တရုတ် မင်းသားလေး လို ချောလွန်း လို့ နာ မည်ကြီးနေတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေ
(Unicode Font)
ယောက်ျား ပီသ တဲ့ မျက်နှာကျနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး ပိုင်တံခွန်ကတော့ ရူပါဖြောင့်လွန်းတာမို့ နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က တရုတ်ဘုံကျောင်းတစ်ခုမှာ သွားရောက်ဆုတောင်းနေတဲ့ သူ့ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ တရုတ်ဝတ်စုံလေးနဲ့ အမွှေးတိုင်ပူဇော်နေတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေက အရမ်းကိုချောလွန်းတာမို့ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ကြည့်ကောင်းလွန်းလို့ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ တရုတ်လေး ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရှည်လျားတဲ့ ဆံနွယ်တွေကို တစ်ဝက်စည်းထားပြီး တရုတ်ဝတ်စုံလေးကို အထာကျကျဝတ်ဆင်ထားတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကြွေချင်စရာကောင်းနေတာပါနော်။
ပိုင်တံခွန်ကတော့ “ပရိတ်သတ်တွေအတွက်ပါ ဆုတောင်းခဲ့တယ် အများကြီး ” ဆိုပြီး တရုတ်ဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ပေါ်မှာတင်ထားတာပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တရုတ်မင်းသားချောလေးတွေလို ခန့်ညားနေတဲ့ ပိုင်တံခွန်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။credit-momolay
G Fatt နဲ့ ရွှေထူးမတည့်ကြဘူးဆိုတဲ့ ကောလာဟလကို ဖြေရှင်းလိုက်တဲ့ အဆိုတော် G Fatt
ပရိသတ်တွေရဲ့ အချစ်တော်လေး ကွီးgfattကတော့ ပရိသတ်တွေရဲ့ အသည်းကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲအဆိုတော်တစ်ယောက်ဖြစ်တဲ့ ကွီးgfattကတော့ ယခုမှာ နန်းစုနဲ့ ချစ်သူတွေဖြစ်နေကြပြီဖြစ်ပါတယ်။
ရွှေထူးကလဲ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်နေတဲ့အနုပညာရှင် အဆိုတော်တစ်ယောက်လဲဖြစ်ပါတယ်။ ရွှေထူးကတော့မကြာသေးခင်ကပဲ မင်းသမီးလေး ရွှေမှုံရတီနဲ့လက်ထက်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။
G Fatt က ဒီတစ်ခါမှာတော့ G fatt နဲ့ ရွှေထူးမတည့်ကြဘူးဆိုတဲ့ ကောလဟာလတွေကိုပြောပြလာခဲ့ပါတယ်။ G Fatt ” ကျွန်တော်နဲ့ ကိုရွှေထူးနဲ့က မတွေ့ဖြစ်ကြတာပဲရှိတယ်။ သူလည်း သူ့အလုပ်နဲ့သူ၊ ကိုယ်လည်းကိုယ့်အလုပ်တွေနဲ့ ရှုပ်နေတဲ့အခါကျတော့.မတွေ့ဖြစ်ကျဘူး ပွဲတွေမှာဆိုရင်တော့ရံဖန်ရံခါတွေ့ဖြစ်တယ်။ တွေ့ဖြစ်ရင် စကားတွေဘာတွေပြောကြတယ် အေးဆေးပါပဲဗျ ” ဆိုပြီးဖြေရှင်းခဲ့ပါတယ်။ G Fatt ရဲ့ interview ဗီဒီယိုဖိုင်လေးကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်
Video Source : PopularJournal
Share From swelsonenews
မဖြစ်မနေကြည့်ဖူးထားသင့်တဲ့ ၀တ်မှုံရွှေရည်ရဲ့ အကောင်းဆုံးဇာတ်ကား(၄)ကား
လက်ရှိ ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့ မြန်မာ့ရုပ်ရှင်မင်းသမီးတွေထဲမှာ ၀တ်မှုံရွှေရည်လည်းအပါအ၀င်ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ရွှေကစ်လို့ ခေါ်ကြတဲ့သူမဟာ (၂၀၀၅)ခုနှစ်မှာ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပြီး Kanebo, Hometex … စတဲ့ကြော်ငြာပေါင်းများစွာနဲ့ အတူ လူသိများကျော်ကြားလာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ (၂၀၀၈)ခုနှစ်ဝန်းကျင်မှာ ဇာတ်ကားတွေစတင်လက်ခံရိုက်ကူးခဲ့ပြီး အခုအချိန်မှာတော့ ဇာတ်ကားပေါင်းရာချီပြီး ရိုက်ကူးထားခဲ့ပြီဖြစ်ပါတယ်။ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(၂)ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိပြီးဖြစ်တဲ့ သူမဟာ ပရဟိတအကျိုးပြုလုပ်ငန်းတွေမှာလည်း ပရိသတ်တွေနဲ့ အတူ အားတက်သရောပါဝင်လုပ်ဆောင်လေ့ရှိတာကိုလည်း တွေ့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ ၀တ်မှုံရွှေရည်ရဲ့ ပရိသတ်တွေအတွက် အခုဖော်ပြပေးချင်တာကတော့ သူမသရုပ်ဆောင်ခဲ့သမျှ ဇာတ်ကားတွေအားလုံးထဲမှာ အကောင်းဆုံးလို့ ဆိုရမယ့် ဇာတ်ကား(၄)ကားဖြစ်ပါတယ်။ ပရိသတ်ကြီးရဲ့ အကြိုက်နဲ့ ထပ်တူကျရဲ့ လားဆိုတာ အခုပဲကြည့်လိုက်ရအောင် …
(၁) နင်စေရင် …
ဝတ်မှုံရွှေရည်ကို မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေ လက်ခံအားပေးလာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားကတော့ “နင်စေရင်”ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး ပြေတီဦး၊ ၀တ်မှုံရွှေရည်နဲ့ မင်းဦးတို့ က အဓိကပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် ပိုက်ဆံရှာဖို့ မိမိဘ၀ကို လူချမ်းသာတစ်ယောက်ဆီမှာ စတေးခဲ့ရတဲ့ ကောင်မလေးတစ်ယောက်အဖြစ် အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ၀တ်မှုံရွှေရည်ဟာ နင်စေရင်ဇာတ်ကားနဲ့ ပဲ (၂၀၁၃)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ်အနေနဲ့ ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကတော့ ကြည့်ဖူးထားသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (နင်စေရင်ဇာတ်ကားရိုက်ကူးပြီးစဉ်က အဆိုပါဇာတ်ကားဟာ သူမရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေထဲမှာ အပင်ပန်းဆုံးဇာတ်ကားကြီးဖြစ်တယ်လို့ လည်း ၀တ်မှုံရွှေရည်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါသေးတယ်)
(၂) မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်
ဝတ်မှုံရွှေရည်ကို Villain ဆန်ဆန်ဇာတ်ကောင်အနေနဲ့ ပထမဆုံးမြင်တွေ့ ရမယ့်ဇာတ်ကားကတော့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်” ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ် ဇာတ်ကားကိုတော့ ဒါရိုက်တာ မလိခစိုးထိုက်အောင်က ရိုက်ကူးပုံဖော်ထားပြီး လူမင်း၊ ၀တ်မှုံရွှေရည်နဲ့ သွန်းဆက်တို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ငယ်စဉ်တည်းက မိဘတွေဆုံးပါးသွားခဲ့တာကြောင့် ဦးလေးမိသားစုနဲ့ အတူ နေခဲ့ရပြီး ညီမ၀မ်းကွဲရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံလာရတဲ့နောက်ပိုင်းမှာ ညီမဖြစ်သူရဲ့ ချစ်သူကိုမှ စွဲလမ်းမိတဲ့ကောင်မလေးအဖြစ် ၀တ်မှုံရွှေရည်က အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ဗီလိန်ဆန်ဆန်သရုပ်ဆောင်ကွက်တွေနဲ့ ညီမဖြစ်သူကို လက်စားချေတဲ့ဇာတ်ဝင်ခန်းတွေဟာ အသက်ဝင်လွန်းခဲ့တာကြောင့် အဆိုပါဇာတ်ကားသာ ရုပ်ရှင်ကားကြီးဖြစ်ခဲ့မယ်ဆိုရင် ၀တ်မှုံရွှေရည်တစ်ယောက် အကယ်ဒမီဆု ပြေးမလွတ်ဘူးလို့ လည်း ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။
(၃) ချစ်လှစွာသော အမုန်း
“ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ (၂၀၁၆)ခုနှစ်အတွင်းမှာ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေရင်ထဲကို လှုပ်ခပ်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ထားပြီး ၀ါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ သက်မွန်မြင့်နဲ့ ဝတ်မှုံရွှေရည်တို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လူချမ်းသာတစ်ယောက်ရဲ့ မတရားစော်ကားမှုကိုခံခဲ့ရပြီးနောက် အဆိုပါလူချမ်းသာရဲ့ အိမ်ကို လိုက်နေရဖို့အကြောင်းဖန်လာခဲ့တဲ့ အမုန်းဆိုတဲ့ မိဘမဲ့ကောင်မလေးနေရာကို မျက်ရည်ကျလောက်ဖွယ် acting တွေနဲ့ အပီပြင်ဆုံး drama ချိုးနိုင်ခဲ့တဲ့ ၀တ်မှုံရွှေရည်ဟာ အကယ်ဒမီဆုကိုတော့ လွဲချော်သွားခဲ့ရတာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ၀မ်းနည်းကြေကွဲရတဲ့နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါတယ်။
(၄) ရန်သူ
မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် ဇာတ်ကားမှာလို ၀တ်မှုံရွှေရည်ကို ဗီလိန်ဆန်ဆန်ဇာတ်ကောင်မျိုးနဲ့ ပြန်လည်မြင်တွေ့ ရမှာကတော့ မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “ရန်သူ”ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ရန်သူဇာတ်ကားကို ဒါရိုက်တာမီးပွားက ရိုက်ကူးပုံဖော်ထားပြီး နေမင်း၊ ၀တ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရန်သူဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ ရန်သူဇာတ်ကားထဲမှာ ၀တ်မှုံရွှေရည်ဟာ tomboy ဇာတ်ကောင်ရော၊ မိန်းမလှလေးတစ်ယောက်အနေနဲ့ ပါ ရိုက်ကူးထားတာဖြစ်ပြီး ပီပြင်လွန်းတဲ့ သူမရဲ့ acting တွေကြောင့်ပဲ လာမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိမယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပြီဖြစ်ပါတယ်။
ကဲ၊ အခုဆိုရင် ၀တ်မှုံရွှေရည်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း အားရကျေနပ်လောက်ပြီလို့ ထင်ပါတယ်နော်။ အနုပညာဝမ်းစာပြည့်နေပြီဖြစ်တဲ့ မင်းသမီးလေး ၀တ်မှုံရွှေရည်ဟာ အခုလတ်တလောမှာလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေတာတွေ့ ရပြီး သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း အဆက်မပြတ်ဆိုသလို ရုံတင်ပြသနေတာကိုတွေ့ ရပါတယ်။ ရွှေကစ်လေးကို ချစ်ကြတဲ့ ပရိသတ်ကြီးကလည်း like & share လုပ်ဖို့ မမေ့နဲ့ ဦးနော်၊ အချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။
Credit..momolay
Douglas
Unicode Font
ချစ်သူများနေ့မှာ ကောင်းပြည့်ဆီက ဘာတစ်ခုမှ မရဘူး လို့ပြောလာတဲ့ သန္တာဗိုလ်
ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ စုံတွဲလေးကတော့ ပရိသတ်တွေ အားကျရလောက်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။ နှစ်ဦးသား စုံတွဲပုံတွေ သိပ်တင်လေ့မရှိပေမဲ့ အင်တာဗျူးတွေမှာတော့ အချစ်ရေးအကြောင်း စုံစုံလင်လင် ဖြေကြားပေးပါတယ်။
သန္တာဗိုလ်ကတော့ tik tok ဗီဒီယိုလေးတွေ တင်လေ့ရှိပြီး ဖေ့စ်ဘွတ် သိပ်မသုံးတဲ့ ချစ်သူ ကောင်းပြည့်ကိုပါ တွဲခေါ်လေ့ ရှိပါတယ်။သရုပ်ဆောင် ကောင်းပြည့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ ဖေ့စ်ဘွတ်ပေါ်က ပရိသတ်တွေ အချိန်နဲ့ တပြေးညီ သိရှိရတာ နည်းပါတယ်။ Valentine’s Day နီးလာချိန်မှာတော့ သန္တာဗိုလ်က Ro မဆန်တဲ့ ချစ်သူအကြောင်း အင်တာဗျူးက တဆင့် ခုလိုမျိုး ဖြေကြားခဲ့ပါတယ်။
“Surprise အကြီးကြီး လုပ်ထားတယ်တဲ့။ နောက်နေတာ။ နှစ်တိုင်းဘာမှ မရဘူး။ ချောကလက်လည်း မရဘူး။ ပန်းစည်းလည်း မရဘူး။ အခု ၇ နှစ် ပြည့်တော့မယ်။ တစ်ခါမှ မရဘူးတာ။ အရင်တုန်းကတော့ မျှော်လင့်တာပေါ့။ Valentine’s Day ဆိုရင် အင်္ကျ ီဆင်တူတွေ ဝတ်ပြီး ငါ့ချစ်သူကတော့ ပန်းစည်းတွေ ပေးတော့မလား။ ချောကလက်တွေ ပေးတော့မလား ရင်ခုန်တာပေါ့။ သူကတော့ ဘာမှကို စိတ်မဝင်စားတာ။ ချောကလက်တွေ ပန်းစည်းတွေ သူများတွေ ပေးနေကြတယ် ဆိုတော့ အဲ့နေ့မှ စားရတာလားတဲ့။ ကျန်တဲ့နေ့တွေလည်း တစ်ချိန်လုံး ပေးနေလို့ ရတယ် ပြောတယ်။ သူက မ Ro တတ်တာပေါ့။ ဒီနှစ်ကတော့ အရင်နှစ်တွေလိုပဲ မုန့်သွားစားမယ်။ အင်္ကျ ီဆင်တူဝတ်ပြီး လျှောက်သွားတာလည်း မရှိခဲ့ဘူး။ အရင်တုန်းက ကသိကအောက်တော့ ဖြစ်တယ်။ ကလေးစိတ်နဲ့ မို့လို့လား မသိဘူး။ အခုတော့ မမျှော်လင့်တော့ဘူး အဲ့ဒါတွေ ။ ကိုယ့်ရည်းစားက ကိုယ့်ကို ချစ်နေရင် ရပြီ။” လို့ ဆိုပါတယ်။လက်ဆောင်သာ ရခဲ့မယ်ဆိုရင် အလိုချင်ဆုံး အရာကိုလည်း သန္တာဗိုလ်က ခုလို ပြောကြားသွားပါတယ်။
“မုန့်ပန်းစည်း လိုချင်ပါတယ်။ အခုနောက်ပိုင်း အစားအသောက် သောင်းကျန်းနေတာ ဆိုတော့ ဒေါ်လာတွေနဲ့ ပန်းစည်းက သူမွေးနေ့တုန်းက လုပ်ပေးပြီးသွားပြီ။ အခုဟာက မုန့်ပန်းစည်းပေါ့။ ပန်းစည်း မဟုတ်ရင်တောင် မုန့်တွေ အများကြီး အိမ်ကို လာပို့ပေးတာ ကြိုက်တယ်။” ဆိုပြီး ပြောသွားပါတယ်။ဝလာတဲ့ ချစ်သူကို အစားလျှော့ဖို့ အကြောင်းလည်း သန္တာဗိုလ်က ခုလို ပြောသွားပါတယ်။“ညီမလည်း တောက်လျှောက် ပြောနေတာ။ အစားလျှော့ပါဆိုပြီး။ သူက အစားသောင်းကျန်းတယ်။ သူ့ကြောင့်ပဲ ညီမလည်း လိုက်စားရင်း ဝလာတာ။ သူက ဖေ့စ်ဘွတ် သိပ်မသုံးတော့ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေလည်း မသိရဘူး။ ပရိသတ်နဲ့လည်း နည်းနည်း အဆက်ပြတ်နေသလို ဖြစ်သွားတာကို နားလည်ပေးပါ။” လို့ ဆိုပါတယ်။ပရိသတ်ကြီးကရော ချစ်သူများနေ့မှာ ကောင်မလေးအတွက် ဘာတွေ စီစဉ်ပေးမှာလဲ။
ပိုလှလာချင်တဲ့အတွက် ပိုက်ဆံအကုန်ခံပြီး မျက်နှာကိုပြုပြင်ထားတယ်ဆိုတဲ့ ရွှေပိုးအိမ်
မြန်မာဆန်ဆန် ၀တ်စုံလေးတွေ ၀တ်လေ့ရှိတဲ့ရွှေပိုးအိမ်က သူမရဲ့ ပထမဆုံး ခွဲစိတ်ပြုပြင်မှုတစ်ခုအနေနဲ့ရော ပိုလှချင်လာတဲ့အတွက်ရော ပိုက်ဆံ အကုန်ခံပြီး မျက်နှာကို ပြုပြင်ထားသလို ခွဲစိတ်ဖို့ ပိုက်ဆံက အရေးကြီးတယ် လို့ ရွှေပိုးအိမ်က ပြောလာပါတယ်။
မြန်မာနိုင်ငံမှာ ပလက်စတစ်ဆာဂျရီ ခွဲစိတ်ပြုပြင်မှုတွေကို အားလုံးက လက်ခံလာကြပြီးတော့ အနုပညာရှင် တော်တော်များများကလည်း ပြုလုပ်လာကြတာကြောင့် သရုပ်ဆောင် ရွှေပိုးအိမ်က ယခုထက်ပိုပြီး လှချင်လာတဲ့အတွက် အခုလိုပြုပြင်ဖြစ်ခဲ့ကြောင်းကို ”ရွှေပိုး မျက်နှာမှာ ကြွက်သားတွေက ပါးစောင်းမှာရှိနေတော့ ပါးရိုးကို Botox ထိုးထားတယ်။ နှုတ်ခမ်းကလည်း နည်းနည်း သေးတော့ Lip Filler ထိုးထားတယ်။ ကိုယ်က မိန်းကလေးဆိုတော့ လှချင်တယ်လေ။ အဲဒီတော့ ပိုများလှမလား ဆိုတဲ့စိတ်နဲ့ ပိုက်ဆံအကုန်ခံပြီးတော့ လုပ်ကြည့်တာပါ” ဆိုပြီး ပြန်လည်ဖြေဆိုခဲ့ပါတယ်။
သရုပ်ဆောင် ရွှေပိုးအိမ်က ပလက်စတစ်ဆာဂျရီ ခွဲစိတ်ပြုပြင်တာတွေကို အားပေးလက်ခံသူတစ်ယောက် ဖြစ်ပြီး အရေးကြီးဆုံးအချက်ကတော့ အရှားပါးဆုံးဖြစ်နေတဲ့ ငွေဖြစ်ပြီး ပိုက်ဆံရှာရတာကလည်း အရမ်းခက်တယ်လို့ ပြောပါတယ်။ သရုပ်ဆောင် ရွှေပိုးအိမ်ဟာဆိုရင်တော့ ၂၀၁၁ ခုနှစ်တုန်းက မာန်ထက်ချီ သရုပ်ဆောင်သစ်ရွေးချယ်ပွဲတစ်ခုကနေ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
Credit-အကုန်သိ
Share From welovecele
အသဲလေးနုနု မချစ်စဖူး အချစ်ဦးလေးမို့ စိုးလွန်းလို့ပါ သီချင်းလေးနဲ့ ဗီဒီယိုဖိုင်လေးတင်လိုက်တဲ့ ဒေါင်း
မကြာသေးခင်ကပဲပရိသတ်တွေအတွက် ပုဂံမြို့သူ ဇာတ်လမ်းတွဲ နဲ့ ဖမ်းစားခဲ့တဲ့ အပြင် အခြားအနုပညာလှုပ်ရှားမှုတွေကိုပါ ခပ်စိပ်စပ်ဆောင်ရွက်လာခဲ့တဲ့အတွက် ဒေါင်းကို ပရိသတ်တွေက အကြိုက်တွေ့နေကြပါတယ်။ သရုပ်ဆောင်ချက်တွေ ၊ ဆွဲငင်မှုရှိတဲ့ အပြုံးတွေ နဲ့ ပရိသတ်တွေကို ကိုင်လှုပ်နိုင်တဲ့ ဒေါင်းတစ်ယောက် က တော့ သူ့ရဲ့ညှို့ငင်နိုင်တဲ့စွမ်းအားရှိကြောင်း ကိုယ်တိုင်အလင်းပြလိုက်တာပဲဖြစ်ပါတယ်။
မိန်းကလေးတွေပါးစပ်ဖျားမှာ နာမည်ကြီးရေပန်းစားနေတဲ့ ရုပ်ရှင်မင်းသားဒေါင်းဟာ သူရဲ့ပထမဆုံးသော ရုပ်ရှင်ဖြစ်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင် Press Show မှာ သူရဲ့ အမှတ်တရအဖြစ် Video လေးလုပ်ပြီး Page ကနေမှတဆင့်ပြန်တင်ထားခဲ့ပါတယ်။သူရဲ့ ဒီ video လေးမှာ အချစ်တော်လေး ရွှေကစ်ရဲ့ ချစ်စရာကောင်းသော အမူရာလေးတွေ ပါဝင်တာကိုလဲ တွေရမှာဖြစ်ပါတယ်။
လိပ်ပြာစံအိပ်ပရက်ရှိုးပွဲမှာ အမိအရရိုက်ကူးထားတဲ့ ဒေါင်းရဲ့ ဗီဒီယိုလေးကို ချစ်သူဆွဲအား သီချင်းလေးနဲ့ ဗီဒီယိုလေးတစ်ခုပြုလုပ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။ ပြုံးလိုက်တိုင်း မိန်းကလေးတွေကြွေဆင်းသွားစေမယ့် ဟန်ပန်လေးတွေနဲ့ အရမ်းကို ခန့်ညားနေတာဖြစ်လို့ နှုတ်ခမ်းနီမလေးတွေ သည်းသည်လှုတ်ဖြစ်နေရခြင်းလည်းဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက်ဒေါင်းရဲ့ညှို့ငင်အားတွေ အပြည့်ပါတဲ့ ဒီဗီဒီယိုလေးကို အခုပဲမျှဝေပေးလိုက်ပြီနော် ။
Video ကြည့်ရန်
Video Source : Daung
Share From swelsonenews
ကြည့်ရှုသူ ပရိသတ်တွေကို ပါ မျက်ရည်ကျစေ ခဲ့ တဲ့ အောင်ရဲလင်းနဲ့ မေမြင့်မိုရ်တို့ရဲ့ အသစ်စက်စက် MTV တစ်ပုဒ်
(Unicode)
မင်း သားချော အောင်ရဲလင်း နဲ့ မင်းသမီးလေး မေမြင့်မိုရ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်း MTV လေးတစ်ပုဒ်ကတော့ ပရိသတ်တွေကြားမှာအရမ်းကိုရေပန်းစားအောင်မြင်နေတာတွေ့ရပါတယ်။အလွမ်း၊အဆွေးရသတွေကိုအပြည့်အဝခံစားနားဆင်ရမယ့်ဒီသီချင်းဗီဒီယိုလေးကတော့အထူးသဖြင့်ချစ်သူအပေါ်ပေးဆပ်ချစ်နဲ့ချစ်နေတတ်တဲ့မိန်းကလေးပရိသတ်တွေရဲ့ နှလုံးသားကို တိုက်ရိုက်ထိမှန်စေခဲ့တာ ဖြစ်ပါတယ်။
“လွမ်းဖို့တောင် မထိုက်တန်သူ” လို့ အမည်ပေးထားတဲ့ သီချင်းလေးကိုတော့တေးရေးကောင်းကောင်းကရေးစပ်ပေးထားပြီး အဆိုတော်CHOTကသီဆိုထားတာဖြစ်ပါတယ်။ထိရှကြေကွဲစေမယ့်စာသားလေးတွေနဲ့ဖန်တီးထားတဲ့ဒီသီချင်းဗီဒီယိုလေးမှာတော့ သရုပ်ဆောင်တွေအဖြစ် အောင်ရဲလင်း၊ မေမြင့်မိုရ်နဲ့ ခိုင်သဇင်ငုဝါတို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်တော့ အမှန်တကယ်ကို အကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
ဒါ့အပြင် “တကယ်တမ်းတော့ ငါဟာနင့်အတွက်တော့ လွမ်းဖို့တောင် မထိုက်တန်ခဲ့သူပါ “ဆိုပြီးမိန်းကလေးပရိသတ်တွေကို မျက်ရည်ကျစေခဲ့တဲ့သီချင်းကောင်းလေးတစ်ပုဒ်ဆိုလည်းမမှားပါဘူး။အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူပရိသတ်တွေရဲ့ရင်ထဲထိရောက်စေခဲ့တဲ့ဒီသီချင်းလေးကတော့ခဏလေးအတွင်းမှာတင်ကြည့်ရှုသူများပြားခဲ့တာတွေ့ရပါတယ်။ကဲချစ်ပရိသတ်တွေအတွက်အောင်ရဲလင်းနဲ့မေမြင့်မိုရ်တို့ပါဝင်သရုပ်ဆောင်ထားတဲ့အသစ်စက်စက်MTVလေးကိုအောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။
Source:CHO T CRD-Myanmarload
သမီးလေး နဲ့ပတ်သက်ပြီး မိဘ (၂) ပါးအ တူ ဆုံဖြစ် တဲ့နေ့တွေကို ပြောပြလာတဲ့ ချမ်းချမ်း
(Unicode Version)
အဆိုတော် ချမ်းချမ်း နဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ နှစ်ဦးဟာ တရားဝင်ကွာရှင်း ပြတ်စဲထားပြီး သူတို့ရဲ့ သမီးဖြစ်သူ မြမိုးဂင်္ဂါနဲ့ ပတ်သက်တဲ့ ပျော်ပွဲရွှင်ပွဲများ ၊ အမှတ်တရနေ့များမှာ မိဘများအနေနဲ့ အတူတကွဆုံပြီး ပါဝင်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။
“သမီးလေးမွေးနေ့ ၂၃ ရက်နေ့ က ပေါက်ခေါင်းမှာ ပွဲသွားဆိုနေတော့ သမီးအတွက် သေချာ မလုပ်ပေးလိုက်ရဘူး။ ပြန်လာတော့ သူ့အဖေနဲ့ အမေ နှစ်ယောက်နဲ့ပေါင်းပြီး လုပ်ချင်တယ်ပေါ့။ သူ့ရဲ့ ၅ နှစ်ပြည့်မှာ အမှတ်တရပေါ့။ ကျမတို့ ဘယ်သူမှ မခေါ်ပါဘူး။ သူ့အဖေကို ခေါ်လိုက်တယ်။ ကျောင်းသွားကြိုပြီးတော့ ဘတ်ဒေးကိတ်ဝယ်ပြီး တနေရာရာမှာ လုပ်လိုက်တယ်။ ပြီးတော့ သူ့အဖေက ပြန်သွားတယ်။ သမီးအတွက် အမှတ်တရတော့ ဖြစ်သွားတာပေါ့”
“ကျမတို့ နှစ်ယောက် ခံယူချက်ကတော့ ပွဲတွေ ကပွဲတွေ၊ သမီးအတွက် ပျော်ပွဲရွှင်ပွဲတွေဆိုရင်တော့ နှစ်ယောက်စလုံး တက်ပြီးတော့ ပါဝင်ဖို့ ဆုံးဖြတ်ပြီးသားပဲ။ အဆင်ပြေပါတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။သမီးဖြစ်သူကတော့ အသက် ၅ နှစ်ပြည့်သွားပြီဖြစ်ပြီး အနေအေးကာ ဘာသာတရားလည်း ကိုင်းရှိုင်းပြီး နှစ်ဖက်မိဘများက ဘာသာ မတူကြပေမယ့် အဘိုးအဘွားတွေကတော့ မျှတအောင် ထားတယ်လို့ ပြောပါတယ်။
“သမီးလေးက အေးတယ်။ ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ သူ့အဘိုးတွေ အဘွားတွေကလည်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာ သင်ပေးတယ်။ ကျမအဖေဆိုလည်း သူ့ကို ဘုရားကျောင်းခေါ်သွားပြီး ဘုရားသခင်အကြောင်းတွေ ရှင်းပြတယ်။ ကျမတို့က မျှတအောင်ထားပါတယ်။ အခုချိန်မှာ အကောင်းဆုံးပဲ။ သူလိုချင်တဲ့ ဘဝပုံစံ မဟုတ်ပေမယ့်လည်း သူ့အဖေဘက်ကကြည့်ရင်လည်း အကောင်းဆုံးထားတယ်ပေါ့”
“ကျမဘက်က ကြည့်ရင်လည်း အကောင်းဆုံး ဂရုစိုက်တယ်ပေါ့။ အဲဒီလိုမျိုးက ကောင်းပါတယ်။ အတူတူနေလည်း တယောက်နဲ့ တယောက်က အချိန်မပေးနိုင်ဘူးလေ။ ဒီလိုမျိုးက ပိုအဆင်ပြေပါတယ်” လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။အခုလက်ရှိ သမီးလေးနဲ့ နှစ်ယောက်တည်းဘဝကိုတော့ ပျော်ရွှင်နေပြီး မြမိုးဂင်္ဂါကို ဖခင်ဖြစ်သူ ဘုဏ်းသိုက်နဲ့ တွေ့ပေးတဲ့ အခါမျိုးမှာလည်း လိုက်သွားပြီးတွေ့ဖြစ်တယ်လို့ သိရပါတယ်။
“ကျမ အခုအဆင်ပြေတယ်။ ကျမသမီးနဲ့ ကျမနဲ့လည်းပျော်တယ်။ တခါတလေ သူ့အဖေအိမ် လိုက်သွားတယ်။ ကျမက ပြဿနာ မရှိပါဘူး။ နေသားလည်းကျနေပြီဆိုတော့ ကျမဘဝ တော်တော်လေးကို အဆင်ပြေပါတယ်” လို့ အဆိုတော် ချမ်းချမ်းကပြောပါတယ်။လက်ရှိမှာလည်း ချမ်းချမ်းက သမီးလေးကိုထိန်းကျောင်းရင်း သူ့ရဲ့ ပရိသတ်အတွက် သီချင်းများကိုလည်း အဆက်မပြတ် သီဆိုဖျော်ဖြေပေးနေပြီး မကြာသေးမီရက်ပိုင်းကလည်း သီချင်းအသစ် တပုဒ်ကို အွန်လိုင်းမှာ တင်ပေးထားသေးတယ်လို့ သိရပါတယ်။
“ကိုယ်က အခွေထွက်ချင်ပေမယ့် အခွေထွက်ဖို့ပိုက်ဆံက ခိုးကူးကြောင့် ပထမထုတ်ထားတဲ့ အခွေတွေက ပိုက်ဆံပြန်မရဘူး။ အဲဒါကြောင့် ပွဲတွေဆိုပြီး ပြန်ရင်းရတယ်ဆိုတော့ နည်းနည်းတော့ လည်ပတ်မှုကကြာတာပေါ့။ ဘာပဲပြောပြော အနုပညာအလုပ်က ကိုယ့်ပရိသတ်က ကိုယ့်ကိုအားပေးပြီး ပရိသတ်က ကြိုက်ရင်ပျော်နေတယ်”
“အသက်ရှင်ရတာ တန်ပါတယ်။ ကျမက လောလောဆယ်မှာတော့ Tour တွေပဲ များပါတယ်။ အမေရိကား Tour သွားဖို့ ရှိတယ်။ ဇွန် ၊ ဇူလိုင်မှာ သွားဖို့ စီစဉ်ထားတယ်။ သေချာရင်တော့ အနီးကပ်ရင် ပြန်ပြောပါမယ်”လို့ ချမ်းချမ်းက ပြောပါတယ်။
Credit-ဧရာဝတီလိုက်ဖ်စတိုင်
Source;Eaint Treasure
ရုပ်သံကြည့်ရန်အောက်တွင်ဖော်ပြပေးလိုက်ပါတယ်
Unicode
သူမကြိုက်တဲ့ အင်္ဂလိပ်သီချင်းလေးကို ဆွဲဆောင်မှုရှိတဲ့ အသံလေးနဲ့ နားဝင်ချိုအောင် ဆိုပြသွားတဲ့ အိမ့်ထရေသျှာ ရဲ့ ဗီဒီယို
ဆွဲဆောင်မှုရှိတဲ့ မော်ဒယ်မလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အိမ့်ထရေသျှာ ကတော့ တက်သစ်စမော်ဒယ်မလေးအဖြစ် အောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
ပရိသတ်တွေသိကြတဲ့ အတိုင်း သူမရဲ့ အခက်ခဲဆုံးသောအချိန်တွေကို စိတ်ဓာတ်ခိုင်မာစွာနဲ့ ရင်ဆိုင်ခဲ့ပြီးနောက် ပရိသတ်တွေရှေ့ကို ပြန်လည် ရောက်ရှိလာတဲ့ အိမ့်ထရေသျှာကို မြင်တွေ့ရမှာပါ။
လတ်တလောမှာဆိုရင် ဓာတ်ပုံမော်ဒယ် အဖြစ်သာမက ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးလျက်ရှိပြီး သူမရဲ့ ဘဝကို အသစ်ကနေတစ်ဖန် ပြန်လည်ကြိုးစားပြီးအကောင်းဆုံး ရပ်တည်နေတာကို မြင်တွေ့ရမှာပါ။
ယခုဆိုရင် ပညာရေးမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်တဲ့ အိမ့်ထရေသျှာက သူမရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ကြိုးစားနေသူတစ်ယောက်ပါ။
အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ အိမ့်ထရေသျှာဘက်ကနေ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရပ်တည်ပေးနေတဲ့ ပရိသတ်တွေကြောင့် သူမအကောင်းဆုံးကြိုးစားနေခဲ့တာကို မြင်တွေ့ရမှာပါ။
ယခုတစ်ခါမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ယခင်ကလိုပဲ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတဲ့ အိမ့်ထရေသျှာက သူမရဲ့ အကြိုက်ဆုံးသီချင်းလေးကို အသံချိုချိုလေးနဲ့ ဆိုပြထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။ ။
Source;Eaint Treasure
ရုပ်သံကြည့်ရန်
အိန္ဒြာကျော် ဇင် Pride Of Myanmar Award ကို ရ ရှိခဲ့ တဲ့ အကြောင်းရင်း
Miss Christmas Miss Cokkine Winnerဆုအပြင် Fashion ဆုများအပါဝင်အလှပဆိုင်ရာဆုတွေများစွာကိုရရှိထား တဲ့အမျိုးသမီးလည်းဖြစ်ပါတယ်။အတွေ့အကြုံရှိတဲ့ပန်းချီဆရာမတစ်ဦးဖြစ်တဲ့အပြင်ခက်ခဲလွန်းလှတဲ့စောင်းတူရိယာကိုလည်း တီးခတ်နိုင်တဲ့၊ အမျိုးသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး ။ ပရဟိတအဖြစ် ခင်ပွန်းဖြစ်သူနဲ့အတူ ဖောင်ဒေးရှင်း ထောင်ထားပြီး၊ဖောင်ဒေးရှင်းရဲ့_ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့အပြင်၊လိုအပ်တဲ့နေရာတိုင်းမှာတက်နိုင်တဲ့အစိတ်အပိုင်းများစွာကနေ အမြဲကူညီလှူဒါန်းနေတဲ့အမျိုးသမီးလည်း ဖြစ်ပါတယ် ။
(Unicode Font)
2018 Pride Of Myanmar [ စံပြအမျိူ းသမီးဆု] Entertainment Award ကို အိန္ဒြာကျော်ဇင်ကထိုက်ထိုက်တန် တန် ရရှိခဲ့ပါတယ်။ဆုရွေးချယ်ရေးအသေးစိတ်ကိုမသိပေမယ့်နယ်ပယ်အသီးသီးကထူးချွန်တဲ့ပုဂ္ဂိုလ်တွေကိုပညာရှင်ကြီးများစွာကပထမဦးစွာရွေးချယ်ပြီးnominationစာရင်းထုတ်ခဲ့ကြတာပါ။ဖျော်ဖြေရေးကဏ္ဍအနေနဲ့ဆို၂၀၁၈ခုနှစ်ရဲ့အအောင်မြင်ဆုံး တစ်နှစ်တာ လွှမ်းမိုးမှုအရှိဆုံးကို အူဝဲကရရှိခဲ့ပါတယ် ။
ပထမဆုံးအနေ နဲ့အူဝဲကရုပ်ရှင်သက်တမ်းနှစ်(၂၀)ကျော်/ဆယ်စုနှစ်နှစ်ခုအတွင်းမှာအောင်မြင်မှုကျမသွားပဲထိပ်တန်းခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ရပ်တည်နိုင်တဲ့တစ်ဦးတည်းသောမင်းသမီးဖြစ်ပါတယ်။ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကိုပထမဆုံးတက်ရောက် ခွင့်ရခဲ့တဲ့ မြန်မာအမျိူ းသမီး လည်းဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရုပ်ရှင်သဝဏ်လွှာကိုပထမဆုံးဖတ်ကြား ခွင့်ရခဲ့တဲ့အပြင်၂ကြိမ်တိုင်တိုင်လည်းဖတ်ခွင့်ရခဲ့တဲ့အမျိူးသမီးလည်းဖြစ်ပါတယ်။အနောက်နိုင်ငံတွင်ပထမဆုံးရိုက်ကူးသောမြန်မာ့ရုပ်ရှင်ကားကြီးဖြစ်တဲ့အတိတ်ရဲ့အရိပ်ဇာတ်ကားတွင်ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့ပြီး၊engsubဖြင့်internationalထိ ပြသခဲ့တဲ့ရုပ်ရှင်မှာလည်းပါဝင်ခဲ့ပါတယ်။
Miss Christmas Miss Cokkine Winnerဆုအပြင် Fashion ဆုများအပါဝင်အလှပဆိုင်ရာဆုတွေများစွာကိုရရှိထား တဲ့အမျိူးသမီးလည်းဖြစ်ပါတယ်။အတွေ့အကြုံရှိတဲ့ပန်းချီဆရာမတစ်ဦးဖြစ်တဲ့အပြင်ခက်ခဲလွန်းလှတဲ့စောင်းတူရိယာကိုလည်း တီးခတ်နိုင်တဲ့၊ အမျိူ းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး ။ ပရဟိတအဖြစ် ခင်ပွန်းဖြစ်သူနဲ့အတူ ဖောင်ဒေးရှင်း ထောင်ထားပြီး၊ဖောင်ဒေးရှင်းရဲ့_ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့အပြင်၊လိုအပ်တဲ့နေရာတိုင်းမှာတက်နိုင်တဲ့အစိတ်အပိုင်းများစွာကနေ အမြဲကူညီလှူဒါန်းနေတဲ့အမျိူ းသမီးလည်း ဖြစ်ပါတယ် ။
၂၀၁၅ခုနှစ်တွင်အကျော်ကြားဆုံးပုဂ္ဂိုလ်များစားရင်းတွင်လည်းအိန္ဒြာကျော်ဇင်ပါဝင်ခဲ့ပါတယ်။ဒုတိယအနေနဲ့လက်ရှိထိပ်တန်းအောင်မြင်နေတဲ့ အကယ်ဒမီ မင်းသမီးတွေအပါအဝင် နယ်ပယ်အသီးသီးကအနုပညာရှင်နဲ့အမျိူးသမီးအများစုရဲ့လေးစား အတုယူစရာအမျိူးသမီးအဖြစ်စံထားခြင်းခံရသူဖြစ်ပါတယ်။အလွယ်ပြောရရင်တက်သစ်စ၁ဝယောက်မှာ၈ယောက်လောက်ကအိန္ဒြာကျော်ဇင်ကိုမကြိုက်တဲ့သူမရှ်ိသလောက်ပါပဲ။ဒါကြောင့်အူဝဲဟာဒီဆုကိုထိုက်တန်စွာရရှိခဲ့ပြီးအနုပညာလောကအတွက် ဂုဏ်ယူစရာဆုတံဆိပ်ကိုရရှိခဲ့တာဖြစ်ပါတယ် ။
Source : Pathy Pathy (We Love Eaindra Kyaw Zin )CRD-Molly (CeleGabar)