ရန်ကုန် တွင် ကျင်းပ မည့် (MMA) ပြိုင်ပွဲ တွင် ဖိုးသော် နှင့် ချင်းတိုင်းရင်းသား ထိရယ်ထန်တို့ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား တို့မှ ဖိုက်တာများ နှင့် ထိုးသတ် သွားရမည်
လာမည့် မတ်လ တွင် ရန်ကုန်၌ ကျင်းပသွားမည့် (MMA) ပြိုင်ပွဲကြီးတွင် မြန်မာပြည် (MMA) ဖိုက်တာ ဖိုးသော် က အင်ဒိုနီးရှား ဖိုက်တာ (Yohan Mulia Legowo) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်ပြီး အမေရိကန်မှချင်းတိုင်းရင်းသား MMA ဖိုက်တာထိရယ်ထန်က ကမ္ဘောဒီးယား ဖိုက်တာ (Rin Saroth) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်သည်။
(Unicode Font)
လာမည့််််် မတ််််လ တွင် ရန်ကုန််််၌ ကျင်းပသွားမည့် (MMA) ပြိုင်််််ပွဲကြီးတွင် မြန်မာပြည် (MMA) ဖိုက်တာ ဖိုးသော်််််််် က အင်ဒိုနီးရှား ဖိုက်််တာ (Yohan Mulia Legowo) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်ပြီး အမေရိကန်မှချင်းတိုင်းရင်းသား MMA ဖိုက်တာထိရယ်ထန်က ကမ္ဘောဒီးယား ဖိုက်တာ (Rin Saroth) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်သည်။
ဖိုးသော်််် နှင့််် ယှဉ်ပြိုင်််် ထိုးသတ််််သွားမည့် (Legowo) သည်အင်ဒိုနီိးရှား ကိုယ်ခံပညာ သိုင်းပေါင်းစုံလောကတွင်ကျော်ကြားသူ တစ်ဦးဖြစ်ပြီး ONE Championship ၏ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ပြိုင်ပွဲမဝင်မီ နိုင်ငံတွင်းပြိုင်ပွဲများ၌ယှဉ်ပြိုင်ထားကြောင်းသိရသည်။ ထိရယ်ထန် နှင့်ထိုးသတ်သွားမည့် ကမ္ဘောဒီးယား ဖိုက်တာ Rin Saroth ONE Championship၏ MMAပွဲများကို ၂၀၁၅ ခုနှစ်ကတည်းကယှဉ်ပြိုင်ခဲ့ပြီး Mission Aliနှင့် Mario Satya Wirawan တို့ကို အနိုင်ရရှိထားသည်။ထိရယ်ထန်က ONE Championship၏ ပွဲဦးထွက်ပွဲစဉ်ဖြစ်ပြီး
ထိုပွဲစဉ်အတွက် အမေရိကန်တွင် ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်နှင့်အတူလေ့ကျင့်နေလျက်ရှိနေသည်။
One Championship အဖွဲ့က လာမည့်မတ်လ ၈ရက်တွင်ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားမည့် MMAပြိုင်ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်၏ပွဲပါဝင်ခြင်းမရှိသော်လည်း အဓိက ပွဲစဉ်တစ်ချို့ကိုထုတ်ပြန်ခဲ့ရာတွင် ဖိုးသော်၊ ထိရယ်ထန်၊မြန်မာပြည်၏ ပထမဆုံး MMA အမျိုးသမီးဖိုက်တာ အန်တိုနီယာတို့၏ ပွဲတို့ကို ထည့်သွင်း ပေးထားသည်။ထို့ပြင် အဓိက ပွဲစဉ်အဖြစ် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံကာပွဲအဖြစ် ဆွီဒင်နိုင်ငံသား Zebaztian “The Bandit” Kadestam နှင့် ကာဇစ္စတန်နိုင်ငံသား Georgiy “Knight” Kichigin တို့ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။ ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ ဆွီဒင်နိုင်ငံသား Zebaztian “The Bandit” Kadestam သည်၎င်း၏ ခါးပတ်ကို ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ထိုးသတ်သွားမည်ဖြစ်သည်။
မြန်မာပြည်၏ ပထမဆုံး MMA အမျိုးသမီးဖိုက်တာ အန်တိုနီယာက မလေးရှားနိုင်ငံမှ Audreylaura “Ice Comet” Boniface နှင့်
ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်သည်။ Boniface သည် Sabah ၏ကျော်ကြားသော Borneo Tribal Squad တွင်လေ့ကျင့်လျက်ရှိနေသူဖြစ်ပြီး Kota Kinabalu ရှိဆေးရုံတစ်ခုတွင် အရေးပေါ်ကုသဆောင်၌ အချိန်ပြည့်လုပ်ကိုင်နေသော ဆရာဝန်တစ်ဦးဖြစ်ကြောင်းသိရသည်။
credit:Pyimyanmar news