ဖအေတူ သမီးဖြစ် တဲ့ “မစု”လေး ကိုတွေ့ချင် လို့ မိုင် ရာချီခရီးကိုနှင်ခဲ့တဲ့ အသက် (၉၂) နှစ်အရွယ် အဖွား
ဖအေ တူသမီးဖြစ် တဲ့ “မစု”လေးကိုတွေ့ချင်လို့ မိုင်ရာချီခရီးကိုနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ဒီနိုင်ငံမှာ ဒီသားအဖကိုမှမယုံရင်ယုံကြည်ရမယ့်သူရှာဖွေဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်း၊”မစု”လေးကိုပြည်သူ လူထုကြီးကဝန်းရံပေးကြဖို့နဲ့”မစု”လေးကိုမြင်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုသတိရကာမျက်ရည်ကျ မိတယ်””ဟုဗိုလ်ချုပ်အောင်ဆန်းနှင့်အတူပင်လုံ စာချုပ်ချုပ်ဆိုရာမှာပါဝင်ခဲ့တဲ့တိုင်းရင်းသား ခေါင်းဆောင်လင်းခေးဦးထွန်းမြင့်၊၏။သမီး အသက်(၉၂)နှစ်ရှိသမီးဖြစ်သူမှမျက်ရည်များနှင့် ပြောကြား။
အဖွားကအသက်(၉၂) နှစ်ရှိပါပြီ၊လင်းခေးမြို့ကနေပြီးဒီပွဲရှိရာကို အရောက်လာတက်တာပါ၊ ဘာလို့များဒီလောက်အဝေးကြီးကိုလာတက်တာလည်းဆိုတော့”မစု”လေးကိုအဖွားအသက်ရှင်နေချိန် လေးမှာတွေ့မြင်ချင်လို့ပါ၊ရှမ်းပြည်နေ့မှာမစုလေး
ရောက်လာပြီးမိန့်ခွန်းပြောမယ်၊သွေးချင်းညီအစ်ကိုမောင်နှမတွေနဲ့ပွဲတော်ကြီးကိုစည်းစည်းလုံးလုံး ကျင်းပတာမြင်ရတော့အလွန်ကျက်သရေရှိသွားတာပေါ့”လို့ ဗိုလ် ချုပ်အောင်ဆန်းနဲ့အတူပင်လုံစာချုပ် ချုပ်ဆိုစဉ်မှာဦးဆောင်ပါဝင်ခဲ့တဲ့ရှမ်းတိုင်းရင်းသား ခေါင်းဆောင်လင်းခေးဦးထွန်းမြင့်ရဲ့ဒုတိယသမီး အသက်(၉၂)ရှိပြီဖြစ်တဲ့အဖွားဒေါ်ခင်စောမြင့်က (၇၂)နှစ်မြောက်ရှမ်းပြည်နေ့အခမ်းအနားမှာ “First News.ကိုအခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
”လင်းခေးမြို့ကနေတောင်ကြီးမြို့ကိုလာဖို့ဆိုတာ မိုင်ပေါင်းရာနဲ့ချီပြီးဝေးပါတယ်။အဖွားအသက်နဲ့ ဆိုရင်အတော်လေးကိုပင်ပန်းပါတယ်။မနက်(၂)နာရီ ကတည်းကကားစီးပြီးဒီအခမ်းအနားကိုအချိန်မီ အောင်လာခဲ့တာပါ။”မစု”လေးကိုမြင်ချင်တာရယ် ကြောင့်အခုလိုအပင်ပန်းခံပြီးလာခဲ့တာပါ။”မစု”လေးရဲ့အသံကိုတော့သိပ်ပြီးမကြားနိုင်တော့ပါဘူး။ အဖွားနားကလည်းသိပ်မကြားတော့ဘူးလေ။ပင်ပန်းမယ်ဆိုတာသိပေမယ့်လဲစိတ်ကတားလို့မှမရတာ၊ အသံမကြားရပေမယ့်တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးထွေး”မစု”လေးအခုလိုမျိုးတိုင်းရင်းသား ပြည်သူ့ရှေ့မှောက်ကိုအရောက်လာခဲ့ပြီးမိန့်ခွန်းတွေ ခြွေနေပုံလေးကိုတွေ့ရမြင်ရတာဝမ်းသာလို့ကို မဆုံးပါဘူး။တိုင်းပြည်နဲ့လူမျိုးအပေါ်မှာအကြား အလပ်မရှိမေတ္တာစေတနာထားတဲ့သူတော်ကောင်း သားအဖတွေဖြစ်ပါတယ်။
သူ့အဖေများသာအခုလို အချိန်ရှိခဲ့မယ်ဆိုလေဘယ်လောက်များဝမ်းသာနေရှာလိမ့်မလဲနော်လို့တွေးပြီးစိတ်ထဲမှာဝမ်းနည်းနေမိတယ်။မျက်ရည်လည်းကျမိတယ်။”မစု”လေးကို ပြည်သူများကဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါသမီးတို့ရယ်”လို့ အသက်(၉၂)နှစ်ရှိအဖွား ဒေါ်ခင်စောမြင့်ကသူ့ရဲ့ခြုံထည်တဘက်လေးနဲ့ စို့လာတဲ့သူ့ရဲ့မျက်ရည်စတွေကိုသုတ်နေရင်းက First News ကိုအခုလိုပြောပါတယ်။ (၇၂)မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသောပထမပင်လုံစာချုပ်တွင် ဗိုလ်ချူပ်အောင်ဆန်းနှင့်အတူလက်မှတ်ရေးထိုးခဲ့သူတိုင်းရင်းသားခေါင်းဆောင်များထဲမှလင်းခေး ဦးထွန်းမြင့်ရဲ့သမီး၊ခွန်ကြာပု၏။သမီးနှင့်အခြား တိုင်းရင်းသားခေါင်းဆောင်များရဲ့သားသမီးများ လည်းတက်ရောက်လာကြကာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့၊တစ်ဖွဖွပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ်။အဖွားတို့ဒီနိုင်ငံမှာဒီသားအဖကိုမှမယုံရင်ယုံရမယ့် သူ အတော်ရှားပါးသွားပြီ”လို့လည်းယင်းအခမ်းအနားမှာ င်္FirstNewsသတင်းအဖွဲ့မှသွားရောက်တွေ့ဆုံမေး မြန်းခဲ့ရာမှာတိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့သားသမီးများကအခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
နောင်နှစ်တွေမှာဆက်လက်ကျင်းပမယ့်ရှမ်းပြည်နယ်နေ့အခမ်းအနားတွေကိုနိုင်ငံမှာကြီးမြတ်တဲ့ ခေါင်းဆောင်”မစု”ကိုအခုလိုတွေ့မြင်လိုသော ဆန္ဒပြင်းပြပြီးငြိမ်းချမ်းတည်ငြိမ်လုံခြုံဖွံ့ဖြိုးသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးအဆင့်မှာ
ကျင်းပမယ့်ပြည်နယ်နေ့ကိုနောက်တစ်ခေါက်ထပ် တက်နိုင်ဖို့ အဖွားကြိုးစားပါဦးမယ်လို့လည်းပင်လုံ စာချုပ်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့အတူလက်မှတ်ထိုး ခဲ့ကြတဲ့တိုင်းရင်းသားခေါင်းဆောင်လင်းခေး ဦးထွန်းမြင့်ရဲ့သမီးဖြစ်သူအဖွားဒေါ်ခင်စောမြင့်က အခုလိုပြောကြားပါတယ်။ပထမပင်လုံစာချူပ်တောင်တန်းပြည်မအတူပူးပေါင်း ရေးစာချူပ်မှာဗိုလ်ချူပ်အောင်ဆန်းနဲ့အတူလက်မှတ် ရေးထိုးခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင်ခွန်ကြာပုရဲ့ သမီးကြီးအသက်{၉၂}နှစ်ရှိဖွားသက်ရှည်လည်းတက်ရောက်ခဲ့ကြပါတယ်။
{သံလွင်သူ.တွေ့ဆုံရေးသားပေးပို့သည်။}
မှတ်ချက်။ ။သတင်းအပြည့်အစုံကိုမနက်ဖြန် စနေနေ့ထုတ်”First News journal. တွင်ဖော်ပြထားပါကြောင်း။ {အယ်ဒီတာ}
Unicode Font
ဘိန်းစိုက်ခင်းတွေထဲက ရုန်းမထွက်နိုင်ကြတဲ့ မြန်မာဘိန်းစိုက်တောင်သူများ
မြန်မာနိုင်ငံ အရှေ့ပိုင်း တောင်ထူထပ်ရာဒေသရဲ့ စားကျက်မြေတွေနဲ့ တောင်ထိပ်တွေမှာ ခရမ်းရောင် ဘိန်းစိုက်ခင်းတွေက တစ်ပြန့်တစ်ပြောရှိနေပါတယ်။
ဘိန်းစိုက်တောင်သူဘဝကနေ လွတ်မြောက်ရေးအတွက် မက်လုံးပေးဆွဲတင်ပေမယ့် အကျိုးအမြတ်ပေါ်တဲ့ ဘိန်းစိုက်ပျိုးမှုဟာ အများစုသော တောင်သူတွေအတွက် ရုန်းမထွက်နိုင်တဲ့ ဘဝပေးအခြေအနေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဒုတိယဘိန်းအများဆုံး ထွက်ရာ ရင်းမြစ်ပါပဲ။ အဓိကထုတ်လုပ်ရေးအချက်အခြာဟာ ရှမ်းပြည်နယ်ပဲ ဖြစ်ပါတယ်။
အေအက်ဖ်ပီသတင်းအဖွဲ့ဟာ ဟိုပုံးမြို့ငယ်က တောင်စောင်းတွေဆီ ရောက်ရှိခဲ့ပါတယ်။ ဟိုပုံးမြို့ဟာဆိုရင် ခရီးသွားမဏ္ဍိုင်တစ်ရပ်အဖြစ် ထင်ရှားတဲ့ အင်းလေးကန်ကနေ ဒါဇင်ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းရာ အရပ်ပါပဲ။
ဒီဟိုပုံးမြို့ငယ်ရဲ့ ဝန်းကျင်က စိုက်ခင်းယာမြေတွေဟာ ကော်ဖီ၊ အာလူးနဲ့ ပြောင်းတွေ စိုက်ပျိုးကြရင်း ဟိုသည်ပြန့်ကျဲတည်ရှိတဲ့ ကျေးရွာတွေအတွက် အသက်သွေးကြောပဲ ဖြစ်နေပါတယ်။
ဒါပေမယ့် အလှမ်းနည်းနည်းကွာတဲ့ တောင်ရိုးတစ်ကြောဟာတော့ ခရမ်းရောင်လွှမ်းခြုံထားပါတယ်။ ပေ ၈၀၀၀ နီးပါးအမြင့်က ဘိန်းစိုက်ခင်းတွေပါပဲ။
ပအို့ဝ်နဲ့ ရှမ်းတိုင်းရင်းသားလူနည်းစုတွေ နေထိုင်ရာ ပတ်ပတ်လည်က ကျေးရွာတွေမှာ နေ့စဉ်နေ့တိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ တရားမဝင်ပန်းပွင့်အတွက် တောင်ယာဆင်းကြစမြဲပါ။
သူတို့ဟာ ဘိန်းကို အစေးခြစ်ယူပြီး ဘူးတွေထဲ ထည့်ကြပါတယ်။ ဒီတစ်ဘူးဟာဆိုရင် အမေရိကန််ဒေါ်လာ ၁၀၀ အထက် စျေးရပါတယ်။ အခြားသီးနှံတွေထက် အကျိုးအမြတ်များစွာရရှိတဲ့ ဘိန်းပင်ပဲ ဖြစ်ပါတော့တယ်။
ဘိန်းထုတ်လုပ်မှု အမြစ်ပြတ်ရေးအတွက် တိုက်ထုတ်နေတာဟာဆိုရင် ဆယ်စုနှစ်တွေ များစွာ ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်က ဟိုပုံးမှာ ဘိန်းခင်းဧက ၁၅၀၀ ကို မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အစိုးရနဲ့ NGOs တွေဟာ ဘိန်းစိုက်တောင်သူတွေကို အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးဖို့ မက်လုံးတွေပေး ဆွယ်ယူစည်းရုံးရာ အောင်မြင်မှု တစ်ချို့တစ်လေတော့ ရှိပါတယ်။
၂၀၁၈ ခုနှစမှာ ဘိန်းစိုက်ဧရိယာဟာ တမန်နှစ်ကထက် ဆယ်ရာခိုင်နှုန်း ကျဆင်းပြီး ၃၇၃၀၀ ဟတ်တာ ရှိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံးအရ သိရပါတယ်။
ဒါပေမယ့် မူးယစ်ဂိုဏ်းတွေရဲ့ မက်သာဖီတာမင်းဆေးပြားတွေ ထုတ်လုပ်မှုဆီ အားကောင်းမောင်းသန် အရွှေ့ရှိခဲ့တာကို ကုလသမဂ္ဂအေဂျင်စီက ဝန်ခံထားပါတယ်။
မြန်မာနိုင်ငံက ဆင်းရဲတဲ့ ပြည်သူတွေကြားက အများစုသော တောင်သူတွေအတွက်ကတော့ ငွေအရပေါ်ဖို့ ရိုးရိုးရှင်းရှင်းပဲ ရွေးချယ်မှု ပြုကြပါတယ်။
ကော်ဖီပြောင်းစိုက်ဖို့ ကြိုးစားတဲ့ တောင်သူတစ်ဦးဟာ လွန်ခဲ့တဲ့ သုံးနှစ်မှာတော့ ဘိန်းစိုက်ခင်းဆီပဲ ပြန်ရောက်သွားတော့ပါတယ်။
“ဘိန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် မကောင်းဘူးဆိုတာကို ကျွန်တော်တို့ သိပါတယ်။”လို့ တောင်စောင်းတစ်ခွင်က ခရမ်းရောင်ဘိန်းခင်းကြီးကို ငေးမျှော်ရင်း ၎င်းက ဆိုပါတယ်။
“ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ အခြားသီးနှံတွေ စိုက်ပျိုးရင် ဝမ်းရေးအတွက် ဒုက္ခရောက်နေရလို့ပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောခဲ့ပါတော့တယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် သားအရင်းနှင့်ချွေးမဖြစ်သူတို့က ဖခင်ဖြစ်သူအား မီးရှို့နှိပ်စက်
Unicode
ဖခင်ဖြစ်သူမှ အမွေမပေးသဖြင့် သားနှင့်ချွေးမဖြစ်သူတို့က ဖခင်ဖြစ်သူအား မီးရှို့နှိပ်စက် ။ နေပြည်တော်၊ ဖေဖော်ဝါရီ ၈၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ
အောင်ထွန်းလင်း(၃၂)နှစ်ထံသို့ ခင်မင်ရင်းနှီးသူ အင်းစိန် မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နေ ဦးရှိန်ဝင်း(၇၂)နှစ်မှ ဖုန်းဖြင့်ဆက်သွယ်ကာ ၎င်းနေထိုင်ရာ ခြံဝင်းအတွင်း၌ သားအရင်းဖြစ်သူ မောင်မောင်ဇေလင်း(၄၀)နှစ်နှင့် ချွေးမဖြစ်သူ မခိုင်စုသော် (၃၅)နှစ်တို့မှ
၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းအား မီးရှို့ထား၍လဲနေကြောင်းပြောဆို အကူအညီတောင်းခံ သဖြင့် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူသွားရောက်ခဲ့ကြောင်း၊ ဦးရှိန်ဝင်း အား ခုတင်ပေါ် တွင် ပက်လက်အနေထားဖြင့် ခန္ဓာကိုယ်တွင်မီးလောင်ဒဏ်ရာများနှင့်အတူ တွေ့ရှိ ရ၍ မေးမြန်းရာ
မောင်မောင်ဇေလင်းနှင့်ခိုင်စုသော်တို့မှအမွေတောင်းရာ ၎င်းမှမပေးနိုင်ကြောင်း ပြောဆိုသဖြင့် ၎င်း၏ ခန္ဓာကိုယ်အားမီးရှို့နှိပ်စက်ခဲ့ကြောင်း ပြောပြသိရှိရသောကြောင့် အရေးယူ ပေးရန်တိုင်တန်းချက်အရ မောင်မောင်ဇေလင်း နှင့် ခိုင်စုသော်တို့(၂)ဦးအား အင်းစိန်မြို့မရဲစခန်း (ပ)၁၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့် အရေးယူထားကြောင်း သတင်း ရရှိသည်။ရဲဇာနည်
ဖားကန့်​ ​ဖေ​ဖော်​ဝါရီ ၇ ။ ။
-နောင်ရိုး
Credit-U Shwe Thein(fb)
Unicode
ဖားကန့်မှာ ကျောက်ကမ်းပါးများ ပြိုကျပြန်ပြီ..(ရုပ်သံ)
ဖားကန်​့ ​ဖေ​ဖော်​ဝါရီ ၇ ။ ။
ဖားကန့်မြို့နယ် တောင်ထိပ်ကျောက်ကမ်းပါးနံရံများအက်ကွဲနေရာမှ တောင်ကမ်းပါးများပြိုကျ
EPN TV News ဖားကန်​့ ​ဖေ​ဖော်​ဝါရီ ၇
ဖားကန့်မြို့နယ်၊ဆိပ်မူအုပ်စု၊မမုံကျေးရွာအနီးရှိ(Y.T.T)တောင်ထိပ်ကျောက်ကမ်းပါးနံရံများအက်ကွဲနေရာမှ ဖေဖော်ဝါရီ(၇)ရက် နေ့လည်(၁၂:၀၀) နာရီအချိန်က အဆိုပါကျောက်ကမ်းပါးများပြိုကျနေပြီး ဆက်လက်ပြိုကျနိုင်ကြောင်း၊
ယခုအချိန်ထိ သေဆုံး၊ဒါဏ်ရာရရှိမှုမရှိကြောင်း၊ယင်းနေရာသည်”အန္တရာယ်ရှိသည်”အနေအထားတွင် ရှိနေသဖြင့်၊
ရေမဆေးကျောက်ရှာဖွေသူများဝင်ရောက်ရှာဖွေခြင်းမပြုရန် မေတ္တာရပ်ခံပန်ကြားထားကြောင်းမမုံကျေးရွာအုပ်ချုပ်ရေးရုံးမှအတည်ပြုပြောကြားသည်။
-နောင်ရိုး
Credit-U Shwe Thein(fb)
ဒုက္ခသည် စခန်းရောက် အိန်ဂျယ်လီ နာဂျိုလီ မြန်မာ အစိုးရကို ဝေဖန်ထိုးနှက်
ဘင်္ဂ လားဒေ့ရှ် ဒုက္ခသည်စခန်းရောက် အိန်ဂျယ်လီနာဂျိုလီ မြန်မာအစိုးရကို ဝေဖန်ထိုးနှက် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အထူးကိုယ်စားလှယ်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အိန်ဂျယ်လီနာဂျိုလီက ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရတွင် အပြည့်အ၀ တာဝန်ရှိကြောင်း ဝေဖန်လိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များထွက်ပြေးခိုလှုံရမှုကိုဖြစ်စေခဲ့သော တိုက်ခိုက်ရန်ပြုမှုများ အဆုံးသတ်နိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် စစ်မှန်သော စိတ်ဆန္ဒရှိမှုကို ပြသရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
အိန်ဂျယ်လီနာဂျိုလီသည် လူဦးရေ ၇ သိန်းကျော်ခန့် ခိုလှုံလျက်ရှိသော ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်များနှင့်တွေ့ဆုံမှု ဒုတိယနေ့တွင် ယင်သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအတွက် ဒေါ်လာ ၁ ဘီလီယံ တင်ပြတောင်းခံမည့် အစီအစဉ်ရှိနေရာ ထို့မတိုင်မီ ကုလ ဒုက္ခသည်အေဂျင်စီ၏ အထူးကိုယ်စားလှယ် အိန်ဂျယ်လီနာဂျိုလီက လာရောက်ခြင်းဖြစ်သည်။
“သူတို့ဘ၀တလျောက်လုံး တိရစ္တာန်တွေလို ဆက်ဆံခံရပြီး နှိပ်ကွပ်မှုနဲ့ နိုင်ငံမဲ့မှုကိုသာ သိရှိခဲ့ရတဲ့ မိသားစုတွေနဲ့ ဆုံတွေ့လိုက်ရတာဟာ အထူး စိတ်မချမ်းသာစရာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာလည်း အခြားနေရာတွေမှာ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်များနည်းတူ အိမ်ပြန်ချင်ကြတယ်ဆိုတဲ့အချက်ကတော့ အတူတူပဲဖြစ်ပါတယ်”ဟု သူမက ဆိုသည်။
ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏အခွင့်အရေးများကို လေးစားလိုက်နာမှုရှိချိန်၊ နေရပ်ပြန်ရပ် လုံလောက်သော လုံခြုံစိတ်ချမှုရှိချိန်မှာသာ နေရပ်ပြန်သင့်ကြောင်းလည်း သူမက ပြောသည်။
“ဒီအခွင့်အရေးတွေကို အာမခံပေးနိုင်ဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင်ဆောင်ရွက်ပေးဖို့အတွက် မြန်မာအစိုးရနဲ့ မြန်မာ အာဏာပိုင်များအပေါ်မှာ အတိအလင်း တာဝန်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အသိုက်အ၀န်းတွေအားလုံးအတွက် လူနေမှုအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့နဲ့ တိုက်ခိုက်ရန်ပြုမှုသံသရာကို အဆုံးသတ်နိုင်ဖို့ ကျွန်မအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်”ဟု သူမက ပြောသည်။
အိန်ဂျယ်လီနာဂျိုလီသည် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုစဉ်ကလည်း ဘင်္ဂါလီဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ထို့မတိုင်မီ ၂၀၀၆ ခုနှစ်ကလည်း အိန္ဒိယတွင် ၎င်းဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ဖူးသည်။
သူမသည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့နှင့် မြို့တော် ဒါကာတွင် တွေ့ဆုံပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း ကုလ၏ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးနှင့် ရေရှည်အစီအစဉ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။News Watch
အမ်းမြို့နယ်မှာ မိုင်းပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတချို့ဖြစ်
ရခိုင်ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်ထဲမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော်ယာဉ်တန်းလမ်းကြောင်းကို တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ တပ်မတော် ဘက်ကရော၊ ဒေသခံ တာဝန် ရှိသူတွေကပါပြောပါတယ်။ စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အခုလို မျိုး တိုက်ပွဲဖြစ်တဲ့နေရာတွေ ပိုပြီးကျယ်လာ တာကြောင့် ဒေသခံတွေ ပိုပြီး အခက်ကြုံလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုး လည်းရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်အတွင်း၊ အမ်းနဲ့ကျောက်တော် ကားလမ်းမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော် ယာဉ်တန်းကို ရည်ရွယ်ပြီး တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတာ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုပါတယ်။
“ဖေဖေါ်ဝါရီလ(၄)ရက်နေ့တုန်းက ညပိုင်းမှာ အဲဒီမှာကျွန်တော်တို့လမ်းလုံခြုံရေးလုပ်နေတာရှိတယ်။ လမ်းလုံခြုံရေး လုပ်တဲ့အဖွဲ့ တွေကို မိုင်းခွဲပြီးတိုက်တာရှိတယ်။ AA အဖွဲ့ဘဲ။ AA အဖွဲ့ဘဲ ဟုတ်။ အမ်းနဲ့ကျောက်တော်အကြား ကားလမ်းမှာဖြစ်တာ။ အမ်းနဲ့ တော့နဲနဲဝေးသေးတယ်။ ဒဏ်ရာရမှု ဘာညာမရှိပါဘူး။ ထိခိုက်ကျဆုံးမှု နှစ်ဖက် တော့မရှိဘူးလို့ သိရတယ်။”
အမ်းမြို့နယ်အနောက်ဘက် မိုင် ၂၀ လောက်အကွာမှာဖြစ်ခဲ့တဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အဲဒီကနေ သိပ်မဝေးလှ တဲ့ ကဇူကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်သောင်းက အခုလိုပြောပါတယ်။
“မနေ့က(၈)နာရီခွဲလောက်ပေါ့။ ပေါက်ကွဲသံကြားတယ်ပေါ့။ ပစ်ခတ်သံလေးတွေကြားနေကြတယ်ပေါ့ ဒီရွာမှာ။ မိနစ် ၂၀ ၀န်းကျင်လောက်ပါဘဲ။ ယာဉ်တန်းကိုတိုက်ခိုက်တာနဲ့တူတယ်။ ဘယ်လိုပုံစံတိုက်ခိုက်တာဆိုတာတော့ မသိဘူး လေ။ နားမလည်ဘူး။ ပထမဆုံးပါ။ ပထမဆုံးပါ။ ထိခိုက်မှုဘာညာတော့ ဘာမှမရှိဘူးဗျ။”
အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကတော့ မိုင်းခွဲတိုက်ခိုက်တဲ့နေရာကို မိုင်တိုင်အမှတ်နဲ့တကွ အတိအကျ ရှင်းပြသလို အခင်းဖြစ်ပြီးနောက်ပိုင်း ဒီကနေ့ အခြေအနေ တည်ငြိမ်နေတယ်လို့ပြောပါတယ်။
“ဖြစ်တဲ့နေရာကတော့ ရန်ကုန်စစ်တွေလမ်း မြေပုံနဲ့အမ်းကြား၊ မဲလက်မောင်းကျေးရွာ ကဇူကိုင်းကျေးရွာ ရှောက်ခြုံ ကျေးရွာအနီး မိုင်တိုင်၁၉/၄မှာဖြစ်တာပါ။ ဖြစ်တဲ့အခြေအနေကတော့ အမ်းကနေ စစ်ယာဉ် ၅ စီးဖြတ်သွားတယ်။ ဗုံးကွဲမဲ့နေရာကနေပြီးတော့ ဖြတ်သွားပြီး ၁၅ မိနစ်အကြာမှာ ဗုံးတလုံးကွဲတယ်။ နောက်ထပ်ပြီးတော့ဗုံးတလုံးကွဲတယ်။ ယာဉ်လူထိခိုက်ဒဏ်ရာရရှိတာ လုံးဝ မရှိပါဘူး။ ဗုံးသံကြားတဲ့အခါမှာ လုံခြုံရေးတပ်ကနေပြီးတော့ အဲဒီနေရာကို တက် ရှင်းလင်းတာပါ။ အခုမနက်ကစပြီးတော့ ခရီးသည်တင်တဲ့ကားတွေ ယာဉ်ကြီးယာဉ်လတ်အကုန်လုံး ပုံမှန်အတိုင်း သွားလာလျှက်ရှိပါတယ်ဗျ။”
ရခိုင်ပြည်နယ်အလယ်ပိုင်းက အမ်းမြို့နယ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့မြို့ဖြစ်ပြီး အခုလို တိုက် ခိုက်မှုဖြစ်စဉ် မျိုး ပထမဆုံးအကြိမ်ဖြစ်တာလို့ ဒေသခံတွေကပြောပါတယ်။
အဲဒီ မိုင်းခွဲတိုက်ခိုက်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရခိုင့်တပ်မတော် AA ဘက်ကို ဆက်သွယ်မေးမြန်းရာမှာ ပြန်ကြား ရေး တာဝန်ခံ ခိုင်သုခက သူမသိသေးဘူးလို့ပြောပါတယ်။
AA နဲ့ တပ်မတော်တို့အကြား ဘူးသီးတောင် ရသေ့တောင် မောင်တော ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တွေမှာ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေရာက အခုလို ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်အထိ ရောက်လာတဲ့အပေါ် ရခိုင်ပြည်နယ် အရပ်သား ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲဝင် ကိုဇော်ဝင်းက အခုလိုသုံးသပ်ပါတယ်။
“အမ်းမြို့နယ်ဆိုတာတော့ အလယ်စင်တာဆို ပိုပြီးမှန်တယ်ပေါ့။ ရခိုင်ပြည်ရဲ့အလယ်မှာလေ။ စစ်ရေးအခြေအနေ ကတော့ စစ်မျက်နှာတွေအများကြီးကျယ်လာမယ်။ ဒီထက်ပိုပြီးကျယ်လာဦးမယ်ဆိုတဲ့ နှစ်ဖက်အခြေအနေရဲ့ အဲဒီ လိုဖြစ်နေပုံရတယ်လေ။ စစ်မျက်နှာတွေကျယ်ပြန့်လာပြီးဆိုရင် ပြည်သူတွေအခက်ခဲဖြစ်မယ်။ ပြည်သူတွေဒုက္ခ ရောက်မယ်။ စားဝတ်နေရေး ပညာရေး ကျန်းမာရေး ကလေးသူငယ် သက်ကြီးရွယ်အိုကအစ အခက်ခဲတွေ ကြုံလာမယ်။”
ဒီအတောအတွင်းမှာပဲ AA အပါအ၀င် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) နဲ့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စတဲ့ လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ရဲ့ Facebook စာမျက်နှာတွေကို ပိတ်လိုက်တယ်လို့ Facebook ကုမ္ပဏီက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး AA ရဲ့သဘောထားကို ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။
“Facebook က ပိတ်လိုက်တဲ့ကိစ္စလား။ တလလောက်တော့ရှိပြီးထင်တယ်ဗျ။ ဇန်န၀ါရီ မှာပိတ်တယ်။ ကျွန် တော်တို့ မြင်တာက Facebook မူဝါဒလို့ပြောရမှာထက် မြန်မာအစိုးရကနေပြီးတော့ ဒါဖိအားပေးပြီးတော့လုပ်တဲ့ သဘောလို့ ကျွန်တော် တို့မြင်တယ်။ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုသတင်းကို ပြည်သူလူထုမှန်မှန်ကန်ကန်သိဖို့ အတွက် ရည်ရွယ်ချက်နဲ့ နေပြီးတော့ လုပ်ထားတဲ့ဥစ္စာတွေ။ Facebookက နေပြီးတော့ အစိုးရတွေရဲ့အသုံးချခံသက် သက် လားနော်။ အဖိနှိပ်ခံလူမျိုးတွေအတွက် Facebookက မရပ်တည်ဘူးလားဆိုတဲ့ဥစ္စာ တော့ မေးခွန်းထုတ်စရာ တော့ဖြစ်တာပေါ့ဗျာ။”
လက်ရှိမှာ မြန်မာ့တပ်မတော်ဖက်က ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အတွင်း စစ်အင်အားတွေ ပိုပြီးချထားနေတာ ကြောင့် တိုက်ပွဲ တွေ ဆက်ပြီး ပြင်းထန်းလာမယ့်အခြေအနေရှိတယ်လို့ အရပ်သား ပစ်ခတ်တိုက်ခိုက်မှု စောင့် ကြည့်ရေးအဖွဲတွေက သုံးသပ်ထား ပါတယ်။
နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
ချင်းရွှေဟော် နယ်စပ်အခြေအနေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးထံ ဆက်သွယ်မေးမြန်းရာအသေးစိတ်အခြေအနေကို မသိ၍ ရှင်းမပြနိုင်ကြောင်း တုံ့ပြန် ပြောကြားသည်။ ။
Credit–7Day Daily
Unicode
တရုတ်နယ်ခြားစောင့်တပ်ကဖျက်ဆီးသွားသောအလံတိုင်နေရာတွင်မြန်မာကသံတိုင်ပြန်လည်စိုက်ထူ
မြန်မာဘက်က ကန့်ကွက်မှုကို တရုတ် အကြောင်းမပြန်သေး
တရုတ်နယ်ခြားစောင့်တပ်က ဖြိုဖျက်သွားသော မြန်မာနိုင်ငံအလံပါ မြန်မာ-တရုတ်နယ်စပ် အမှတ်အသားနေရာတွင် မြန်မာဘက်က သံတိုင်တစ်တိုင် ပြန်လည် စိုက်ထားပြီး အလံတိုင်ကို ဖျက်ဆီး၍ ကန့်ကွက်ထားသည့် အပေါ် တရုတ်ဘက် က တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း ချင်းရွှေဟော်မြို့မှ ဌာနဆိုင်ရာ အရာရှိတစ်ဦးကပြောသည်။
“သူတို့ဖြုတ်သွားတဲ့နေရာမှာပဲ သံတိုင်တစ်တိုင် ပြန်စိုက်လိုက်တယ်” ဟု ဌာနနှင့် အမည်ကို ထုတ်ဖော်ရေးသား ခွင့်မပြု သော အထက်ပါ အရာရှိက ပြောသည်။
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် (၂) ရပ်ကွက်၊ နယ်နိမိတ်ကျောက်တိုင် အမှတ် (BP144/3) နှင့် (BP144/4) ကြား နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအနီးတွင် စိုက်ထူထားသည့် မြန်မာနိုင်ငံအလံတိုင်ကို တရုတ် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၀ ဦးက ဇန်နဝါရီလ ၂၉ ရက်တွင် လာရောက် ဖြိုဖျက်ခဲ့သည်။
ဖြိုဖျက်ခံရပြီးနာက် မြန်မာဘက်က မြေပေါ်တွင် သုံးပေခန့်မြင့်သော သံပိုက်လုံးကို အုတ်ဖိနပ်ခံ၍ ပြန်စိုက်ခဲ့သည်။
လက်နက်၊ ယူနီဖောင်း အပြည့်အစုံဖြင့် တရုတ်နယ်ခြားစေင့် တပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံအလံကို ကိုင်ထားကာ ဝှေ့ယမ်းခဲ့ပြီး မြန်မာဘက်မှ ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကလည်း မြန်မာနိုင်ငံအလံကို ကိုင်ထားကာ ဝှေ့ယမ်းပြခဲ့သည်ကို ဇန်နဝါရီ ၂၉ ရက် အခြေအနေအား မြန်မာဌာနဆိုင်ရာ ဝန်ထမ်းအချို့က ဖုန်းဖြင့် ရိုက်ကူးထားသည့်တစ်မိနစ် ၁၆ စက္ကန့်ကြာသော ဗီဒီယိုဖိုင်တွင်တွေ့ရသည်။
“ဒီဘက်ကတော့ လုံခြုံရေးတွေ ချထားတယ်။ လောလောဆယ်ကတော့ တရုတ်နှစ်သစ်ကူးရက်ဆိုတော့ နားထားကြတယ် ထင်တယ်” ဟု ချင်းရွှေဟော်မြို့ ဒေသခံတစ်ဦးက ဖေဖော်ဝါရီ ၃ ရက် အခြေအနေကို ပြောသည်။
မြန်မာဘက်က လုံခြုံရေးချထားခြင်းမှာ အငြင်းပွားနေသည့် နေရာသည် တရားမဝင်ကုန်စည် သယ်ယူသည့် နေရာ ဖြစ်နေကာ ယင်းအခြေအနေကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
ဖျက်ဆီးခံရသော အလံတိုင်သည် ၂၀၁၅ က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲကာလ နောက်ပိုင်း စိုက်ထူထားခြင်း ဖြစ်သည်။ မူလက မြေကြီးပေါ်တွင် စိုက်ထူခဲ့ပြီး လွန်ခဲ့သည့် ခြောက်လခန့်တွင် အုတ်ခုံဖြင့် တည်ဆောက်ခဲ့သည်။
ယခုအခါ တရုတ်နယ်ခြားစောင့်တပ်က လာရောက်ဖျက်ဆီးခဲ့၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က တရုတ်၏ ယင်းလုပ်ရပ်ကို ကန့်ကွက်ထားပြီး နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအဆင့်သို့တင်ပြထားသည်။
မြန်မာနှင့် တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းမြို့နယ်မှ နှစ်နိုင်ငံ နယ်စပ်ချင်း ထိစပ်နေသော နေရာအချို့တွင်လည်း နယ်စပ်အငြင်းပွားနေသော ပြဿနာရှိနေသည်။
ချင်းရွှေဟော် နယ်စပ်အခြေအနေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးထံ ဆက်သွယ်မေးမြန်းရာအသေးစိတ်အခြေအနေကို မသိ၍ ရှင်းမပြနိုင်ကြောင်း တုုံ့ပြန် ပြောကြားသည်။ ။
Credit–7Day Daily
နာဂဒေသကို တပ်မတော်က စစ်ဆင်ရေး၊ စစ်ကြောင်းအလုံးအရင်းနဲ့ ဝင်ရောက်လာ၊ နာဂဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်
နာဂဒေသကို တပ်မတော်က စစ်ဆင်ရေး၊ စစ်ကြောင်းအလုံးအရင်းနဲ့ ဝင်ရောက်လာ၊ နာဂဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်
နာဂဒေသကို တပ်မတော်က စစ်ဆင်ရေး၊ စစ်ကြောင်းအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားမှာ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် တံခါးကျေးရွာရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ဌာနချူ ပ်ကို ဇန်နဝါရီ ၂၉ ရက် မနက် ၁၁နာရီလောက်မှာ တပ်မတော်က အင်အား ၄၀၀ လောက်နဲ့ နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီး ဝင်ရောက်နေရာယူခဲ့ပါတယ်။
“ဒေသခံတွေက ပြည်သူတွေဆိုတော့ အခုလိုတပ်မတော်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တော်တော်လေး ထိတ်လန့်နေကြတယ်။ ဘယ်လိုဖြစ်မလဲ ဘယ်လိုတိုက်ခိုက်ကြမလဲပေါ့။တခြားသောနယ်မြေတိုင်းရင်းသားတွေနဲ့ ဒီလိုစစ်ဆင်ရေးလုပ်ပြီး တိုက်ခိုက်ကြတဲ့အခါမှာ ဒုက္ခသည်တွေ ဘယ်လိုဖြစ်တယ်တဲ့ဆိုတဲ့ ကြားဖူးနားဝတွေရှိတဲ့အခါကြတော့ အဲ့ဒီလိုတွေဖြစ်မှာကို ပြည်သူလူထုက စိုးရိမ်နေကြတာပါ ” လို့ နာဂငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ဝင်းဆွေက မဇ္ဈိမကို ပြောပါတယ်။
လက်ရှိ NSCN – K ၏ဌာနချုပ်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှူးဦးဆောင်သော တပ်ရင်း ၆ ရင်း၊ အင်အား ၄၀၀ လောက်ဖြင့် တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နေအိမ်မီးရှို့မှုတွေရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ရှိလက်နက်ကိုင်အဖွဲ့အစည်းနှင့်သောင်းကျန်းသူများက NSCN- နေထိုင်သည့် ဒေသများတွင် ခိုလှူံ မှုများရှိနေသောကြောင့် နှစ်နိုင်ငံသဘောတူညီချက်အရ တပ်မတော်မှနယ်မြေရှင်းလင်းရေးများဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
” ကျွန်တော်ပြောနိုင်တာက တံခါးဒေသဘက်မှာ တပ်မတော်က လုံခြုံရေးအရ ဆောင်ရွက်နေတာတွေရှိပါတယ်။မပြီးသေးပါဘူး။ ကျွန်တော်တို့ပြီးရင် သတင်းထုတ်ပြန်ပေးပါ့မယ် ” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမကို ပြောပါတယ်။
NSCN – K သည် အစိုးရနှင့်၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
မဇ္ဈိမ
ပိုလီယိုေ ရာဂါသည် မိန်းကလေး အား (၂၀)နှစ်အ ရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွား
မေ ကွးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ဘုရားပွဲမှပြန်လာသော ပိုလီယိုရောဂါသည်မိန်းကလေး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၅ ရက်၊ ၃ နာရီ ၄၅ မိနစ်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ညောင်လှနယ်မြေရဲစခန်းတွင် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သူကို အရေးယူပေးရန် မိခင်ဖြစ်သူမှ လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်စစ်မေးရာ နဂါးကျေးရွာအုပ်စု၊ ကံရွာလေးကျေးရွာနေထိုင်သူ ဒေါ်—– သည် ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီက နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မ—– ၊ ပိုလီယိုရောဂါသည်(အရိုအကြောမသန်၊ နားလေးနေသူ)၏ အသံမကြားရ၊ မတွေ့ရသဖြင့် အနီးဘေးပတ်ဝန်းကျင်ကို လိုက်လံရှာဖွေခဲ့ကြောင်းသိရသည်။
ထိုသို့လိုက်ရှာရာမှ သမီးဖြစ်သူသည် နေထိုင်ရာအရပ်နှင့်(၂)မိုင်ခန့်ကွာဝေးသော သပြေစမ်းကျေးရွာနေထိုင်သူတစ်ဦး၏နေအိမ်တွင်ရောက်ရှိနေသည်ဟုသိရသဖြင့် သမီးဖြစ်သူကိုသွားရောက်ခေါ်ယူပြီး မေးမြန်းရာ သမီးဖြစ်သူသည် ဇန်နဝါရီလ ၂၂ ရက်၊ ည ၉နာရီက ညီမဖြစ်သူနှင့်အတူ ကံရွာလေးကျေးရွာရှိ ဗုဒ္ဓပူဇနိယဘုရားပွဲ၊ ဌေးမဟာဇာတ်ပွဲသို့သွားရောက်ခဲ့ကာ ဇန်နဝါရီလ ၂၃ရက်၊ နံနက် ၁ နာရီတွင် အိပ်ချင်သဖြင့် တစ်ယောက်တည်းပြန်လာခဲ့ကြောင်း သိရသည်။
ယင်းသို့ပြန်လာရာလမ်းတွင် ချိုင်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာနေထိုင်သူ ဝေလု(ခ)ဝေလုကျော်က မ—–အား ကံရွာလေးကျေးရွာနှင့်သပြေစမ်းကျေးရွာကြားရှိ လူမနေသည့်တဲအတွင်းသို့ အတင်းဆွဲခေါ်ကာ အဓမ္မ (၂) ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။
ထိုသို့အဓမ္မပြုကျင့်ပြီးနောက် ဝေလု(ခ)ဝေလုကျော်က သပြေစမ်းကျေးရွာဘက်သို့ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေခဲ့ရာမှ သပြေစမ်းကျေးရွာနေထိုင်သူတစ်ဦး၏နေအိမ်သို့ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဝေလု(ခ)ဝေလုကျော်၊ (၂၀)နှစ်ကို ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေ ရဲစခန်း၌ ပအမှတ်(ပ)၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့်အမှုရေးဖွင့်စစ်ဆေးနေကြောင်း သိရသည်။—AKonThi—
၂၅ နှစ်အရွယ် အပေါ်ဗလာနဲ့ မိန်းကလေးက ကားကိုတားပြီး ကားပေါ်တက်ပွဲကြမ်းတဲ့ ဖြစ်ရပ်
ဗဟုသုတ(www.bahututa)
Unicode
ကားကြီးပေါ်ရောက်နေတဲ့ အပေါ်ပိုင်းအဝတ်ဗလာနဲ့ အမျိုးသမီးအား ကူညီခဲ့သော်လည်း …
ယနေ့မနက် 9:45 မိနစ်မှာ ဖုန်းဆက်အကူအညီတောင်းလာသည်မှာ တာချီလိတ်မြို့အထွက် ဗျူဟာအရှေ့တွင်အမျိုးသမီးတစ်ဦး အဝတ်မပါဗလာဖြင့် ကားကြီးတစ်စီးကိုတားပြီး ကားပေါ်ရောက်အောင်တွယ်တက်ခါ ကားအမိုးပေါ်အရောက်တွင် ခုန်ချမည့်ဟန်လုပ်လိုက် အော်ခြင်ရာလျှောက်အော်လိုက် ဖြင့် ကားဆရာလည်း ဒုက္ခရောက်နေပါသည်။
အမြန်လာရောက်ကူညီပေးပါရန် ထို့ကြောင့် တာချီလိတ်နာရေးကူညီမှုအသင်းမှ အမြန် ရောက်ရှိသွားခါ အမျိုးသမီးငယ်မှာစိတ်ဖောက်ပြန်နေပြီး ဘယ်လိုမှချော့ပြီးခေါ်၍မရသည့်အဆုံး ကားပေါ်ရောက် အောင်တက်ပြီး အကြမ်းဖက်ပြီးအောက်ကိုရောက်အောင်ခေါ်ပြီး အတင်းချုပ်နှောင်ခဲ့ရပါသည်။
ယောင်္ကျားလေး ( ၅ ) ယောက် မနည်းထိမ်းသိမ်းယူရပါသည်။ သူ့ရဲ့ခြေထောက်ကန်ချက်ကလည်းလေ ထဲမှာ ဝဲ နေပါတယ်။ ကရာတေးသမားလို့တောင်ပြောလို့ရပါတယ်။ ကျွန်တော်တို့ ကားပေါ်တင်ပြီး ဟောင်လိတ်ရဲစခန်း ကိုသတင်းပို့ပြီး သူ့ကိုသိရှိသူက သူ၏အမျိုးသား ကျိုင်းလပ်မှာရှိပါသည်။ ရွာနာမည်ပါပြောပါသည်။
ဒါနဲ့ကျွန်တော်တို့မှတာချီလိတ်မြို့မှ ကျိုင်းလပ်မြို့သို့လိုက်ပါပို့ဆောင်ခဲ့ရာတာလေမြို့နှင့် (၁၅) မိုင်အကွာမှာ အပေါ့ အပါးသွားချင်တယ်ပြော၍ မိန်းကလေးအဖော်ကလည်းမပါ ကားတံခါးကိုဖွင့်ပေးနေစဉ်မှာ အတင်းထွက်ပြေးသွားခဲ့ပါတော့တယ်။
ကျွန်တော်တို့ ဝတ်ပေးထားသော အင်္ကျီကိုလည်း တစ်ခါထဲချွတ်လိုက်ပါတော့တယ် ကျွန်တော်တို့လည်း ဥပေက္ခာ ပြုခဲ့လိုက်ပါပြီ ( သဗ္ဗေ သတ္တာ ကာမ သက္ကာ )
မနက် 9:45 မိနစ်က ကူညီမှု ယနေ့ နေ့လည် 2:00 ထိုးမှအိမ်သို့ပြန်ရောက်ပါတယ်ခင်ဗျာ
သတင်းဓါတ်ပုံ – Ko Hla Moe တာချီလိတ်နာရေးကူညီမှုအသင်း 30-1-2019 pm 2:50 မိနစ်
ဗဟုသုတ(www.bahututa)