အရမ်းကို ကြီးကြီးမှားမှား အလွဲကြီး လွဲ တဲ့ အွန်လိုင်းဈေးဝယ်မှုများ

အင် တာနက်တွင်ကျယ်လာတဲ့အခါမှာ ဈေးဝယ်သူတွေဟာ လိုချင်တာကို အိမ်ကနေ ထိုင်ရာမထဘဲ အွန်လိုင်းကနေ မှာယူနိုင်လာပါပြီ။ ဒါပေမယ့် ယုံကြည်မှုကလည်း အရေးကြီးပြီး တစ်ခါမှမဆက်ဆံဖူးတဲ့ ဈေးရောင်းသူတစ်ဦးဆီကနေ ကိုယ်လိုချင်တဲ့အတိုင်း ရရှိဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် အွန်လိုင်းကနေ ဝယ်ယူပြီး မှားယွင်းရောက်ရှိလာတဲ့ ဟာသပုံတွေကို ဖော်ပြပေးပါရစေ။

၁. သူ ဘာ မှာခဲ့တယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ပစ္စည်းချင်းမှားပို့လိုက်တာတော့ သေချာပါတယ်။ ဘာလို့လဲ ဟုတ်လား၊ ပုံကိုသာကြည့်လိုက်ပါတော့။

၂. လိုချင် တာက ကြိုးမပါတဲ့ AirPod အသစ်ဖြစ်ပေမယ့် ရောက်လာတဲ့အခါမှာတော့ ပထမဆုံးမြင်လိုက်ရတာ ကြိုးဖြစ်နေတဲ့အခါ ဝယ်သူရဲ့ စိတ်ကို ခန့်မှန်းကြည့်လို့ရပါလိမ့်မယ်။ ဒါဟာ အွန်လိုင်းမှာတွေ့ရတဲ့ ထုတ်ကုန်ပုံတွေတိုင်း စိတ်ချလက်ချ ယုံကြည်လို့မရဘဲ သေချာကြည့်ရမယ် ဆိုတဲ့ သင်ခန်းစာပါပဲ။

၃. အိုဗာဆိုက်တွေအတွက် ထုတ်လုပ်တဲ့ အသုံးအဆောင် အဝတ်အထည်တွေကိုလည်း ကိုယ်နဲ့ တော်လောက်ပါတယ်လို့ အလွယ်တကူ စိတ်မချဘဲ အတိုင်းအတာကို သိသာအောင် လုပ်သင့်ပါတယ်။ မဟုတ်လို့ကတော့ ပုံထဲကလို လူကြီးအင်္ကျီယူဝတ်တဲ့ ကလေးအလား ဖြစ်သွားမှာပါ။

၎. ငါးမန်းပုံ နားဆွဲလေးတွေကို ခရစ္စမတ်အတွက် လက်ဆောင်ပေးဖို့ ဝယ်ယူမိရာက ဒီပျက်ရှင်ပါ ဝင်သွားမယ့် သူတစ်ယောက်။ ပုံထဲကနေ အရောင်အသွေး တခြားစီ ဖြစ်နေတဲ့အပြင် တစ်ခုတည်း ဆိုတာတောင် ယုံကြည်ဖို့ တော်တော်ခက်ပါလိမ့်မယ်။

၅. ဒီလို ဘောင်းဘီတွေ ဝယ်မယ်ဆိုရင် ဆိုက်ကို သေချာဂရုစိုက်ရွေးသင့်ပါတယ်။ သင်နဲ့ ပွယောင်းယောင်း ဖြစ်နေလို့ကတော့ ဘောင်းဘီအသားတွေကနေ ထွက်လာမယ့် အသံတွေကို ခံစားရမှာမို့ပါ။

၆. ဒါမျိုးတွေကတော့ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ စတစ်ကာထဲက ကောင်မလေးက သင့်ဆီ လိုက်မလာဖို့ ဆုံးဖြတ်လိုက်တာပါ။ ဝမ်းမနည်းပါနဲ့။ နောက်တစ်ခါကြိုးစားကြည့်ပေါ့။
Credit – နာမည်ကြီး

သီလရှင်ဝတ်တုန်းရခဲ့တဲ့ ဆုလေးမို့ တန်ဖိုးရှိတယ်ဆိုတဲ့ နေခြည်ဦး

PrideofMyanmarကပေးတဲ့SocialInfluencerမှာအောင်မြင်သူတစ်ဦးအဖြစ်နေခြည်ဦးကရရှိခဲ့တာပါ။သူသီလရှင်ဝတ်နေတုန်း ရခဲ့တဲ့ ဆုလေးမို့ သူ့အတွက် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးဟာ Pride Of Myanmar က ပေးတဲ့ ဆုကို ရရှိခဲ့ပါတယ်။ နေခြည်ဦးက Social Influencer နယ်ပယ်မှာမျက်မှောက်ခေတ်အလှအပရေးရာတွင်အောင်မြင်နေသောစံပြအမျိုးသမီး၊လူမှုဆက်ဆံရေး မီဒီယာတွင် လူသိများ ထင်ရှားသူ၊ အမျှော်အမြင်ရှိသော စီးပွားရေးလုပ်ငန်းရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဆုပေးအပ်ပွဲနေ့က နေခြည်ဦးဟာ သီလရှင်ဝတ်နေတာဖြစ်လို့ နေခြည်ဦးအစား သရုပ်ဆောင် မော်ဒယ် ခါရာက ကိုယ်စား တက်ရောက်ယူပေးခဲ့ရပါတယ်။
ဖေဖော်ဝါရီ(၆)ရက်နေ့ကလူပြန်ထွက်လာတဲ့နေခြည်ဦးကဆုရတာနဲ့ပတ်သက်ပြီးခံစားရတဲ့ခံစားချက်ကိုအခုမှသူ့ရဲ့ပရိသတ်တွေကိုပြောပြလာတာဖြစ်ပါတယ်။“မယ်သီလရှင်ဝတ်တဲ့နေ့လေးမှာရတဲ့ဆုမို့လို့နေခြည့်အတွက်ပိုတန်ဖိုးရှိပါတယ်။ကျေးဇူးအများကြီးတင်ပါတယ် Pride Of Myanmar Awards ဆက်လျှောက်ရမယ့် ခြေလှမ်းတွေအတွက် တကယ့်အားပါ။ And thanks to everyone who voted me!!! “ ဆိုပြီး ဖေဖော်ဝါရီ (၇) ရက်နေ့ကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြော ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပပြုလုပ်တဲ့ ကဏ္ဌအသီးက ထူးချွန်ထက်မြက်သူတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ Pride of Myanmar Awards 2018 ဆုပေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညက ပြည်လမ်းနဲ့ စကားဝါလမ်းထောင့်ရှိ Pegu Club မှာ စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာပါ။
ဒီပွဲမှာ နေခြည်ဦးနဲ့ အတူစီးပွားရေး လုပ်ငန်းရှင် ကိုထက်မြတ်ဦး၊ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေသူJoshua ချစ်ထွန်း၊ပန်းချီပညာရှင်ကြီးဦးလွန်းကြွယ်၊ကိုမိုးစက်၊အားကစားသမားအောင်သူ၊ဖက်ရှင်ရေးရာမှာထူးချွန်သူမေမြတ်နိုး၊ဖျော်ဖြေရေးကဏ္ဍအတွက် အိန္ဒြာကျော်ဇင်တို့က ဆုတွေအသီးသီး ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

နေခြည်ဦး(Nay Chi Oo) က ဖေဖော်ဝါရီ(၁)ရက်နေ့ကမွေးနေ့အမှတ်တရအဖြစ်သီလရှင်ဝတ်ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီ(၆) ရက်နေ့မှာ လူပြန်ထွက်ခဲ့ပါတယ်။ လက်ရှိမှာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေပြန်လည်လုပ်ကိုင်လျက်ရှိပါတယ်။နေခြည်ဦးကို BeautyBloggerအနေနဲ့ပရိသတ်တွေစတင်အားပေးခဲ့ကြတာပါ။အဲ့ဒီနောက်ပထမဦးဆုံးအနေနဲ့ရန်သူရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။CRD-Cele Yatkwat

လူငယ်တိုင်း ဖတ်သင့်သော လင်မယားနေ့ မ ဟုတ်သော ချစ်သူများနေ့အကြောင်း

လူငယ်တိုင်း ဖတ်သင့်သော လင်မယားနေ့မဟုတ်သော ချစ်သူများနေ့အကြောင်း
ချစ်သူများနေ့သည် (လင်မယားနေ့) မဟုတ်ပါလို့ ပြောချင်ပါသည်… ချစ်သူများနေ့ ရောက်တိုင်း တည်းခိုခန်းများ ၊ ဟိုတယ်များတွင် စုံတွဲများဖြင့် ပြည့်နေသည်ကို နှမသားချင်း စာနာ၍ စိတ်မကောင်းစွာ ကြားသိရပါသည်…

ချစ်သူ စုံတွဲများသည် စိတ်ချင်း ချစ်၍ ရပါသည်… လူချင်း နယ်ကျွံ၍ ချစ်လို့မရပါ။
မိန်းကလေးများသည် မိမိချစ်သောသူသည် လက်ထပ်ရမည့်သူ ဟုတ် ၊ မဟုတ် မည်သူမျှ အတပ် မပြောနိုင်ပါ… အိမ်ထောင် မပြုမီ အတူနေပါက မယူဖြစ်လျှင် နောက်ဆုံး မိန်းကလေးသာ နစ်နာရမည် ဖြစ်သည်…

အိမ်ထောင် မပြုမီ အတူနေပါက အင်တာနက် ခေတ်တွင် နေရာတိုင်း၌ မျက်စိများ ရှိသဖြင့် အချိန်မရွေး အင်တာနက်ပေါ် ရောက်သွားနိုင်ပြီး မိန်းကလေးနောက်က မိဘဆွေမျိုးများ အရှက်တကွဲ ဖြစ်မည်ကို သတိပြုသင့်ပါသည်။
မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သဖြင့် အနောက်နိုင်ငံများမှ အတူနေခြင်း (Living Together) ကို အားကျ၍ မရပါ… မိမိတို့ နိုင်ငံသည် အရှက်နှင့် သိက္ခာဖြင့် လူလုပ်သော နိုင်ငံဖြစ်ပါသည်…

မိမိကြောင့် မိဘ ၊ ဆွေမျိုးများ အရှက်တကွဲ အကျိုးနည်းမည်ကို စဉ်းစားသင့်ပါသည်… မိန်းကလေး များသည် မိမိတို့ အပျိုစင်ဘဝကို တန်ဖိုးထား ထိန်းသိမ်းသင့်ပါသည်။
အင်တာနက်ပေါ်တွင် မိန်းကလေးများ အခက်အခဲရှိ၍ အပျိုစင်ဘဝကို လေလံတင် ရောင်းချရာ… မြန်မာငွေ သိန်းရာချီရ ရှိသည်ကို ကြားသိရသဖြင့် မိမိတို့၏ အပျိုစင်ဘဝကို မည်မျှ တန်ဖိုးရှိသည်ကို သိသင့်ပါသည်…

ယောက်ျားလေးများသည် မိမိဘယ်လောက်ပဲ ရှုပ်ပါစေ မိမိနှင့် လက်ထပ်မည့် မိန်းကလေးကို အပျိုစင်သာ လိုချင်သည်ကို သိသင့်ပါသည်။
ယောက်ျားလေးအတွက် (Sex)သည် တစ်ခဏတာ ၊ ထမင်းစားရေသောက် အဆင့်သာဖြစ်ပြီး မိန်းကလေးများအတွက် (Sex)မှာ ဘဝနှင့် ရင်းရမည်ကို သိသင့်ပါသည်…

ချစ်သူဘဝတွင် အတူနေခြင်းကြောင့် ရရှိသော ဆိုးကျိုးများမှာ လက်မထပ်မီ ကိုယ်ဝန်ရှိခြင်းကြောင့်… မိဘ ၊ ဆွေမျိုးများနှင့် မိမိပါ အရှက်ရနိုင်ခြင်း ၊ HIV ၊ B ပိုး၊ C ပိုး စသော ရောဂါပိုးများ ကူးစက်နိုင်ခြင်း ၊
ချစ်သူကြောင့် (Sex Feeling) ကို ခံစားတတ်ပြီး ချစ်သူဖြင့် မယူဖြစ်၍ နောက်ချစ်သူတစ် ယောက်ပြောင်း ခံစားခြင်းဖြင့် နောက်ဆုံး KTV ၊ (Massage) မာဆတ်စသော ပျက်စီးခြင်းဖြင့်

လမ်းပေါ် ရောက်သွားသော မိန်းကလေးများစွာ လည်းရှိပါသည်။
ချစ်သူ ယောက်ျားလေးများကလည်း လက်မထပ်ဘဲ မိမိချစ်သူကို အတူနေပြီး ဖျက်ဆီးခြင်းသည် လူသားတို့ ရှောင်ကြဉ်အပ်သော…

ငါးပါးသီလထဲမှ (ကာမေသုမိစ္ဆာစာရကံ)ဟူသော အုပ်ထိန်းသူရှိသော သမီးပျိုများကို ဖျက်ဆီးခြင်းဟူသော ကံထိုက်သည်ဟု သတိပြုသင့်ပါသည်…
ယောက်ျားလေးများသည် မိမိချစ်သူ၏ အပျိုစင်ဘဝကို စတင်ဖျက်ဆီးပြီး ချစ်သူ မိန်းကလေးကို မယူဖြစ်ဘဲ KTV ၊
(Massage) မာဆတ်စသော ပျက်စီးခြင်းလမ်းပေါ် ရောက်သွားပါက စတင်ဖျက်ဆီးသူသာ တရားခံ ဖြစ်သည်ကို သတိပြုသင့်သည်။

ချစ်သူ မိန်းကလေး များကလည်း မိမိကိုချစ်သော သူသည် (Sex)ကို အရင်းခံ၍ ချစ်သလား ၊
တကယ့်မေတ္တာစစ်နှင့် ချစ်သလားကို ဝေဖန် ဆန်းစစ်သင့်ပါသည်… Sex ကို အရင်းခံသော အချစ်သည် အကြာကြီး မတည်မြဲပါ…
တကယ်မေတ္တာနှင့် ချစ်သောအချစ်သာ တစ်ဘဝလုံး အကြာကြီး တည်မြဲမည်ကို သိထားသင့်ပါသည်။ ။

ပြဿ နာမတတ်သရွေ့ တော့ကောင်းတာပေါ့… ပြဿ နာတတ်လာတဲ့ အခါ မငြိမ်းချမ်းတော့ပါဘူး….. ။ ငြိမ်းချမ်း နိုင်ကြပါစေ……..
ချစ်သူများနေ့တွင် မိန်းကလေးများ အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်ပါစေ…….

ကြည့်မိသူတိုင်းရင်ခုန်သွားစေမယ့် ရေကူးကန်ထက်က sexy ကျကျ အကြမ်းစားပုံတွေနဲ့ ညို့ယူဖမ်းစားလိုက်တဲ့ ရွှေအိမ်စည်

ချစ်ပရိသတ်ကြီးရေ ရွှေအိမ်စည်ကတော့ အလှမယ်လောကရဲ့ နာမည်ကြီးတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့သည်းသည်းလှုပ်ချစ်ခင်အားပေးမှုတွေနဲ့ အောင်မြင်လာသူဖြစ်ပါတယ်။

သူမကတော့ Miss Golden Land Myanmar 2018 ရဲ့ သရဖူဆုရှင်လည်း ဖြစ်ပါတယ်။ မော်ဒယ်တစ်ယောက်ရဲ့ လိုအပ်ချက်တွေထက် ပိုမိုပြည့်ဝတဲ့ အရည်အသွေးတွေရှိသူဖြစ်ပြီး အလှအပရေးရာမှာလည်း အပြစ်ပြောစရာ မရှိသူတစ်ယောက် ဖြစ်ပါတယ်။

သူမကတော့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာပုံရိပ်များကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း သူမရဲ့ ခန္ဓာကိုယ် အလှပေါ်လွင်စေတဲ့ ရေကူးကန်ထက်က sexy ကျကျ အမိုက်စားပုံရိပ်လေးတွေကို ဖော်ပြထားတာတွေရပါတယ်။ပုံတွေတိုင်းက တကယ်ကိုဆွဲဆောင်မှုအပြည့်ရှိနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်

သူမဟာ ဖက်ရှင်ပိုင်းမှာလည်း အမြဲကိုစမတ်ကျလှပကာ ယုံကြည်မှု အပြည့် ရှိနေသူလေးလည်း ဖြစ်တာကြောင့် မိန်းကလေးအများစု အားကျ ချစ်ခင်နေရတာလည်းဖြစ်ပါတယ်။

သူမရဲ့ အလှအပနဲ့ ပညာကလည်း အံ့မခန်းအောင်ပါပဲနော် ချစ်ပရိတ်သတ်ကြီးရေ။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် ရွှေအိမ်စည်ရဲ့ အမိုက်စား ရေကူးဝတ်စုံနဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

creidt-myanmarload

ရှက်တက် တဲ့ ကောင်းပြည့် ကို အမိ အရ ဖမ်းယူရိုက်ကူးနိုင်ခဲ့တဲ့ သန္တာဗိုလ်ရဲ့ ကြည်နူးဖွယ်ဗီဒီယိုဖိုင်လေး

ချစ် ပရိသတ်ကြီးရေ…. အနုပညာနယ်ပယ်မှာ အောင်မြင်မှုသရဖူဆွတ်ခူးရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တဗိုလ်တို့ စုံတွဲလေးကို ပရိသတ်တို့ရင်းနှီးပြီးသားဖြစ်မှာပါနော်။ တကယ့်ကို လိုက်ဖက်ညီလွန်းတာဖြစ်ပြီး အနုပညာလမ်းကြောင်းမှာ ပရိသတ်ကိုယ်စီရဲ့ အားပေးမှုတွေ တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။

အမြဲအတူသွားအတူလာ ချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေအားကျရတဲ့ ချစ်သူစုံတွဲတွေဖြစ်လို့နေပါတယ်။ သရုပ်ဆောင်မင်းသားကောင်းပြည့် ဟာဆိုရင်လည်း သူရဲ့ တစ်ဦးတည်းသော ချစ်သူလေးဖြစ်တဲ့ မင်းသမီး သန္တာဗိုလ်ကို အမြဲအလိုလိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ရှိနေတက်သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာမကြာခဏဆိုသလို tik tok video file တွေပြုလုပ်ပြီး ပရိသတ်ကြီး ကြည့်ရှုခံစားရအောင် တင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ချစ်သူကောင်းပြည့်နဲ့အတူ ရိုက်ကူးပုံဖော်ထားတဲ့ TIk tok video file လေးကို “ရိုက်နေတာကိုလိုက်ရှောင်နေတယ် ကွီးကရှက်တာတဲ့” ဆိုတဲ့ status လေးနဲ့အတူ သူမရဲ့ official facebook acc တွင် ဖော်ပြပေးထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းကြည်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

credit – myanmarload

ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုံတို့ ရဲ့ သုံးပွင့်ဆိုင် အချစ် ကို ကြည့်ရှုရမယ့် “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲ

ပ ရိသတ်တွေ ချစ်ကြ တဲ့ မင်းသားချောလေး ဒေါင်းက အခုချိန်မှာတော့ အောင်မြင်တဲ့ မင်းသားတစ်လက် အဖြစ် ရပ်တည်နေပြီ ပဲဖြစ်ပါတယ်။ ဒေါင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကလဲ အရင်ကထက် စိတ်လာပြီး ပရိသတ်တွေကို အမျိုးမျိုးတင်ဆက်ပေးနေတာကိုလဲ တွေ့ရပါတယ်။ ဒေါင်းကို အားပေးလက်ခံကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့အနယ်နယ်မှာ အခိုင်အမာနဲ့ ရှိကြပြီး ဒေါင်းက အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်နေပြီ ဖြစ်ပါတယ်။

ဒေါင်းရဲ့ အနုပညာလုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက မကြာခင်မှာပဲ ကမာရွတ်မီဒီယာနှင့် အချစ်ဖြင့်လွမ်းစေ Official Page များမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက စာရေးဆရာမကြီး နုနုရည် အင်းဝ ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရိုက်ကူးထားတာလို့ သိရပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်ကရိုက်ကူးခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုန်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းမှ ဒေါင်းပြောတဲ့ အမှတ်တရတွေကို တင်ပြပေးလိုက်ပါတယ်နော်။
“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲမှာ ဒေါင်းကို ပရိသတ်တွေ တွေ့ဖူးနေကျမဟုတ်တဲ့ ပုံစံမျိုးကို တွေ့ရဦးမှာပါ။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲက အခု ဖေဖော်ဝါရီလအတွင်း ပြသတော့မှာမို့ ဆက်လက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

 

ဒုက္ခသည် စခန်းရောက် အိန်ဂျယ်လီ နာဂျိုလီ မြန်မာ အစိုးရကို ဝေဖန်ထိုးနှက်

ဘင်္ဂ လားဒေ့ရှ် ဒုက္ခသည်စခန်းရောက် အိန်ဂျယ်လီနာဂျိုလီ မြန်မာအစိုးရကို ဝေဖန်ထိုးနှက် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အထူးကိုယ်စားလှယ်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အိန်ဂျယ်လီနာဂျိုလီက ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရတွင် အပြည့်အ၀ တာဝန်ရှိကြောင်း ဝေဖန်လိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များထွက်ပြေးခိုလှုံရမှုကိုဖြစ်စေခဲ့သော တိုက်ခိုက်ရန်ပြုမှုများ အဆုံးသတ်နိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် စစ်မှန်သော စိတ်ဆန္ဒရှိမှုကို ပြသရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
အိန်ဂျယ်လီနာဂျိုလီသည် လူဦးရေ ၇ သိန်းကျော်ခန့် ခိုလှုံလျက်ရှိသော ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်များနှင့်တွေ့ဆုံမှု ဒုတိယနေ့တွင် ယင်သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအတွက် ဒေါ်လာ ၁ ဘီလီယံ တင်ပြတောင်းခံမည့် အစီအစဉ်ရှိနေရာ ထို့မတိုင်မီ ကုလ ဒုက္ခသည်အေဂျင်စီ၏ အထူးကိုယ်စားလှယ် အိန်ဂျယ်လီနာဂျိုလီက လာရောက်ခြင်းဖြစ်သည်။
“သူတို့ဘ၀တလျောက်လုံး တိရစ္တာန်တွေလို ဆက်ဆံခံရပြီး နှိပ်ကွပ်မှုနဲ့ နိုင်ငံမဲ့မှုကိုသာ သိရှိခဲ့ရတဲ့ မိသားစုတွေနဲ့ ဆုံတွေ့လိုက်ရတာဟာ အထူး စိတ်မချမ်းသာစရာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာလည်း အခြားနေရာတွေမှာ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်များနည်းတူ အိမ်ပြန်ချင်ကြတယ်ဆိုတဲ့အချက်ကတော့ အတူတူပဲဖြစ်ပါတယ်”ဟု သူမက ဆိုသည်။
ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏အခွင့်အရေးများကို လေးစားလိုက်နာမှုရှိချိန်၊ နေရပ်ပြန်ရပ် လုံလောက်သော လုံခြုံစိတ်ချမှုရှိချိန်မှာသာ နေရပ်ပြန်သင့်ကြောင်းလည်း သူမက ပြောသည်။
“ဒီအခွင့်အရေးတွေကို အာမခံပေးနိုင်ဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင်ဆောင်ရွက်ပေးဖို့အတွက် မြန်မာအစိုးရနဲ့ မြန်မာ အာဏာပိုင်များအပေါ်မှာ အတိအလင်း တာဝန်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အသိုက်အ၀န်းတွေအားလုံးအတွက် လူနေမှုအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့နဲ့ တိုက်ခိုက်ရန်ပြုမှုသံသရာကို အဆုံးသတ်နိုင်ဖို့ ကျွန်မအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်”ဟု သူမက ပြောသည်။
အိန်ဂျယ်လီနာဂျိုလီသည် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုစဉ်ကလည်း ဘင်္ဂါလီဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ထို့မတိုင်မီ ၂၀၀၆ ခုနှစ်ကလည်း အိန္ဒိယတွင် ၎င်းဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ဖူးသည်။
သူမသည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့နှင့် မြို့တော် ဒါကာတွင် တွေ့ဆုံပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း ကုလ၏ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးနှင့် ရေရှည်အစီအစဉ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။News Watch

တွဲလာတဲ့ သက်တမ်းတစ်လျှောက် မှာ အဆင့် ဆင့်ပြောင်းလဲလာတဲ့ လွှမ်းပိုင်နဲ့B Soxတို့ရဲ့ ချစ်စရာပုံရိပ်များ

ပရိတ်သတ်ကြီးရေ လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကတော့ အနု ပညာလမ်းကြောင်းပေါ်မလျှောက်ခင်ကတည်းက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ လူငယ်စုံတွဲလေးပဲဖြစ်ပါတယ်။အနုပညာလောကထဲကိုလည်း နှစ်ယောက်အတူတူ ဝင်ရောက်လာပြီး တေးသီချင်းပေါင်းများစွာကို လူငယ်တွေအကြိုက်သီဆိုတဲ့သူတွေဖြစ်လို့ လူငယ်တွေကြားမှာ အရမ်းရေပန်းစားတဲ့စုံတွဲလေးပါ။B Sox ကလည်း သေးသေးသွယ်သွယ်လေးနဲ့ အရမ်းပဲချစ်ဖို့ကောင်းသလို လွှမ်းပိုင်ကလည်း သေးသေးသွယ်သွယ်လေးပဲဖြစ်လို့ နှစ်ယောက်သားက အရမ်းကို လိုက်ဖက်ပါတယ်နော်။

သူတို့စုံတွဲလေးက နှစ်ယောက်ပေါင်းပြီး သီဆိုထားတဲ့ တေးသီချင်းတွေကိုလည်း ပရိတ်သတ်တွေက အရမ်းကို နှစ်ခြိုက်ကြပါတယ်။လွှမ်းပိုင်က အခုနောက်ပိုင်းမှာ သီချင်းအသစ်တွေလည်းသီဆိုသလို ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။B Sox ကတော့ သရုပ်ဆောင်ပိုင်းကို ဝါသနာမပါဘဲ တေးသီချင်းအသစ်များစွာကိုသာ ဖန်တီးနေတာဖြစ်ပါတယ်။သူတို့စုံတွဲလေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်လေးပဲဖြစ်လို့ သူတို့ဘာလုပ်လုပ် ပရိတ်သတ်တွေက တစ်ခဲနက်ဝန်းရံကြပါတယ်။

အခုချိန်ထိ လွှမ်းပိုင်နဲ့ B Soxတို့စုံတွဲလေးကrelationship လေးကို တည်ဆောက်လာတာ နှစ်ပေါင်းမနည်းတော့ ပြီဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေကတော့ အပြည့်ပါပဲနော်။နှစ်ယောက်လုံးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ အရမ်းရိုလွန်းတာလေးတွေကလည်း ပရိတ်သတ်တွေကို အားကျရစေပါတယ်။အခုဆိုရင် ပရိတ်သတ်ကြီးအတွက် သူတို့စုံတွဲလေးရဲ့ ဟိုးအရင်ကပုံရိပ်လေးတွေနဲ့ အခုပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

credit – myanmarload

ဒုမြို့တော်ဝန်ဖြစ်ရန် ယုံကြည်ချက် အပြည့် ရှိ ဟု အလှ မယ် ထက်ထက်ထွန်းပြော

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန်အဆင့်ထိ အောင်မြင်ဖို့ ယုံကြည်ချက် အပြည့်ရှိတယ်လို့ အလှမယ် သရုပ်ဆောင် ထက်ထက်ထွန်းကပြောပါတယ်။ဒုတိယမြို့တော်ဝန်အဖြစ် ထိုက်တန်တဲ့ အရည်အချင်းတွေရှိအောင်လည်း အမြဲလုပ်ဆောင် နေတယ်လို့လည်း သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။

အလှမယ် ထက်ထက်ထွန်းက “ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလို့ ညီမ၀င်ပြိုင်တာ။ မဖြစ်နိုင်တဲ့အရာ၊ မဖြစ်နိုင်သေးဘူး၊ မထိုက်တန်သေးဘူးဆိုရင် ညီမ၀င်မပြိုင်ဘူး။ မပြိုင်ဘဲနဲ့ လိုချင်တဲ့ စိတ်ဆန္ဒတခုပဲ ရှိတယ်ဆိုရင် ညီမပြင်ပမှာ ထိုက်တန်အောင်အရင် ကြိုးစားနေဦးမယ်။ အခုညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ဘယ်သူမှ မယုံကြည်ဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ အရင်ဆုံး လူတယောက်အနေနဲ့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ယိုယ် ယုံကြည်မှုရှိမှသာ ဘယ်အရာမဆို ဖြစ်နိုင်မှာပေါ့နော် ”လို့ ပြောပါတယ်။

အလှမယ်ထက်ထက်ထွန်းအနေနဲ့ သမ္မတနေရာအထိ မျှော်လင့်ထားပြီး သမ္မတနေရာနဲ့ ထိုက်တန်တဲ့အရည်အချင်းတွေပြည့်ဝရင်တော့ သမ္မတရာထူးအထိ ရအောင် ကြိုးစားသွားမယ်လို့လည်း အလှမယ်ထက်ထက်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။မတ်လ၃၁ရက်နေ့ကျင်းပမယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ အလှမယ်ထက်ထက်ထွန်း လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းပေးထားပြီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၃၀ ရက်အထိ စည်းရုံးမဲဆွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ခြောက်ခုက ကော်မတီဝင်ခြောက်ဦး၊ မြို့နယ်တမြို့နယ်မှာ မြို့နယ်ဥက္ကဋ္ဌတဦးနဲ့ အဖွဲ့ဝင်နှစ်ဦး၊ မြို့နယ်ပေါင်း ၃၃မြို့နယ်အတွက် ၉၉ဦး စုစုပေါင်း၁၀၅ဦး ရွေးချယ်တင်မြှောက်သွားမှာပါ။

Credit-ဒီဗီဘီ

တရုတ်နှစ်သစ်ကူးညလေးမှာ စုံတွဲတွေ ကိုယ်စီနဲ့ ပါတီပွဲလေး ပြုလုပ်ခဲ့ကြတဲ့ G Fatt နဲ့ နန်းဆုတို့စုံတွဲ

( For Zawgyi )




credit-myanmarload
( For Unicode )
တရုတ်နှစ်သစ်ကူးညလေးမှာ စုံတွဲတွေကိုယ်စီနဲ့ ပါတီပွဲလေး ကျင်းပပြုလုပ်ခဲ့ကြတဲ့ G Fatt နဲ့ နန်းဆုတို့စုံတွဲ

အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့ စုံတွဲကတော့ ပရိသတ်တွေကတောင် အားကျရတဲ့ အနုပညာရှင် စုံတွဲလေး ဖြစ်ပါတယ်…

တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ ဖေးမမှုတွေနဲ့ လက်တွဲတွေ ခိုင်မြဲနေကြတဲ့ သူတို့စုံတွဲလေးက ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရပါတယ်… ဒါ့အပြင် သူတို့ စုံတွဲလေးက သီချင်းလေးတွေကိုလည်း ဖန်တီးရင်း ပရိသတ်တွေကိုပါ အတူတူ ဖျော်ဖြေလေ့ရှိတာ ဖြစ်ပါတယ်…

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ တရုတ်နှစ်သစ်ကူး နေ့လေးမှာတော့ G Fatt နဲ့ နန်းဆုတို့ စုံတွဲလေးက ချစ်ရသူတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပါတီပွဲလေးတစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်…

တရုတ်မလေးဖြစ်တဲ့ နန်းဆုက တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် သူမရဲ့အိမ်မှာ အစားအသောက်တွေ စုံစုံလင်လင်နဲ့ Dinner ပွဲလေးတစ်ခုကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်… ဒီပွဲလေးကိုတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလည်း အတူတူ လာရောက် အားပေးခဲ့ကြပါတယ်…

စုံတွဲလေးတွေ ကိုယ်စီနဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ပြုလုပ်ကြတဲ့ Home Party ပွဲလေးကတော့ အရမ်းကို ပျော်ရွှင်စရာ ကောင်းခဲ့တာ ဖြစ်ပါတယ်… နန်းဆုက သူမတို့ အဖွဲ့ရဲ့ ပါတီပွဲက ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးခဲ့တာ တွေ့ရပါတယ်… ကဲ ချစ်ပရိသတ်တွေအတွက် စုံတွဲလေးတွေ ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြတဲ့ နန်းဆုတို့ရဲ့ တရုတ်နှစ်သစ်ကူး ပါတီပွဲလေးက ပုံလေးတွေကို တင်ဆက် ပေးလိုက်ပါတယ်နော်…

credit-myanmarload