တရုတ်နှစ်သစ်ကူးညလေးမှာ စုံတွဲတွေ ကိုယ်စီနဲ့ ပါတီပွဲလေး ပြုလုပ်ခဲ့ကြတဲ့ G Fatt နဲ့ နန်းဆုတို့စုံတွဲ
( For Zawgyi )
credit-myanmarload
( For Unicode )
တရုတ်နှစ်သစ်ကူးညလေးမှာ စုံတွဲတွေကိုယ်စီနဲ့ ပါတီပွဲလေး ကျင်းပပြုလုပ်ခဲ့ကြတဲ့ G Fatt နဲ့ နန်းဆုတို့စုံတွဲ
အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့ စုံတွဲကတော့ ပရိသတ်တွေကတောင် အားကျရတဲ့ အနုပညာရှင် စုံတွဲလေး ဖြစ်ပါတယ်…
တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ ဖေးမမှုတွေနဲ့ လက်တွဲတွေ ခိုင်မြဲနေကြတဲ့ သူတို့စုံတွဲလေးက ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရပါတယ်… ဒါ့အပြင် သူတို့ စုံတွဲလေးက သီချင်းလေးတွေကိုလည်း ဖန်တီးရင်း ပရိသတ်တွေကိုပါ အတူတူ ဖျော်ဖြေလေ့ရှိတာ ဖြစ်ပါတယ်…
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ တရုတ်နှစ်သစ်ကူး နေ့လေးမှာတော့ G Fatt နဲ့ နန်းဆုတို့ စုံတွဲလေးက ချစ်ရသူတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပါတီပွဲလေးတစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်…
တရုတ်မလေးဖြစ်တဲ့ နန်းဆုက တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် သူမရဲ့အိမ်မှာ အစားအသောက်တွေ စုံစုံလင်လင်နဲ့ Dinner ပွဲလေးတစ်ခုကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်… ဒီပွဲလေးကိုတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလည်း အတူတူ လာရောက် အားပေးခဲ့ကြပါတယ်…
စုံတွဲလေးတွေ ကိုယ်စီနဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ပြုလုပ်ကြတဲ့ Home Party ပွဲလေးကတော့ အရမ်းကို ပျော်ရွှင်စရာ ကောင်းခဲ့တာ ဖြစ်ပါတယ်… နန်းဆုက သူမတို့ အဖွဲ့ရဲ့ ပါတီပွဲက ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးခဲ့တာ တွေ့ရပါတယ်… ကဲ ချစ်ပရိသတ်တွေအတွက် စုံတွဲလေးတွေ ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြတဲ့ နန်းဆုတို့ရဲ့ တရုတ်နှစ်သစ်ကူး ပါတီပွဲလေးက ပုံလေးတွေကို တင်ဆက် ပေးလိုက်ပါတယ်နော်…
credit-myanmarload
လရဲ့အောက်ဘက်မိုင်အဝေးမှာ ဒေါ်ခင်သန့်စင် ဇာတ်ကောင်အတွက် ထင်ကြေးပေးခံနေရတဲ့မင်းသမီးများ
လူမူကွန်ရက်မှာ ပရိသတ်တွေ စိတ်ဝင်စားမူများနေကြတဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာ ဝတ္ထုအတွက် ဇာတ်ဆောင်တွေဟာ ဘယ်သူတွေဖြစ်မလဲဆိုတာ စာရေးဆရာဂျူးရဲ့ ပရိသတ်တွေ အကုန်စောင့်မျှော်နေကြပါတယ်။
လရဲ့အောက်ဘက်မိုင်အဝေးမှာ ဝတ္ထုဟာ စာဖတ်သူတွေရင်ထဲကို ထိရောက်စေတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ပုံဖော်ဖန်တီးနိုင်ဖိုအကောင်းဆုံး ဝတ္ထု ဘဲဖြစ်ပါတယ်.။
သိဒ္ဓိနဲ့ ဒီပါ ဆိုတဲ့ ညီအစ်ကို နှစ်ယောက်…
သားနှစ်ယောက်ကို ကောင်းစွာ ကြပ်မတ်အုပ်ချုပ်နိုင်တဲ့
မိခင် ဒေါ်ခင်သန့်စင်…
လမ်းထိပ် ခဏသွားမို့ ဆိုပြီး ထွက်သွားတဲ့ ဆယ်တန်းကျောင်းသား ဒီပါတစ်ယောက် အိမ်ပြန်ရောက်မလာတဲ့အခါ…
ဒီပါ အိမ်ကဘာကြောင့် ထွက်သွားတာလဲ?
ဒီပါ့ကို ဘယ်လိုပြန်ရှာမှာလဲ?
ရှေ့နေ နဲ့ ဘယ်လိုတွေဆုံမလဲ..?
ဒီပါအိမ်ပြန်ရောက်လာအာင် ကြိုးပမ်းနိုင်ပါ့မလား?
ညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို
ပုံဖော်ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။
ဒီဝတ္ထုအတွက် ပထမဆုံးဇာတ်ကောင်ဖြစ်တဲ့ နေရောင်ခန့်နေရာမှာတော့ မင်းသားဒေါင်းက သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံလိုက်ရပြီဘဲဖြစ်ပါတယ်။ မင်းသားဒေါင်းက ရှေ့နေ နေရောင်ခန့်ဇာတ်ကောင်နဲ့ လုံးဝလိုက်ဖက်တယ်လို့ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကို ရရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့ ရင်ခုန်ကမှာကတော့ ဒီပါနဲ့သိဒ္ဒိ တို့နှစ်ယောက်ရဲ့ မေမေဖြစ်တဲ့ ဒေါ်ခင်သန့်စင် ဆိုတဲ့ အဓိက ဇာတ်ကောင်ဟာ ဘယ်သူနဲ့များလိုက်ဖက်မလဲဆိုတာ အပြိုင်ဆိုင် ထင်ကြေးပေးနေရပါတယ်။ နေရောင်ခန့်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်အဖြစ် ထင်ကြေးပေးခံရတဲ့သူတွေကတော့
အိန္ဒြာကျော်ဇင်
ဟုတ်ပါတယ် အူဝဲဟာ ဒီနှစ်မှာ ရုပ်ရှင်ကားကြီးသုံးကားကို လက်ခံထားတယ်ဆိုတာသိရပြီး ပရိသတ်တွေကို အကောင်းဆုံး Character နဲ့ ချပြတော့မှာဆိုတော့ ဒီရုပ်ရှင်အတွက် အူဝဲဟာ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ပြောကြပါတယ်။
မိုးဟေကို
အနုပညာလောကကို တဖန်ခြေလှမ်းပြီး အကောင်းဆုံး ဇာတ်ကောင်တွေကိုသာတွေမြင်နိုင်မယ့် မမမိုးကလဲ ဒီ ဒေါ်ခင်သန့်စင်နေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။ မိုးဟေကို က ပပဝတီစီရင်ခန်းရုပ်ရှင်မှာလဲပါဝင်ခဲ့ပြီး 2019 မှာ ရုံတင်သွားမှာပါ။
စိုးမြတ်နန္ဒာ
အမခြေရာအတိုင်း သရုပ်ဆောင်မှာလဲ မခေသူ ဖြစ်ပြီး ဒီ ဒေါ်ခင်သန့်စင် ဇာတ်ကောင်နေရာမှာဆိုရင် စိုးမြတ်နန္ဒာက သေချာပေါက် သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ခိုင်သင်းကြည်
ခုချိန်ထိ လှပနုပျိုဆဲဖြစ်ပြီး မင်းသမီးငယ်လေးတွေနဲ့အပြိုင်သရုပ်ဆောင်နိုင်သလို ဒေါ်ခင်သန့်စင် အမေဇာတ်ကောင်နေရာမှာဆိုရင်လည်း လုံးဝလိုက်ဖက်လိမ့်မယ်ထင်ပါတယ်။
စာဖတ်ပရိသတ်တွေ သိကြမှာပါ ဒီ ဝတ္ထုမှာ ဘယ်သူက ဒေါ်ခင်သန့်စင်နေရာနဲ့ လိုက်ဖက်နေမယ်ဆိုတာကိုပေါ့
(For Zawgyi)
moekalay
source – chue lay
(For Unicode)
အန္တရာယ်များတဲ့ နေရာမှာ ရိုက်ကူးရေး လုပ်ခဲ့တဲ့ ခြူးလေး
MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ် အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင် ခြူးလေး ရဲ့ ရိုက်ကွင်းမှ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခြူးလေးက သရုပ်ဆောင် ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့သူလေးပါ။
သူမက ခုနောက်ပိုင်းမှာ Online ပေါ်နာမည်ကြီးနေတဲ့ Tik Tok လေးတွေ ရိုက်ဖြစ်နေတာပါ။ သူမရဲ့ “မင်းဘာလုပ်နေလဲ မင်းချီးပါနေလား ဖုန်းကိုင်ဦး ” Tik Tok ကလည်း ပရိသတ်တွေကြား နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ခြူးလေးက ” MRTV 4 ဇာတ်လမ်းတွဲ က မင်းသားလေး စိုးမင်းနိုင် (နက္ခတ်) နဲ့ အတူ ရိုက်ကူးရေး လုပ်နေတာပဲ ဖြစ်ပါတယ်။ ခြူးလေးတို့ ရိုက်ကူးရေး လုပ်နေတဲ့နေရာက အရမ်းကို အန္တရာယ်များတဲ့ နေရာပဲ ဖြစ်ပါတယ်၊၊
မြစ်ကို ဖြတ်ဆောက်ပြီး ရထားသံလမ်း လုပ်ထားတဲ့ ရထားလမ်းဘေး အစွန်းလေးမှာ ရိုက်ကူးရေး လုပ်နေတာပါ။ ခြူးလေးက ” ကြောက်နေလို့ ပိုပြီး ရယ်ပစ်လိုက်တယ်” ဆိုပြီး ကြောက်ကြောက်နဲ့ ရိုက်ကူးရေးလုပ်နေတဲ့ အကြောင်းကို ပြောထားပါတယ်။
MRTV 4 မင်းသမီးလေး ခြူးလေး ရဲ့ ရိုက်ကူးရေး လုပ်နေတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။
moekalay
source – chue lay
ခါးခွဲစိတ်ထား ရ တဲ့ ဦးဧရာအား KTR Co. Ltd မိသားစုမှလှူဒါန်းတဲ့ ငွေ ၁၀ သိန်းကို သွားရောက်အပ်နှံခဲ့တဲ့ မောင်သီ
ဟာသ သ ရုပ်ဆောင်ကြီး လူရွှင်တော် ဦးဧရာလို့ ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ ယခုဆိုရင် ဦးဧရာဟာ ကျန်းမာရေးမကောင်းတာကြောင့် အလုပ်ကနေ နားထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့ ဦးဧရာကတော့ စားဝတ်နေရေးသိပ်အဆင်မပြေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
စားဝတ်ေ နရေး သိပ်အဆင်မပြေတဲ့ ဦးဧရာဟာ ခါးခွဲစိတ်ထားရတာပဲ ဖြစ်ပါတယ်။ ထိုသို့ ခွဲစိတ်ခံထားရတဲ့ ဦးဧရာကို ကူညီထောက်ပံတဲ့ အနေနဲ့ KTR Co. Ltd မိသားစုမှ ငွေကျပ် ၁၀ သိန်းတိတိ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ KTR Co. Ltd မိသားစုမှ လှူဒါန်းခဲ့တဲ့ အလှူငွေတွေကို ဒါရိုက်တာ မောင်သီမှ လက်ခံခဲ့တာဖြစ်ပြီး ဦးဧရာရဲ့ လက်ထဲသို့ ပြန်လည် အပ်နှံခဲ့တာပဲ ဖြစ်ပါတယ်။
ဦးဧရာထံ အလှူငွေတွေ ပြန်လည်အပ်နှံပေးခဲ့တဲ့ ဒါရိုက်တာ မောင်သီကတော့ ” KTR Co. Ltd:, မိသားစုမှ ခါးခွဲစိတ်ထားသော လူရွှင်တော်ဧရာအား အလှူငွေဆယ်သိန်းကျပ် လှူဒါန်းပါသည်။ သာဓု သာဓု သာဓု ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
ခါးခွဲစိတ်ထားပြီး စားဝတ်နေရေး သိပ်အဆင်မပြေရှာတဲ့ လူရွှင်တော် ဦးဧရာကို အလှူငွေများဖြင့် လှူဒါန်းပေးခဲ့တဲ့ KTR Co. Ltd:, မိသားစု နဲ့ ပြန်လည် သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဒါရိုက်တာ မောင်သီတို့အတွက် ပရိသတ်ကြီးလည်း ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြမယ်လို့ ထင်ပါတယ်။ ခါးခွဲစိတ်ထားရတဲ့ ဦးဧရာအတွက် အမြန်နေကောင်း သက်သာ ပျောက်ကင်းသွားအောင် ဆုမွန်ကောင်းလေးတွေနဲ့ ဆုတောင်းပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။credit-momolay
ရိုးရိုးယဉ်ယဉ် အဖြူရောင်လေးဝတ်ပြီး ရွှေစက်တော်မှာ ဘုရားဖူးခဲ့တဲ့ သင်ဇာဝင့်ကျော်
ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ များစွာကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦးပါ။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်က ဒီနေ့မှာတော့ နာမည်ကြီး မြတ်စွာဘုရားရဲ့ ခြေတော်ရာ တည်ရှိတဲ့ မန်းရွှေစက်တော်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ရွှေစက်တော်ရောက် အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။
မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူတူ ဘုရားဖူးခဲ့ကြတဲ့ သင်ဇာဝင့်ကျော်နဲ့ ညီထွဋ်ခောင်
မိတ်ကပ်မပါပဲတောင်လှတဲ့ မမသင်ဇာ
ပရိသတ်တွေလဲ အေးချမ်းလွန်းလှတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို ကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ သင်ဇာ့ရဲ့ အခုပုံလေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Credit..momolay
Rowena
Source: Thin Zar Wint Kyaw’s fb
ဒူဘိုင်းကို ရောက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်
“ ဘဝမှာ ပထမဆုံးအကြိမ် သဲကန္တာရထဲခရီးသွားဖူးခြင်းပါပဲ Dubai က လောလောဆယ် အအေးဆုံး အချိန် ၂၀ ဒီဂရီ ကျော်မှာရှိနေတယ် နွေဆိုရင် ၅၀ ကျော်ပါတယ်တဲ့ Dubai အကြောင်းကို ပြီးမှဆက်ရေးပါဦးမယ် အခုတော့ ဦးညီထွဋ်လိုပဲ ကန္တာရခရီးသည်” ဆိုပြီး ဖေဖော်ဝါရီ (၆) ရက်နေ့က သူရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။
CRD-Duwun
UNICODE
ပထမဆုံးအကြိမ်သဲကန္တာရခရီးကို သွားဖြစ်နေတဲ့ စိုင်းစိုင်းတစ်ယောက်အရမ်းကို ပျော်နေပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာ ဒူဘိုင်းကို ရောက်နေပါတယ်။ သူ့ဘဝအတွက် သဲကန္တာရကို ပထမဆုံး အကြိမ် ရောက်ဖူးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ ဘဝမှာ ပထမဆုံးအကြိမ် သဲကန္တာရထဲခရီးသွားဖူးခြင်းပါပဲ Dubai က လောလောဆယ် အအေးဆုံး အချိန် ၂၀ ဒီဂရီ ကျော်မှာရှိနေတယ် နွေဆိုရင် ၅၀ ကျော်ပါတယ်တဲ့ Dubai အကြောင်းကို ပြီးမှဆက်ရေးပါဦးမယ် အခုတော့ ဦးညီထွဋ်လိုပဲ ကန္တာရခရီးသည်” ဆိုပြီး ဖေဖော်ဝါရီ (၆) ရက်နေ့က သူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ခရီးစဉ်လေးမှာ ဝန်ဆောင်မှု ကောင်းတဲ့ ခရီးသွား အေဂျင်စီနဲ့ တွေ့ခဲ့တာကြောင့် စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။ သူပျော်နေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ပေးထားပါသေးတယ်။
စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။
စိုင်းစိုင်းပါဝင်ထားတဲ့ “ကြာတော့သည်လည်းမောင့်စကား”ရုပ်ရှင်ဇာတ်ကား ကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျက်ရှိပြီး ပရိသတ်အားပေးမှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ယင်းဇာတ်ကားဟာ ဆရာမဂျူးရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးတာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Share From Global Myanmar Media
Unicode Font
ရွှေအိမ်စည်နဲ့ ဒေါ်စိုးယုဝေတို့ရဲ့ တတိယအကြိမ် အမှုရုံးချိန်း
Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အလှမယ် ရွှေအိမ်စည်ကို တရားစွဲဆိုထားပြီး ဒီအမှုရဲ့ တတိယအကြိမ်မြောက် ရုံးချိန်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ မင်္ဂလာတောင်ညွှန့် တရားရုံးမှာ ထပ်မံစစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ ဒေါ်စိုးယုဝေနဲ့ အလှမယ် ရွှေအိမ်စည်တို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။
“Hello Madam Co.,Ltd. ရဲ့ မန်နေးဂျင်း ဒါရိုက်တာနဲ့ Miss Universe Myanmar Organization ရဲ့ National Director ဒေါ်စိုးယုဝေက အလှမယ် ရွှေအိမ်စည်ကို လူမှုကွန်ရက် စာမျက်နှာ Facebook နဲ့ မီဒီယာများမှ တဆင့် လျော်ကြေးငွေ တောင်းခံမှု၊ သူမအား ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေ ဖျက်မှုတို့နဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ တရားရုံးမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ တရား စွဲဆိုခဲ့ပါတယ်”
“ဖေဖော်ဝါရီလ ၅ ရက်နေ့ ရုံးချိန်း တရားလိုဘက်မှ ဥပဒေအရာရှိ ကြီးကြပ်မှုဖြင့် အမှုလိုက်ပါ ဆောင်ရွက်ရန် ရှေ့နေများဖြစ်သော ဦးမောင်မောင်ထွန်းနှင့် ဒေါ်ခင်ခင်သိန်းတို့မှရှေ့နေကိုယ်စားလှယ် စာတင်၍ ခွင့်ပြုလက်ခံပြီး နှစ်ဖက်ရှေ့နေများမှ အမှုတွဲ လေ့လာရန် အကြောင်းပြကာ တရားလိုအား နောက်ရုံးချိန်တွင်မှစစ်ဆေးခွင့်ပြုရန် တောင်းဆိုသဖြင့် တရားသူကြီးမှ ခွင့်ပြုခဲ့ပါတယ်။ နောက်တပတ်ရုံးချိန်းက ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ သို့ ရွှေ့ဆိုင်း ချိန်းဆိုခဲ့ပါတယ်”လို့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးခင်ကျော်က ပြောပါတယ်။ဒါနဲ့ ပတ်သက်လို့ အလှမယ် ရွှေအိမ်စည်ကို ဆက်သွယ်မေးမြန်းရာမှာတော့ သူမအနေနဲ့ ဖြေဆို၍ မရသေးကြောင်း ပြောပါတယ်။
ရွှေအိမ်စည်ကိုတော့ Hello Madam Co.Ltd ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်စိုးယုဝေက ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေဖျက်မှုဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ရွှေအိမ်စည်ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးရဲ့ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်မွန်သူဇာခင်က သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့တယ်လို့ သိရပါတယ်။ ယခုအကြိမ်ကတော့ တတိယအကြိမ်မြောက် ရုံးချိန်း ဖြစ်ပါတယ်။
နှစ်ယောက်သားပျော်နေတဲ့ ကိုေ​ဒါင်းနဲ့ ရွှေကစ်တို့ရဲ့​ လိပ်​ပြာစံအိမ်​ရိုက်​ကွင်း​​ပေါ်က အမှတ်​တရ ဗီဒီယိုဖိုင်လေး
ပရိတ်သတ်ကြီးရေ ပြည်သူ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။
အနုပညာအလုပ်တွေကို သူမဆယ်ကျော်သက်အရွယ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဖြူဖွေးနုဖတ်တဲ့သူမအသားအရည်လေးနဲ့အပြစ်ပြောစရာမရှိတဲ့အလှအပတို့ကြောင့် ပရတ်သတ်တွေကြားမှာချစ်စရာကောင်မလေးတစ်ယောက်အဖြစ်ရေပန်းစားခဲ့ပါတယ်။ဝတ်မှုံရွှေရည်ကို ချစ်စနိုးနဲ့ ကစ်လို့ခေါ်ကြပြီး စိတ်သဘောထားလေးဖြူစင်သူမို့ လူချစ်လူခင်ကတော့ ပေါများပါတယ်။
မကြာသေးခင်က ရွှေကစ်နဲ့ဒေါင်းတို့ရဲ့ လိပ်ပြာစံအိမ်အထူးပြပွဲကိုအတူတက်ရောက်ခဲ့ကြပါတယ် လိပ်ပြာစံအိမ် အထူးပြပွဲမှာ ဒေါင်း က ရွှေကစ်လေးကို ကြည်တဲ့ အကြည့်လေေးတွကြောင့် ပရိသတ်တွေက စိတ်ဝင်စားလို့နေကြပါတယ်။ ပရိသတ်တွေထင်ကြေးပေးနေကြသလို့ ဒေါင်းကလဲ ဆက်ထင်ပါလို့ မီဒီယာတွေနဲ့ interview မှာပြောခဲ့ပါသေးတယ်။
ဒီတစ်ခါမှာ ဒေါင်းနဲ့ ရွှေကစ်တို့ဟာ ရှူတင်မစခင် နှစ်ယောက်သား ဗီဒီယိုလေးရိုက်တင်ခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာတော် ရွှေကစ်တို့နှစ်ယောက်ဟာအရမ်းကိုပျော်နေကြပါတယ်။ ပရိသတ်ကြီးအတွက် ရွှေကစ်တို့နှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ရွှေကစ်တို့နှစ်ယောက်ကိုချစ်ရင် Share ပေးသွားကြဦးနော်။credit-
Video ကြည့်ရန်
Rဇာနည် ဝမ်းကိုသွားခိုးတုန်းက တလွဲဖြစ်ရပ်တွေကိုပြောပြတဲ့ ကေညီ
ကေညီက Rဇာနည်တို့အတွဲနဲ့သံယောဇဉ်တွေကြီးမားပုံကို “သူတို့ ဘဝအစအချိန်ကတည်းက ကျွန်တော်ရှိခဲ့တယ်။ သူတို့နဲ့အတူညီအစ်ကိုမောင်နှမလိုသူငယ်ချင်းလိုကျွန်တော်နေခဲ့တယ်။ ယူပြီးသွားတော့လည်း ကျွန်တော်က တကယ့်ညီအစ်ကိုတွေလိုပဲ ဝမ်းဆိုလည်းကျွန်တော့်ညီမလိုပဲနေခဲ့တာ။
သူတို့နှစ်ယောက် ဂွတ္တလစ်မှာ ဘဝကိုစခါစလေးမှာ သူတို့ခရီးတွေသွားပြီဆိုရင် သီချင်းတွေသွားဆိုရင် ကျွန်တော့်ကို သော့တွေပေးခဲ့တာ။ကျွန်တော်ပဲသူတို့အိမ်ကိုစောင့်ရှောက်ပေးခဲ့တာ။အဲ့လိုမျိုးနေခဲ့တာပေါ့နော်”လို့ ပြောပြထားခဲ့ပါတယ်။
Rဇာနည်က ဝမ်းကိုသွားခိုးတုန်းက သူငယ်ချင်းတွေအတူလိုက်ကူညီပေးခဲ့ပြီးအဲဒီတုန်းကဖြစ်ခဲ့တဲ့အလွဲလေးတွေကိုလည်း “ဝမ်းကိုသွားခိုးတုန်းက အမှတ်တရကတော့ ကျွန်တော်တို့သူငယ်ချင်းတွေသွားကြတယ်။ မြို့ထဲမှာ အဲဒီတုန်းက နှစ်လမ်းမှာနေတယ်။တစ်ခေါက်သွားခိုးတာ အဆင်မပြေဘူး။
ဝမ်းအမေနဲ့ဝမ်းနဲ့က ဘုရားကပြန်လာတဲ့အချိန် လှေကားအတက်လေးမှာ ကျွန်တော်တို့က ကားနဲ့တစ်ခါတည်းဆွဲပြေးမယ်ဆိုပြီးလုပ်ကြတာ။ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီးမအောင်မြင်လိုက်ဘူးပေါ့နော်။ အဲဒီမှာ ကားထဲကို ပိုက်ဆံငါးသောင်းအုပ်တစ်အုပ်ကရောက်လာတာ ဘယ်သူ့ပိုက်ဆံလဲမေးတော့ ဘယ်သူု့ပိုက်ဆံမှမဟုတ်ဘူးဆိုတော့ သေချာသွားပြီ ဝမ်းအမေဆီကကျလာတဲ့ပိုက်ဆံပဲဖြစ်မယ်ဆိုပြီးတော့အဲဒီပိုက်ဆံကိုမုန့်ဝယ်စားကြတာ”လို့ ရယ်မောပြီးပြောပြထားပါတယ်။
Rဇာနည်နဲ့ ဝမ်းနဲ့က အရမ်းချစ်ကြပေမယ့် အရင်ကဆိုအရမ်းရန်ဖြစ်ကြတဲ့အကြောင်းကိုလည်း ကေညီက “သူတို့နှစ်ယောက်ကအရင်လိုမဟုတ်တော့ဘူး။ ကျွန်တော်တို့မျက်မြင်ပဲအရင်တုန်းက ရန်တအားဖြစ်ကြတယ်။ ရန်တအားဖြစ်တယ်ဆိုတာ သူများတွေလိုမဟုတ်ဘူး။ လက်တွေဘာတွေပါတာ။တရုတ်သိုင်းကားကြည့်နေရသလိုပဲ။ ဇာနည်ဆိုလည်းကိုယ့်ရှေ့မှာတင်တားလို့မရဘူး။ ဒါက ငယ်ရွယ်တဲ့စိတ်ပေါ့နော်။ဇာနည်ဆိုလည်း အခုက လေးဆယ်ထဲဝင်လာပြီိဆိုတော့ အရင်လိုမဟုတ်တော့ဘူး အရမ်းလိမ်မာသွားပြီ”လို့ ပြောပြထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ မင်္ဂလာသက်တမ်းဆယ့်ငါးနှစ်တိုင်ကျော်ဖြတ်ခဲ့ကြပြီးအခုထိအချစ်မပြယ်နိုင်သေးတဲ့ Rဇာနည်တို့ဇနီးမောင်နှံကိုအားကျကြလား။ Rဇာနည်ကြီး အခွေအသစ်ထွက်လာရင်ရောအားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။credit-ပြောချင်လွန်းလို့
အဖြူရောင် နတ်သမီးလေးတစ်ပါး မိုးပေါ်ကနေနတ်သက်ကြွေကျလာပြီး မှုံနေအောင်လှတဲ့ ဝတ်မှုံရွှေရည်
credit – myanmarload
Unicode
ပရိတ်သတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာဆိုရင် အနုပညာလောကမှာ ကျင်လည်ခဲ့တဲ့သက်တမ်းက ကြာမြင့်နေပြီဖြစ်လို့ အခုဆိုရင်တော့ အိုင်တင်အရမ်းကောင်းတဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်နေပါပြီနော်။ဝတ်မှုံရွှေရည်ကို ချစ်စနိုးနဲ့ ကစ် လို့ခေါ်ကြလို့ ပရိတ်သတ်တွေကပါ ရွှေကစ်လေးလို့လိုက်ခေါ်ကြတာဖြစ်ပါတယ်။ဖြူဖွေးနုဖတ်တဲ့အသားအရည်နဲ့ အရမ်းလှတဲ့မျက်နှာလေးတွေရှိလို့ မိန်းကလေးတိုင်းအားကျရတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ အများအပြားကို ရိုကကူးလာပြီး သူမပါဝင်တဲ့ဇာတ်ကားတွေဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှု့ကို ရရှိပါတယ်။ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်လို့ သူမရဲ့အိုင်တင်တွေကတော့ အံ့သြမှင်သက်စရာပါပဲနော်။ဝတ်မှုံရွှေရည်က အခုဆိုရင် အသက်၃၀အရွယ်ကို ရောက်ရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဆယ်ကျော်သက်လေးအတိုင်းအရမ်းကိုလှပနေဆဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်ဇာတ်ရုပ်တွေဆိုရင်လည်း ပီပြင်အောင်ရိုက်နိုင်သူမို့ သူမရဲ့အလှကတော့ နုဖတ်ပျိုမျစ်နေဆဲပါနော်။စကားပြောဟန်လေးတွေ အမူအရာလေးတွေက အရမ်းကို ဆွဲဆောင်မှုရှိတာမို့ ပုရိသတွေကြားမှာလည်း အရမ်းကိုရေပန်းစားပါတယ်။ဝတ်မှုံရွှေရည်က ပွဲအခမ်းအနားတွေတက်ရောက်ရင်လည်း အလှဆုံးလေးပြင်ဆင်ပြီးတက်ရောက်နေကျပါ။အခုဆိုရင်လည်း အဖြူရောင်နတ်သမီးလေးတစ်ယောက်အသွင်နဲ့ အရမ်းကိုလှပနေခဲ့ပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကြောင့် လူအများကြားထဲမှာထင်းနေတဲ့သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြလိုက်ပါတယ်။