ၾကာေတာ့သည္လည္းေမာင့္စကား ရုပ္ရွင္ အေၾကာင္းေျပာလာတဲ့ ဆရာမဂ်ဴး

ၾကာေတာ့သည္လည္းေမာင့္စကား ရုပ္ရွင္ အေၾကာင္းေျပာလာတဲ့ ဆရာမဂ်ဴး

ၾကာေသးခင္အခ်ိန္ေတြတုန္းက ဆရာမဂ်ဴးရဲ႕ အေျခသတင္းႀကီးတဲ့ “ၾကာေတာ့သည္လည္း ေမာင့္စကား”ဝတၳဳကို႐ုပ္႐ွင္႐ိုက္ေတာ့မယ္ဆိုကတည္းက တစ္ႏိုင္ငံလံုးကပရိသတ္ေတြက စိတ္ဝင္တစား႐ွိခဲ့ၾကၿပီး အေမ်ွာ္လင့္ႀကီးေမ်ွာ္လင့္ထားခဲ့ၾကတာပါ။ အဲ့ဒီေနာက္မွာေရနံေခ်ာင္းကေန ျပင္ဦးလြင္ကိုေျပာင္း႐ိုက္မယ္ဆိုတဲ့ကိစၥအျပင္ ျဖဴဥႏုဖတ္ေနတဲ့ေဖြးေဖြးက ေရနံေခ်ာင္းသူ တင္တင္ေဇာ္ေနရာမွာ သ႐ုပ္ေဆာင္မယ္ဆိုတဲ့ကိစၥေတြေရာေၾကာင့္ ပရိသတ္ေတြရဲ႕ ယူၾကံဳးမရေဝဖန္ခ်က္ေတြဆူညံ့လာခဲ့တယ္ဆိုရင္လည္းမမွားပါဘူး။ မေန႔က (30.1.2019) မွာ “ၾကာေတာ့သည္လည္း ေမာင့္စကား”႐ုပ္႐ွင္အထူးပြဲျပသခဲ့ၿပီး ဆရာမဂ်ဴးလည္းလာေရာက္ခဲ့ပါတယ္။ ဆရာမဂ်ဴးက ႐ုပ္႐ွင္နဲ႔ပတ္သက္တဲ့ထင္ျမင္ခ်က္ကိုေရာ ပရိသတ္ေတြစိတ္ဝင္စားေနၾကတဲ့အေၾကာင္းအရာေတြကိုပါ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။

ဆရာမဂ်ဴးက “ၾကာေတာ့သည္လည္း ေမာင့္စကား”ဝတၳဳကို ႐ုပ္႐ွင္႐ိုက္ဖိုခြင့္ျပဳျဖစ္ခဲ့ပံုကို “ဇာတ္ေကာင္ေတြရယ္ သ႐ုပ္ေဆာင္တဲ့သူေတြရယ္ ေနာက္ဒါ႐ိုက္တာေပါ့ေနာ္ ဒါ႐ိုက္တာကလည္း ကိုယ္ယံုၾကည္တဲ့ဒါ႐ိုက္တာျဖစ္ေနတယ္ေလ။ ေနာက္ၿပီးေတာ့ ျပန္ၿပီးသတင္းၾကားတဲ့အေၾကာင္းေတြ Facebook ေပၚမွာ တင္ထားတာေလးေတြရယ္ေပါ့”လို႔ ေျပာျပထားၿပီး အရင္ေခတ္က႐ိုက္ထားတာနဲ႔အခုထပ္႐ိုက္တာနဲ႔ကိုနိႉင္းယွဥ္ၾကည့္တဲ့အခါ အျမင္ကို “အရင္တုန္းက Version အေဟာင္း၊ အခုဒါက Version အသစ္ေပါ့၊ အေဟာင္းနဲ႔အသစ္နဲ႔က ယွဥ္ၿပီးေတာ့ အခုမွၾကည့္ရမွာ။ အေဟာင္းသည္လည္း သူတို႔အေကာင္းဆံုးလုပ္ထားတာေပါ့။ ဒါေပမယ့္ အသစ္သည္လည္း အေဟာင္းကိုမေက်ာ္ရင္ေတာင္ အမီလိုက္ႏိုင္လိမ့္မယ္လို႔ ကြၽန္မကေတာ့ ယံုၾကည္ပါတယ္။ ဒီသ႐ုပ္ေဆာင္ေတြဆိုတာလည္း ႏွယ္ႏွယ္ရရေတာ့မဟုတ္ၾကဘူးေလေနာ္ ကြၽန္မကေတာ့ ေမ်ွာ္လင့္ပါတယ္” လို႔ ေျဖၾကားထားပါတယ္။

ပရိသတ္ေတြအေတာ္ႀကီးမေက်မနပ္ျဖစ္ေနၾကတဲ့ ေရနံေခ်ာင္းနဲ႔ျပင္ဦးလြင္ေျပာင္းလဲ႐ိုက္ခြင့္ျပဳလုိက္တဲ့ကိစၥကိုလည္း ဆရာမဂ်ဴးက “အရင္ကေတာ့ေရနံေခ်ာင္း၊အခုေတာ့ျပင္ဦးလြင္ေပါ့ေနာ္၊ ေျပာင္းလဲခြင့္ျပဳလိုက္တယ္ဆိုတာကလည္း တင္တင္ေဇာ္သည္ ေရနံေခ်ာင္းသူပဲျဖစ္ျဖစ္ ျပင္ဦးလြင္သူပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံထဲမွာေနေနတဲ့ျမန္မာအမ်ိဳးသမီးတစ္ေယာက္ျဖစ္တယ္။ ဆရာဝန္တစ္ေယာက္ျဖစ္တယ္။ ေနာက္ သူ႔ရဲ႕စိတ္ထား၊ သူ႔ရဲ႕ခံစားခ်က္၊သူ႔ရဲ႕မာန၊သူ႔ရဲ႕က်င့္ဝတ္ အဲ့ဒါေတြ အကုန္လံုးဟာတူတူပဲ ဘယ္ၿမိဳ႕မွာပဲျဖစ္ျဖစ္အဲ့ဒါအတူတူပဲဆိုေတာ့ ကြၽန္မစိတ္ထဲကေတာ့ျပင္ဦးလြင္နဲ႔ ေရနံေခ်ာင္းဟာ သိပ္မကြာဘူး။ ဒါ႐ိုက္တာကိုယ္တိုင္ကလည္း ျပင္ဦးလြင္မွာ႐ိုက္ခြင့္ေပးပါလို႔ေျပာလိုက္တဲ့အခါမွာ ကြၽန္မက သူတို႔႐ိုက္ဖို႔လည္းလြယ္ဖို႔၊ အေရးႀကီးတာက တင္တင္ေဇာ္ရဲ႕႐ုပ္သြင္ရယ္ တင္တင္ေဇာ္ရဲ႕စိတ္ေပါ့၊ သူ႔ရဲ႕ခံစားမႉ၊ ဒါေပမယ့္ အခ်ိဳ႕ကလည္း အဲဒီလိုမွမျမင္တာ။ အဲ့ဒါေလးလည္းသူတို႔အားမလိုအားမရျဖစ္တာေလးေတြ႐ွိပါတယ္။ ကြၽန္မဘက္ကေတာ့ျပႆနာမ႐ွိပါဘူး”လို႔ ႐ွင္းျပေျဖၾကားထားခဲ့ပါတယ္။

ျဖဴဥႏုဖတ္ေနတဲ့ေဖြးေဖြးဟာ ေရနံေခ်ာင္းမွာေမြး ေရနံေခ်ာင္းမွာႀကီးတဲ့ တင္တင္ေဇာ္နဲ႔လားလားမ်ွမဆိုင္လို႔ ေဝဖန္ေနၾကတဲ့အေပၚမွာလည္း ဆရာမဂ်ဴးက “တင္တင္ေဇာ္ကိုအသားညိဳတယ္လို႔လည္း ကြၽန္မ မေရးထားမိဘူး။ဒါေပမယ့္ တင္တင္ေဇာ္နဲ႔ေဖြးေဖြးနဲ႔က႐ုပ္သြင္ခ်င္းမတူဘူးလို႔သူတို႔ကထင္ထားၾကတာ။ ဒါေပမယ့္ အခုၾကည့္လိုက္ရင္ေတာ့သူတို႔ရဲ႕စိတ္ေတြ သူတို႔ရဲ႕ထင္ျမင္ယူဆခ်က္ေတြေျပာင္းရင္ေျပာင္းသြားမယ္လို႔ကြၽန္မထင္ပါတယ္” လို႔ ေဝဖန္ခ်က္ေပးထားပါတယ္။ဒါ့အျပင္ ဆရာမဂ်ဴးက ေဖြးေဖြးရဲ႕သ႐ုပ္ေဆာင္မႉကိုလည္း ခ်ီးက်ဴးထားပါေသးတယ္။ ေဖြးေဖြးဟာ ဆရာမရဲ႕ေမ်ွာ္မွန္းထားတဲ့တင္တင္ေဇာ္ေရာျဖစ္ခဲ့လား လို႔ အေမးခံလိုက္ရခ်ိန္မွာ ဆရာမက ခဏၿငိမ္သက္သြားၿပီးမွ ျပံဳးၿပီး “အမ်ားအားျဖင့္ ျဖစ္ပါတယ္”လို႔ ေျဖခဲ့ပါတယ္။ပရိသတ္ႀကီးေရာ ၾကာေတာ့သည္လည္းေမာင့္စကား ႐ုပ္႐ွင္ကိုသြားၾကည့္ၾကမွာလား။ ေဖြးေဖြးဟာ ပရိသတ္ေတြရင္ထဲကစိတ္ကူးပံုရိပ္ေတြထဲက တင္တင္ေဇာ္နဲ႔ေရာ ခပ္ဆင္ဆင္ေလာက္တူႏိုင္ပါ့မလား။ ေျပာခဲ့ၾကပါဦး။

UNICODE FONT

ကြာတော့သည်လည်းမောင့်စကား ရုပ်ရှင် အကြောင်းပြောလာတဲ့ ဆရာမဂျူး

ကြာသေးခင်အချိန်တွေတုန်းက ဆရာမဂျူးရဲ့ အခြေသတင်းကြီးတဲ့ “ကြာတော့သည်လည်း မောင့်စကား”ဝတ္ထုကိုရုပ်ရှင်ရိုက်တော့မယ်ဆိုကတည်းက တစ်နိုင်ငံလုံးကပရိသတ်တွေက စိတ်ဝင်တစားရှိခဲ့ကြပြီး အမျှော်လင့်ကြီးမျှော်လင့်ထားခဲ့ကြတာပါ။ အဲ့ဒီနောက်မှာရေနံချောင်းကနေ ပြင်ဦးလွင်ကိုပြောင်းရိုက်မယ်ဆိုတဲ့ကိစ္စအပြင် ဖြူဥနုဖတ်နေတဲ့ဖွေးဖွေးက ရေနံချောင်းသူ တင်တင်ဇော်နေရာမှာ သရုပ်ဆောင်မယ်ဆိုတဲ့ကိစ္စတွေရောကြောင့် ပရိသတ်တွေရဲ့ ယူကြုံးမရဝေဖန်ချက်တွေဆူညံ့လာခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ မနေ့က (30.1.2019) မှာ “ကြာတော့သည်လည်း မောင့်စကား”ရုပ်ရှင်အထူးပွဲပြသခဲ့ပြီး ဆရာမဂျူးလည်းလာရောက်ခဲ့ပါတယ်။ ဆရာမဂျူးက ရုပ်ရှင်နဲ့ပတ်သက်တဲ့ထင်မြင်ချက်ကိုရော ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့အကြောင်းအရာတွေကိုပါ မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

ဆရာမဂျူးက “ကြာတော့သည်လည်း မောင့်စကား”ဝတ္ထုကို ရုပ်ရှင်ရိုက်ဖိုခွင့်ပြုဖြစ်ခဲ့ပုံကို “ဇာတ်ကောင်တွေရယ် သရုပ်ဆောင်တဲ့သူတွေရယ် နောက်ဒါရိုက်တာပေါ့နော် ဒါရိုက်တာကလည်း ကိုယ်ယုံကြည်တဲ့ဒါရိုက်တာဖြစ်နေတယ်လေ။ နောက်ပြီးတော့ ပြန်ပြီးသတင်းကြားတဲ့အကြောင်းတွေ Facebook ပေါ်မှာ တင်ထားတာလေးတွေရယ်ပေါ့”လို့ ပြောပြထားပြီး အရင်ခေတ်ကရိုက်ထားတာနဲ့အခုထပ်ရိုက်တာနဲ့ကိုနှိူင်းယှဉ်ကြည့်တဲ့အခါ အမြင်ကို “အရင်တုန်းက Version အဟောင်း၊ အခုဒါက Version အသစ်ပေါ့၊ အဟောင်းနဲ့အသစ်နဲ့က ယှဉ်ပြီးတော့ အခုမှကြည့်ရမှာ။ အဟောင်းသည်လည်း သူတို့အကောင်းဆုံးလုပ်ထားတာပေါ့။ ဒါပေမယ့် အသစ်သည်လည်း အဟောင်းကိုမကျော်ရင်တောင် အမီလိုက်နိုင်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ဒီသရုပ်ဆောင်တွေဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ကြဘူးလေနော် ကျွန်မကတော့ မျှော်လင့်ပါတယ်” လို့ ဖြေကြားထားပါတယ်။

ပရိသတ်တွေအတော်ကြီးမကျေမနပ်ဖြစ်နေကြတဲ့ ရေနံချောင်းနဲ့ပြင်ဦးလွင်ပြောင်းလဲရိုက်ခွင့်ပြုလိုက်တဲ့ကိစ္စကိုလည်း ဆရာမဂျူးက “အရင်ကတော့ရေနံချောင်း၊အခုတော့ပြင်ဦးလွင်ပေါ့နော်၊ ပြောင်းလဲခွင့်ပြုလိုက်တယ်ဆိုတာကလည်း တင်တင်ဇော်သည် ရေနံချောင်းသူပဲဖြစ်ဖြစ် ပြင်ဦးလွင်သူပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲမှာနေနေတဲ့မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဆရာဝန်တစ်ယောက်ဖြစ်တယ်။ နောက် သူ့ရဲ့စိတ်ထား၊ သူ့ရဲ့ခံစားချက်၊သူ့ရဲ့မာန၊သူ့ရဲ့ကျင့်ဝတ် အဲ့ဒါတွေ အကုန်လုံးဟာတူတူပဲ ဘယ်မြို့မှာပဲဖြစ်ဖြစ်အဲ့ဒါအတူတူပဲဆိုတော့ ကျွန်မစိတ်ထဲကတော့ပြင်ဦးလွင်နဲ့ ရေနံချောင်းဟာ သိပ်မကွာဘူး။ ဒါရိုက်တာကိုယ်တိုင်ကလည်း ပြင်ဦးလွင်မှာရိုက်ခွင့်ပေးပါလို့ပြောလိုက်တဲ့အခါမှာ ကျွန်မက သူတို့ရိုက်ဖို့လည်းလွယ်ဖို့၊ အရေးကြီးတာက တင်တင်ဇော်ရဲ့ရုပ်သွင်ရယ် တင်တင်ဇော်ရဲ့စိတ်ပေါ့၊ သူ့ရဲ့ခံစားမှူ၊ ဒါပေမယ့် အချို့ကလည်း အဲဒီလိုမှမမြင်တာ။ အဲ့ဒါလေးလည်းသူတို့အားမလိုအားမရဖြစ်တာလေးတွေရှိပါတယ်။ ကျွန်မဘက်ကတော့ပြဿနာမရှိပါဘူး”လို့ ရှင်းပြဖြေကြားထားခဲ့ပါတယ်။

ဖြူဥနုဖတ်နေတဲ့ဖွေးဖွေးဟာ ရေနံချောင်းမှာမွေး ရေနံချောင်းမှာကြီးတဲ့ တင်တင်ဇော်နဲ့လားလားမျှမဆိုင်လို့ ဝေဖန်နေကြတဲ့အပေါ်မှာလည်း ဆရာမဂျူးက “တင်တင်ဇော်ကိုအသားညိုတယ်လို့လည်း ကျွန်မ မရေးထားမိဘူး။ဒါပေမယ့် တင်တင်ဇော်နဲ့ဖွေးဖွေးနဲ့ကရုပ်သွင်ချင်းမတူဘူးလို့သူတို့ကထင်ထားကြတာ။ ဒါပေမယ့် အခုကြည့်လိုက်ရင်တော့သူတို့ရဲ့စိတ်တွေ သူတို့ရဲ့ထင်မြင်ယူဆချက်တွေပြောင်းရင်ပြောင်းသွားမယ်လို့ကျွန်မထင်ပါတယ်” လို့ ဝေဖန်ချက်ပေးထားပါတယ်။ဒါ့အပြင် ဆရာမဂျူးက ဖွေးဖွေးရဲ့သရုပ်ဆောင်မှူကိုလည်း ချီးကျူးထားပါသေးတယ်။ ဖွေးဖွေးဟာ ဆရာမရဲ့မျှော်မှန်းထားတဲ့တင်တင်ဇော်ရောဖြစ်ခဲ့လား လို့ အမေးခံလိုက်ရချိန်မှာ ဆရာမက ခဏငြိမ်သက်သွားပြီးမှ ပြုံးပြီး “အများအားဖြင့် ဖြစ်ပါတယ်”လို့ ဖြေခဲ့ပါတယ်။ပရိသတ်ကြီးရော ကြာတော့သည်လည်းမောင့်စကား ရုပ်ရှင်ကိုသွားကြည့်ကြမှာလား။ ဖွေးဖွေးဟာ ပရိသတ်တွေရင်ထဲကစိတ်ကူးပုံရိပ်တွေထဲက တင်တင်ဇော်နဲ့ရော ခပ်ဆင်ဆင်လောက်တူနိုင်ပါ့မလား။ ပြောခဲ့ကြပါဦး။

”ေဆး” သီခ်င္းကုိ ပုံစံအမ်ဳိးမ်ဳိးနဲ႔သီဆုိလာၾကတဲ့အေပၚ ေကာ္နီရဲ႕ တုံ႔ျပန္မႈ

ေကာ္နီက ‘’ေဆး’’ သီခ်င္းကုိ အေျပာင္အပ်က္သေဘာမ်ဳိးနဲ႔ သီဆုိေနမႈေတြအေပၚ အခုလုိတု႔႔ံျပန္စကားေျပာလာပါတယ္။ဒီသီခ်င္းကုိေတာ့ ေတးေရး၊ ေတးဆုိ၊ ဒါရုိက္တာကအစ ခံစားခ်က္အျပည့္နဲ႔ ဖန္တီးခဲ့တာေၾကာင့္ တန္ဖုိးထားတယ္လုိ႔ဆုိပါတယ္။

Photo: ေကာ္နီ

အဆုိေတာ္ေကာ္နီရဲ႕‘’ေဆး’’သီခ်င္းကလက္ရွိဂီတေလာကမွာေအာင္ျမင္ေနတဲ့သီခ်င္းတစ္ပုဒ္ပါ။ဒီသီခ်င္းကုိပရိသတ္တခ်ဳိ႕ကပုံစံအမ်ဳိးမ်ဳိးနဲ႔ ေနာက္ေျပာင္သီဆုိလာၾကတဲ့အေပၚ ေကာ္နီက မီဒီယာေတြကေနတဆင့္ အခုလုိ တုံ႔ျပန္စကားေျပာျပလာပါတယ္။

‘’ လက္မခံဘူးလုိ႔ေတာ့ မဟုတ္ပါဘူး။ ခ်စ္လုိ႔ဆုိတာကုိမေကာ္ကလက္ခံတယ္။ဒါေပမယ့္ေတးေရးသမားတစ္ေယာက္၊လူေတြကဒါႀကီးကုိ ခံစားခ်က္ေတြနဲ႔ ေရးထားရတာဆုိေတာ့ ဒီသီခ်င္းကုိ ဖ်က္တာမ်ဳိး အစ္မ မႀကိဳက္ဘူး၊ ဒါေပမယ့္ သူတုိ႔ခ်စ္လုိ႔ Cover ျပန္လုပ္တာ၊ Troll တာျဖစ္တဲ့အတြက္ မေကာ္က ေက်နပ္ရမွာေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

Photo: ေကာ္နီ

‘’ေဆး’’သီခ်င္းကုိေတးေရးဆရာကအစအဆုိေတာ္၊ဒါရုိက္တာကအဆုံးခံစားခ်က္အျပည့္နဲ႔ဖန္တီးထားတာျဖစ္တဲ့အတြက္ေနာက္ေျပာင္သီဆုိမႈေတြအေပၚ သေဘာမက်ဘူးလုိ႔ ေကာ္နီက ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။

‘’ဒီသီခ်င္းကုိေဝႀကီးကလည္းသူကုိယ္တုိင္ခံစားၿပီးေတာ့သီဆုိထားသလုိ၊ေမဘရဏီကလည္းသူကုိယ္တုိင္ခံစားၿပီးေတာ့ရုိက္ထားရတာေလ။အဲ့ဒီအေပၚမွာအေျပာင္အပ်က္ေတြလုပ္တာမ်ဳိးက်ေတာ့သီခ်င္းကုိေပါ့ေစသြားတာမ်ဳိးက်ေတာ့ေတးေရးဆရာအတြက္ေရာ၊ကုိယ္ေတြဖန္တီးထားရတဲ့အတြက္ေရာ သိပ္ေတာ့မႀကိဳက္ခ်င္ဘူး’’ လုိ႔ ဆုိပါတယ္။

Photo: ေကာ္နီ

ေကာ္နီဟာဂီတသက္တမ္းေတာ္ေတာ္ၾကာၿပီျဖစ္တဲ့အဆိုေတာ္တစ္ဦးပါ။ဂီတကုိခ်စ္ျမတ္ႏိုးတဲ့အျပင္သူကုိယ္တုိင္သီဆုိထားတဲ့သီခ်င္းေတြအေပၚမွာလည္း သစၥာရွိခဲ့တယ္လုိ႔ ဇန္နဝါရီလ ၂၇ ရက္ေန႔က Joox Music Final ပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့တာ ျဖစ္ပါတယ္။

‘’ကုိကုိခ်စ္အရမ္းေအာင္ျမင္ခဲ့တဲ့အခ်ိန္ကေၾကာ္ျငာေတြလည္းေခတ္စားေနေတာ့မေကာ္ရဲ႕ကုိကုိခ်စ္သီခ်င္းကုိဇီးထုတ္ေၾကာ္ျငာမွာလည္းဆုိခုိင္းတယ္။မေကာ္ကုိလည္းရုိက္မယ္ေျပာတယ္။ကုိကုိခ်စ္သီခ်င္းကစင္ေပၚမွာေအာင္ျမင္ေနတာျဖစ္တဲ့အတြက္မေကာ္ဇီးထုတ္သီခ်င္းမဆုိႏိုင္ဘူး။အႏုပညာေၾကးဘယ္ေလာက္ေပးပါမယ္ဆုိလည္းမေကာ္မဆုိဘူးဒါကကုိယ္ထားခဲ့တဲ့စည္း၊ကုိယ့္သီခ်င္းအေပၚမွာသစၥာရွိတာေပါ့ေနာ္’’ လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

Photo: ေကာ္နီ

ေကာ္နီဟာ မိခင္ရဲ႕ က်န္းမာေရးေၾကာင့္ ဂီတအလုပ္ေတြ မလုပ္ျဖစ္တာ ေတာ္ေတာ္ၾကာေနပါၿပီ။ အဲ့ဒီေနာက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ၂၈ ရက္ေန႔ကစတင္မိတ္ဆက္လုိက္တဲ့‘’ေဆး’’ဆုိတဲ့သီခ်င္းအသစ္ေလးနဲ႔ပရိသတ္ရင္ထဲကုိျပန္လည္ေရာက္ရွိလာသူျဖစ္ပါတယ္။ဒီသီခ်င္းကုိ ေဝႀကီးက ေရးစပ္ေပးထားတာျဖစ္ပါတယ္။

Credit: Cele Yatkwat

UNICODE:

ကော်နီက ‘’ဆေး’’ သီချင်းကိုအပြောင်အပျက်သဘောမျိုးနဲ့သီဆိုနေမှုတွေအပေါ်အခုလိုတု့ံ့ပြန်စကားပြောလာပါတယ်။ဒီသီချင်းကိုတော့ တေးရေး၊ တေးဆို၊ ဒါရိုက်တာကအစ ခံစားချက်အပြည့်နဲ့ ဖန်တီးခဲ့တာကြောင့် တန်ဖိုးထားတယ်လို့ဆိုပါတယ်။

Photo: ကော်နီ

အဆိုတော်ကော်နီရဲ့‘’ဆေး’’သီချင်းကလက်ရှိဂီတလောကမှာအောင်မြင်နေတဲ့သီချင်းတစ်ပုဒ်ပါ။ဒီသီချင်းကိုပရိသတ်တချို့ကပုံစံအမျိုးမျိုးနဲ့ နောက်ပြောင်သီဆိုလာကြတဲ့အပေါ် ကော်နီက မီဒီယာတွေကနေတဆင့် အခုလို တုံ့ပြန်စကားပြောပြလာပါတယ်။

‘’ လက်မခံဘူးလို့တော့ မဟုတ်ပါဘူး။ ချစ်လို့ဆိုတာကိုမကော်ကလက်ခံတယ်။ဒါပေမယ့်တေးရေးသမားတစ်ယောက်၊လူတွေကဒါကြီးကို ခံစားချက်တွေနဲ့ ရေးထားရတာဆိုတော့ ဒီသီချင်းကို ဖျက်တာမျိုး အစ်မ မကြိုက်ဘူး၊ ဒါပေမယ့် သူတို့ချစ်လို့ Cover ပြန်လုပ်တာ၊ Troll တာဖြစ်တဲ့အတွက် မကော်က ကျေနပ်ရမှာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: ကော်နီ

‘’ဆေး’’သီချင်းကိုတေးရေးဆရာကအစအဆိုတော်၊ဒါရိုက်တာကအဆုံးခံစားချက်အပြည့်နဲ့ဖန်တီးထားတာဖြစ်တဲ့အတွက်နောက်ပြောင်သီဆိုမှုတွေအပေါ် သဘောမကျဘူးလို့ ကော်နီက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’ဒီသီချင်းကိုဝေကြီးကလည်းသူကိုယ်တိုင်ခံစားပြီးတော့သီဆိုထားသလို၊မေဘရဏီကလည်းသူကိုယ်တိုင်ခံစားပြီးတော့ရိုက်ထားရတာလေ။အဲ့ဒီအပေါ်မှာအပြောင်အပျက်တွေလုပ်တာမျိုးကျတော့သီချင်းကိုပေါ့စေသွားတာမျိုးကျတော့တေးရေးဆရာအတွက်ရော၊ကိုယ်တွေဖန်တီးထားရတဲ့အတွက်ရော သိပ်တော့မကြိုက်ချင်ဘူး’’ လို့ ဆိုပါတယ်။

Photo: ကော်နီ

ကော်နီဟာဂီတသက်တမ်းတော်တော်ကြာပြီဖြစ်တဲ့အဆိုတော်တစ်ဦးပါ။ဂီတကိုချစ်မြတ်နိုးတဲ့အပြင်သူကိုယ်တိုင်သီဆိုထားတဲ့သီချင်းတွေအပေါ်မှာလည်း သစ္စာရှိခဲ့တယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့က Joox Music Final ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

‘’ကိုကိုချစ်အရမ်းအောင်မြင်ခဲ့တဲ့အချိန်ကကြော်ငြာတွေလည်းခေတ်စားနေတော့မကော်ရဲ့ကိုကိုချစ်သီချင်းကိုဇီးထုတ်ကြော်ငြာမှာလည်းဆိုခိုင်းတယ်။မကော်ကိုလည်းရိုက်မယ်ပြောတယ်။ကိုကိုချစ်သီချင်းကစင်ပေါ်မှာအောင်မြင်နေတာဖြစ်တဲ့အတွက်မကော်ဇီးထုတ်သီချင်းမဆိုနိုင်ဘူး။အနုပညာကြေးဘယ်လောက်ပေးပါမယ်ဆိုလည်းမကော်မဆိုဘူးဒါကကိုယ်ထားခဲ့တဲ့စည်း၊ကိုယ့်သီချင်းအပေါ်မှာသစ္စာရှိတာပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ကော်နီ

ကော်နီဟာ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့ကစတင်မိတ်ဆက်လိုက်တဲ့‘’ဆေး’’ဆိုတဲ့သီချင်းအသစ်လေးနဲ့ပရိသတ်ရင်ထဲကိုပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ဒီသီချင်းကို ဝေကြီးက ရေးစပ်ပေးထားတာဖြစ်ပါတယ်။