ဘ၀တစ္ေလွ်ာက္ၾကံဳေတြ ့ခဲ့ရတဲ့ ပင္ပန္းဆင္းရဲမွဳေတြကို ရင္ဖြင့္လာတဲ့ ဂ်က္စတင္ဘီဘာ

0
149

ကမၻာေက်ာ္ဆယ္လီဘရစ္တို ့ရဲ ့ဘ၀ေတြဟာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားထင္ေနၾကသလို အျမဲတမ္းစိတ္ခ်မ္းသာေပ်ာ္ရႊင္ေနေလ့မရွိၾကပါဘူး။ ပိုက္ဆံေတြဘယ္ေလာက္ပဲ ရွာေဖြႏုိင္ပါေစ၊ ဘ၀အေမာေတြ၊ မိသားစုနဲ ့ပတ္သက္တဲ့ ေသာကေတြ၊ အခ်စ္ေရးအဆင္မေျပမွဳေတြကိုေတာ့ မေျဖရွင္းႏုိင္တာအမွန္ပါပဲ။ ကမၻာေက်ာ္ဆယ္လီေတြထဲက တစ္ေယာက္အပါအ၀င္ျဖစ္တဲ့ ေပါ့ပ္အဆိုေတာ္ ဂ်က္စတင္ဘီဘာဟာလည္း မၾကာခင္ထြက္ရွိလာေတာ့မယ့္ Vogue မဂၢဇင္းထဲက အင္တာဗ်ဴးမွာ စိတ္ပင္ပန္းမွဳေတြမ်ားတာေၾကာင့္ စိတ္ျငိမ္ေဆးေတြ အလြန္အကၽြံသံုးစြဲခဲ့မိေၾကာင္းကို အခုလိုပဲ ရင္ဖြင့္ေျပာျပထားတာကို ေတြ ့ရပါတယ္။

” ကၽြန္ေတာ့္ဘ၀မွာ အရွုပ္ထုပ္ေတြခ်ည္းပဲ လုပ္ခဲ့မိပါလားဆိုျပီး ကိုယ့္ကိုယ္ကိုယ္ဆင္ျခင္မိပါတယ္၊ လူတကာနဲ ့လိင္ဆက္ဆံတာမ်ိဳးေတြလည္း လုပ္ခဲ့ဖူးတယ္။ အဲ့လိုအမွားေတြကင္းေအာင္၊ စိတ္ျငိမ္သြားေအာင္ Xanax ေဆးေတြကို အလြန္အကၽြံေသာက္ခဲ့ဖူးပါတယ္(Xanax ေဆးဟာ စိတ္က်ေနခ်ိန္မ်ိဳးမွာ ေသာက္ရတဲ့အိပ္ေဆးတစ္မ်ိဳးျဖစ္ျပီး အလြန္အကၽြံသံုးစြဲမိရင္လည္း ေဆးစြဲသလို စြဲေနတတ္ပါတယ္)”

” မိန္းကေလးတိုင္းကို ေလးစားမွဳအျပည့္ထားျပီး ဆက္ဆံေျပာဆုိရမယ္လို ့အေမက ကၽြန္ေတာ့္ကိုအျမဲသင္ပါတယ္။ အဲ့စကားကိုေတာ့ အျမဲမွတ္ထားတတ္လို ့မိန္းကေလးေတြနဲ ့ပတ္သက္တိုင္း ကၽြန္ေတာ္အျမဲဆင္ျခင္ပါတယ္၊ ဒါေပမယ့္ အဲ့လိုေနရတာ ကၽြန္ေတာ့္အတြက္ လံုး၀အဆင္မေျပဘူးေလ၊ အဲ့ဒါေၾကာင့္ ကၽြန္ေတာ့္စိတ္ကုိသက္သာရာရေစတဲ့ ေဆးေတြကို အလြန္အကၽြံသံုးစြဲခဲ့မိပါတယ္”

” လူေတြေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္ဘာပဲလုပ္လုပ္ အျမဲေ၀ဖန္ၾကတယ္၊ ေသးေပါက္ခ်တာ၊ ေမ်ာက္ေမြးတာကအစ ေရးၾကီးခြင္က်ယ္လုပ္ျပီးေျပာၾကတယ္။ တစ္ကယ္လို ့သူတို ့သာ ကၽြန္ေတာ့္လို ခ်မ္းသာေနမယ္ဆုိရင္ သူတို ့လည္း ေမ်ာက္ေမြးခ်င္ေမြးမယ္၊ တစ္ျခားလုပ္ခ်င္တာေတြလည္း အကုန္လုပ္ၾကမွာပဲေလ” လို ့Justin က Vogue နဲ ့အင္တာဗ်ဴးမွာ သူခံစားခဲ့ရတဲ့ အျဖစ္အပ်က္ေတြကို ရင္ဖြင့္ေျပာျပခ့ဲပါတယ္။

 

အိပ္ေဆးေတြ အလြန္အကၽြံသံုးစြဲတာနဲ ့ပတ္သက္ျပီးေတာ့လည္း … ” အဲ့တုန္းက ေတာ္ေတာ္ေလးအေျခအေနဆိုးခဲ့ပါတယ္။ ညတိုင္းညတိုင္း security က ကၽြန္ေတာ့္အခန္းထဲလာျပီး ကၽြန္ေတာ္အေျခအေနေကာင္းရဲ ့လား၊ ေသြးခုန္ႏွဳန္းေတြစမ္းျပီး အသက္ရွဴေနေသးလားဆိုတာကို စစ္ေဆးရတယ္” လို ့လည္း JB က ဆုိပါတယ္။
ဆက္လက္ျပီး … ” Tour လွည့္ေနတဲ့အေတာအတြင္းမွာလည္း ကၽြန္ေတာ္ Depression ေတြ ေတာ္ေတာ္၀င္ခဲ့တယ္။ ဒီအေၾကာင္းေတြ ကၽြန္ေတာ္ ဘယ္သူ ့ကိုမွ မေျပာျပခဲ့ဖူးပါဘူး၊ အခုလည္း ဘယ္သူမွမသိေသးတ့ဲ ျပႆနာေပါင္းစံုနဲ ့ကၽြန္ေတာ္ ရင္ဆိုင္ေနရတုန္းပဲ၊ တစ္ကယ္ေတာ့ လူေတြမျမင္ႏုိင္တဲ့ ကၽြန္ေတာ့္တစ္ဖက္ျခမ္းမွာ ေတာ္ေတာ္ေလးကို အထီးက်န္ေနရပါတယ္။ ကၽြန္ေတာ့္နားမွာရွိေနတဲ့သူေတြကလည္း ကၽြန္ေတာ့္အသံုးခ်ခ်င္လို ့ကပ္ေနတာလား၊ လိုခ်င္တာရရင္ ကၽြန္ေတာ့္ကိုထားသြားမွာလားဆုိတဲ့ သံသယေတြနဲ ့ကၽြန္ေတာ္ရုန္းကန္ေနရဆဲပါပဲ။ ကၽြန္ေတာ္ကိုယ္တုိင္လည္း အခ်စ္ေရးမွာေရာ၊ ေပါင္းသင္းဆက္ဆံေရးမွာပါ ေတာ္ေတာ္ေလးဆိုးရြားတဲ့ ဆံုးျဖတ္ခ်က္ေတြခ်ခဲ့ဖူးပါတယ္။ အခုအခ်ိန္မွာေတာ့ ကၽြန္ေတာ့္ကုိယ္ကၽြန္ေတာ္ပဲ ယံုၾကည္ေတာ့တယ္” လိို ့JB က သူ ့ဘ၀တစ္ေလွ်ာက္ ၾကံုေတြ ့ေနတဲ့ ပင္ပန္းဆင္းရဲမွဳေတြနဲ ့ပတ္သက္ျပီးလည္း ရင္ဖြင့္ခဲ့ပါတယ္။
ပရိသတ္ၾကီးေရ၊ JB ကေတာ့ သူျဖတ္သန္းလာရတဲ့ ဘ၀တစ္ေလွ်ာက္မွာ ျဖတ္သန္းၾကံဳေတြ ့ခဲ့ရတဲ့ ဒုကၡဆင္းရဲေတြ၊ တစ္သက္လံုးျမိဳသိပ္လာခဲ့ရတဲ့ ဖိအားေတြကို အခုလိုပဲ ရင္ဖြင့္ေျပာျပလိုက္ပါျပီ။ JB တစ္ေယာက္ အသက္ငယ္ငယ္ေလးနဲ ့ဒီေလာက္ၾကီးမားတဲ့ ဖိအားေတြနဲ ့ရင္ဆုိင္ေနရမွန္း တစ္ကယ္ကို မထင္ခဲ့မိတာအမွန္ပါ။ ပရိသတ္ေတြကို တန္ဖိုးထားတဲ့ JB တစ္ေယာက္ က်န္ရွိေနတဲ့ဘ၀မွာ အခ်စ္ဆံုးသူေတြနဲ ့ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနႏုိင္ပါေစလို ့ဆုေတာင္းေပးလိုက္ပါတယ္။
credit – momolay

unicode
ကမ္ဘာကျော်ဆယ်လီဘရစ်တို့ရဲ့ဘဝတွေဟာ ပရိသတ်တော်တော်များများထင်နေကြသလို အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်နေလေ့မရှိကြပါဘူး။ ပိုက်ဆံတွေဘယ်လောက်ပဲ ရှာဖွေနိုင်ပါစေ၊ ဘဝအမောတွေ၊ မိသားစုနဲ့ပတ်သက်တဲ့ သောကတွေ၊ အချစ်ရေးအဆင်မပြေမှုတွေကိုတော့ မဖြေရှင်းနိုင်တာအမှန်ပါပဲ။ ကမ္ဘာကျော်ဆယ်လီတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာဟာလည်း မကြာခင်ထွက်ရှိလာတော့မယ့် Vogue မဂ္ဂဇင်းထဲက အင်တာဗျူးမှာ စိတ်ပင်ပန်းမှုတွေများတာကြောင့် စိတ်ငြိမ်ဆေးတွေ အလွန်အကျွံသုံးစွဲခဲ့မိကြောင်းကို အခုလိုပဲ ရင်ဖွင့်ပြောပြထားတာကို တွေ့ရပါတယ်။
” ကျွန်တော့်ဘဝမှာ အရှုပ်ထုပ်တွေချည်းပဲ လုပ်ခဲ့မိပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်မိပါတယ်၊ လူတကာနဲ့လိင်ဆက်ဆံတာမျိုးတွေလည်း လုပ်ခဲ့ဖူးတယ်။ အဲ့လိုအမှားတွေကင်းအောင်၊ စိတ်ငြိမ်သွားအောင် Xanax ဆေးတွေကို အလွန်အကျွံသောက်ခဲ့ဖူးပါတယ်(Xanax ဆေးဟာ စိတ်ကျနေချိန်မျိုးမှာ သောက်ရတဲ့အိပ်ဆေးတစ်မျိုးဖြစ်ပြီး အလွန်အကျွံသုံးစွဲမိရင်လည်း ဆေးစွဲသလို စွဲနေတတ်ပါတယ်)”
” မိန်းကလေးတိုင်းကို လေးစားမှုအပြည့်ထားပြီး ဆက်ဆံပြောဆိုရမယ်လို့အမေက ကျွန်တော့်ကိုအမြဲသင်ပါတယ်။ အဲ့စကားကိုတော့ အမြဲမှတ်ထားတတ်လို့မိန်းကလေးတွေနဲ့ပတ်သက်တိုင်း ကျွန်တော်အမြဲဆင်ခြင်ပါတယ်၊ ဒါပေမယ့် အဲ့လိုနေရတာ ကျွန်တော့်အတွက် လုံးဝအဆင်မပြေဘူးလေ၊ အဲ့ဒါကြောင့် ကျွန်တော့်စိတ်ကိုသက်သာရာရစေတဲ့ ဆေးတွေကို အလွန်အကျွံသုံးစွဲခဲ့မိပါတယ်”
” လူတွေတော်တော်များများက ကျွန်တော်ဘာပဲလုပ်လုပ် အမြဲဝေဖန်ကြတယ်၊ သေးပေါက်ချတာ၊ မျောက်မွေးတာကအစ ရေးကြီးခွင်ကျယ်လုပ်ပြီးပြောကြတယ်။ တစ်ကယ်လို့သူတို့သာ ကျွန်တော့်လို ချမ်းသာနေမယ်ဆိုရင် သူတို့လည်း မျောက်မွေးချင်မွေးမယ်၊ တစ်ခြားလုပ်ချင်တာတွေလည်း အကုန်လုပ်ကြမှာပဲလေ” လို့Justin က Vogue နဲ့အင်တာဗျူးမှာ သူခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။
အိပ်ဆေးတွေ အလွန်အကျွံသုံးစွဲတာနဲ့ပတ်သက်ပြီးတော့လည်း … ” အဲ့တုန်းက တော်တော်လေးအခြေအနေဆိုးခဲ့ပါတယ်။ ညတိုင်းညတိုင်း security က ကျွန်တော့်အခန်းထဲလာပြီး ကျွန်တော်အခြေအနေကောင်းရဲ့လား၊ သွေးခုန်နှုန်းတွေစမ်းပြီး အသက်ရှူနေသေးလားဆိုတာကို စစ်ဆေးရတယ်” လို့လည်း JB က ဆိုပါတယ်။
ဆက်လက်ပြီး … ” Tour လှည့်နေတဲ့အတောအတွင်းမှာလည်း ကျွန်တော် Depression တွေ တော်တော်ဝင်ခဲ့တယ်။ ဒီအကြောင်းတွေ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပါဘူး၊ အခုလည်း ဘယ်သူမှမသိသေးတဲ့ ပြဿနာပေါင်းစုံနဲ့ကျွန်တော် ရင်ဆိုင်နေရတုန်းပဲ၊ တစ်ကယ်တော့ လူတွေမမြင်နိုင်တဲ့ ကျွန်တော့်တစ်ဖက်ခြမ်းမှာ တော်တော်လေးကို အထီးကျန်နေရပါတယ်။ ကျွန်တော့်နားမှာရှိနေတဲ့သူတွေကလည်း ကျွန်တော့်အသုံးချချင်လို့ကပ်နေတာလား၊ လိုချင်တာရရင် ကျွန်တော့်ကိုထားသွားမှာလားဆိုတဲ့ သံသယတွေနဲ့ကျွန်တော်ရုန်းကန်နေရဆဲပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အချစ်ရေးမှာရော၊ ပေါင်းသင်းဆက်ဆံရေးမှာပါ တော်တော်လေးဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေချခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ ယုံကြည်တော့တယ်” လို့JB က သူ့ဘဝတစ်လျှောက် ကြုံတွေ့နေတဲ့ ပင်ပန်းဆင်းရဲမှုတွေနဲ့ပတ်သက်ပြီးလည်း ရင်ဖွင့်ခဲ့ပါတယ်။
ပရိသတ်ကြီးရေ၊ JB ကတော့ သူဖြတ်သန်းလာရတဲ့ ဘဝတစ်လျှောက်မှာ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေ၊ တစ်သက်လုံးမြိုသိပ်လာခဲ့ရတဲ့ ဖိအားတွေကို အခုလိုပဲ ရင်ဖွင့်ပြောပြလိုက်ပါပြီ။ JB တစ်ယောက် အသက်ငယ်ငယ်လေးနဲ့ဒီလောက်ကြီးမားတဲ့ ဖိအားတွေနဲ့ရင်ဆိုင်နေရမှန်း တစ်ကယ်ကို မထင်ခဲ့မိတာအမှန်ပါ။ ပရိသတ်တွေကို တန်ဖိုးထားတဲ့ JB တစ်ယောက် ကျန်ရှိနေတဲ့ဘဝမှာ အချစ်ဆုံးသူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။