အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကှို ကျေးဇူးအထူးတင်ရှိပါတယ်။ ။
From-momolay
ရုပ်သံကြည့်ရန်အောက်တွင်ဖော်ပြပေးလိုက်ပါတယ်
Source;Ba wa’s fb
Unicode
မြင့်မြတ်အတွက် “​ဟျောင်​့ ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေး ရေးပေးခဲ့တဲ့ ဘဝ
The Voice Myanmar Season 1 မှာ သီဆိုယှဉ်ပြိုင်ရင်း ပရိသတ်တွေ သတိထားမိလာခဲ့တဲ့ ဘဝက အခုလက်ရှိမှာလဲ သူကိုယ်တိုင် သီချင်းတွေရေးပြီး သီဆိုနေပြီ ဖြစ်ပါတယ်။
The Voice Myanmar မှာ ဘဝသီဆိုခဲ့တဲ့ ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ် သီချင်းကို Raggae ပုံစံနဲ့ သီဆိုခဲ့တာကလဲ ပရိသတ်တွေကြားမှာ တော်တော်ကြီး ရေပန်းစားခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာ ဘဝက သူအရမ်းကြိုက်တဲ့ Idol ဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် မြင့်မြတ်အတွက် သူကိုယ်တိုင် သီချင်းလေးတစ်ပုဒ်ရေးပြီး သီဆိုပေးခဲ့ပါတယ်။ သီချင်းလေး နာမည်က “ဟျောင့် ဒုက္ခပါပဲကွာ” လို့ အမည်ရပါတယ်။
ဘဝက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကျွန်တော်က ကိုမြင်​့မြတ်​ရဲ ့ FAN အစစ်​ ဆိုလည်​း လုံးဝ ​နောင်​ဘဝထိဆိုလည်​း မမှားဘူးဗျာ ။သူ သရုပ်​​ဆောင်​တာ​လေးကြည်​့ပြီး ​ကြွေပြီး သီချင်​း​ရေးမိခဲ့တယ်​ ကိုမြင်​့မြတ်​​နေရာက​နေ ဝင်​ပြီး နားသာဆင်​ကြည်​့​ပေ​တော့ဗျာ” ဆိုပြာပြောထားပါတယ်။
ဘဝရေးဆိုတီးထားတဲ့ “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေးကို ခံစားနားဆင်ပေးကြပါဦးနော်။
ပရိသတ်တွေလဲ ဘဝ သီဆိုထားတဲ့ “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဒီသီချင်းလေးကိုကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော။
အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုှ ကျေးဇူးအထူးတင်ရှိပါတယ်။ ။
From-momolay
ရုပ််သံကြည့်ရန်
Source;Ba wa’s fb
ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုံတို့ ရဲ့ သုံးပွင့်ဆိုင် အချစ် ကို ကြည့်ရှုရမယ့် “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲ
ပ ရိသတ်တွေ ချစ်ကြ တဲ့ မင်းသားချောလေး ဒေါင်းက အခုချိန်မှာတော့ အောင်မြင်တဲ့ မင်းသားတစ်လက် အဖြစ် ရပ်တည်နေပြီ ပဲဖြစ်ပါတယ်။ ဒေါင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကလဲ အရင်ကထက် စိတ်လာပြီး ပရိသတ်တွေကို အမျိုးမျိုးတင်ဆက်ပေးနေတာကိုလဲ တွေ့ရပါတယ်။ ဒေါင်းကို အားပေးလက်ခံကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့အနယ်နယ်မှာ အခိုင်အမာနဲ့ ရှိကြပြီး ဒေါင်းက အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်နေပြီ ဖြစ်ပါတယ်။
ဒေါင်းရဲ့ အနုပညာလုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက မကြာခင်မှာပဲ ကမာရွတ်မီဒီယာနှင့် အချစ်ဖြင့်လွမ်းစေ Official Page များမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက စာရေးဆရာမကြီး နုနုရည် အင်းဝ ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရိုက်ကူးထားတာလို့ သိရပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်ကရိုက်ကူးခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုန်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ပရိသတ်တွေအတွက် “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းမှ ဒေါင်းပြောတဲ့ အမှတ်တရတွေကို တင်ပြပေးလိုက်ပါတယ်နော်။
“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲမှာ ဒေါင်းကို ပရိသတ်တွေ တွေ့ဖူးနေကျမဟုတ်တဲ့ ပုံစံမျိုးကို တွေ့ရဦးမှာပါ။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲက အခု ဖေဖော်ဝါရီလအတွင်း ပြသတော့မှာမို့ ဆက်လက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
လရဲ့အောက်ဘက်မိုင်အဝေးမှာ ဒေါ်ခင်သန့်စင် ဇာတ်ကောင်အတွက် ထင်ကြေးပေးခံနေရတဲ့မင်းသမီးများ
လူမူကွန်ရက်မှာ ပရိသတ်တွေ စိတ်ဝင်စားမူများနေကြတဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာ ဝတ္ထုအတွက် ဇာတ်ဆောင်တွေဟာ ဘယ်သူတွေဖြစ်မလဲဆိုတာ စာရေးဆရာဂျူးရဲ့ ပရိသတ်တွေ အကုန်စောင့်မျှော်နေကြပါတယ်။
လရဲ့အောက်ဘက်မိုင်အဝေးမှာ ဝတ္ထုဟာ စာဖတ်သူတွေရင်ထဲကို ထိရောက်စေတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ပုံဖော်ဖန်တီးနိုင်ဖိုအကောင်းဆုံး ဝတ္ထု ဘဲဖြစ်ပါတယ်.။
သိဒ္ဓိနဲ့ ဒီပါ ဆိုတဲ့ ညီအစ်ကို နှစ်ယောက်…
သားနှစ်ယောက်ကို ကောင်းစွာ ကြပ်မတ်အုပ်ချုပ်နိုင်တဲ့
မိခင် ဒေါ်ခင်သန့်စင်…
လမ်းထိပ် ခဏသွားမို့ ဆိုပြီး ထွက်သွားတဲ့ ဆယ်တန်းကျောင်းသား ဒီပါတစ်ယောက် အိမ်ပြန်ရောက်မလာတဲ့အခါ…
ဒီပါ အိမ်ကဘာကြောင့် ထွက်သွားတာလဲ?
ဒီပါ့ကို ဘယ်လိုပြန်ရှာမှာလဲ?
ရှေ့နေ နဲ့ ဘယ်လိုတွေဆုံမလဲ..?
ဒီပါအိမ်ပြန်ရောက်လာအာင် ကြိုးပမ်းနိုင်ပါ့မလား?
ညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို
ပုံဖော်ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။
ဒီဝတ္ထုအတွက် ပထမဆုံးဇာတ်ကောင်ဖြစ်တဲ့ နေရောင်ခန့်နေရာမှာတော့ မင်းသားဒေါင်းက သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံလိုက်ရပြီဘဲဖြစ်ပါတယ်။ မင်းသားဒေါင်းက ရှေ့နေ နေရောင်ခန့်ဇာတ်ကောင်နဲ့ လုံးဝလိုက်ဖက်တယ်လို့ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကို ရရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့ ရင်ခုန်ကမှာကတော့ ဒီပါနဲ့သိဒ္ဒိ တို့နှစ်ယောက်ရဲ့ မေမေဖြစ်တဲ့ ဒေါ်ခင်သန့်စင် ဆိုတဲ့ အဓိက ဇာတ်ကောင်ဟာ ဘယ်သူနဲ့များလိုက်ဖက်မလဲဆိုတာ အပြိုင်ဆိုင် ထင်ကြေးပေးနေရပါတယ်။ နေရောင်ခန့်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်အဖြစ် ထင်ကြေးပေးခံရတဲ့သူတွေကတော့
အိန္ဒြာကျော်ဇင်
ဟုတ်ပါတယ် အူဝဲဟာ ဒီနှစ်မှာ ရုပ်ရှင်ကားကြီးသုံးကားကို လက်ခံထားတယ်ဆိုတာသိရပြီး ပရိသတ်တွေကို အကောင်းဆုံး Character နဲ့ ချပြတော့မှာဆိုတော့ ဒီရုပ်ရှင်အတွက် အူဝဲဟာ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ပြောကြပါတယ်။
မိုးဟေကို
အနုပညာလောကကို တဖန်ခြေလှမ်းပြီး အကောင်းဆုံး ဇာတ်ကောင်တွေကိုသာတွေမြင်နိုင်မယ့် မမမိုးကလဲ ဒီ ဒေါ်ခင်သန့်စင်နေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။ မိုးဟေကို က ပပဝတီစီရင်ခန်းရုပ်ရှင်မှာလဲပါဝင်ခဲ့ပြီး 2019 မှာ ရုံတင်သွားမှာပါ။
စိုးမြတ်နန္ဒာ
အမခြေရာအတိုင်း သရုပ်ဆောင်မှာလဲ မခေသူ ဖြစ်ပြီး ဒီ ဒေါ်ခင်သန့်စင် ဇာတ်ကောင်နေရာမှာဆိုရင် စိုးမြတ်နန္ဒာက သေချာပေါက် သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ခိုင်သင်းကြည်
ခုချိန်ထိ လှပနုပျိုဆဲဖြစ်ပြီး မင်းသမီးငယ်လေးတွေနဲ့အပြိုင်သရုပ်ဆောင်နိုင်သလို ဒေါ်ခင်သန့်စင် အမေဇာတ်ကောင်နေရာမှာဆိုရင်လည်း လုံးဝလိုက်ဖက်လိမ့်မယ်ထင်ပါတယ်။
စာဖတ်ပရိသတ်တွေ သိကြမှာပါ ဒီ ဝတ္ထုမှာ ဘယ်သူက ဒေါ်ခင်သန့်စင်နေရာနဲ့ လိုက်ဖက်နေမယ်ဆိုတာကိုပေါ့
မဖြစ်မနေကြည့်ဖူးထားသင့်တဲ့ ၀တ်မှုံရွှေရည်ရဲ့ အကောင်းဆုံးဇာတ်ကား(၄)ကား
လက်ရှိ ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့ မြန်မာ့ရုပ်ရှင်မင်းသမီးတွေထဲမှာ ၀တ်မှုံရွှေရည်လည်းအပါအ၀င်ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ရွှေကစ်လို့ ခေါ်ကြတဲ့သူမဟာ (၂၀၀၅)ခုနှစ်မှာ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပြီး Kanebo, Hometex … စတဲ့ကြော်ငြာပေါင်းများစွာနဲ့ အတူ လူသိများကျော်ကြားလာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ (၂၀၀၈)ခုနှစ်ဝန်းကျင်မှာ ဇာတ်ကားတွေစတင်လက်ခံရိုက်ကူးခဲ့ပြီး အခုအချိန်မှာတော့ ဇာတ်ကားပေါင်းရာချီပြီး ရိုက်ကူးထားခဲ့ပြီဖြစ်ပါတယ်။ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(၂)ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိပြီးဖြစ်တဲ့ သူမဟာ ပရဟိတအကျိုးပြုလုပ်ငန်းတွေမှာလည်း ပရိသတ်တွေနဲ့ အတူ အားတက်သရောပါဝင်လုပ်ဆောင်လေ့ရှိတာကိုလည်း တွေ့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ ၀တ်မှုံရွှေရည်ရဲ့ ပရိသတ်တွေအတွက် အခုဖော်ပြပေးချင်တာကတော့ သူမသရုပ်ဆောင်ခဲ့သမျှ ဇာတ်ကားတွေအားလုံးထဲမှာ အကောင်းဆုံးလို့ ဆိုရမယ့် ဇာတ်ကား(၄)ကားဖြစ်ပါတယ်။ ပရိသတ်ကြီးရဲ့ အကြိုက်နဲ့ ထပ်တူကျရဲ့ လားဆိုတာ အခုပဲကြည့်လိုက်ရအောင် …
(၁) နင်စေရင် …
ဝတ်မှုံရွှေရည်ကို မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေ လက်ခံအားပေးလာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားကတော့ “နင်စေရင်”ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး ပြေတီဦး၊ ၀တ်မှုံရွှေရည်နဲ့ မင်းဦးတို့ က အဓိကပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် ပိုက်ဆံရှာဖို့ မိမိဘ၀ကို လူချမ်းသာတစ်ယောက်ဆီမှာ စတေးခဲ့ရတဲ့ ကောင်မလေးတစ်ယောက်အဖြစ် အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ၀တ်မှုံရွှေရည်ဟာ နင်စေရင်ဇာတ်ကားနဲ့ ပဲ (၂၀၁၃)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ်အနေနဲ့ ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကတော့ ကြည့်ဖူးထားသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (နင်စေရင်ဇာတ်ကားရိုက်ကူးပြီးစဉ်က အဆိုပါဇာတ်ကားဟာ သူမရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေထဲမှာ အပင်ပန်းဆုံးဇာတ်ကားကြီးဖြစ်တယ်လို့ လည်း ၀တ်မှုံရွှေရည်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါသေးတယ်)
(၂) မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်
ဝတ်မှုံရွှေရည်ကို Villain ဆန်ဆန်ဇာတ်ကောင်အနေနဲ့ ပထမဆုံးမြင်တွေ့ ရမယ့်ဇာတ်ကားကတော့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်” ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ် ဇာတ်ကားကိုတော့ ဒါရိုက်တာ မလိခစိုးထိုက်အောင်က ရိုက်ကူးပုံဖော်ထားပြီး လူမင်း၊ ၀တ်မှုံရွှေရည်နဲ့ သွန်းဆက်တို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ငယ်စဉ်တည်းက မိဘတွေဆုံးပါးသွားခဲ့တာကြောင့် ဦးလေးမိသားစုနဲ့ အတူ နေခဲ့ရပြီး ညီမ၀မ်းကွဲရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံလာရတဲ့နောက်ပိုင်းမှာ ညီမဖြစ်သူရဲ့ ချစ်သူကိုမှ စွဲလမ်းမိတဲ့ကောင်မလေးအဖြစ် ၀တ်မှုံရွှေရည်က အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ဗီလိန်ဆန်ဆန်သရုပ်ဆောင်ကွက်တွေနဲ့ ညီမဖြစ်သူကို လက်စားချေတဲ့ဇာတ်ဝင်ခန်းတွေဟာ အသက်ဝင်လွန်းခဲ့တာကြောင့် အဆိုပါဇာတ်ကားသာ ရုပ်ရှင်ကားကြီးဖြစ်ခဲ့မယ်ဆိုရင် ၀တ်မှုံရွှေရည်တစ်ယောက် အကယ်ဒမီဆု ပြေးမလွတ်ဘူးလို့ လည်း ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။
(၃) ချစ်လှစွာသော အမုန်း
“ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ (၂၀၁၆)ခုနှစ်အတွင်းမှာ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေရင်ထဲကို လှုပ်ခပ်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ထားပြီး ၀ါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ သက်မွန်မြင့်နဲ့ ဝတ်မှုံရွှေရည်တို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လူချမ်းသာတစ်ယောက်ရဲ့ မတရားစော်ကားမှုကိုခံခဲ့ရပြီးနောက် အဆိုပါလူချမ်းသာရဲ့ အိမ်ကို လိုက်နေရဖို့အကြောင်းဖန်လာခဲ့တဲ့ အမုန်းဆိုတဲ့ မိဘမဲ့ကောင်မလေးနေရာကို မျက်ရည်ကျလောက်ဖွယ် acting တွေနဲ့ အပီပြင်ဆုံး drama ချိုးနိုင်ခဲ့တဲ့ ၀တ်မှုံရွှေရည်ဟာ အကယ်ဒမီဆုကိုတော့ လွဲချော်သွားခဲ့ရတာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ၀မ်းနည်းကြေကွဲရတဲ့နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါတယ်။
(၄) ရန်သူ
မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် ဇာတ်ကားမှာလို ၀တ်မှုံရွှေရည်ကို ဗီလိန်ဆန်ဆန်ဇာတ်ကောင်မျိုးနဲ့ ပြန်လည်မြင်တွေ့ ရမှာကတော့ မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “ရန်သူ”ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ရန်သူဇာတ်ကားကို ဒါရိုက်တာမီးပွားက ရိုက်ကူးပုံဖော်ထားပြီး နေမင်း၊ ၀တ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရန်သူဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ ရန်သူဇာတ်ကားထဲမှာ ၀တ်မှုံရွှေရည်ဟာ tomboy ဇာတ်ကောင်ရော၊ မိန်းမလှလေးတစ်ယောက်အနေနဲ့ ပါ ရိုက်ကူးထားတာဖြစ်ပြီး ပီပြင်လွန်းတဲ့ သူမရဲ့ acting တွေကြောင့်ပဲ လာမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိမယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပြီဖြစ်ပါတယ်။
ကဲ၊ အခုဆိုရင် ၀တ်မှုံရွှေရည်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း အားရကျေနပ်လောက်ပြီလို့ ထင်ပါတယ်နော်။ အနုပညာဝမ်းစာပြည့်နေပြီဖြစ်တဲ့ မင်းသမီးလေး ၀တ်မှုံရွှေရည်ဟာ အခုလတ်တလောမှာလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေတာတွေ့ ရပြီး သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း အဆက်မပြတ်ဆိုသလို ရုံတင်ပြသနေတာကိုတွေ့ ရပါတယ်။ ရွှေကစ်လေးကို ချစ်ကြတဲ့ ပရိသတ်ကြီးကလည်း like & share လုပ်ဖို့ မမေ့နဲ့ ဦးနော်၊ အချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။
Credit..momolay
Douglas
အသဲလေးနုနု မချစ်စဖူး အချစ်ဦးလေးမို့ စိုးလွန်းလို့ပါ သီချင်းလေးနဲ့ ဗီဒီယိုဖိုင်လေးတင်လိုက်တဲ့ ဒေါင်း
မကြာသေးခင်ကပဲပရိသတ်တွေအတွက် ပုဂံမြို့သူ ဇာတ်လမ်းတွဲ နဲ့ ဖမ်းစားခဲ့တဲ့ အပြင် အခြားအနုပညာလှုပ်ရှားမှုတွေကိုပါ ခပ်စိပ်စပ်ဆောင်ရွက်လာခဲ့တဲ့အတွက် ဒေါင်းကို ပရိသတ်တွေက အကြိုက်တွေ့နေကြပါတယ်။ သရုပ်ဆောင်ချက်တွေ ၊ ဆွဲငင်မှုရှိတဲ့ အပြုံးတွေ နဲ့ ပရိသတ်တွေကို ကိုင်လှုပ်နိုင်တဲ့ ဒေါင်းတစ်ယောက် က တော့ သူ့ရဲ့ညှို့ငင်နိုင်တဲ့စွမ်းအားရှိကြောင်း ကိုယ်တိုင်အလင်းပြလိုက်တာပဲဖြစ်ပါတယ်။
မိန်းကလေးတွေပါးစပ်ဖျားမှာ နာမည်ကြီးရေပန်းစားနေတဲ့ ရုပ်ရှင်မင်းသားဒေါင်းဟာ သူရဲ့ပထမဆုံးသော ရုပ်ရှင်ဖြစ်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင် Press Show မှာ သူရဲ့ အမှတ်တရအဖြစ် Video လေးလုပ်ပြီး Page ကနေမှတဆင့်ပြန်တင်ထားခဲ့ပါတယ်။သူရဲ့ ဒီ video လေးမှာ အချစ်တော်လေး ရွှေကစ်ရဲ့ ချစ်စရာကောင်းသော အမူရာလေးတွေ ပါဝင်တာကိုလဲ တွေရမှာဖြစ်ပါတယ်။
လိပ်ပြာစံအိပ်ပရက်ရှိုးပွဲမှာ အမိအရရိုက်ကူးထားတဲ့ ဒေါင်းရဲ့ ဗီဒီယိုလေးကို ချစ်သူဆွဲအား သီချင်းလေးနဲ့ ဗီဒီယိုလေးတစ်ခုပြုလုပ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။ ပြုံးလိုက်တိုင်း မိန်းကလေးတွေကြွေဆင်းသွားစေမယ့် ဟန်ပန်လေးတွေနဲ့ အရမ်းကို ခန့်ညားနေတာဖြစ်လို့ နှုတ်ခမ်းနီမလေးတွေ သည်းသည်လှုတ်ဖြစ်နေရခြင်းလည်းဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက်ဒေါင်းရဲ့ညှို့ငင်အားတွေ အပြည့်ပါတဲ့ ဒီဗီဒီယိုလေးကို အခုပဲမျှဝေပေးလိုက်ပြီနော် ။
Video ကြည့်ရန်
Video Source : Daung
Share From swelsonenews
ကြည့်ရှုသူ ပရိသတ်တွေကို ပါ မျက်ရည်ကျစေ ခဲ့ တဲ့ အောင်ရဲလင်းနဲ့ မေမြင့်မိုရ်တို့ရဲ့ အသစ်စက်စက် MTV တစ်ပုဒ်
(Unicode)
မင်း သားချော အောင်ရဲလင်း နဲ့ မင်းသမီးလေး မေမြင့်မိုရ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်း MTV လေးတစ်ပုဒ်ကတော့ ပရိသတ်တွေကြားမှာအရမ်းကိုရေပန်းစားအောင်မြင်နေတာတွေ့ရပါတယ်။အလွမ်း၊အဆွေးရသတွေကိုအပြည့်အဝခံစားနားဆင်ရမယ့်ဒီသီချင်းဗီဒီယိုလေးကတော့အထူးသဖြင့်ချစ်သူအပေါ်ပေးဆပ်ချစ်နဲ့ချစ်နေတတ်တဲ့မိန်းကလေးပရိသတ်တွေရဲ့ နှလုံးသားကို တိုက်ရိုက်ထိမှန်စေခဲ့တာ ဖြစ်ပါတယ်။
“လွမ်းဖို့တောင် မထိုက်တန်သူ” လို့ အမည်ပေးထားတဲ့ သီချင်းလေးကိုတော့တေးရေးကောင်းကောင်းကရေးစပ်ပေးထားပြီး အဆိုတော်CHOTကသီဆိုထားတာဖြစ်ပါတယ်။ထိရှကြေကွဲစေမယ့်စာသားလေးတွေနဲ့ဖန်တီးထားတဲ့ဒီသီချင်းဗီဒီယိုလေးမှာတော့ သရုပ်ဆောင်တွေအဖြစ် အောင်ရဲလင်း၊ မေမြင့်မိုရ်နဲ့ ခိုင်သဇင်ငုဝါတို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်တော့ အမှန်တကယ်ကို အကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
ဒါ့အပြင် “တကယ်တမ်းတော့ ငါဟာနင့်အတွက်တော့ လွမ်းဖို့တောင် မထိုက်တန်ခဲ့သူပါ “ဆိုပြီးမိန်းကလေးပရိသတ်တွေကို မျက်ရည်ကျစေခဲ့တဲ့သီချင်းကောင်းလေးတစ်ပုဒ်ဆိုလည်းမမှားပါဘူး။အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူပရိသတ်တွေရဲ့ရင်ထဲထိရောက်စေခဲ့တဲ့ဒီသီချင်းလေးကတော့ခဏလေးအတွင်းမှာတင်ကြည့်ရှုသူများပြားခဲ့တာတွေ့ရပါတယ်။ကဲချစ်ပရိသတ်တွေအတွက်အောင်ရဲလင်းနဲ့မေမြင့်မိုရ်တို့ပါဝင်သရုပ်ဆောင်ထားတဲ့အသစ်စက်စက်MTVလေးကိုအောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။
Source:CHO T CRD-Myanmarload
Source;Eaint Treasure
ရုပ်သံကြည့်ရန်အောက်တွင်ဖော်ပြပေးလိုက်ပါတယ်
Unicode
သူမကြိုက်တဲ့ အင်္ဂလိပ်သီချင်းလေးကို ဆွဲဆောင်မှုရှိတဲ့ အသံလေးနဲ့ နားဝင်ချိုအောင် ဆိုပြသွားတဲ့ အိမ့်ထရေသျှာ ရဲ့ ဗီဒီယို
ဆွဲဆောင်မှုရှိတဲ့ မော်ဒယ်မလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အိမ့်ထရေသျှာ ကတော့ တက်သစ်စမော်ဒယ်မလေးအဖြစ် အောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
ပရိသတ်တွေသိကြတဲ့ အတိုင်း သူမရဲ့ အခက်ခဲဆုံးသောအချိန်တွေကို စိတ်ဓာတ်ခိုင်မာစွာနဲ့ ရင်ဆိုင်ခဲ့ပြီးနောက် ပရိသတ်တွေရှေ့ကို ပြန်လည် ရောက်ရှိလာတဲ့ အိမ့်ထရေသျှာကို မြင်တွေ့ရမှာပါ။
လတ်တလောမှာဆိုရင် ဓာတ်ပုံမော်ဒယ် အဖြစ်သာမက ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးလျက်ရှိပြီး သူမရဲ့ ဘဝကို အသစ်ကနေတစ်ဖန် ပြန်လည်ကြိုးစားပြီးအကောင်းဆုံး ရပ်တည်နေတာကို မြင်တွေ့ရမှာပါ။
ယခုဆိုရင် ပညာရေးမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်တဲ့ အိမ့်ထရေသျှာက သူမရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ကြိုးစားနေသူတစ်ယောက်ပါ။
အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ အိမ့်ထရေသျှာဘက်ကနေ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရပ်တည်ပေးနေတဲ့ ပရိသတ်တွေကြောင့် သူမအကောင်းဆုံးကြိုးစားနေခဲ့တာကို မြင်တွေ့ရမှာပါ။
ယခုတစ်ခါမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ယခင်ကလိုပဲ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတဲ့ အိမ့်ထရေသျှာက သူမရဲ့ အကြိုက်ဆုံးသီချင်းလေးကို အသံချိုချိုလေးနဲ့ ဆိုပြထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။ ။
Source;Eaint Treasure
ရုပ်သံကြည့်ရန်
ဇာတ်ကွက်မကျန်တော့ပေမယ့် ၃ လလောက်ပြသချိန်ကျန်နေသေးတဲ့ ဂင်္ဂါ
ပရိသတ်ကြီးရေ ဇာတ်လမ်းပြသနေတာ အချိန်အတော်ကြာမြင့်နေပြီဖြစ်တဲ့ “မုဆိုးမလေး မဂင်္ဂါ” ဇာတ်လမ်းတွဲကလည်း TV ကြည့်ပရိသတ်တွေကို ဆွဲဆောင်မှုကောင်းကောင်းပြုလုပ်ထားနိုင်ပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၈ နာရီခွဲအချိန်မှာ ကြည့်ရှုသူပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီဇာတ်လမ်းရဲ့ ပြသမှုဟာ အပိုင်း ၅၃၀ ကျော်အထိသာ ရှိနေသေးတာပါ။
ဒီဇာတ်လမ်းရဲ့ စုစုပေါင်းဇာတ်လမ်းအပိုင်းဆက်ကတော့ ၅၉၀ ကျော်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိပြသနေတဲ့အချိန်ဇယားအရဆိုရင် “မုဆိုးမလေး မဂင်္ဂါ” ဇာတ်လမ်းတွဲပြီးဆုံးဖို့အတွက် နောက်ထပ် ၃ လလောက်စောင့်ဆိုင်းရဦးမှာပါ။
မိုမိုလေးပရိသတ်ကြီးရေ တကယ်တော့ ဒီဇာတ်လမ်းတွဲက ဇာတ်သိမ်းခန်းကိုရောက်ရှိနေပါပြီ။ ဂင်္ဂါနဲ့ ရှိဗ်နဲ့ လက်ထပ်ပြီးကြပြီဆိုရင် ဒီဇာတ်လမ်းတွဲက ဇာတ်သိမ်းနေပါပြီ။ ဒါပေမယ့်လည်း အိန္ဒိယဇာတ်လမ်းတွဲတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းရိုက်ကူးမှုမှာ ရိုက်ကွက်တွေမျိုးမျိုးနဲ့ ဇာတ်လမ်းပြသချိန်တွေကြာမြင်နေဦးမှာပါ။
မိုမိုလေးပရိသတ်ကြီးရေ လက်ရှိဇာတ်မသိမ်းမီမှာတော့ ဂင်္ဂါတစ်ယောက် ရှိဗ်အပေါ်အထင်လွဲမှုတွေနဲ့အတူ နှစ်ဦးသားဘယ်လိုမျိုးအဆင်မပြေတဲ့ ဆက်ဆံရေးတွေဆက်ရှိနေဦးမယ်ဆိုတာကို ကြည့်ရှုရမှာပါ။ ဒါပေမယ့်လည်း ဇာတ်လမ်းရဲ့အရှိန်ကတော့ အရင်ကလောက်အကောင်းဆုံးအခြေအနေမှာရှိမနေတော့တာတော့ အမှန်ပါပဲနော်။
မိုမိုလေးပရိသတ်ကြီးရေ လက်ရှိအချိန်မှာ ဂင်္ဂါဇာတ်လမ်းတွဲ ဘယ်လိုတွေဆက်ဖြစ်ဦးမယ်ဆိုတာကိုရော အရင်ကတော့ စိတ်ဝင်စားသူတွေရှိသေးရဲ့လား။ ကျန်ရှိနေတဲ့ဇာတ်လမ်းပိုင်းမှာတော့ ရှိဗ်ရဲ့မိသားစုဝင်တွေအကောက်ကြံမှုတွေကို ဂင်္ဂါတစ်ယောက်ဘယ်လိုမျိုးဖြေရှင်းပေးဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားဆက်ကြည့်ရဦးမှာပါနော်။ မိုမိုလေးပရိသတ်ကြီးကရော ဂင်္ဂါဇာတ်လမ်းတွဲကို ဆက်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
HM (မိုမိုလေး)
Credit-Nanmalgyi
Unicode
Like Stars On Earth ရုပ်ရှင်ရဲ့ လူသိနည်းတဲ့အချက်များ
၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အိန္ဒိယဒရာမာဇာတ်ကား Taare Zameen Par သို့ Like Stars On Earth ဟာ နာမည်ကျော်မင်းသား Aamir Khan ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ပညာပေး ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားမှာ Aamir Khan ဟာ စာရေးစာဖတ်ရခက်ခဲတဲ့ Dyslexia ဝေဒနာသည် အနုပညာပါရမီရှင် ကလေးငယ်လေး Ishaan ကို ပျိုးထောင်ပေးရတဲ့ ဆရာအဖြစ် ပါဝင်ခဲ့တယ်။ ပြောချင်လွန်းလို့ တို့အတွက် ဒီရုပ်ရှင်ရဲ့ လူသိနည်းတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(1)- ဒီရုပ်ရှင်ကားရဲ့ လှပတဲ့နာမည်ကို Aamir Khan ဟာ ပြိုင်ဘက်မင်းသား Salman Khan ဆီက ရတာပါ။ သူတို့ ပါတီတစ်ခုမှာ တွေ့ဆုံခဲ့ချိန် Salman Khan ပြောခဲ့တဲ့ အိုင်ဒီယာကို အသုံးပြုခဲ့တာ ဖြစ်တဲ့အတွက် သူ့ကို ခရက်ဒစ်ပေးခဲ့ပါတယ်။
(2)-. နာမည်ကျော်မင်းသားကြီး Amitabh Bachchan (အမီတာဘဂျမ်း) ရဲ့သားတစ်ဦးဖြစ်တဲ့ Abhishek Bachchan ဟာလည်း Dyslexia ဝေဒနာသည်တစ်ဦးပါပဲ။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကို မှန်ကန်တဲ့ ပညာရေးနဲ့ ကျော်လွှားနိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ဘောလိဝုဒ် Blockbuster ရုပ်ရှင် Dhoom မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီအကြောင်းကို ရုပ်ရှင်ထဲမှာ ထည့်ပြောဖို့အတွက် Aamir Khan ဟာ Amitabh Bachchan ဆီကနေ လေးစားသမှုနဲ့ အရင်ဆုံး ခွင့်ပြုချက်ယူခဲ့ပါတယ်။
(3)- အိန္ဒိယနိုင်ငံဟာ ဒီဇာတ်ကားကို ၂၀၀၉ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆုအတွက် အိန္ဒိယနိုင်ငံ ကိုယ်စားပြုအဖြစ် တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဇကာတင်အဆင့်တောင် မပါခဲ့ဘဲ ဂျပန်ရုပ်ရှင် “Departures” က ရရှိခဲ့ပါတယ်။
(4)- Ishaan အဖြစ် သရုပ်ဆောင်တဲ့ Darsheel Safary ဟာ အလွန်ငယ်ရွယ်သေးတဲ့အပြင် ပိုက်ဆံလည်း အရမ်းမရှိတဲ့အတွက် သူ သရုပ်ဆောင်နေချိန်မှာ ပညာရေးနောက်မကျရအောင် Aamir Khan က ပိုက်ဆံစိုက်ထုတ် တာဝန်ခံပေးခဲ့ပါတယ်။
(5)- Ishaan ရဲ့ စည်းကမ်းတင်းကျပ်တဲ့ ဖခင်အဖြစ် သရုပ်ဆောင်တဲ့ Vipin Sharma ဟာ ကလေးကို ဖြတ်ရိုက်ရမယ့် အခန်းမှာ ရိုက်ဖို့ တွန့်ဆုတ်နေခဲ့တဲ့အတွက် Darsheel က ရယ်ခဲ့ပါတယ်။ ဒါပေမယ့် Aamir Khan ဟာ Vipin ရဲ့ ချွေးတလုံးလုံးနဲ့ အကျင်္ီကို ယူဝတ်ကာ ကင်မရာကို သူ့နောက်ကျောမှာ နေရာချပြီး Ishaan ကို လူစားထိုးရိုက်ခဲ့ရပါတယ်။ ဒါကြောင့် အဲ့ဒီအခန်းမှာ ကလေးကိုရိုက်တာ Vipin မဟုတ်ပါဘူး၊ Aamir Khan ပါ။
(6)- နိုင်ငံတကာ Dyslexia ဝေဒနာသည်အဖွဲ့အစည်းဟာ ဒီဇာတ်ကားကို ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဆီယက်တဲလ်မြို့မှာ စုဝေးကြည့်ရှုခဲ့ကြပါတယ်။ ။
Credit-Nanmalgyi
ဝတ်မှုံရွှေရည် နဲ့ ပတ်သက်ပြီး -ထပ်ပြီးစိတ်ဝင်စားကြပေါ့ လို့ – ပြောလိုက်တဲ့ ဒေါင်း
ဝတ်မှုံရွှေရည် နဲ့ ပတ်သက်ပြီး -ထပ်ပြီးစိတ်ဝင်စားကြပေါ့ လို့ – ပြောလိုက်တဲ့ ဒေါင်း
လက်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတာကတော့ ရုပ်ရှင်မင်းသားချောလေး ဒေါင်းနဲ့ ထိပ်တန်းမင်းသမီးချော ဝတ်မှုံရွှေရည်တို့ အကြောင်းပဲ ဖြစ်ပါတယ်။
အခုလဲ ဒေါင်းရဲ့ စကားလေးတစ်ခွန်းကြောင့် ပရိသတ်တွေကြားမှာ ပွက်လော ရိုက်နေပြန်ပါတယ်။
ဒေါင်း၊ကစ်နဲ့ နိုင်းနိုင်းတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာ လက်တလောမှာရုံတင်နေပြီဖြစ်ပြီး သရုပ်ဆောင်တွေက စူပါတွေချည်းဖြစ်သလိုဇာတ်ကလည်းစိတ်ဝင်စားဖို့ကောင်းတာကြောင့် ပရိသတ်တွေက မျှော်လင့်တကြီးနဲ့ ကြည့်ရှု့အားပေးဖို့အဆင်သင့်ဖြစ်နေကြပါပြီ။
ဒေါင်းဟာ မကြာသေးမီကမှ တည်ကြည်အေးချမ်းတဲ့ စကားပြောဆိုဟန်လေးနဲ့ ရည်မွန်ချောမောတဲ့မျက်နှာသွင်ပြင်နဲ့ ကောင်မလေးတွေအသည်းကို ညင်သာစွာခြွေချတတ်တဲ့ အိပ်မက်မင်းသားလေးအဖြစ် တမုဟုတ်ချင်းနာမည်ကြီးလာခဲ့တာဖြစ်သလို ထူးချွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေတခဲနက်ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။
Cele Yatkwat ရဲ့ အင်တာဗျူးမှာ ဒေါင်းက အခုလိုဖြေကြားလိုက်တာ ဖြစ်ပါတယ်။
“အင်တာဗျူး –ဒေါင်းနဲ့ကစ်ကို ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ အပေါ်ရော ဘယ်လိုမြင်ပါသလဲ ?
ဒေါင်း – ထပ်ပြီး စိတ်ဝင်စားကြပေါ့ ။ ” ဆိုပြီး ပြုံးရယ်ကာ ဖြေဆိုသွားခဲ့ပါတယ်။ အခုလိုဖြေနေတုန်းမှာလဲ ကစ်က ရှက်ပြုံးလေး ပြုံးနေခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးကြောင့် ပရိသတ်တွေကြားထဲမှာ စိတ်ဝင်စားမှုတွေ ပိုလို့ မြင့်တက်လာစေပါတယ်။
အရင်တစ်ခေါက်က ကစ်နဲ့နှစ်ယောက်အတူအင်တာဗျူးတစ်ခုဖြေရာမှာလည်း တည်ငြိမ်းအေးချမ်းလွန်းတဲ့ အိနြေ္ဒရှင်လေးဆိုပြီး ပရိသတ်တွေကြွေရတဲ့ဒေါင်းဟာ ကစ်ရဲ့ဘေးမှာ ရင်တွေတဒိန်းဒိန်းခုန်နေတဲ့ ဆယ်ကျော်သက်ကောင်လေးလို ကစ်ရဲ့ဘေးမှာ ဂနာမငြိမ်ပဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့ပြီး အချိန်တိုင်းစက္ကန့်တိုင်းနီးပါး ကစ်ကိုပဲအရိပ်တကြည့်ကြည့်နဲ့ငေးနေခဲ့တာတွေ့ခဲ့ရပါတယ်။
ကစ်ဟာလည်း တစ်မျိုးလေးဖြစ်နေခဲ့ပြီး ရှက်ဝဲဝဲလေးနဲ့ ဒေါင်းရဲ့ဘေးမှာ ကလေးလေးလိုပျော်မြူးနေခဲ့ပုံဟာ ပရိသတ်တွေကို အသည်းတယားယားဖြစ်စေခဲ့တာအမှန်ပါပဲ။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။
ဗီဒီယိုဖိုင်ကြည့်ရန်အောက်တွင်ဖော်ပြပေးလိုက်ပါတယ်
အခုတစ်ဖန်မကြာသေးမီကပြုလုပ်သွားတဲ့ လိပ်ပြာစံအိမ်ဇာတ်ကား အထူးပွဲမှာလည်း ဒေါင်းဟာ ကစ်ရဲ့ဘေးမှာပဲအမြဲလိုယှဉ်တွဲလိုက်ပါနေပြီး ချစ်ရည်ရွှန်းလဲ့တဲ့မျက်ဝန်းတွေနဲ့ကစ်ကိုကြည့်နေလိုက်ပုံဟာ မြင်ရတဲ့ပရိသတ်တွေကို အသည်းတယားယားနဲ့ အခုပဲသူတို့နှစ်ယောက်ကိုချစ်သူဖြစ်သွားစေချင်စိတ်တွေတဖွားဖွားပေါ်ပေါက်စေပါတယ်။
ကစ်နဲ့ဒေါင်းက မီဒီယာတွေနဲ့အင်တာဗျူးမှာ တစ်ယောက်ကိုတစ်ယောက်အမြင်တွေနဲ့ နှစ်ယောက်ကြားက အမှတ်တရတွေကိုပြောပြသွားပါတယ်။
ကစ်က လိပ်ပြာစံအိမ်ရုပ်ရှင်ရိုက်တုန်းက အမှတ်တရတွေအကြောင်း “အမှတ်တရတွေက ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က ဒီကားမှာသရုပ်ဆောင်တဲ့အချိန်ကျရင် ဟာမိုနီဖြစ်အောင်တော့သရုပ်ဆောင်ရတာပေါ့နော်။
ဒါပေမယ့်ကိုဒေါင်းနဲ့ ဆုံတဲ့ scenes တွေကနည်းပါတယ်။ ကိုနိုင်းနိုင်းနဲ့ဆုံတာများတယ်ပေါ့။ တစ်ယောက်နဲ့တစ်ယောက်က အိုက်တင်အပေးအယူလေး ဟာမိုနီဖြစ်အောင်တော့ မရိုက်ခင်ကတည်းက ကြိုပြီးညှိကြတာပေါ့။အဲ့လိုလေးတွေတော့ရှိပါတယ်”လို့ ဖြေထားပြီး ဒေါင်းက ထုံးစံအတိုင်းကစ်ဆီကနေ အကြည့်တွေမခွာပဲ ငေးစိုက်နေခဲ့ပါတယ်။
ဒေါင်းကတော့ အမှတ်တရတွေထဲကမှ သူမှတ်မိနေတာလေးကို “အမှတ်တရကတော့ ကျွန်တော့်အမြင်ပြောရရင်တော့ (မကစ်ကိုငေးရင်း) သူခံရတာတစ်ခုပဲ။ နောက်ဆုံးခန်းမှာ သူဝုန်းခနဲဖြစ်သွားတာ။ တော်တော်နာမှာ။ တကယ်လုပ်ရတာဆိုတော့လေ”လို့ ကြင်နာစွာစိတ်မကောင်းဖြစ်တဲ့ဟန်လေးနဲ့ပြောထားပါတယ်။
ဒါ့အပြင် ကစ်က ဒေါင်းရဲ့သရုပ်ဆောင်မှုအပေါ်အမြင်ကို “ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်ကို အပိုအလိုမရှိပေါ့နော်။ အကောင်းဆုံး၊ဒါသူ့ရဲ့ပထမဆုံး movie လည်းဖြစ်တယ်။ ပထမဆုံးအနေနဲ့ လုံးဝစိမ်းတာတွေဘာတွေလည်းမရှိဘူး။
ကာရိုက်တာကို အပိုအလိုမရှိသရုပ်ဆောင်သွားနိုင်တယ်လို့ ကစ်မြင်ပါတယ်”လို့ ဖြေကြားထားပြီး ဒေါင်းကတော့ ကစ်ကို ရင်ခုန်ကြည်နူးနေဟန်နဲ့ငေးနေပြီးမှ ကစ်ရဲ့သရုပ်ဆောင်မှုအပေါ်အမြင်ကို “ကျွန်တော်ကတော့ တကယ့်အမေတစ်ယောက်ရဲ့ခံစားချက်၊အဲဒါကို အပြည့်အဝမြင်ရတာကို လေးစားပါတယ်။
ဘာလို့လဲဆိုတော့ ကစ်ကစ်ဆိုတဲ့ကာရိုက်တာပျောက်သွားပြီးတော့ အမေဆိုတဲ့ကာရိုက်တာထဲမှာလုံးဝ တစ်ရာရာခိုင်နှုန်း၊ 100% ဝင်နေရတာကို ကြည့်ကြည့်ပါ ကျွန်တော်ပြောတာထက်ပိုမြင်ရပါလိမ့်မယ်”လို့ ဝေဖန်ချက်ပေးထားပါတယ်။ ။
love shop