Huawei ကုမၸဏီကို နည္းပညာခိုးမႈ၊မသမာမႈမ်ားျဖင့္ အေမရိကန္အစိုးရကတရားစြဲဆို

Huawei ကုမၸဏီကို နည္းပညာခိုးမႈ၊မသမာမႈမ်ားျဖင့္ အေမရိကန္အစိုးရကတရားစြဲဆို

တ႐ုတ္ႏိုင္ငံမွ ကမၻာေက်ာ္ တယ္လီကြန္း နည္းပညာကုမၸဏီႀကီးျဖစ္ေသာ Huawei (ဟာေဝး) ႏွင့္ Huawei ၏ ဘ႑ာေရးအရာရွိခ်ဳပ္ မန္ဝမ္႐ွဴးကို အေမရိကန္ျပည္ေထာင္စု တရားေရးဌာနက နည္းပညာခိုးယူမႈ အပါအဝင္ အျခားျပစ္မႈမ်ားႏွင့္ အမႈဖြင့္ တရားစြဲဆိုလိုက္ေၾကာင္း သတင္းဌာနမ်ားက ေရးသားေဖာ္ျပသည္။ကမၻာေပၚတြင္ ဒုတိယအႀကီးဆံုး စမတ္ဖုန္း ကုမၸဏီျဖစ္သည့္ Huawei ကို အေမရိကန္တရားေရးဌာနက ေငြေၾကးလိမ္လည္မႈ၊ တရားမွ်တမႈကို ကဖ်က္ယဖ်က္လုပ္မႈ၊ နည္းပညာခိုးယူမႈတို႔ျဖင့္ အမႈဖြင့္တရားစြဲဆိုလိုက္ျခင္းျဖစ္သည္။

အဆိုပါအမႈေၾကာင့္ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ မေျပမလည္ျဖစ္ေနသည့္ အေမရိကန္ျပည္ေထာင္စုႏွင့္ တ႐ုတ္အၾကားဆက္ဆံေရး ထပ္မံတင္းမာလာဖြယ္ရွိသလို ကမၻာလံုးဆိုင္ရာအတိုင္းအတာျဖင့္ လုပ္ငန္းခ်ဲ႕ထြင္ရန္ လုပ္ေဆာင္ေနသည့္ Huawei ၏ ႀကိဳးပမ္းခ်က္မ်ားအေပၚ ထိခိုက္မႈရွိေစႏိုင္သည္။အဆိုပါ စြဲခ်က္မ်ားႏွင့္ပတ္သက္၍ Huawei ကုမၸဏီႏွင့္ Huawei ၏ ဘ႑ာေရးအရာရွိခ်ဳပ္ မန္ဝမ္႐ွဴးတို႔က စြပ္စြဲခ်က္မ်ားမွန္ကန္မႈမရွိပါေၾကာင္း ျငင္းဆိုသည္။

မစၥမန္ဝမ္႐ွဴးသည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလက ကေနဒါတြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည္။ အီရန္ႏိုင္ငံအေနႏွင့္ ဒဏ္ခတ္အေရးယူမႈမ်ားကို ေရွာင္ရွားႏိုင္ေအာင္ ကူညီပံ့ပိုးခဲ့သည္ဟု ၎ကို အေမရိကန္ျပည္ေထာင္စုကစြပ္စြဲခဲ့ၿပီး ဖမ္းဆီးေပးပါရန္ ကေနဒါအစိုးရကို ေတာင္းဆိုခဲ့ေသာေၾကာင့္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

 

“တ႐ုတ္စီးပြားေရးလုပ္ငန္းေတြဟာ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ ပို႔ကုန္ဆိုင္ရာ ဥပေဒေတြကိုခ်ိဳးေဖာက္တယ္၊ ဒဏ္ခတ္အေရးယူမႈေတြကို ကေမာက္ကမျဖစ္ေအာင္ လုပ္တယ္။ မၾကာခဏဆိုသလို သူတို႔ရဲ႕ တရားမဝင္ စီးပြားေရးလုပ္ေဆာင္ခ်က္ေတြအဆင္ေျပေခ်ာေမြ႔ေအာင္ အေမရိကန္ဘ႑ာေရးစနစ္ေတြကို အသံုးခ်ေလ့ရွိတယ္။ ဒါဟာ မၾကာခင္ၿပီးဆံုးေတာ့မွာပါ”ဟု အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဝီလ္ဘာေရာ့စ္ကေျပာၾကားသည္။Huawei ကထုတ္ျပန္ေသာ ေၾကညာခ်က္တြင္မူ စြဲခ်က္မ်ားကို ပယ္ခ်လိုက္သည္ဟုဆိုၿပီး ဥပေဒခ်ိဳးေဖာက္သည့္ လုပ္ရပ္တစ္ခုမွ်မက်ဴးလြန္ခဲ့ေၾကာင္း ရွင္းျပသည္။ ထို႔ျပင္ ဘ႑ာေရးအရာရွိခ်ဳပ္ မစၥမန္ဝမ္႐ွဴးသည္ အမွားအယြင္းတစ္စံုတရာက်ဴးလြန္ခဲ့ျခင္းမရွိဟု ဆိုသည္။

Huawei သည္ ကမၻာေပၚတြင္ အႀကီးဆံုးတယ္လီဆက္သြယ္ေရး ပစၥည္းမ်ားထုတ္လုပ္ေရးႏွင့္ ကြန္ယက္ခ်ိတ္ဆက္ေပးသည့္ လုပ္ငန္းမ်ားအနက္တစ္ခုအပါအဝင္ျဖစ္သည္။ လတ္တေလာအေနအထားတြင္မူ Huawei သည္ ဒုတိယအႀကီးဆံုး စမတ္ဖုန္းထုတ္လုပ္သည့္ကုမၸဏီျဖစ္သည္။အေမရိကန္ျပည္ေထာင္စုႏွင့္ အျခားေသာ အေနာက္ႏိုင္ငံမ်ားက တ႐ုတ္ကြန္ျမဴနစ္အစိုးရသည္ Huawei ၏ နည္းပညာအကူအညီျဖင့္ သူလွ်ိဳလုပ္ငန္းမ်ားကို အက်ိဳးရွိရွိလုပ္ကိုင္လာႏိုင္လိမ့္မည္ဟု စိုးရိမ္ပူပန္လ်က္ရွိသည္။ သို႔ေသာ္ Huawei က ၎ကုမၸဏီသည္ တ႐ုတ္အစိုးရ၏ ထိန္းခ်ဳပ္မႈေအာက္တြင္လံုးဝမရွိေၾကာင္း အာမခံေျပာဆိုလ်က္ရွိသည္။
Unicode Font

Huawei ကုမ္ပဏီကို နည်းပညာခိုးမှု၊မသမာမှုများဖြင့် အမေရိကန်အစိုးရကတရားစွဲဆို
တရုတ်နိုင်ငံမှ ကမ္ဘာကျော် တယ်လီကွန်း နည်းပညာကုမ္ပဏီကြီးဖြစ်သော Huawei (ဟာဝေး) နှင့် Huawei ၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ရှူးကို အမေရိကန်ပြည်ထောင်စု တရားရေးဌာနက နည်းပညာခိုးယူမှု အပါအဝင် အခြားပြစ်မှုများနှင့် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့် Huawei ကို အမေရိကန်တရားရေးဌာနက ငွေကြေးလိမ်လည်မှု၊ တရားမျှတမှုကို ကဖျက်ယဖျက်လုပ်မှု၊ နည်းပညာခိုးယူမှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါအမှုကြောင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် မပြေမလည်ဖြစ်နေသည့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြားဆက်ဆံရေး ထပ်မံတင်းမာလာဖွယ်ရှိသလို ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် လုပ်ငန်းချဲ့ထွင်ရန် လုပ်ဆောင်နေသည့် Huawei ၏ ကြိုးပမ်းချက်များအပေါ် ထိခိုက်မှုရှိစေနိုင်သည်။အဆိုပါ စွဲချက်များနှင့်ပတ်သက်၍ Huawei ကုမ္ပဏီနှင့် Huawei ၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ရှူးတို့က စွပ်စွဲချက်များမှန်ကန်မှုမရှိပါကြောင်း ငြင်းဆိုသည်။

မစ္စမန်ဝမ်ရှူးသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကနေဒါတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ အီရန်နိုင်ငံအနေနှင့် ဒဏ်ခတ်အရေးယူမှုများကို ရှောင်ရှားနိုင်အောင် ကူညီပံ့ပိုးခဲ့သည်ဟု ၎င်းကို အမေရိကန်ပြည်ထောင်စုကစွပ်စွဲခဲ့ပြီး ဖမ်းဆီးပေးပါရန် ကနေဒါအစိုးရကို တောင်းဆိုခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပို့ကုန်ဆိုင်ရာ ဥပဒေတွေကိုချိုးဖောက်တယ်၊ ဒဏ်ခတ်အရေးယူမှုတွေကို ကမောက်ကမဖြစ်အောင် လုပ်တယ်။ မကြာခဏဆိုသလို သူတို့ရဲ့ တရားမဝင် စီးပွားရေးလုပ်ဆောင်ချက်တွေအဆင်ပြေချောမွေ့အောင် အမေရိကန်ဘဏ္ဍာရေးစနစ်တွေကို အသုံးချလေ့ရှိတယ်။ ဒါဟာ မကြာခင်ပြီးဆုံးတော့မှာပါ”ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်ကပြောကြားသည်။Huawei ကထုတ်ပြန်သော ကြေညာချက်တွင်မူ စွဲချက်များကို ပယ်ချလိုက်သည်ဟုဆိုပြီး ဥပဒေချိုးဖောက်သည့် လုပ်ရပ်တစ်ခုမျှမကျူးလွန်ခဲ့ကြောင်း ရှင်းပြသည်။ ထို့ပြင် ဘဏ္ဍာရေးအရာရှိချုပ် မစ္စမန်ဝမ်ရှူးသည် အမှားအယွင်းတစ်စုံတရာကျူးလွန်ခဲ့ခြင်းမရှိဟု ဆိုသည်။

Huawei သည် ကမ္ဘာပေါ်တွင် အကြီးဆုံးတယ်လီဆက်သွယ်ရေး ပစ္စည်းများထုတ်လုပ်ရေးနှင့် ကွန်ယက်ချိတ်ဆက်ပေးသည့် လုပ်ငန်းများအနက်တစ်ခုအပါအဝင်ဖြစ်သည်။ လတ်တလောအနေအထားတွင်မူ Huawei သည် ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။အမေရိကန်ပြည်ထောင်စုနှင့် အခြားသော အနောက်နိုင်ငံများက တရုတ်ကွန်မြူနစ်အစိုးရသည် Huawei ၏ နည်းပညာအကူအညီဖြင့် သူလျှိုလုပ်ငန်းများကို အကျိုးရှိရှိလုပ်ကိုင်လာနိုင်လိမ့်မည်ဟု စိုးရိမ်ပူပန်လျက်ရှိသည်။ သို့သော် Huawei က ၎င်းကုမ္ပဏီသည် တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်လုံးဝမရှိကြောင်း အာမခံပြောဆိုလျက်ရှိသည်။