အရမ်းကို ကြီးကြီးမှားမှား အလွဲကြီး လွဲ တဲ့ အွန်လိုင်းဈေးဝယ်မှုများ

အင် တာနက်တွင်ကျယ်လာတဲ့အခါမှာ ဈေးဝယ်သူတွေဟာ လိုချင်တာကို အိမ်ကနေ ထိုင်ရာမထဘဲ အွန်လိုင်းကနေ မှာယူနိုင်လာပါပြီ။ ဒါပေမယ့် ယုံကြည်မှုကလည်း အရေးကြီးပြီး တစ်ခါမှမဆက်ဆံဖူးတဲ့ ဈေးရောင်းသူတစ်ဦးဆီကနေ ကိုယ်လိုချင်တဲ့အတိုင်း ရရှိဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် အွန်လိုင်းကနေ ဝယ်ယူပြီး မှားယွင်းရောက်ရှိလာတဲ့ ဟာသပုံတွေကို ဖော်ပြပေးပါရစေ။

၁. သူ ဘာ မှာခဲ့တယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ပစ္စည်းချင်းမှားပို့လိုက်တာတော့ သေချာပါတယ်။ ဘာလို့လဲ ဟုတ်လား၊ ပုံကိုသာကြည့်လိုက်ပါတော့။

၂. လိုချင် တာက ကြိုးမပါတဲ့ AirPod အသစ်ဖြစ်ပေမယ့် ရောက်လာတဲ့အခါမှာတော့ ပထမဆုံးမြင်လိုက်ရတာ ကြိုးဖြစ်နေတဲ့အခါ ဝယ်သူရဲ့ စိတ်ကို ခန့်မှန်းကြည့်လို့ရပါလိမ့်မယ်။ ဒါဟာ အွန်လိုင်းမှာတွေ့ရတဲ့ ထုတ်ကုန်ပုံတွေတိုင်း စိတ်ချလက်ချ ယုံကြည်လို့မရဘဲ သေချာကြည့်ရမယ် ဆိုတဲ့ သင်ခန်းစာပါပဲ။

၃. အိုဗာဆိုက်တွေအတွက် ထုတ်လုပ်တဲ့ အသုံးအဆောင် အဝတ်အထည်တွေကိုလည်း ကိုယ်နဲ့ တော်လောက်ပါတယ်လို့ အလွယ်တကူ စိတ်မချဘဲ အတိုင်းအတာကို သိသာအောင် လုပ်သင့်ပါတယ်။ မဟုတ်လို့ကတော့ ပုံထဲကလို လူကြီးအင်္ကျီယူဝတ်တဲ့ ကလေးအလား ဖြစ်သွားမှာပါ။

၎. ငါးမန်းပုံ နားဆွဲလေးတွေကို ခရစ္စမတ်အတွက် လက်ဆောင်ပေးဖို့ ဝယ်ယူမိရာက ဒီပျက်ရှင်ပါ ဝင်သွားမယ့် သူတစ်ယောက်။ ပုံထဲကနေ အရောင်အသွေး တခြားစီ ဖြစ်နေတဲ့အပြင် တစ်ခုတည်း ဆိုတာတောင် ယုံကြည်ဖို့ တော်တော်ခက်ပါလိမ့်မယ်။

၅. ဒီလို ဘောင်းဘီတွေ ဝယ်မယ်ဆိုရင် ဆိုက်ကို သေချာဂရုစိုက်ရွေးသင့်ပါတယ်။ သင်နဲ့ ပွယောင်းယောင်း ဖြစ်နေလို့ကတော့ ဘောင်းဘီအသားတွေကနေ ထွက်လာမယ့် အသံတွေကို ခံစားရမှာမို့ပါ။

၆. ဒါမျိုးတွေကတော့ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ စတစ်ကာထဲက ကောင်မလေးက သင့်ဆီ လိုက်မလာဖို့ ဆုံးဖြတ်လိုက်တာပါ။ ဝမ်းမနည်းပါနဲ့။ နောက်တစ်ခါကြိုးစားကြည့်ပေါ့။
Credit – နာမည်ကြီး