ဖအေတူ သမီးဖြစ် တဲ့ “မစု”လေး ကိုတွေ့ချင် လို့ မိုင် ရာချီခရီးကိုနှင်ခဲ့တဲ့ အသက် (၉၂) နှစ်အရွယ် အဖွား

0
545

ဖအေ တူသမီးဖြစ် တဲ့ “မစု”လေးကိုတွေ့ချင်လို့ မိုင်ရာချီခရီးကိုနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ဒီနိုင်ငံမှာ ဒီသားအဖကိုမှမယုံရင်ယုံကြည်ရမယ့်သူရှာဖွေဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်း၊”မစု”လေးကိုပြည်သူ လူထုကြီးကဝန်းရံပေးကြဖို့နဲ့”မစု”လေးကိုမြင်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုသတိရကာမျက်ရည်ကျ မိတယ်””ဟုဗိုလ်ချုပ်အောင်ဆန်းနှင့်အတူပင်လုံ စာချုပ်ချုပ်ဆိုရာမှာပါဝင်ခဲ့တဲ့တိုင်းရင်းသား ခေါင်းဆောင်လင်းခေးဦးထွန်းမြင့်၊၏။သမီး အသက်(၉၂)နှစ်ရှိသမီးဖြစ်သူမှမျက်ရည်များနှင့် ပြောကြား။

အဖွားကအသက်(၉၂) နှစ်ရှိပါပြီ၊လင်းခေးမြို့ကနေပြီးဒီပွဲရှိရာကို အရောက်လာတက်တာပါ၊ ဘာလို့များဒီလောက်အဝေးကြီးကိုလာတက်တာလည်းဆိုတော့”မစု”လေးကိုအဖွားအသက်ရှင်နေချိန် လေးမှာတွေ့မြင်ချင်လို့ပါ၊ရှမ်းပြည်နေ့မှာမစုလေး
ရောက်လာပြီးမိန့်ခွန်းပြောမယ်၊သွေးချင်းညီအစ်ကိုမောင်နှမတွေနဲ့ပွဲတော်ကြီးကိုစည်းစည်းလုံးလုံး ကျင်းပတာမြင်ရတော့အလွန်ကျက်သရေရှိသွားတာပေါ့”လို့ ဗိုလ် ချုပ်အောင်ဆန်းနဲ့အတူပင်လုံစာချုပ် ချုပ်ဆိုစဉ်မှာဦးဆောင်ပါဝင်ခဲ့တဲ့ရှမ်းတိုင်းရင်းသား ခေါင်းဆောင်လင်းခေးဦးထွန်းမြင့်ရဲ့ဒုတိယသမီး အသက်(၉၂)ရှိပြီဖြစ်တဲ့အဖွားဒေါ်ခင်စောမြင့်က (၇၂)နှစ်မြောက်ရှမ်းပြည်နေ့အခမ်းအနားမှာ “First News.ကိုအခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

”လင်းခေးမြို့ကနေတောင်ကြီးမြို့ကိုလာဖို့ဆိုတာ မိုင်ပေါင်းရာနဲ့ချီပြီးဝေးပါတယ်။အဖွားအသက်နဲ့ ဆိုရင်အတော်လေးကိုပင်ပန်းပါတယ်။မနက်(၂)နာရီ ကတည်းကကားစီးပြီးဒီအခမ်းအနားကိုအချိန်မီ အောင်လာခဲ့တာပါ။”မစု”လေးကိုမြင်ချင်တာရယ် ကြောင့်အခုလိုအပင်ပန်းခံပြီးလာခဲ့တာပါ။”မစု”လေးရဲ့အသံကိုတော့သိပ်ပြီးမကြားနိုင်တော့ပါဘူး။ အဖွားနားကလည်းသိပ်မကြားတော့ဘူးလေ။ပင်ပန်းမယ်ဆိုတာသိပေမယ့်လဲစိတ်ကတားလို့မှမရတာ၊ အသံမကြားရပေမယ့်တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးထွေး”မစု”လေးအခုလိုမျိုးတိုင်းရင်းသား ပြည်သူ့ရှေ့မှောက်ကိုအရောက်လာခဲ့ပြီးမိန့်ခွန်းတွေ ခြွေနေပုံလေးကိုတွေ့ရမြင်ရတာဝမ်းသာလို့ကို မဆုံးပါဘူး။တိုင်းပြည်နဲ့လူမျိုးအပေါ်မှာအကြား အလပ်မရှိမေတ္တာစေတနာထားတဲ့သူတော်ကောင်း သားအဖတွေဖြစ်ပါတယ်။

သူ့အဖေများသာအခုလို အချိန်ရှိခဲ့မယ်ဆိုလေဘယ်လောက်များဝမ်းသာနေရှာလိမ့်မလဲနော်လို့တွေးပြီးစိတ်ထဲမှာဝမ်းနည်းနေမိတယ်။မျက်ရည်လည်းကျမိတယ်။”မစု”လေးကို ပြည်သူများကဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါသမီးတို့ရယ်”လို့ အသက်(၉၂)နှစ်ရှိအဖွား ဒေါ်ခင်စောမြင့်ကသူ့ရဲ့ခြုံထည်တဘက်လေးနဲ့ စို့လာတဲ့သူ့ရဲ့မျက်ရည်စတွေကိုသုတ်နေရင်းက First News ကိုအခုလိုပြောပါတယ်။ (၇၂)မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသောပထမပင်လုံစာချုပ်တွင် ဗိုလ်ချူပ်အောင်ဆန်းနှင့်အတူလက်မှတ်ရေးထိုးခဲ့သူတိုင်းရင်းသားခေါင်းဆောင်များထဲမှလင်းခေး ဦးထွန်းမြင့်ရဲ့သမီး၊ခွန်ကြာပု၏။သမီးနှင့်အခြား တိုင်းရင်းသားခေါင်းဆောင်များရဲ့သားသမီးများ လည်းတက်ရောက်လာကြကာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့၊တစ်ဖွဖွပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ်။အဖွားတို့ဒီနိုင်ငံမှာဒီသားအဖကိုမှမယုံရင်ယုံရမယ့် သူ အတော်ရှားပါးသွားပြီ”လို့လည်းယင်းအခမ်းအနားမှာ င်္FirstNewsသတင်းအဖွဲ့မှသွားရောက်တွေ့ဆုံမေး မြန်းခဲ့ရာမှာတိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့သားသမီးများကအခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

နောင်နှစ်တွေမှာဆက်လက်ကျင်းပမယ့်ရှမ်းပြည်နယ်နေ့အခမ်းအနားတွေကိုနိုင်ငံမှာကြီးမြတ်တဲ့ ခေါင်းဆောင်”မစု”ကိုအခုလိုတွေ့မြင်လိုသော ဆန္ဒပြင်းပြပြီးငြိမ်းချမ်းတည်ငြိမ်လုံခြုံဖွံ့ဖြိုးသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးအဆင့်မှာ
ကျင်းပမယ့်ပြည်နယ်နေ့ကိုနောက်တစ်ခေါက်ထပ် တက်နိုင်ဖို့ အဖွားကြိုးစားပါဦးမယ်လို့လည်းပင်လုံ စာချုပ်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့အတူလက်မှတ်ထိုး ခဲ့ကြတဲ့တိုင်းရင်းသားခေါင်းဆောင်လင်းခေး ဦးထွန်းမြင့်ရဲ့သမီးဖြစ်သူအဖွားဒေါ်ခင်စောမြင့်က အခုလိုပြောကြားပါတယ်။ပထမပင်လုံစာချူပ်တောင်တန်းပြည်မအတူပူးပေါင်း ရေးစာချူပ်မှာဗိုလ်ချူပ်အောင်ဆန်းနဲ့အတူလက်မှတ် ရေးထိုးခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင်ခွန်ကြာပုရဲ့ သမီးကြီးအသက်{၉၂}နှစ်ရှိဖွားသက်ရှည်လည်းတက်ရောက်ခဲ့ကြပါတယ်။

{သံလွင်သူ.တွေ့ဆုံရေးသားပေးပို့သည်။}

မှတ်ချက်။ ။သတင်းအပြည့်အစုံကိုမနက်ဖြန် စနေနေ့ထုတ်”First News journal. တွင်ဖော်ပြထားပါကြောင်း။ {အယ်ဒီတာ}