးအတွက် မက်လုံးပေးဆွဲတင်ပေမယ့် အကျိုးအမြတ်ပေါ်တဲ့ ဘိန်းစိုက်ပျိုးမှုဟာ အများစုသော တောင်သူတွေအတွက် ရုန်းမထွက်နိုင်တဲ့ ဘဝပေးအခြေအနေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဒုတိယဘိန်းအများဆုံး ထွက်ရာ ရင်းမြစ်ပါပဲ။ အဓိကထုတ်လုပ်ရေးအချက်အခြာဟာ ရှမ်းပြည်နယ်ပဲ ဖြစ်ပါတယ်။

အေအက်ဖ်ပီသတင်းအဖွဲ့ဟာ ဟိုပုံးမြို့ငယ်က တောင်စောင်းတွေဆီ ရောက်ရှိခဲ့ပါတယ်။ ဟိုပုံးမြို့ဟာဆိုရင် ခရီးသွားမဏ္ဍိုင်တစ်ရပ်အဖြစ် ထင်ရှားတဲ့ အင်းလေးကန်ကနေ ဒါဇင်ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းရာ အရပ်ပါပဲ။
ဒီဟိုပုံးမြို့ငယ်ရဲ့ ဝန်းကျင်က စိုက်ခင်းယာမြေတွေဟာ ကော်ဖီ၊ အာလူးနဲ့ ပြောင်းတွေ စိုက်ပျိုးကြရင်း ဟိုသည်ပြန့်ကျဲတည်ရှိတဲ့ ကျေးရွာတွေအတွက် အသက်သွေးကြောပဲ ဖြစ်နေပါတယ်။
ဒါပေမယ့် အလှမ်းနည်းနည်းကွာတဲ့ တောင်ရိုးတစ်ကြောဟာတော့ ခရမ်းရောင်လွှမ်းခြုံထားပါတယ်။ ပေ ၈၀၀၀ နီးပါးအမြင့်က ဘိန်းစိုက်ခင်းတွေပါပဲ။

ပအို့ဝ်နဲ့ ရှမ်းတိုင်းရင်းသားလူနည်းစုတွေ နေထိုင်ရာ ပတ်ပတ်လည်က ကျေးရွာတွေမှာ နေ့စဉ်နေ့တိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ တရားမဝင်ပန်းပွင့်အတွက် တောင်ယာဆင်းကြစမြဲပါ။
သူတို့ဟာ ဘိန်းကို အစေးခြစ်ယူပြီး ဘူးတွေထဲ ထည့်ကြပါတယ်။ ဒီတစ်ဘူးဟာဆိုရင် အမေရိကန််ဒေါ်လာ ၁၀၀ အထက် စျေးရပါတယ်။ အခြားသီးနှံတွေထက် အကျိုးအမြတ်များစွာရရှိတဲ့ ဘိန်းပင်ပဲ ဖြစ်ပါတော့တယ်။
ဘိန်းထုတ်လုပ်မှု အမြစ်ပြတ်ရေးအတွက် တိုက်ထုတ်နေတာဟာဆိုရင် ဆယ်စုနှစ်တွေ များစွာ ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်က ဟိုပုံးမှာ ဘိန်းခင်းဧက ၁၅၀၀ ကို မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အစိုးရနဲ့ NGOs တွေဟာ ဘိန်းစိုက်တောင်သူတွေကို အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးဖို့ မက်လုံးတွေပေး ဆွယ်ယူစည်းရုံးရာ အောင်မြင်မှု တစ်ချို့တစ်လေတော့ ရှိပါတယ်။
၂၀၁၈ ခုနှစမှာ ဘိန်းစိုက်ဧရိယာဟာ တမန်နှစ်ကထက် ဆယ်ရာခိုင်နှုန်း ကျဆင်းပြီး ၃၇၃၀၀ ဟတ်တာ ရှိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံးအရ သိရပါတယ်။
ဒါပေမယ့် မူးယစ်ဂိုဏ်းတွေရဲ့ မက်သာဖီတာမင်းဆေးပြားတွေ ထုတ်လုပ်မှုဆီ အားကောင်းမောင်းသန် အရွှေ့ရှိခဲ့တာကို ကုလသမဂ္ဂအေဂျင်စီက ဝန်ခံထားပါတယ်။

မြန်မာနိုင်ငံက ဆင်းရဲတဲ့ ပြည်သူတွေကြားက အများစုသော တောင်သူတွေအတွက်ကတော့ ငွေအရပေါ်ဖို့ ရိုးရိုးရှင်းရှင်းပဲ ရွေးချယ်မှု ပြုကြပါတယ်။
ကော်ဖီပြောင်းစိုက်ဖို့ ကြိုးစားတဲ့ တောင်သူတစ်ဦးဟာ လွန်ခဲ့တဲ့ သုံးနှစ်မှာတော့ ဘိန်းစိုက်ခင်းဆီပဲ ပြန်ရောက်သွားတော့ပါတယ်။
“ဘိန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် မကောင်းဘူးဆိုတာကို ကျွန်တော်တို့ သိပါတယ်။”လို့ တောင်စောင်းတစ်ခွင်က ခရမ်းရောင်ဘိန်းခင်းကြီးကို ငေးမျှော်ရင်း ၎င်းက ဆိုပါတယ်။

“ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ အခြားသီးနှံတွေ စိုက်ပျိုးရင် ဝမ်းရေးအတွက် ဒုက္ခရောက်နေရလို့ပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောခဲ့ပါတော့တယ်။